Skip to product information
1 of 3

Other Websites

ဒေါက်တာမင်းသိမ်း - အတွင်းတိမ်အကြောင်းသိကောင်းစရာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အပိုင်း ၁

          မြန်မာပြည်အလယ်ပိုင်း ခရိုင်မြို့ကြီးတစ်မြို့မှာရှိတဲ့ မျက်စိအထူးကု ဆေးရုံတစ်ရုံမှာ တာဝန်ခံ ဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် စဉ်က ဖြစ်ပါတယ်။

          ညနေ ခုနစ်နာရီ မျက်စိဆေးခန်းပိတ်ချိန် ရောက်နေပြီဖြစ်တဲ့ အတွက် မျက်စိစမ်းသပ် ကိရိယာများကို စနစ်တကျ သူ့နေရာနဲ့သူ ပြန်လည်သိမ်းဆည်းနေချိန်မှာ

          “ဒေါက်တာကြီး၊ ဆေးခန်း ပိတ်တော့မလို့လား၊ လူနာ တစ်ယောက်လောက် ကြည့်ပေးပါဦး”

          အသံလာရာဘက်ကို လှမ်းကြည့်လိုက်ရာ ကျွန်တော့ ကျောင်း နေဖက် သူငယ်ချင်း ကိုထွန်းမြိုင်နဲ့ အသက် ၇၀ ကျော်အရွယ်ခန့်ရှိ အမျိုးသမီးကြီးတစ်ဦး ကျွန်တော့ ဆေးခန်းထဲဝင်လာတာကို တွေ့မြင် လိုက်ရပါတယ်။

'          ကိုထွန်းမြိုင်ပါလား၊ လာပါ လာပါ ကြည့်ပေးတာပေါ့၊ အချင်းချင်းတွေပဲ၊ ဆေးခန်းပိတ်ချိန်ရယ်လို့ မဟုတ်ပါဘူးဗျာ”

          ကျွန်တော်တို့လို နယ်မြို့များမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်များအနေနဲ့ ရန်ကုန် မန္တလေး မြို့ကြီးတွေမှာလို ဆေးခန်း သီးခြားမထားဘဲ မိမိနေထိုင်ရာ နေအိမ်မှာပဲ ဆေးခန်းဖွင့်လှစ်ပြီး လူနာကြည့်ကြပါတယ်။ ယခုလဲ ကျွန်တော် တာဝန်ထမ်းဆောင်ရာ မျက်စိဆေးရုံနဲ့ မလှမ်းမကမ်း တစ်နေရာမှာ နှစ်ထပ်အိမ်တစ်လုံး ငှားရမ်းပြီး အပေါ်ထပ်မှာ မိသားစုနေထိုင်ကာ အိမ်အောက်ထပ်မှာ ဆေးခန်းဖွင့်ထားခြင်း ဖြစ်ပါတယ်။

          သူစိမ်းတစ်ရံဆံ လူနာများအတွက်တော့ ဆေးခန်းဖွင့်ချိန် ပိတ်ချိန် သတ်မှတ်ထားပေမယ့် ကိုထွန်းမြိုင်တို့လို သူငယ်ချင်းဟောင်း တွေ၊ မနိုင်ရင်ကာ မိတ်ဆွေတွေအတွက်တော့ ဆေးခန်းဖွင့်ချိန်ရယ်လို့ ထားလို့ မရပါဘူး။

          ကိုထွန်းမြိုင်အနေနဲ့လဲ ကျွန်တော် သူတို့မြို့ကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့သတင်း ကြားကတည်းက အလွန် ဝမ်းသာနေပြီး ကျွန်တော် ပြောင်းရွှေ့ လာရင် အဆင်ပြေအောင် နေရေး ထိုင်ရေးကစပြီး အားလုံးကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသူ ဖြစ်ပါတယ်။ အခု ကျွန်တော် ဆေးခန်းဖွင့်တဲ့ အိမ်ဟာလည်း သူ ကြိုတင် ငှားရမ်းထားတာဖြစ်လို့ ကျွန်တော် ဒီမြို့ကိုရောက်တာနဲ့ တစ်ပြိုင်နက် သူ ကြိုတင်ငှားရမ်းထားတဲ့အိမ်ပေါ်မှာ ချက်ချင်းပဲ ကိုယ်ပိုင်ဆေးခန်းဖွင့်လို့ ရခဲ့ပါတယ်။ ဒါကြောင့်မို့ ကိုထွန်းမြိုင်လို လူမျိုးအတွက်ကတော့ ကျွန်တော့အနေနဲ့ အချိန်မရွေး ကြည့်ရှုပေး ရမယ့် တာဝန်ရှိပါတယ်။

          'ဒါက ကျွန်တော့ အဒေါ်ပါ။ ဒီမြို့ရဲ့မြောက်ဘက် မိုင်နှစ်ဆယ် လောက်ဝေးတဲ့ ... မြို့မှာ နေပါတယ်။ မျက်စိမှုန်တယ်လို့ပြောနေတာ တော်တော်ကြာနေပြီ၊ အခု မျက်စိပြရအောင် ကျွန်တော် ခေါ်လာခဲ့ တာပါ”

          ကိုထွန်းမြိုင်က သူ့အဒေါ်နဲ့ မိတ်ဆက်ပေးရင်း သူ့အဒေါ်ကို လူနာကုလားထိုင်မှာ ထိုင်ခိုင်းလိုက်ပါတယ်။

          “အဒေါ့ မျက်စိက ဘယ်လိုစဖြစ်တာလဲ၊ မျက်စိမှုန်တာကော ဘယ်လောက်ကြာပြီလဲ”

          ကျွန်တော်က မျက်စိရောဂါ အခြေအနေကို သိချင်တာနဲ့ မေးလိုက်ပါတယ်။

           'မျက်စိမှုန်တာကတော့ နှစ်နှစ်ကျော်လောက် ရှိနေပါပြီ၊ နီခြင်း၊ ကိုက်ခြင်းလဲ မရှိပါဘူး၊ စဖြစ်တုန်းကတော့ ဆားရည်လေး ထည့်လိုက်၊ အိမ်နီးနားချင်း မိတ်ဆွေအပေါင်းအသင်းတွေပြောတဲ့ မျက်စဉ်းတွေ ဝယ်ထည့်လိုက်နဲ့ ဖြစ်စကတော့ နည်းနည်း ပိုမြင်လာ သလိုပါပဲ၊ နောက်တော့ မထူးတော့တာနဲ့ ဘာမျက်စဉ်းမှ မထည့်တာ တောင် တော်တော်ကြာနေပြီ၊ အဒေါ်တို့က ဆေးရုံတို့ ဆေးခန်းတို့ကို ကြောက်တာနဲ့ မပြဖြစ်ပါဘူး။

          အခုမှ မောင်ထွန်းမြိုင်က အခုပြောင်းလာတဲ့ မျက်စိအထူးကု ဆရာဝန်ကြီးဟာ သူ့သူငယ်ချင်း သူကိုယ်တိုင် လိုက်ပြပေးမယ်ဆိုပြီး အတင်းလာခေါ်တာနဲ့ လိုက်လာတာပဲ သားရယ်” ။

          'အဒေါ် အရင် ထည့်ဖူးတယ်ဆိုတဲ့ မျက်စဉ်းတွေကကော ဘာမျက်စဉ်းတွေလဲ၊ မျက်စဉ်းနာမည်တွေ မှတ်မိရဲ့ လား”

          ကျွန်တော်က သိချင်တာနဲ့ မေးကြည့်ပါတယ်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)