Skip to product information
1 of 9

Other Websites

ဒေါက်တာမတင်ဝင်း - ချစ်သူမုန်းသူများသည့်ကျော်ကြားသူများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
မဟာခံသော အလက်ဇန္ဒာ
အလက်ဇန္ဒာနှင့် မိတ်ဆက်မိခြင်း 

 

 အလက်ဇန္ဒာမင်းမဟာ၏ ဘဝဇာတ်ကြောင်းသည် စိတ်ဝင်စားဖွယ် ကောင်း လှသည်။ စာရေးသူတို့ငယ်စဉ်က သင်ယူခဲ့ရသော ဘာသာရပ် သင်ရိုးများ သည် ကိုလိုနီခေတ် သင်ရိုးများ၏ အကြွင်းအကျန်များဖြစ်ရာ မိမိတို့နိုင်ငံ မှ သူရဲကောင်းမင်းများ၏အကြောင်းထက် ဥရောပမှ သူရဲကောင်းများ၏ အကြောင်းကိုသာ တခမ်းတနားဖော်ပြထားသည်တို့ကိုသာ သင်ယူခဲ့ရသည်။

          အလက်ဇန္ဒာနှင့်ပတ်သက်၍ အသက်အလွန်ငယ်သေးသော ၁၄နှစ်ခန့်အရွယ်ကတည်းကအစွမ်းအစရှိသော မင်းသားငယ်အဖြစ် စာရေးသူ တို့ ဖတ်ခဲ့ရသည်။ သူ၏ခမည်းတော် ဖိလစ်ထံသို့ အရှေ့ဘက်မင်းနေပြည် တစ်ခုမှ ဆက်သလိုက်သော မြင်းတစ်ကောင်သည် အလွန်ဆတ်သည်။ ထိုမြင်းကို စီးနင်းရန် ကြိုးစားသူတိုင်း မည်သူမျှကုန်းနှီးပေါ်အထိ တက် ရောက်ခြင်း မပြုနိုင်ဘဲ မြင်းကခါ၍ အချခံနေရသည်ကို မင်းသားငယ် အလက်ဇန္ဒာက မြင်နေရသည်။ မင်းသားငယ်သည် သူတက်ရောက်စီးနင်းနိုင်ပါကမြင်းကိုသူ့အားပေးမည်လောဟု ခမည်းတော်ကိုမေးခဲ့သည်။ ခမည်းတော်က ပေးမည်ဟုဆိုသည့်အချိန်တွင် မင်းသားက မြင်း၏ဇက်ကြိုးကို ရုတ်တရက်ဆွဲ၍ မြင်းကို အရှေ့ဘက်သို့မျက်နှာမူသည်အထိ လှည့်လိုက် သည်။ ထို့နောက်သူပါမြင်းကုန်းနှီးပေါ်သို့ တစ်ပါတည်းတက်ကာ မြင်း၏ ဇက်ကြိုးကို နိုင်အောင်ဆွဲ၍ လိုသလိုပြောင်းကာ စီးလေတော့သည်။ ထိုမြင်း၏ အမည်မှာ ဗျူးဆဲဖာလပ်စ် (Bucephalus) ဖြစ်သည်။ ထိုသို့သော အလက် ဇန္ဒာ၏ စွမ်းရည်ကို မြင်ရသည်နှင့် ခမည်းတော်ဖိလစ်က ပီတိဖြစ်လွန်း၍ မျက်ရည်ကျခဲ့သည်ဟု ဆိုသည်။ ထိုမြင်းနှင့် အလက်ဇန္ဒာတို့သည် နှစ်ပေါင်း ၂၀ ခန့် မခွဲခွာဘဲ နေခဲ့ကြသည်ဟု ဆိုသည်။

           ထိုကဲ့သို့သောဇာတ်ကြောင်းသည်စာရေးတို့ကဲ့သို့ငယ်ရွယ်သောသူများအတွက်စံပြသူရဲကောင်းတစ်ယောက် မွေးဖွားပေးလိုက်နိုင်သော ဇာတ်ကြောင်းဖြစ်သည်။ စာရေးသူသည် အလက်ဇန္ဒာ၏ အကြောင်းကို ဆက်လက်သင်ယူခဲ့ရခြင်း မရှိသော်လည်း သူ၏အကြောင်းကိုမူ ကြိုးကြား ဆိုသလို ဖတ်နေရသည်။ ဖတ်၍လည်းကောင်းပါသည်။ သို့သော် ရင့်ကျက်မှု တိုးတက်လာသည်နှင့်အမျှ ဆန်းစစ်သောအတွေးများ ပေါ်ပေါက်လာသည်။

          လူတစ်ဦးတစ်ယောက်၏ ကြီးကျယ်မှုသည် သူ၏ဘဝဇာတ်ကြောင်း တစ်ခုတည်းကို ဖတ်ရုံဖြင့် မပီပြင်နိုင်ပါ။ထို့ကြောင့်အလက်ဇန္ဒာပေါ်ပေါက်လာသောအချိန်တွင်ပတ်ဝန်းကျင်ဒေသ၌မည်သည့်အခြေအနေမျိုး ရှိနေသနည်းဆိုသည့်အချက်ကို လေ့လာရန် လိုအပ်ပါသည်။

         

 မက်ဆီဒိုးနီးယားနိုင်ငံနှင့် ဂရိမြို့ပြနိုင်ငံများ

            ဂရိကျွန်းဆွယ်၏ မြောက်ဘက်တွင်ရှိသော မက်ဆီဒိုးနီးယားနိုင်ငံ သည် ကုန်းတွင်းပိတ်နိုင်ငံတစ်ခု ဖြစ်သည်။ ထိုနိုင်ငံ၏တောင်ဘက်ရှိ ဂရိ ကျွန်းဆွယ်ပေါ်တွင် ထင်ရှားသောအေသင်၊ စပါတား၊ သီးဘီး၊ ကိုးရင့် စသည့်မြို့နိုင်ငံငယ် (City-states) များ တည်ရှိသည်။ ထိုမြို့ငယ်များသည် ဂရိကျွန်းဆွယ်၏ ပထဝီဝင်အခြေအနေကြောင့် တစ်မြို့နှင့်တစ်မြို့ တောင် ကုန်းများ ခြားနေသော မြေပြန့်လွင်ပြင်များတွင် တသီးတခြားစီ တည်ရှိ သဖြင့် အဆက်အဆံကျဲပါးသည်။ အစောပိုင်းက အရေးကြီးသည့် အခြေ အနေများနှင့် ကြုံရသည့်အခါမြို့နိုင်ငံအချင်းချင်းရိုင်းပင်းတတ်ကြသော်လည်းနောက်ပိုင်းတွင်တစ်စတစ်စနှင့်သွေးကွဲလာကြသည်။ ဂရိတို့ သွေး ကွဲကာ အချင်းချင်းတိုက်ခိုက်နေခဲ့ကြသည့် အချိန်အတောအတွင်းတွင် ဂရိ မြို့ပြနိုင်ငံများ၏ မြောက်ဘက်ကုန်းတွင်းပိတ်ဖြစ်ကာ မဖွံ့ဖြိုးခဲ့သော မက် ဆီဒိုးနီးယားသည် ခေါင်းဆောင်တစ်ဦး၏ ကြိုးပမ်းမှုကြောင့် စည်းရုံးစပြု လာလေသည်။ ထို ခေါင်းဆောင်၏အမည်မှာ ဖိလစ်ဖြစ်ကာ ဥရောပသမိုင်းတွင် (Philip of Macedonia) ဟုကျော်ကြားသည်။ ထိုသူသည် သူ့ထက်ပင် ကျော်ကြားလာမည့် အလက်ဇန္ဒာ၏ခမည်းတော် ဖြစ်သည်။

          မက်ဆီဒိုးနီးယားတွင် နေထိုင်သောသူများသည် ဂရိတို့နှင့် မျိုးရင်း တူသော အာရိယန်များဖြစ်သည်။ ဂရိစကားကိုပင် ပြောဆိုကြသည်။ အချို့ မှာ ဒိုးရီးယင်းသွေးပါသော်လည်း သူတို့ကိုယ်သူတို့ ဂရိလူမျိုးဟူသော အမှတ် သညာကိုသာ ကိုင်တွယ်ထားတတ်ကြသည်။ သို့သော် မြေယာဖြင့် အသက် မွေးကာ အနေအထိုင်အားဖြင့် သူတို့သတ်မှတ်ထားသော ယဉ်ကျေးမှုဆိုင်ရာ အရည်အချင်းမရှိသော မက်ဆီဒိုးနီးယန်းလူမျိုးတို့ကို ဂရိတို့က အထင်အမြင်သေးခဲ့ကြသည်။“ကျွန်ဆိုရင်တောင်မှကျွန်ကောင်းမထွက်သည့်နိုင်ငံ”ဟုဂရိလူမျိုးနိုင်ငံရေးခေါင်းဆောင်ဖြစ်သူ ဒီပို့စ်သင်းနီးစ် (Demosthenes) က ဆိုသည်။ ဒီပို့စ်သင်းနီးစ်သည် ယနေ့ခေတ် မီဒီယာများမှ ထုတ်လွှင့်သော စကားများနှင့်ဆင်သည့် စွပ်စွဲချက်အမျိုးမျိုးတို့ဖြင့် ဖိလစ်ကိုရော မက်ဆီဒိုးနီး ယားနိုင်ငံငယ်ကိုပါ ထိပါးပုတ်ခတ်လိုက်သည်မှာသူ၏စကားများကိုယုံကြည်ကိုးစားမိသောသူများသည်ဖိလစ်ကိုများစွာအထင်အမြင်သေးသွား တတ်ကြသည်။ ဒီမို့စ်သင်းနီးစ်သည် စကားကို မဆင်မခြင် မထောက်မညှာ ပြောတတ်သော (Orater) တစ်ယောက်၊ နှုတ်ကို စည်းမစောင့်သောသူ တစ်ယောက်ဖြစ်သည်ကို ထည့်သွင်းစဉ်းစားမိပါက သူ၏အသားလွတ် စွပ် စွဲချက်များဖြစ်သည့် ဖော်ပြရန်ပင် ခက်ခဲသော သူ၏စွပ်စွဲမှုများဖြင့် ဖိလစ် ၏ထက်မြက်မှုကို ဖုံးလွှမ်းရန် ကြိုးစားခြင်းကို လက်ခံမည်မဟုတ်ချေ။

          စနစ်တကျစဉ်းစားတွေးတောကြည့်ပါကမက်ဆီဒိုးနီးယားသည်ကျွန်ကောင်းတောင်မှမထွက်လောက်အောင် ညံ့ဖျင်းသည့်နိုင်ငံဟုဆိုပါက အရစ်စ်တိုတယ်လ်ကဲ့သို့သော ဒဿနပညာရှင် ထွက်ပေါ်လာမည်မဟုတ်ချေ။ ဖိလစ်သည်အသောက်အစားများသောသူဖြစ်ကောင်းဖြစ်မည်။သို့သော်ပညာမဲ့သူမဟုတ်ချေ။ထိုသို့ပြောနိုင်သည်မှာ သူ၏လူရွေးမှန်ခြင်း၊ သားဖြစ် သူကို ထိန်းကျောင်းမွေးမြူတတ်ခြင်း၊ ပညာရေးကို နိုင်ငံရေးတွင် ပဓာန ကျသောကိစ္စအဖြစ် သတ်မှတ်လုပ်ဆောင်ခြင်းစသည့် အရည်အသွေးများကို ထောက်ထား၍ဆိုသော အဆိုဖြစ်သည်။

          ဒီပို့စ်သင်းနီးစ်ကလည်း ဖိလစ်ကိုတိုက်ခိုက်နေရသည်မှာ အကြောင်း ရှိသည်။ ဂရိမြို့ပြနိုင်ငံအချင်းချင်း၏ စည်းရုံးရေးပျက်ပြားနေချိန်တွင် ဖိလစ် သည် မက်ဆီဒိုးနီးယားကို စည်းရုံးနေပြီဖြစ်သည်။ သူ၏အန္တိမဦးတည်ချက် မှာ စည်းရုံးသောဂရိနိုင်ငံတော်ကြီးတစ်ခုကို တည်ထောင်ရန်ဖြစ်သည်။ ခေါင်း ဆောင်မှုကိုမူ မက်ဆီဒိုးနီးယားက ရယူမည်ဖြစ်သည်။

 

မက်ဆီဒိုးနီးယားဘုရင် ဖိလစ် 

          ဖိလစ်သည်သူ၏သားတော်အလက်ဇန္ဒာအတွက်စစ်ရေးနိုင်ငံရေးလမ်းကြောင်းကိုခင်းပေးသွားသူဖြစ်သည်ဟု ဆိုနိုင်သည်။ အကယ်၍ သူ သည် ၄၇ နှစ်အရွယ်တွင် လုပ်ကြံခြင်းမခံရပါက သူ၏လမ်းကို သူကပင် ဦးဆောင်ကာ သားတော်ကို လမ်းပြမည်ဖြစ်သည်။ ဖိလစ်သည် ထက်မြက်သော စစ်ဘုရင်ဖြစ်သည်ဟူသော အချက်သည်သူ၏သားတော်အတွက်အကြီးတော်(Tutor)အဖြစ်ဆောင်ရွက်ရန်ရွေးချယ်ထားသောဆရာသည်အရစ်စ်တိုတယ်(Aristotle)ဖြစ်သည်ဆိုသည့်အချက်လည်းပါဝင်သည်။ အရစ်စ်တိုတယ်လ်သည်ဖိလစ်၏နန်းတော်တွင် သမားတော်အဖြစ် တာဝန် ထမ်းဆောင်နေသူ၏ သားဖြစ်သည်။

          ဖိလစ်သည် ဂရိနိုင်ငံ အေသင်မြို့တွင် လိုင်စီယမ် (Lyceum) အမည်ရှိကျောင်းတော်ကို တည်ထောင်ကာ စာပေသင်ကြားပို့ချနေသူ အရစ်စ် တိုဘယ်လ်နှင့်လည်း သားတော်ကို မည်သို့မည်ပုံ ပညာသင်ကြားပေးသင့်သည့် အကြောင်းမှစ၍ များစွာသောအကြောင်းများကို ဆွေးနွေးခဲ့ပေလိမ့်မည်။ အကြောင်းမှာ အလက်ဇန္ဒာ၏ ရှေးဦးပိုင်း ဆောင်ရွက်ချက်များအပေါ်တွင် များစွာလွှမ်းမိုးခဲ့သော အရစ်စ်တိုတယ်လ်၏ အတွေးအခေါ်များသည် ဖိလစ် နှင့်စတင်ဆွေးနွေးခဲ့သော အကြောင်းအရာများဖြစ်မည်မှာ တွက်ဆ၍ရနိုင် သောကြောင့်ဖြစ်သည်။ ဖိလစ်သည် ပထမဦးစွာ မက်ဆီဒိုးနီးယားဝန်းကျင် ရှိ သီးခြားတည်ရှိနေသော လူမျိုးစုများ၏ ဒေသများကို စစ်ရေးစည်ရုံးမှုပြု၍ မက်ဆီဒိုးနီးယားနှင့် တသားတည်းဖြစ်စေသည်။

          ဖိလစ်သည် ဘီစီ ၃၅၉ခုတွင်နန်းတက်ခဲ့သူဖြစ်သည်။မင်းဖြစ်၍၃နှစ်အကြာတွင်အလက်ဇန္ဒာကိုမွေးခဲ့သည်။ အလက်ဇန္ဒာ အသက် ၂၀ တွင် လုပ်ကြံခံရသည်ဖြစ်ရာ နန်းစံသက် ၂၃ နှစ်ရှိမည်ဖြစ်သည်။ သူသည် သားဖြစ်သူ အလက်ဇန္ဒာ၏ အကြီးတော်ဖြစ်ရန် အရစ်စ်တိုတယ်လ် တစ်ယောက်သာရှိ၍ သူ့ကိုရွေးချယ်ခဲ့ခြင်းမဟုတ်ချေ။ အိုင်ဆိုကရာတီးစ် (Isocrates) ကလည်း ဖိလစ်ထံသို့ လာရောက်ချဉ်းကပ်ခဲ့သေးသည်။ အကြောင်းမှာ အိုင်ဆိုကရာတီးစ်သည် ဂရိတို့၏အင်အားကြီးမားသော နိုင်ငံ ရေး ပါတီဝင်တစ်ဦး ဖြစ်သောကြောင့်ဖြစ်သည်။ ထိုပါတီမှာ ဟယ်လင်နစ် - များ တစ်သားတည်းစည်းရုံးရေးပါတီ (Pan-Hellenic Party) ဖြစ်သည်။ ထိုပါတီတွင် အစီအစဉ်များကို ဦးဆောင်ရေးသားသူမှာ အိုင်ဆိုကရာတီးစ် ဖြစ်သည်။ ဟယ်လင်နစ်ဆိုသည့် ဝေါဟာရမှာ ဂရိလူမျိုးအားလုံးကို ခြုံ၍ ခေါ်ဆိုသော ခန့်ညားသည့်အမည်ဖြစ်သည်။

          အေသင်မှအများစုကမူ ဖိလစ်ကိုဆန့်ကျင်ကြပါသည်။ အေသင်သား တို့သည် ကုန်သွယ်ရေးလုပ်ငန်းဖြင့် ကြီးပွားလာကြသူများဖြစ်သည်။ သူတို့ သည် မူလက ပါရှန်တို့၏ကျူးကျော်မှုကို ခံခဲ့ရသည်။ အခြားဂရိမြို့ပြနိုင်ငံ များ အထူးသဖြင့် စပါတန်နိုင်ငံမှ လီယိုနီးဒပ်စ် ဦးဆောင်သော မျိုးချစ်များ၏ အသက်ပေးကာကွယ်မှုကြောင့် ပါရှန်တို့၏စိုးမိုးခြင်းမှလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။နောက်ပိုင်းတွင်ပါရှန်ရန်ကိုကာကွယ်ရန်အေသင်ဦးဆောင်သော ဂရိအမျိုးသားများ၏ ရေတပ်အဖွဲ့ချုပ် ပေါ်ပေါက်ခဲ့သော်လည်း အေသင်၏ ဗိုလ်ကျစိုးမိုးမှုကြောင့် ဂရိမြို့ပြနိုင်ငံအချင်းချင်းများ၏အကြားတွင် စည်းလုံးမှု ပျက်ပြားခဲ့သည်။ ထို့ကြောင့်သာလျှင် ဖိလစ်ကဲ့သို့သော မြောက်ပိုင်းဒေသမှ မင်းတစ်ပါးက ဟယ်လင်နစ်သားများကို တစ်သားတည်း စည်းရုံးသည်အထိ ကြိုးစားရန် စိတ်အားထက်သန်လာရခြင်းဖြစ်သည်။

          ဖိလစ်သည် ပါရှန်များနှင့် စည်းဝါးကိုက်ရန် ကြိုးစားနေသော အေသင်မြို့ကို ဘီစီ ၃၃၈ ခုတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ အေသင် ကိုသိမ်းပိုက်ပြီးသည့်နောက် ဖိလစ်က ငြိမ်းချမ်းရေးသာမကအေသင်သား များအပေါ်တွင် များစွာညှာတာခဲ့သည်။ ဖိလစ်နှင့် သူ၏သားတော် အလက်

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)