Skip to product information
1 of 16

Other Websites

ဒေါက်တာမတင်ဝင်း - မင်းကျန်စစ်ကိုချစ်တဲ့သူများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အနော်ရထာ

 

အနော်ရထာမင်းဟာ သူ့ရှေ့မှောက်မှာ ခေါင်းငိုက်စိုက်ချပြီး ထိုင်နေတဲ့ ကျန်စစ်သား ကို အလွန်လေးလံတဲ့စိတ်၊ မယုံကြည်လောက်အောင် ညစ်ညူးတဲ့စိတ်နဲ့ ကြည့် နေမိပါတယ်။

          ကျန်စစ်သားဟာ သူ့ခေါင်းကို အမြဲမတ်မတ်ထားနိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ အမြဲတက်ကြွပြီး ရွှင်ရွှင်ပျပျ ပြုံးတတ်တဲ့သူဖြစ်ပါတယ်။ပေါ့ပေါ့တန်တန်စကားများကိုပြောပြီးတဝါးဝါးတဟားဟားလုပ်တတ်တဲ့သူထဲမှာတော့ ကျန်စစ်သား မပါတတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျန်စစ်သားဟာ လေးနက်တဲ့ အတွေး၊ လေးနက်တဲ့ ဆောင်ရွက်ချက်များနဲ့ ငယ်ငယ်ကတည်းက ရင်းနှီးနေခဲ့လို့ အသက်နဲ့ စာရင် အရင့်ကျက် ပိုနေခဲ့တဲ့သူဖြစ်လို့ပါပဲ။

          ဥဿာပဲခူးက စစ်ကူတောင်းတယ်ဆိုတဲ့အခါမှာ ကျန်စစ်သားနဲ့ တစ်ချိန် တည်း ငါရွေးချယ်ပြီး သူကောင်းပြုထားခဲ့တဲ့ သူရဲကောင်းလေး ယောက်စလုံးကို သူတို့ကိုယ်ပိုင်တပ်ဖွဲ့တွေနဲ့ ငါစေလွှတ်ခဲ့တာပါပဲ။

          အဲဒီတုန်းကအခြားစစ်သူကြီးတွေကမဖုံးမကွယ်နိုင်အောင်ဂုဏ်ယူတဲ့အမူအရာကိုပြခဲ့ပေမယ့်ကျန်စစ်သား

ကတော့ ဘာမှလည်းမပြော၊ အတွင်းသဘော ကို လွယ်လွယ်နဲ့ အကဲခတ်လို့ မရနိုင်လောက်အောင် တည်ငြိမ်တဲ့ စိတ်ထားနဲ့ ငါ့အမိန့်ကို ခံယူခဲ့ပါတယ်။ 

           အဲဒီအချိန်ကတည်းက ငါ့ဘာသာငါ ပြောနေမိတယ်။ ကျန်စစ်သား မင်းပါလို့သာ ငါမလိုက်ဘဲ ဒီစစ်ရေးကို စစ်သည်လေးသိန်း ပို့လိုက်ပါတယ်ဆိုတဲ့ တင်စားတဲ့အဆိုနဲ့ မင်းတို့လူစုကို ငါစေလွှတ်ဝံ့တာလို့ ငါပြောနေမိတယ်။

          ငါယုံမှတ်တဲ့အတိုင်းပါပဲ။မင်းတို့သွားပြီးမကြာခင်ငါ့ထံကိုမြင်းသည်ကျော်တစ်စုနဲ့သဝဏ်လွှာ

ရောက်လာခဲ့တယ်။ဥဿာကိုဂျွမ်းစစ်သည်များမသိမ်းနိုင်အောင်ကာကွယ်နိုင်ရုံမကဂျွမ်းတွေနောက်ထပ်မ

လာအောင် အပြီးတိုင် တွန်းလှန်လိုက်နိုင်ပါပြီ။ ဥဿာမင်းက သမီးတော်မဏိစန္ဒာကိုလက်ဆောင်ပစ္စည်း အမြောက်အမြား လက်ဖွဲ့ပြီး ပုဂံပြည့်ရှင် အနော်ရထာအတွက် ဆက်သလိုက် ပါတယ်။ အဲဒါကြောင့် တပ်မကြီးနဲ့ စစ်သူကြီးများက မင်းသမီးကလေးကို စောင့်ပြီး ခေါ်ခဲ့ရမှာဖြစ်လို့ ကြာပါမယ်ဆိုတဲ့အကြောင်း သဝဏ်လွှာထဲမှာပါလို့ ငါသိပြီးသား ဖြစ်တယ်။

          အနော်ရထာဟာ ကျန်စစ်သားကို ငေးကြည့်ရင်း သူ့စိတ်ထဲက အဲဒီလို စကားတွေကို ပြောနေခဲ့ပါတယ်။

          လွန်ခဲ့တဲ့ သုံးရက်လောက်က ဥဿာကပြန်လာတဲ့ တပ်မကြီးနဲ့ မင်းသမီး မဏိစန္ဒာကို ကြိုဆိုဖို့ မင်းတဲများကို ခမ်းခမ်းနားနားဆောက်ပြီး ပုဂံမြို့ပြင်မှာ အနော်ရထာမင်းကိုယ်တိုင် ခမ်းခမ်းနားနား တလေးတစား သွားရောက်စောင့်ဆိုင်း ပြီး ကြိုဆိုခဲ့ပါတယ်။ စစ်ကူသွားတဲ့ ပုဂံစစ်သည်တော်များရဲ့ဂုဏ်ကို ဘုရင်မင်းမြတ် က အလေးအမြတ်ပြုခဲ့ပါတယ်။ ဒါ့အပြင် ချစ်ကြည်ရေးသင်္ကေတအဖြစ် ပါလာခဲ့ တဲ့ ဥဿာမင်းသမီးကိုလည်း အလေးအမြတ်ပြုပါတယ်ဆိုတဲ့သဘောကို ပုဂံပြည့် ရှင်က ပြသလိုက်တာ ဖြစ်ပါတယ်။

          နိုင်ငံအချင်းချင်း ဆက်ဆံတဲ့အခါမှာ နိုင်ငံငယ်တာ ကြီးတာက ပဓာန မကျပါဘူး။ လွတ်လပ်တဲ့နိုင်ငံဖြစ်ဖို့က အဓိကကျပါတယ်။ ပြီးတော့ ပဲခူးနဲ့ ပုဂံဟာသွေးချင်းသားချင်း ဆွေရင်းမျိုးရင်းတွေ ဖြစ်နေပါတယ်။ အဲဒါကြောင့် အနော်ရထာ မင်းက ကိုယ်တိုင် မဏိစန္ဒာဆိုတဲ့ ပဲခူးကဆက်သလိုက်တဲ့ ပဏ္ဏာတော်မင်းသမီးကို ကြိုဆိုရတာ ဖြစ်ပါတယ်။

          တံပိုးတွေ ခရာတွေမှုတ်၊ စည်တော်တွေယွန်းပြီးအောင်ပွဲကအောင်ပန်းတွေဆွတ်ခူးပြီးပြန်လာတဲ့သူတွေကို မင်းနဲ့တကွ မင်းပရိသတ်က ကြိုဆိုသလို ပုဂံမြို့သူမြို့သားများကလည်း ကြိုဆိုခဲ့ပါတယ်။    မြို့သူမြို့သားများက ဟစ်ကြွေးပြီး ဦးရစ်ခေါင်းပေါင်းတွေမြှောက်ပြီး အရွှင်အပျော်စိတ်က တွန်းလိုက်လို့ တက်ကြွ လာတဲ့ပီတိနဲ့ ကခုန်လို့၊သပြေခက်နဲ့ရေစင်တွေပက်ဖျန်းလို့ကြိုဆိုကြပါတယ်။အဲဒီအချိန်မှာပြည်တော်ပြန်သူရဲကောင်းတွေကလည်း တက်ကြွပျော်ရွှင်လို့ပေါ့။

          ကျန်စစ်သားကို တပ်တော်ကြီးရဲ့ ရှေ့ဆုံးက မြင်းညိုကြီးစီးပြီး လာတာကို အဝေးကြီးကတည်းက ငါမြင်ရတယ်။ မြင်တာနဲ့ ငါသိပ်ပျော်သွားတာပဲ။ ဒီသူငယ် ကို စပြီးတွေ့လျှင်တွေ့ချင်း ငါချစ်ခင်စိတ်ပေါ်ခဲ့မိတာ၊ ဘယ်တော့ပဲဖြစ်ဖြစ် သူ့ကို မြင်ရင် ငါစိတ်အေးသွားတတ်တာ၊ ငါပျော်ရွှင်သွားတတ်တာကို ငါ့ဘာသာငါအသိ။

          ကျန်စစ်သားကလည်း ခရီးပန်းနေလို့ ခပ်နွမ်းနွမ်းဖြစ်နေခဲ့တာကလွဲလို့ ပျော်ရွှင်တက်ကြွနေပုံဟာ ငါ့စိတ်ထဲမှာတော့ အရင့်အရင်အချိန်တွေနဲ့ မခြားသလိုပါပဲ။ ငါ့ကိုမြင်တော့ မြင်းပေါ်က သွက်သွက်လက်လက် ခုန်ဆင်းလာပြီး ငါ့ခြေအစုံ ကို ဦးခိုက်ပါတယ်။ ပြီးတော့မှ သူ့မျက်နှာမော့ပြီး ငါ့ကို လေးမြတ်စွာ ပြုံးပြတာ ကို ငါမှတ်မိနေသေးတယ်။ နေလောင်ထားတဲ့အသားနဲ့ ဖွေးလက်နေတဲ့ သွားတွေကြောင့် ငါ့သားမျက်နှာဟာ ပိုပြီးချိုနေသလိုပါပဲ။ ဟုတ်တယ်၊ ကျန်စစ်သားကို ငါ့သားလို့ ငါ့စိတ်ထဲက အမြဲခေါ်နေမိတယ်။ ဟုတ်တယ်၊ ငါဟာ မင်းတို့လို လူငယ်ကလေးတွေကို ငါ့ရဲ့ အမာခံ အင်အားအဖြစ် မွေးမြူမှဖြစ်မယ်လို့ နန်းရပြီးစ ကတည်းက ငါတွေးမိတယ်။

          ငါ့ခမည်းတော်ကို ရဟန်းပြုစေပြီးတဲ့နောက် ငါ့မယ်တော်ကို မိဖုရား မြှောက်ခဲ့တဲ့ စုက္ကတေးကို ငါစီးချင်းထိုးအပြီးမှာ ငါဟာ ပုဂံထီးနန်းကို သိမ်းပိုက် နိုင်ခဲ့တယ်။ငါ့သား၊မင်းအဆက်ဆက်ကိုရေမြေ့ရှင်ဘုရားလို့ ခေါ်ပြီး ဦးတိုက်လေ့ရှိတဲ့၊ အနေအစား ကောင်းစွာတတ်တဲ့ ပညာရှိအမတ်ကြီးတွေက ငါ့ကိုလည်း ရေမြေ့ရှင်ဘုရားလို့ခေါ်ပြီး ဦးတိုက်ခဲ့တာပါပဲ။

          သူတို့စိတ်ထား သူတို့ရဲ့ လုပ်ရပ်ကို နန်းတွင်း နန်းပြင် ဝင်ထွက်နေခဲ့ဖူးတဲ့ငါကကောင်းကောင်းသိတာပေါ့။ ငါဟာ နန်းကျဘုရင်ရဲ့သား။ စုက္ကတေးမင်းက ငါမယ်တော်ကို မိဖုရားမြှောက်ထားလို့သာ ငါ့ကိုမသတ်ဘဲ အဝေးကိုလည်း မပို့ဘဲ မယ်တော့်အနီးမှာ ငါနေခွင့်ရခဲ့တာကိုး။ ဒါပေမဲ့ ငါ့မှာ မင်းသားတို့ရဲ့ အစီးအနင်း အဆောင်အရွက် ဘာမှမရှိခဲ့ဘူး။

          ငါ့ကို စုက္ကတေးကရော အများကပါ ဘာမှဖြစ်လာမယ့်သူ မဟုတ်ဘူးလို့ ထင်ခဲ့ကြတယ်။ စုက္ကတေးက ငါ့မယ်တော်ကို သိမ်းယူရုံမကသေးဘူး၊ ညီသားလို့တောင် သရော်ပြီး ခေါ်ခဲ့တာ အကြိုကြိမ်ပါပဲ။ အဲဒီအချိန်တုန်းက အခု ငါ့ရှေ့မှာ ရေမြေ့ရှင်ဘုရားလို့ ဦးခိုက်ပြီး ရှိခိုးနေကြတဲ့သူတွေက စုက္ကတေးကျေနပ်အောင် လိုက်ပြီးရယ်ပေးခဲ့ကြတယ်။ 

          ငါဟာ ခမည်းတော်ရဲ့ ကျောင်းကိုရောက်တိုင်း အဲဒီအကြောင်းကို ပြောပြ ရင်း မျက်ရည်ကျမိတာ အကြိမ်ကြိမ်ပါပဲ။ ကျန်စစ်သား ယောက်ျားများလည်း မျက်ရည်ကျတတ်တယ်။ ဒါပေမဲ့ ငါငိုတာမဟုတ်ဘူးပေါ့ နော်။ မခံချည့်မခံသာ ဖြစ်လွန်းလို့ မျက်ရည်ကျတာ။

          ခမည်းဟာ ဘာမျှမပြောဘဲ အဲဒီလို ငါမျက်ရည်ကျတာကို ကြည့်နေ အပြီးမှာ လာဟေ့လို့ခေါ်ပြီး ငါ့ရဲ့ တိုက်ရည်ခိုက်ရည်တွေ ပိုပြီးတိုးတက်လာအောင် ကိုယ်တိုင်လေ့ကျင့်ပေးတော့တာပါပဲ။ ပြီးတော့ ငါ့ကို သူ့ဆီမှာ သိမ်းထားတဲ့ အရိန္ဒမာလှံနဲ့ ပတ္တမြားလက်စွပ်ကို ပေးခဲ့တာပါပဲ။

.             ငါဟာ စုက္ကတေးကို နိုင်လိုက်တာ ခမည်းတော်ပေးတဲ့ လှံကြောင့်လို့ ဆိုနိုင်သလို ခမည်း သင်ပေးလိုက်တဲ့ တိုက်နည်းခိုက်နည်းတွေကြောင့်လို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ခမည်းကို ပုဂံထီးနန်း ပြန်သိမ်းပါလို့ သွားလျှောက်တော့ လက်မခံပါဘူး။ “ငါ့သား ပုဂံပြည်ကို စဉ်ဆက်မပြတ် တည်တံ့စေချင်ရင် အားသစ် ကိုသာ မွေးပါဘိ”လို့ မှာလိုက်တယ်။

          ငါဟာ ထီးနန်းရပြီးခါစကတည်းက အားသစ်ကိုသာ မွေးပါဘိလို့ ဆိုလိုက် တဲ့ ငါ့ခမည်းရဲ့စကားကို အလေးအနက်ထားပြီး အားသစ်လို့ဆိုနိုင်တဲ့ မင်းတို့လို လူငယ်ကလေးတွေကို ရောက်လေရာရာမှာ ငါရှာခဲ့တယ်။

          ပုဂံဟာ ငါနန်းတက်စအထိ ပီဘိမြို့နိုင်ငံငယ်ကလေးပဲ။ ပုဂံကို အောက် ချို့တဲ့သူတွေ ရှိသလို ကိုယ့်အစုနဲ့ကိုယ် ကိုယ့်တာဝန်ကိုယ်ထမ်းပြီး နေကြတဲ့ နယ်ပယ်ကလေးတွေက အနှံ့အပြားစီ ရှိနေကြတယ်။ ငါဟာ ဝီရိယကြီးစွာ၊ သတိကြီးစွာထားပြီး အနယ်နယ်ကို ရောင်အောင်သွားခဲ့တယ်၊ စည်းရုံးခဲ့တယ်၊ သစ္စာပေးခဲ့တယ်။ 

          အဲဒီလို မင်းတို့နဲ့မတွေ့ခင် အချိန်အထိငါသုံးနေရတဲ့အင်အားကိုငါဘာသာငါပြန်ပြီးသတိထားနေခဲ့ရတယ်။ ဘာဖြစ်လို့လဲ သိသလား ကျန်စစ်၊ သူတို့ဟာ စုက္ကတေးလက်ထက်တုန်းက မင်းမျက်သင့်ခဲ့ဖူးတွေဖြစ်တယ်။ ငါ့ကို ချစ်လို့ ငါဆောင်ရွက်တာတွေကို သဘောကျလို့ ငါနဲ့လာပေါင်းတာလို့ ငါမထင်ဘူး။ ငါဟာ စုက္ကတေးဆိုတဲ့ သူတို့ကို အမျက်ထားကာ အရာချ အပြစ်ပေးတဲ့သူကိုအောင်နိုင်သူဖြစ်တယ်။ ဒါကြောင့် ငါ့ကိုပေါင်းရမယ်လို့ သူတို့အနာနဲ့သူတို့ ငါ့ထံကို အောက်ကျိုလာကြတဲ့သူတွေ။ သူတို့အမှားကြောင့် မင်းမျက်သင့်တာလား၊ စုက္က တေး မလိမ္မာလို့ မင်းမျက်သင့်တာလားဆိုတာ ငါ ဘယ်လိုမှ မဝေခွဲတတ်ဘူး။ ဝေခွဲဖို့လည်း အချိန်မရဘူးလေ။ အဲဒါကြောင့် ငါဟာ သူတို့နဲ့ပေါင်းရင်း မင်းတို့လို အင်အားသစ်များကို ရှာခဲ့တာပေါ့။ 

          ပုဂံပြည့်ရှင် အနော်ရထာဟာ လူက အငြိမ်ငြိမ်ပြီး ကျန်စစ်သားကို ကြည့်နေပါတယ်။ သူ့စိတ်ကတော့ လွန်ခဲ့တဲ့ ၁၄ နှစ်က သူနဲ့ကျန်စစ်သား တွေ့ဆုံကြတဲ့ပုံကို မြင်နေပါတယ်။ ပုဂံပြည့်ရှင်ဆိုတာနဲ့ ဓားထက်တဲ့ လှံထက်တဲ့ မင်းဆိုပြီး သစ္စာရေလာပြီးသောက်ကြတဲ့သူတွေ၊ ဒါမှမဟုတ် ဝေးရာကို ပြေးကြတဲ့ သူတွေ၊ အဲသည်လို နှစ်မျိုးနှစ်စား ရှိနေတဲ့အထဲမှာ ဘယ်အမျိုးအစားကိုမှ မဝင်ဘဲ အကဲခတ်နေကြတဲ့သူတွေကတော့ ကျန်စစ်သားနဲ့ သူ့အစုပဲ ရှိပါတယ်။

          အံ့စရာပေပဲလို့ အနော်ရထာ တွေးနေမိတာပေါ့။ ပရိမ္မဘက်မှာ နေ့စဉ်နဲ့အမျှ သစ္စာရေလာပြီးသောက်ကြ၊ ပြီးရင် အရာအထူးတောင်းကြတဲ့လူတွေနဲ့ ငါ့ရဲ့ ယာယီတဲနန်းမှာ တရုန်းရုန်းရှိနေတာကို နေ့စဉ် အကဲလာခတ်တဲ့ မင်းတို့ကလေး တွေကို ငါကစပြီး သတိထားခဲ့မိတယ်။ အဲဒါကြောင့် မင်းတို့ကို အခေါ်ခိုင်းလိုက် တော့ ခပ်မှန်မှန်မျက်နှာထားနဲ့ ငါ့ရှေ့ကို မင်းတို့ဝင်လာကြတယ်။

          မင်းတို့ကိုင်ဆောင်လာတဲ့ ဓားနဲ့လှံတွေကို မသိမ်းပါနဲ့လို့ ငါတားထားလို့ မင်းတို့ရဲ့ ဆောင်ဓားတွေ လှံတွေကို မင်းတို့ကိုင်ဆောင်ပြီး ငါ့ရှေ့ကို လာခွင့်ရခဲ့တာ ပါပဲ။

          မင်းတို့အထဲမှာ မင်းဟာ အကြီးအကဲဖြစ်တယ်ဆိုတာကိုတော့ ဝင်လာ ကတည်းက ဦးဆောင်လာတာ၊ ထိုင်တော့လည်း ငါနဲ့အနီးဆုံးမှာ နေရာယူတာ၊ မင်းရဲ့ဥပဓိကို ကြည့်လိုက်တော့လည်း ကြည်စင်နေတာစတဲ့ အချက်တွေကြောင့် ငါသတိထားလိုက်မိတယ်။ 

           အဲဒါကြောင့် ငါဟာ မင်းကိုပဲကြည့်လိုက်ပြီးစကားစပြောတယ်။ စပြော တယ်ဆိုတာထက် စပြီးမေးတယ်ဆိုမှ ပိုပြီးမှန်ပါမယ်။ မင်းအမည်က ဘာလဲဆိုတော့ တစ်ခွန်းပဲဖြေတယ်။   ကျန်စစ်သားတဲ့။ အဲဒီတော့ ငါက ဆက်ပြန်တယ်၊ အသက်က ရောဆိုတော့ ၁၄ နှစ် ပြည့်ပြီတဲ့။ ဪ... ငယ်သေးတာပဲလို့ စိတ်ထဲကဆိုပြီး မင်းကိုသေသေချာချာကြည့်တော့ အရပ်မြင့်မြင့် ကိုယ်နေကျစ်ကျစ်နဲ့ ခပ်ညိုညို အသားအရေကြောင့်၊ ပြီးတော့ ခပ်တည်တည်နေတာလည်း ပါမှာပေါ့လေ။ မင်းအသက် ၂၀ ကျော်လောက်ပြီလို့ ငါထင်တာ မှားသွားတယ်။ မျက်နှာကလေး က ပီဘိကလေးအရွယ်လို နုနယ်သေးတာပဲ။

          ၁၄ နှစ်လို့ မပြောဘဲ ပြည့်ပြီလို့ပြောတာကလည်း မင်းဟာ သိပ်ပြီးလူကြီး ဖြစ်ချင်နေတယ်ဆိုတာကို ပြနေတာပဲ။ ဟုတ်တယ်၊ ပုဂံပြည်ကို စပြီးတည်ကတည်း က မင်းတို့လိုလူငယ်တွေဟာ သူငယ်ဖော်တွေနဲ့ ကစားနေရမယ့်အစား ယောက်ျား ကြီးများလို အရင့်ကျက်မြန်ခဲ့ရတာပေါ့။

          မင်းကိုကြည့်နေရင်း ငါက ရုတ်တရက် ပေါ်လာတဲ့စိတ်အထာနဲ့ ငါ့သား၊ မင်းကို မင်းရဲ့အစုနဲ့အတူ ငါ ပုဂံကိုခေါ်သွားမယ်၊ လိုက်မလားလို့ မေးလိုက်မိတယ်။ စပြီးတွေ့တဲ့နေ့ကတည်းက မင်းကို ငါ့သားလို့ ခေါ်လိုက်မိတယ်။ မင်းလည်း ဆတ်ခနဲဖြစ်သွားတယ်။ ဪ.. ဪ.. မင်းဟာ မိတဆိုး ဖတဆိုးကလေးကိုး။ ဒါကို ငါနောက်မှ သိရတယ်။

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)