Skip to product information
1 of 3

Other Websites

ဒေါက်တာမတင်၀င်း - လူငယ်များနှင့်စကားပြောခြင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

စာရေးသူ၏ အမှာ

          ကျွန်မဟာ စကားပြောတဲ့ အလုပ်ကို အလွန် နှစ်ခြိုက်သူ ဖြစ်ပါတယ် ။

          ဒါကလည်း သဘာဝကျပါတယ် ။

          ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်း ၃ဝ ကျော် စာပေသင်ကြားပို့ချတဲ့အလုပ်ကို လုပ်နေတဲ့အပြင် အမျိုးသမီး လည်း ဖြစ်ပါတယ်။ အသက်ကလည်း လူကြီးပိုင်းကိုရောက်လာပြီ ဖြစ်ပါတယ်။ အဲဒီတော့ စကားပြောတဲ့အလုပ်ကို ကျွန်မ သဘောကျ နှစ်ခြိုက်မှာသာ ကျွန်မရဲ့ ဘဝနဲ့ ဟပ်မိမယ် ဖြစ်ပါတယ်။

          တစ်ခုတော့ ရှိပါတယ်။ ကျွန်မစကားပြောတဲ့အခါမှာ ဦးတည် ချက်မရှိတဲ့ စကားများကို မပြောပါဘူး။ ဦးတည်ချက်တစ်ခုခုနဲ့ စကား ပြောဖို့ကိုသာ ကြိုးစားပါတယ်။ ဦးတည်ချက်နဲ့ တောင်စဉ်ရေမရ စကားပြောတတ်တဲ့သူများကို ကျွန်မ ရှောင်ပါတယ်။

          စကားပြောတဲ့ အခါမှာ ကျွန်ဓက ပညာရနိုင်တဲ့ကျွန်မထက် အသက်အရ ဝါအရ သိက္ခာအရ မြင့်မားတဲ့သူများနှင့်လည်း ကျွန်မ စကားပြောပါတယ်။ အဲဒီ ပုဂ္ဂိုလ်များပြောတဲ့စကားကိုလည်း ကျွန်မ ရိုသေစွာ နာခံမှတ်ထားပါတယ်။

          နောက်ပြီးတော့ ကျွန်မက အသိအလိမ္မာ ပညာဖြန့်ဝေတာကို နာယူချင်တဲ့သူများ အထူးသဖြင့် လူငယ်များနဲ့ စကားပြောရတာကို ကျွန်မ နှစ်ခြိုက်ပါတယ်။ ဒီအခါမှာ ကျွန်မ ခံစားရတဲ့ ခံစားမှုတ လူကြီးများထံက နာခံမှတ်သားစရာများကို ရိုသေစွာ နာကြားရတုန်းက ခံစားမှုနဲ့ မတူပါဘူး။ လူကြီးများနှင့် စကားပြောတုန်းက လူကြီးများရဲ့ ဝသု၊ ဂုဏဝုဖို့ကြောင့် ဆေးငြိမ်သက်တဲ့စိတ်အထာ ရှိနေတတ် ပါတယ်။

          လူငယ်များနဲ့ စကားပြောတဲ့အချိန်မှာကျတော့ စိတ်အနတာ ပိုပြီး ပွင့်လင်းပါတယ်။ လွတ်လပ်ပေါ့ပါးပါတယ်။ လူငယ်တို့ရဲ့တတ်ကြွတဲ့စိတ်၊ စွန်းတန်တဲ့စိတ်၊ ရှေ့ကိုမျှော်ကြည့်ပြီး ပျော်တတ်တဲ့ စိတ်တွေတာ ကျွန်မကို ကူးစက်လာတတ်ပါတယ်။

          အဲဒီလို စိတ်များကို ကူးယူခံစားဖို့က လွယ်ကူပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ဘယ်လောက်အသက်ကြီးတဲ့သူပဲဖြစ်ဖြစ် မိမိတို့ ယ်အဝကို မနေ့တစ်နေ့ကလို ပြန်ပြီးတွေ့တတ်တြ၊ ခြင်တတ်ကြစမြဲ ဖြစ်လို့ပါပဲ။ တစ်နည်းဆိုရရင် ငယ်ဘဝအဆစ်အပိုင်းတွေကို ကျော် ဖြတ်ပြီးမှသာ အခုလက်ရှိအနေကို ရောက်လာကြတာဖြစ်လို့ လူငယ်တွေ ကို ကျွန်မ နားလည်နိုင်ဖို့ လူငယ်တွေနဲ့အတူ ခံစားနိုင်ဖို့ကိစ္စတာ မခက်ခဲလှပါဘူး။

          လူငယ်များနဲ့ စကားပြောဖို့ ကျွန်မ စိတ်ကူးရတာကတော့ ကြာပါပြီ။ စကားလည်း အချိန်ရတိုင်း အခွင့်ရတိုင်း ပြောကြည့်နေတာ လည်း ကြာခဲ့ပါပြီ။ စာတစ်စောင် ပေတစ်ဖွဲ့အနေနဲ့ ရေးချင်လာတာကသာ နည်းနည်းနောက်ကျမှာ ဖြစ်ပေါ်လာတာပါ။

          လူငယ်များနဲ့ စကားပြောတဲ့ အခါမှာ လူငယ်များကို ချစ်ခင်တဲ့ စိတ်၊ လူငယ်တွေနဲ့အတူ ခံစားစရာရှိတာကို လိုက်လံခံစားတဲ့ ခံစားမှု (စာနာစိတ်လို့လည်း ပြောလို့ရပါတယ်) များကို အရင်းတည်ပြီး စကား ပြောပါတယ်။

          လူငယ်ကို ချစ်ခင်တဲ့ အမျိုးသမီးကြီးတစ်ယောက် အနေနဲ့ လူငယ်များနဲ့ စကားပြောပြီးတိုင်း တက်ကြွတဲ့စိတ်၊ ပျော်ရွှင်တဲ့စိတ် ပေါ်မလာနိုင်ပါဘူး။ လူငယ်များက သူတို့ဝေဒနာများကို ဝေမျှခံစာ။ နိုင်တဲ့ အမေအရွယ်ဖြစ်တဲ့အတွက် တချို့ ငိုကာရိုက်တာနဲ့ ဝေဒနာ များကို သွန်ချပြောဆိုတတ်ကြပါတယ်။ သူတို့ကို အားပေးစကားပြော ကြားတာထက် နားလည်စာနာတဲ့ အပြုအမူတို ကျွန်မ ပြလေ့ရှိပါတယ်။ သူတို့ကလေးတွေဟာ အဲဒီအချိန်မှာ သက်သာရာ ရသွားတတ်ကြပါ တယ်။ သူတို့တစ်တွေ ပြန်သွားတဲ့အခါမှာတော့ ကျွန်မရဲ့အသက် ကျွန်မရဲ့ကျန်းမာရေး အခြေအနေများကြောင့် ကျွန်မ မကြာခဏ နေထိုင်မကောင်း ဖြစ်တတ်ပါတယ်။ အဲဒီလိုနဲ့ တစ်နှစ်နီးပါးကြာတဲ့ အခါမှာ “လူငယ်များနဲ့ စကားပြောခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ဝေ မယ့် ကျွန်မရဲ့စာအုပ်ကို အကြမ်းရေးသားပြီးစီးပါတယ်။

          လူငယ်များနဲ့ စကားပြောခြင်းအကြောင်း ယေဘုယျပြောအပြီး မှာ ကျွန်နဲ့ စကားပြောပြီး ကျွန်မကလည်း စာတစ်စောင် ပေတစ်ဖွဲ့ အဖြစ် ရေးဖြစ်တဲ့ လူငယ်များအကြောင်းကို မိတ်ဆက်စကား ပြောကြားစေလိုပါတယ်။ စကားပြောဖြစ်တိုင်း မရေးဖြစ်တဲ့လူငယ်များဟာ မတော်လို့ ချန်ထားခဲ့တာ မဟုတ်ပါဘူး။ တချို့က အချိန်မပေးနိုင်လို့ တစ်ခေါက်လောက်ပဲ စကားပြောဖြစ်တာ၊ တချို့က သိပ်ပြီးတော်သလိုလို့လည်း သိပ်ကောင်းမယ့် အကြောင်းအရာများကို ပြောကြပေမယ့် ဖို့အချိန် မကျသေးလို့ မရေးဘဲ ချန်ထားရတာ ဖြစ်ပါတယ်။

          အဲဒီတော့ ရေးဖြစ်တဲ့သူများအကြောင်းကို ကျွန်မ ပြန်ပြောချင် ပါတယ်။ စာအုပ်ထဲမှာ ရှေ့နောက်စဉ်တာကတော့ စကားပြောတုန်းက ရှေ့နောက်အစီအစဉ်အရ ဖြစ်ပါတယ်။ အမည်အရင်းအတိုင်း ထည့်ပါလို့ ပြောကြသူများ ရှိပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကိုထောက်ပြီ ကျွန်မ နာမည်ပြောင်းထားခဲ့ပါတယ်။

          ကျွန်မနဲ့လင်းထက် စကားပြောဖြစ်တာက ကျွန်မဆီကို အလုပ် ကိစ္စနဲ့လာတဲ့ လင်းထက်ကို ကျွန်မက စကားပြောဖို့ ဖိတ်ခေါ်တာ က စပါတယ်။ လူငယ်များကို ချစ်ခင်စိတ်ရှိပေမယ့် လူငယ်များနဲ့ အဆက်အဆံနည်းပါးတဲ့ ကျွန်မတ လင်းထက်တို အကျိုးအကြောင်း ပြောပြီး ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

          လင်းထက်က ကျွန်တော်ကလည်း ပြောချင်နေတာပဲလို့ဆိုပြီး ပြောကြတဲ့ အခါမှာ ကျွန်မဟာ လင်းထက်တိုသာမက လင်းထက်ကျင်လည်နေခဲ့တဲ့ ပညာရေးနယ်ပယ်ရဲ့ အခြေအနေတွေကိုပါ ရိပ်စာ။ မိလာပါတယ်။ ဒါ့အပြင် မျှော်မှန်းချက်တစ်ခုထားပြီး ကြိုးစားနေရင်၊ က မိမိမျှော်မှန်းသလို ဖြစ်မလာတဲ့အခါ စိတ်ပျက်ပေမယ့် အားမငယ် ဘဲ လုပ်သင့်လုပ်ရာအလုပ်ကို အားကြိုးမာန်တက် လုပ်ကိုင်ဆောင်ရွက် နေတဲ့ လင်းထက်ရဲ့ စိတ်နေသဘာဝကို ကျွန်မ လေးစားရပါတယ်။ လင်းထက်ရဲ့ ဆောက်တည်နိုင်မှုကို ကျွန်မ လေးစားရပါတယ်။

          ဘာကြောင့်လဲဆိုတော့ လုပ်ချင်ရာကိစ္စကို မလုပ်ရရင် ဘေးထိုင်ပြီး ပြော နေတတ်တဲ့သူနဲ့ လင်းထက်က မတူလို့ပါပဲ။ လူငယ်များမပြောနဲ့၊ လူကြီးများတောင်မှ လုပ်ချင်ရာမလုပ်ရရင် လုပ်သင့်တာ လုပ်လို့ရ တာများကို မလုပ်ဘဲ အားလျှော့တတ်ကြပါတယ်။ သူတို့ကိုယ်သူတို့ အားလျှော့သွားတာကို ဝန်မခံချင်တာနဲ့ သူများအကြောင်းကို အချိန်ကုန် ပြီး ပြောနေတတ်တဲ့သူတွေကို ကျွန်မတို့ဝန်းကျင်မှာ တွေ့ကြတာ များနေပါပြီ။ အခုလို လုပ်လို့ရတဲ့အလုပ်ကို ဖိဖိစီးစီးလုပ်နေတဲ့ လင်းထက်တာ ပတ်ဝန်းကျင်အခြေအနေ ပြောင်းတာနဲ့ ကောင်းသည် ထက်ကောင်းမယ့် အခြေအနေကို တည်ဆောက်နိုင်မယ့်သူဖြစ်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။

          ပိုးစည်နဲ့ ကျွန်မ စကားပြောခြင်းကတော့ တစ်မျိုးတစ်ဘာသာ ပါပဲ။ မိုးစည်ကို စကားပြောတာက တူညီလမ်းညွှန်မှုသဘော ပါပါ တယ်။ ဓတော်တဲ့ ထက်မြက်တဲ့မိုးစည်ဟာ သူ့ကိုယ်သူ ရှာဖွေမတွေ့နိုင်လောက်အောင် မျှော်မှန်းချက်တွေနဲ့ လုံးလည်ချာလည် လိုက်နေတဲ့ အင်ဂျင်နီယာကလေးတစ်ယောက် ဖြစ်ပါတယ်။ သူ့ကို ကျွန်မ သိပ်ပြီး နားလည်စာနာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မငယ်ငယ်တ လည်း မျှော်မှန်းချက် တစ်ပုံတစ်ပင်နဲ့ ကိုယ့်ကိုယ်ကို ရှာမတွေ့နိုင်လောက်အောင် ဖြစ်ရာ အနီးစပ်ဆုံးပတ်ဝန်းကျင်နဲ့ ရန်လိုတဲ့အနေ အထားမှာ များစွာစိတ်မချမ်းမသာ ဖြစ်ခဲ့ရဖူးပါတယ်။ အဲဒါကြောင့်မိုးစည်နဲ့ ကျွန်မ စကားပြောတဲ့နေရာမှာ သူ့ကို ကူညီရတာတစ်ခုပါပဲ။ သူ့ကိုယ်သူ ရှာဖွေတွေ့ရှိအောင် ကူညီခြင်းပဲ ဖြစ်ပါတယ်။

          မိုးစည်တာ အခုအချိန်မှာ တရားအားထုတ်ပြီး သူ့ကိုယ်သူ ရှာဖွေနေတာကို ကျွန်မ ကြားသိရပါတယ်။ သူ့မိဘများက ကျေးဇူးတင် စကား ပြောတဲ့အခါမှာ ကျွန်မ အရင်းတည်တာ ပညာသည်။ မဟုတ်၊ တန်ခိုးလည်းမဟုတ်ဘဲ အရာရာကို ဖြစ်စေတဲ့ နားလည် စာနာမှု ဖြစ်ပါတယ်လို့ ကျွန်မ ဖြေခဲ့ပါတယ်။

          ထင်ကျော်ဟာ ကျွန်မ စကားပြောရတဲ့သူ မဟုတ်ပါဘူး။ သူ့ ဘာသာသူ တရားရေလွတ် တတွတ်တွတ်ပြောသွားတဲ့သူ ဖြစ်ပါတယ်။ သူဟာ အသက်မွေးဝမ်းကျောင်းမှုမှာ အောင်မြင်ရုံမကဘဲ သူ့ကိုယ်သူကောင်းစွာ ရှာဖွေတွေ့ရှိသူ ဖြစ်ပါတယ်။ အဲလိုလူငယ်ရဲ့စကားကို ကြားရတာ အားရှိစရာပါပဲ။

ထင်ကျော်ရဲ့ စကားထဲမှာ လမ်းမှားတို့ အကြောင်းကြောင်း၊ကြောင့် ရောက်သွားတဲ့ လူငယ်များအတွက် စိတ်အစွဲကို ထိန်းနိုင်ရင် | တိုယ်အစွဲကို ဖြတ်နိုင်တယ်ဆိုတဲ့ အားပေးစကားက ထင်ရှားနေပါ တယ်။

          ထင်ကျော်စကားများနဲ့ပတ်သက်ပြီး ပြန်တွေးတဲ့အခါမှာ ထင် တော်ကိုယ်တိုင် ကြည်ညိုလှတဲ့ ဆရာတော်ဦးဇောတိက ဟောပြော ဇူးတဲ့ ထရာထဲက အင်္ဂလိပ်သာသာနဲ့ရေးထားတဲ့ ကဗျာတစ်ကြောင်း ကို သတိရမိပါတယ်။ အဲဒီစာကြောင်းကတော့ I hrere derive  power, but I make my honesty my devine power တို့ ဖြစ်ပါတယ်။

          မြန်မာလိုအဓိပ္ပာယ်ပြောရင်တော့ “ကျွန်ုပ်မှာ တန်ခိုးဣဒ္ဓိပါဒ် မရှိပါဘူးတဲ့။ ဒါပေမဲ့ ကျွန်ုပ်ရဲ့ ရိုးသားမှုကို ကျွန်ုပ်ရဲ့ တန်ခိုးဣဒ္ဓိပါဒ် အဖြစ် လုပ်ထားပါတယ်” လို့ ဆိုပါတယ်။ ထင်ကျော်တာ သူ့ကိုယ်သူပြန်ပြီ။ကြည်ညိုနိုင်လောက်အောင် ရိုးသားသူ ဖြစ်ပါတယ်။ အဲဒီလို ရိုးသားနိုင်တာကလည်း သူ တရားအားထုတ်ပြီးတဲ့နောက်မှာ အရင်တ အမှားများကို တစိုးတစိမျှမကျန်အောင် ပြုပြင်နိုင်လို့ ဖြစ်ပါတယ်။ သူဟာ ရိုးသားမှုဆိုတဲ့ တန်ခိုးဣဒ္ဓိပါဒ်ကြောင့် အရင်က အမှားတွေကိုကျော်လွှားနိုင်သလို ပွင့်လင်းစွာ ဝန်ခံနိုင်ခဲ့တာ ဖြစ်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။

          လှိုင်သက်ထားတတော့ ကျွန်မရဲ့စာအုပ်ထဲမှာ ပါဝင်တဲ့ တစ်ဦး၊ ထည်သော မိန်းကလေးဖြစ်ပါတယ်။ ရိုးသားတယ်၊ ကြိုးစားတယ်။ ရည်ရွယ်ချက်ကြီးမားပါတယ်။ ဒါပေမဲ့ မရင့်ကျက်သေးတဲ့အရွယ်၊ မရင့်ကျက်သေးတဲ့ အသိုင်းအဝိုင်းမှာ ကျင်လည်နေထိုင်သူပီပီ သူ့ရဲ့ အခြေခံဦးထည်ရက်နဲ့အလုပ်ကို သူ မေ့နေခဲ့ပါတယ်။ သူက စာမှာ ဟုတ်ဟုတ်၊ မထူးချွန်ဓဝမယ့် စာကို သေသေချာချာ နားလည်သဘောပေါက်တယ်။ စာမေးပွဲတွေကို ပြန်ပြီးမရဘူး။ စာပတိစ္စ အပါအဝင် တခြားလုပ်ငန်းတွေကိုလည်း လုပ်နိုင်တယ် စသည်ဖြင့် ကျွန်မနဲ့ဆွေးနွေးတုန်းက ပြောခဲ့ပါတယ်။ ကျွန်တေ စာပေကို သေသေ ရာရာ နားလည်သဘောဓါတ်တဲ့သူတာ အမှတ်များများရအောင်လို့ ခတ်စရာအကြောင်းမရှိဘူး၊ ပြီးတော့ ထူးချွန်တဲ့သူဆိုတာ ပင်မလုပ်ငန်း မှာ ထူးချွန်ရုံမက အခြားလုပ်ငန်းများကိုပါ လုပ်ဆောင်နိုင်တဲ့သူဖြစ်ရ မယ်ဆိုတဲ့အကြောင်းကို ပြောလိုတ်ပါတယ်။

          လှိုင်ကလေးဟာ အခုအချိန်မှာ အမှတ်လည်းများများပြီး စာပေ လုပ်ငန်းများကိုလည်း တက်ကြွစွာ လုပ်ဆောင်နေတဲ့ ဆေးကျောင်းသူ ကလေးအဖြစ်ကို ရောက်လာခဲ့ပါပြီ။ ပြီးတော့လည်း သူ့အတတ်အကျ ပေါင်းများစွာ သူ့ဘဝမှာ ကြုံရတဲ့ အကျဉ်းအကျပ်ပေါင်းများစွာနဲ့ ဖတ်သတ်ပြီး သူ့ဘာသာသူ အဖြေရှာမရရင် ကျွန်မဆီကိုလာပါတယ်။

          အကျဉ်းအကျပ်ပေါင်းများစွာဆိုတာက ဖိလိုပါ။ အင်မတန်ခက်ခဲတဲ့ ဘုရားစာအုပ်ကိုဖတ်ပြီး သူတာမှမသိခဲ့လေခြင်းဆိုပြီး တုစ္စစိတ်တွေ ဆိုပြီး တယ်လီဖုန်းဆက်ပါတယ်။ အကျဉ်းအကျပ်ဆိုတာကလည်း မထွက်တတ်ရင်သာ ကျဉ်းကျပ်တာပါ။

          လူငယ်များဟာ အဲဒီလိုပါပဲ။ ကောင်းတဲ့အလုပ်တွေကိုလုပ်ရင်း မိမိကိုယ်ကို အားမရဖြစ်နေတတ်ပါတယ်။ သူတို့ အတွက် လိုတာက စကားတစ်ခွန်းနှစ်ခွန်းလောက်သာပါပဲ။ နားလည်စာနာတဲ့ စကား တစ်စွန်းနှစ်ခွန်းကို ဆိုလိုတာ ဖြစ်ပါတယ်။

          ကိုစိမ်းနီနဲ့ စကားပြောချင်စိတ်ပေါ်မိတာက သူဟာ ကျွန်မရဲ့ စာအုပ်များကို ကြုံမှဖတ်တဲ့သူမဟုတ်ဘဲ ဝယ်ယူသိမ်းဆည်းတဲ့အထိ အလေးအမြတ်ပြုပြီးဖတ်တဲ့ စာဖတ်သူဖြစ်နေတာတထစ်ကြောင်း၊ သူ လုပ်တဲ့အလုပ်က စာပေနဲ့ တိုက်ရိုက်ပတ်သတ်ခြင်းမရှိတဲ့ အလုပ်ဖြစ် နေတာကတစ်ကြောင်းကြောင့် ဖြစ်ပါတယ်။

          ကိုစိမ်းနီနဲ့ စကားပြောမိတဲ့အခါမှာ မြန်မာနိုင်ငံက မိသားစုတွေ ရဲ့ အလှအပကို မြင်ရပါတယ်။ အိမ်ထောင်ပြုရမယ့်အရွယ် ရောက်နေ ပေမယ့် မိသားစုတို ပစ်ထားခဲ့ရမှာစိုးလို့ အိမ်ထောင်ပြုဖို့ စဉ်းစားရင်း နည်းနည်းတောင်မှ ဟိုင်းနေပြီဖြစ်တဲ့ ကိုစိမ်းနီတာ အောင်မြင်နေတဲ့ လက်သမားဆရာတစ်ယောက် ဖြစ်ပါတယ်။ရှေ့ကိုလည်း ဆတ်အောင် မြင်ဦးမှာပါပဲ။ တစ်ခုပဲရှိပါတယ်။ အထွေထွေ ထွေပြားနေတဲ့သူတစ်ယောက်အနေနဲ့ မိမိရဲ့ ကိုယ်ပိုင်ဘဝ ပျောက်ဆုံးမသွားဘဲ ဖြစ်တဲ့ လမ်းစကို တွေ့ ပါစေလို့ပဲ ဆုတောင်းရမှ ဖြစ်ပါတယ်။

          မောင်မျိုးလှိုင်ဟာ ဒီစာအုပ်ထဲမှာတော့ ထူးခြားတဲ့သူတစ်ယောက် ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မက စကားပြောကြရအောင်လို့ မဖိတ်ခေါ်ဘဲ ဇွတ်အတင်း စကားဝင်ပြောတဲ့သူ ဖြစ်နေလို့ ပါပဲ ။

          အရွယ်က လူလတ်ပိုင်းကို ကူးချင်နေပြီ။ စိတ်က သူများလုပ်တဲ့ အလုပ်မှာ မပါရမှာစိုးလွန်းလို့ အတင်းဝင်ပါတဲ့ ကလေးစိတ်မကုန်ရင် သေးတဲ့ မောင်လှိုင်။ သူဖြတ်သန်းခဲ့ရတဲ့ဘဝက အလွန်စုံတဲ့အပြင် မှတ်ညဏ်ကလည်း ကောင်း စကားတလည်း ကြွယ်တဲ့သူဆိုတော့ ထူပြောပြတဲ့အကြောင်းတွေတလည်း မှတ်သားစရာ စိတ်ဝင်စားစရာပါ ၆။ တစ်ခုပဲ ဆုတောင်းချင်ပါတယ်။ သူ မူလတန်းဆရာဘဝတုန်းတ ဖိနပ်တရားစီရင်ပြီး ဖိနပ်ဆူခိုမလေး သေဆုံးတဲ့အခါမှာ အဖိုးတန် ဖိနပ်တစ်ရံနဲ့ ဆွမ်းသွတ်ရင်း နောင်တရတာ နောက်ဆက်လျှောက်ရ မယ့်ခရီးမှာ မဖြစ်ပါစေနဲ့ဆိုတဲ့ ဆုတောင်းပဲဖြစ်ပါတယ်။

          အကြံကြီးပြီး အကြံတောင်းတဲ့သူများဟာ အလှမ်းကျယ်ရင် အလယ်လပ်တတ်ပါတယ်။ အဲဒီအချက်ကိုတော့ မောင်မျိုးလှိုင်ရဲ့ လူငယ်ဘဝအတွေ့အကြုံက သက်သေပြနေပါတယ်။

          မောင်သီဟစာ ပထမ စကားပြောစဉ်က တတယ် သူစိမ်း ကလေး ဖြစ်ပါတယ်။ ကျွန်မမှာ ကျွန်မ မသိသေးတဲ့ကလေးက သူ့ အကြောင်းတွေကို အချိန်ပေးပြီး လာပြောနေတာကိုကြည့်ပြီး အလွန် အားနာခဲ့ပါတယ်။ အခုအချိန်မှာတော့ ကျွန်မတို့ အမလို့ခေါ်တတ်တဲ့ ဒီတကို ကျွန်မအနေနဲ့ အားအရင်းပမာ တွယ်တာလာခဲ့ပြီ ဖြစ်ပါ တယ်။

          မောင်သီဟအကြောင်းကို ဖတ်ကြည့်ရင် သိမှာပါပဲ။ ၆တလေး ဟာ ပွင့်လင်းပါဘူး၊ သူ့ဝေဒနာတွေကို ဘယ်သူ့ကိုမှ ဖွင့်မပြောချင်ဘူး လို့ မကြာခဏ ပြောတတ်တဲ့ကလေ။ သူ့အကြောင်းတွေကို ထိလာတဲ့ အခါမှာ ဘာကြောင့် ဒီစကားကိုပြောတာလဲဆိုတာ ကျွန်မ နားလည်လာခဲ့ပါတယ်။ အဲဒီကလေးကို ကျွန်မ ချစ်ခင်လာရတာတလည်း သူနဲ့စကားပြောတုန်းကမသိဘဲ နောက်မှသိလာရတဲ့ သူ့အကျင့်ကလေး များကြောင့် ဖြစ်ပါတယ်။ အဲဒီအကျင့်ကလေးတွေ သူများအကျိုးကိုမျှော်လင့်ချက်မပါဘဲ ဆောင်တတ်တာ။ ထူ မှန်ကန်တယ်လို့ထင်ရင် ဘယ်လိုမျှော်လင့်ချက်မျိုးပဲရှိရှိ တင်းတင်းမာမာ ငြင်းဆန်တတ်တာ၊ ပြီးပြောရရင်တော့ မောင်သီဟဟာ ကျွန်မပေးတဲ့အမည်နဲ့ ကိုတ်ညီတဲ့ သူကလေးတစ်ယောက် ဖြစ်နေတာကို တွေ့ရပါတယ်။

          သူ့လိုလူငယ်များကို သတိပေးချင်တာက လူပေါင်းမမှားဖို့ပါပဲ။ တာကြောင့်လဲဆိုတော့ ချစ်ခင်တတ်၊ ယုံတတ်ပြီး ဝေဒနာကို ပွင့်လင်း စွာ မဖော်ပြတတ် (ဖော်ပြလေ့ရှိတာကြောင့်) သူ့မှာလာ ဒုက္ခရတာကို ကျွန်မ သိလာရလို့ပဲ ဖြစ်ပါတယ်။

          မောင်မောင်ချို လို့ ကျွန်မ အမည်ပေးတဲ့တလေးဘဝတာ ခါးသီး တဲ့ ဘဝကို ဖြတ်သန်းလာခဲ့လူကလေး ဖြစ်ပါတယ်။ သူ့အကြောင်းကို ဖတ်ကြည့်သူတိုင်းဟာ ရတ်ရည်နို့မတတ် ဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် လည်။ ကျွန်မက မောင်မောင်ချိုးလို့ အမည်ပေးမိတာပါပဲ။ ဆတ်ပြီး မခါးဘဲ သွားစေချင်တဲ့ စေတနာနဲ့ ဖြစ်ပါတယ်။

          မောင်မောင်ချိုဟာ ကျွန်မနဲ့တွေ့ရတာ ကံကောင်းရှာပါဘူး။ ကျွန်မကိုယ်တိုင်က လူကြီးပိုင်းရောက်နေတာတောင် သူငယ်နာမစင် သေးဘူးလို့ ကိုယ့်ဘာသာကိုယ်ပြောမိအောင် စိတ်ပြောင်းတတ်တဲ့သူ၊ သနားချစ်ကြင်နာစွာ ဆက်ဆံမိရာက တစ်ခါမှ အကြင်နာကို ပြည့်ဝစွာ မခံလူဖူးတဲ့ ကလေးပီပီ ခွဲတွင် ခွဲချင်တာကိုပဲ သည်းမခံနိုင်အောင် ဖြစ်ခဲ့ပါတယ်။ မောင်မောင်မျိုးအတွက် ခါးသီးတဲ့အတွေ့အကြုံတစ်ရပ် ကို ထပ်ပေးမိသူကတော့ ကျွန်မပါပဲ။ ဆေးသကြားလို့ပေါ့လေ။ သိပ်ပြီး အချိုတဲသလိုလိုနဲ့ ခါးသတ်တဲ့အရသာကို မောင်မောင်ချို ခံစားသွားရ ပါတယ်။ အဲဒီအတွက် မောင်မောင် ဘာမှမဖြစ်ဘဲ သူ့ရည်မှန်းချက်အောင်မြင်သည်အထိ ဆတ်လတ်ရီတတ်နိုင်ပါစေလို့ ဆုတောင်းရပါ တယ်။

          ညီထွဋ် ရဲ့အကြောင်းကိုတော့ အများသိကြပြီးဖြစ်တဲ့အတွက် များစွာ မညွှန်းဆိုတော့ပါဘူး။ ဒါပေမဲ့ အများမသိသေးတဲ့ သူ့ရဲ့အတွင်း သား အနုပညာအရည်အသွေးများကို ကျွန်မနဲ့ စကားပြောတဲ့ အခါမှာ ပေါ်လွင်အောင် မြန်ပြောဆိုနိုင်တာကို ကျွန်မ ကျေနပ်အားရမိ ပါတယ်။

          ညီထွဋ်ဟာ သူ့ကိုယ်သူကိုသာ ပြိုင်နေတဲ့အတွက် ဆက်လက် တိုးတတ်နေဦးမယ့် လူငယ်ဆိုတာ ကျွန်မ ရဲရဲကြီးပြောနိုင်ပါတယ်။

          ညီထွဋ် ခွေးအကြောင်းကိုပြောတိုင်း ကျွန်မ ချစ်ခင်ရတဲ့ သူ့မေမေ ရဲ့ကိုယ်စား အလွန်ရင်နာရပါတယ်။ ချစ်ခင်စရာကောင်းတဲ့၊ မွန်မွန်ရည် ရည်ရှိတဲ့ ကလေးတာ ဆေးစွဲတဲ့ဘဝ၊ အိမ်ခြေယာခြေမတည်တဲ့ဘဝ ကို မတ်မောတဲ့သူ ဖြစ်လာရတာ အပြင်က မမြင်သာပေမယ့် အတွင်းမှာ အက်ကြောင်းကြီးရှိနေခဲ့တဲ့ အိမ်ထောင်တိုင်းက ကလေးများကို ကိုယ်စား ပြုပါတယ်။ သူ့အကြောင်းကိုရေးရတာက နိုင်ငံရပ်ခြားကို စွန့်စားသွား လာလိုတဲ့ လူငယ်များ သတိပြုစရာအကြောင်းကို သတိပေးချင်တာက ထစ်ကြောင်။ ပြီးတော့ အပြင်ပန်းတ တင့်တယ်ဖွယ်ရာပြီး အတွင်း သားမှာ မိသားစုဆက်ဆံရေး ဖြစ်ခဲ့ရင် ကလေးတွေပျက်စီးတတ်တဲ့ အကြောင်းကို လူကြီးများကို သိစေချင်တာလည်း တစ်ကြောင်း၊ ပေါင်း နှစ်ကြောင်း ပါပါတယ်။

          ကျွန်မဟာ လူငယ်များနဲ့စကားပြောဖြစ်တဲ့အတွက် တံကောင်း တယ်လို့ ကိုယ့်ကိုယ်တို့ ထင်ပါတယ်။ လူငယ်တွေဟာ တချို့ လူကြီး များထင်သလို မညံ့ကြပါဘူး။ မပေါ့တန်ပါဘူး၊ သူတို့မှာ တက်ကြွတဲ့ ထက်မြက်တဲ့အားများ ရှိပါတယ်။