ဒေါက်တာမင်းတင်မွန် - ဘ၀အောင်မြင်ရေးသို့ရှေးရှုကြ
နိဒါန်း
အထက်တန်းခေတ်ပညာကို ဆည်းပူးနေကြသည့် ကျောင်းသူ၊ ကျောင်းသားများသည် မိမိတို့၏ဘ၀အတွက် အလွန်အရေးကြီးသော ဗုဒ္ဓဘာသာ၏ အခြေခံသဘောတရားများကို သိနားလည်ပြီး အကျိုး ရှိစွာ ကျင့်သုံးနိုင်ကြရေးအတွက် ဗုဒ္ဓတရားတော်၏ အဆီအနှစ်များကို ခေတ်ပညာအမြင်နှင့်ယှဉ်၍ ဤကျမ်းငယ်တွင် ရေးသားတင်ပြထားပါသည်။
ဘဝတက်လမ်းအတွက် အခြေခံလိုအပ်ချက်များဖြစ်ကြသော ဘဝအဓိပ္ပာယ်၊ ဘဝကိစ္စနှင့် ဘဝပန်းတိုင်တို့ကို တိတိကျကျညွှန်ပြ ထားပြီးလျှင် လောကီအောင်မြင်ရေးနှင့် လောကုတ္တရာ အောင်မြင်ရေး တို့အတွက် လက်တွေ့ကျင့်သုံးအပ်သော နည်းလမ်းကောင်းများကို လည်း ဤကျမ်းငယ်တွင် ရှင်းလင်းတင်ပြထားပါသည်။
ခေတ်လူငယ်များသည် မှန်ကန်ကြည်လင်သည့် အမြင်၊ ရည်မွန် သောစာရိတ္တ၊ ကြံ့ခိုင်သည့်စိတ်ဓာတ်မြင့်မြတ်သော ရည်ရွယ်ချက်တို့ ဖြင့် မိမိတို့၏ အလွန်အဖိုးထိုက်တန်လှသည့် ဘဝအသီးသီးကို အကျိုး အရှိဆုံး အသုံးချနိုင်ကြအောင် ဤကျမ်းငယ်က လမ်းညွှန်ကူညီပေး နိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါသည်။
လူတိုင်းသည် မိမိ၏ဘဝကံကြမ္မာကို ဖန်တီးနိုင်သော ဖန်တီး ရှင် ဖြစ်ပါသည်။
အလှဆုံး၊ အတောက်ပဆုံးသော ဘဝကလေးများ အမြောက် အမြား ဖူးပွင့်နိုင်ပါစေ။
အငင်မတတ်လျှင် ပန်းလျက်နှင့်မရ
အဆင်မတတ်လျှင် ဆန်းလျက်နှင့်မလှ
အငင်တတ်က မပင်ပန်းဘဲနှင့်ရ၏။ အဆင်တတ်က မဆန်းဘဲ နှင့် လှ၏။
ပထမအရွယ်ရှိသည့် ပညာရှာမှီးသူသည် ပညာကို တစ်ပိုဒ်ရရ နှစ်ပိုဒ်ရရ လေ့လာဆည်းပူးရာ၏။ ဆရာသမားကောင်းထံ ချဉ်းကပ်၍ နည်းနာတောင်းခံကာ လိုက်နာရာ၏။ ပညာသည် လက်တစ်ကမ်းတွင် ပင် လှမ်းဆွတ်၍ မကုန်နိုင်အောင် ဝန်းရံလျက်ရှိ၏။ ယူတတ်ရန်သာ လို၏။ ယူတတ်လျှင် မပင်ပန်းဘဲနှင့် ရမည်သာတည်း။
ဒုတိယအရွယ်ရှိသည့် ဥစ္စာရှာမှီးသူသည် ထကြွနိုးကြားသော သတိဝီရိယရှိလျက်၊ မြော်မြင်သုံးသပ်တတ်သည့် ဉာဏ်ပညာရှိလျက်၊
အောင်မြင်ကြီးပွားနေသူများ၏ နည်းနာများကို ခံယူလျက် နည်းမှန် လမ်းမှန်ဖြင့် ကြိုးစားရှာမှီးလျှင် စီးပွားဥစ္စာကိုမလွဲမသွေ ရမည်သာ တည်း။ ။
တတိယအရွယ်တွင်မူ ဘဝသရဖူကို ဆောင်းနိုင်ရန်အတွက် ကုသိုလ်ဘာဝနာကို ပွားများရာ၏။ ယောနိသောမနသိကာရဟု ဆိုအပ်သော မှန်ကန်စွာနှလုံးသွင်းတတ်သောသူသည် ငွေကြေးတစ်ပြား တစ်ချပ်မှ ကုန်ကျစရာမလိုဘဲ ဘာဝနာကုသိုလ်ကို စက္ကန့်မယွင်းအောင် ဆည်းပူးယူနိုင်ပေ၏။
ဘာဝနာကုသိုလ်သည် ပညာ၊ ဥစ္စာ ရှာမှီးရာနှင့် လောကီ လောကုတ္တရာ အောင်မြင်ရေးတို့အတွက် အဓိကအင်အားဖြစ်သည် နှင့်အညီ ဘဝအောင်မြင်ရေးကို ရယူလိုသူသည် ဘာဝနာကုသိုလ်ကို - ပထမအရွယ်မှစ၍ လုံ့လပြုကာ ဆည်းပူးယူရာသတည်း။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဘဝအောင်မြင်ရေးသို့ ရှေးရှုကြ
ဘဝတစ်ထောက်
ဤအချိန်သည် သင့်ဘဝအတွက် အရေးကြီးဆုံး အချိန်ဖြစ်သည်။
လက်ငင်းလုပ်စရာရှိသည်ကို ခေတ္တရပ်နား၍ သေသေချာချာ စဉ်းစားပါ။
ဘဝ၏အဓိပ္ပာယ်ဆိုသည်မှာ အဘယ်နည်း။ ငါ၏ဘဝသည် မည်သို့ဖြစ်ပေါ်လာသနည်း။ အဘယ်အကြောင်းကြောင့် ဖြစ်ပေါ်လာရသနည်း။ ဤဘဝတွင် မည်သည့်ကိစ္စရပ်များကို ဆောင်ရွက်သင့်သနည်း။
သည် ပညာဗဟုသုတပြည့်စုံလို၏၊ အောင်မြင်ချမ်းသာလို၏၊ ထင်ပေါ်ကျော်ကြားလို၏၊ မည်သို့လုပ်ဆောင်ရအံ့နည်း။ ။
ဤဘဝတွင် အဖိုးအတန်ဆုံးအရာများကား အဘယ်နည်း။ ငါ့နှလုံးသားဝယ် မည်သို့သောတရားများကို ထွေးပိုက်ထားသင့် သနည်း။
ဘဝ၏ပန်းတိုင်ကား အဘယ်နည်း။
ဤဘဝပြီးဆုံးသည့်နောက်၌ တမလွန်ဘဝဆက်ရန် ရှိသေး သလော။
လေးလေးနက်နက် စဉ်းစားပါ။ သင့်ဘဝ၏ အဓိပ္ပာယ်ကိုမျှ မသိဘဲ၊ သင့်ဘဝ၏ ကိစ္စကိုမျှမသိဘဲ၊ သင့်ဘဝ၏, ပန်းတိုင်ကိုမျှ မချ မှတ်ရသေးဘဲလျက် ဘဝခရီးဆက်ရန် မသင့်ပါ။
ဤစာတမ်းသည် သင်၏ဘဝလမ်းကြောင်းကို အကောင်းမွန်ဆုံး ဘက်သို့ ထိပ်ဆုံးရောက်အောင် ပြောင်းလဲစေနိုင်သည်။
လေးလေးစားစားဖက်ရှု၍ နက်နက်နဲနဲစဉ်းစားကာ ဆုံးဖြတ်ပါ လေ။
ဘ၀အဓိပ္ပာယ်
ဘဝသည် သမုဒ္ဒရာရေပြင်ကဲ့သို့ အပြောကျယ်၍ နက်ရှိုင်းသော သဘောရှိ၏။ သောင်ကမ်းမမြင်၊ အနက်မထင်၊ လောကီသညာဟူ
သော တိမ်သလ္လာကို မဖောက်ထွင်းနိုင်ဘဲလျက် လောကီအမြင် သက်သက်ဖြင့် ဘဝ၏အဓိပ္ပာယ်ကို ဖော်ထုတ်ရန်ကြိုးစားလျှင် အနက် မှန်ကိုဖော်ထုတ်နိုင်မည် မဟုတ်ပေ။
အနောက်တိုင်း ဒဿနပညာရှင်အချို့၏ ဘဝအမြင်ကို ဆန်းစစ် ကြည့်ပါ။
'လူသည် စကြဝဠာ၏ အစိတ်အပိုင်းတစ်ခုဖြစ်၍ စကြဝဠာ၏ လက်အောက်ခံ သဘာဝနိယာမတို့၏ အပြဋ္ဌာန်းခံဖြစ်သည်။ သေလွန်
သောအခါ၌ စကြဝဠာအစိတ်အပိုင်းတစ်ခုအဖြစ်သို့ ပြန်လည်ရောက် ရှိသွားသည်။
(ရှေးဂရိတွေးခေါ်ပညာရှင် သေးလိစ်)
“ဘဝတစ်ခုတွင် ထင်ရှားသော ဖြစ်ရပ်သုံးခုသာရှိသည်။ မွေးဖွားခြင်း၊ အသက်ရှင်ခြင်းနှင့် သေခြင်းတို့ဖြစ်ကြ၏။ လူသည် မွေးဖွားခြင်းကို အာရုံမခံစားနိုင်တော့။ သေခြင်းနှင့်ရင်ဆိုင်ရသော အခါ ထိတ်လန့်ကြောက်ရွံ့ကြ၏။ အသက်ရှင်နေခိုက်တွင်မူ အကျိုးရှိ စွာနေထိုင်ရေးကို မေ့လျော့နေကြ၏”
(The Great Quotations, p. 84) 'လူသားတို့သည် ညအခါ၌ သမုဒ္ဒရာထက်၌ လွင့်မျောနေသော သစ်လုံးဖောင်တစ်ခုထက်ဝယ် တွယ်ကပ်နေကြသည့် သင်္ဘောပျက် တစ်စင်းမှ ခရီးသွားတစ်စုနှင့်တူလှစွာ၏။ ပတ်ဝန်းကျင်တစ်ခုလုံး သည် မှောင်မိုက်လျက်ရှိ၏။ လှိုင်းနှင့်လေတို့က ပြင်းထန်လှ၏။ လှိုင်းလုံးများ ရိုက်ပုတ်သည့်ဒဏ်ကြောင့် ခရီးသွားများသည် တစ် ယောက်ပြီးတစ်ယောက် ဖောင်ထက်မှ လွင့်စဉ်သွားကြ၏။ ထိုလူတို့ ကျရောက်သွားကြသည့်နေရာများ၌ ခေတ္တမျှ ချိုင့်ဝှမ်းသွားသော အပေါက်ငယ်ကလေးများကိုလည်းကောင်း၊ ထိုသူတို့၏ ခန္ဓာကိုယ် များကိုလည်းကောင်း သမုဒ္ဒရာရေပြင်က လျင်မြန်စွာဖုံးလွှမ်းလိုက်၏။ ဒီလှိုင်းများက မည်သည့်အရာမျှမဖြစ်ခဲ့လေဟန် လှုပ်ရှားမြဲ လှုပ်ရှား နေကြ၏။ သဘာဝသည်လူသားကို ဂရုစိုက်ခြင်းမရှိပါ။”
(ရတ်ဆယ်)
“ဘဝအကြောင်းကိုနားလည်ရန် လူသားကိုဖန်ဆင်းထားသည် မဟုတ်။ ဘဝ၏ သုခဒုက္ခအဖုံဖုံကို ခံစားရန်အတွက်သာ ဖန်ဆင်းထား ခြင်းဖြစ်၏။
(ဂူစန်တာယာန)
'ဘဝတွင် အဓိပ္ပာယ်ရှိသည်။ ဘဝ၏အဓိပ္ပာယ်ကို ဖွေရှာခြင်း သည်ပင် ကျွန်ုပ်၏ အစားအသောက်ဖြစ်၏။”
(ရောဘတ်ဘရောင်းနင်း)
“ယခင်က ဘဝ၏အနှစ်သာရကို ခံစားနိုင်ရေးအတွက် ဘဝ၏ အဓိပ္ပာယ်ကို ဖွေရှာရမည်ဟု ထင်မှတ်ခဲ့၏။ ယခုမူ ဘဝတွင် အဓိပ္ပာယ် မရှိခြင်းသည်ပင် ပျော်ပျော်ရွှင်ရွှင်နေထိုင်ရေးအတွက် အထောက်အကူ ဖြစ်ပေတော့၏။”
(Albert Camus)
အထက်ပါအဆိုအမိန့်များကို ထောက်ရှုလျှင် အနောက်တိုင်း တွေးခေါ်ရှင်များသည် ဘဝ၏အဓိပ္ပာယ်ကို ဖော်ထုတ်နိုင်စွမ်းမရှိ ကြောင်း ထင်ရှားပါတော့၏။
လောကချမ်းသာ
“ဘဝဆိုတာ တိုတိုကလေး၊ ပျော်ပျော်နေလိုက်စမ်းပါ။"
(ခရူးရှက်)
“ဘဝဟာ တိုသထက်တိုလာတယ်။ နေ့ရက်များက အကုန်မြန် သထက် မြန်လာကြတယ်။ တို့တစ်တွေ နေ့ရောညပါ ပျော်သထက် ပျော်အောင် နေထိုင်ကြပါစို့။
(အမ်ဂေါ်ဂီ)
မှန်ပါသည်။ လူတိုင်းပျော်ပျော်ရွှင်ရွှင် နေလိုကြပါသည်။ တိုက် တွန်းရန်ပင်မလိုပါ။ ပြဿနာမှာ မည်သို့ပျော်ပျော်ရွှင်ရွှင်နေရမည့် အရေးပင် ဖြစ်ပါသည်။
စားချင်တာစားရ၊ သောင်ချင်တာသောက်ရ၊ဝတ်ချင်တာ ဝတ်ရ၊နေချင်သလို နေရလျှင် အလွန်ပျော်စရာကောင်းလိမ့်မည်ဟု တွေးထင် ကြလိမ့်မည်။ ယင်းသို့နေနိုင်သော လူများစွာကို ပြည်တွင်း၌ လည်းကောင်း၊ ပြည်ပများ၌ လည်းကောင်း ကိုယ်တိုင်ကြုံတွေ့ဖူးကြပေ လိမ့်မည်။ သူတို့တစ်တွေကား ထူးထူးခြားခြား မပျော်နိုင်ကြပါ။ အချို့မှာ မပျော်ပိုက်နိုင်သည့်အပြင် သောကမျိုးစုံဝင်၍ အလွန်ပင် စိတ်ဆင်းရဲနေကြရသည်။
“မရောက်လာသေးသောသေခြင်းတရားကို စဉ်းစားနေစရာမလို၊ အသက်ရှင်နေခိုက်တွင် ဘဝ၏အခြေခံဖြစ်သည့် စားဝတ်နေရေး၊ နိုင်ငံရေးနှင့်တကွ လူမှုကိစ္စအဝဝကို ဆောင်ရွက်ကြိုးပမ်းနေခြင်းသည် အဓိပ္ပာယ်အရှိဆုံး၊ အကောင်းဆုံးဘဝဖြစ်သည်”ဟု တချို့က ဆိုကြပါ * သည်။
" သက်ရှိသတ္တဝါတိုင်းပင် ပင်ကိုသဘာဝအရ အသက်ရှင်၍ ရပ် တည်နိုင်ရေးကို အဓိကအရေးအဖြစ် သဘောထားကြပါသည်။ သို့ သော်စားဝတ်နေမှု ဖူလုံရေးအတွက် ကြိုးပမ်းရာတွင် သမ္မာအာဇီဝကျ သောနည်းလမ်းရှိသလို မတရားသောနည်းလမ်းလည်း ရှိပါသည်။
ကောင်းမှုကံ၊ မကောင်းမှုကံ၏အကျိုးတရားကို စဉ်းစားစရာ မလို။ နောင်ဘဝရှိမရှိကို ထည့်စဉ်းစားစရာမလိုဟုဆိုလျှင် အသိဉာဏ် ရှိသော လူသားသည် မသမာသောနည်းမျိုးစုံကို အသုံးပြုပေတော့ မည်။ လောဘတရားသည် လူသားအား'ဘယ်သူသေသေ ငတေမာ လျှင်ပြီးရော”ဟူသော ပြောဆိုချက်ကို လိုက်နာရန် အစဉ်တိုက်တွန်း နေသည်။ ဒေါသတရားက သူတစ်ပါးတို့ ထိခိုက်နစ်နာဆုံးရှုံးဆင်းရဲ သွားခြင်းကို မျက်ကွယ်ပြုရန် အစဉ်နှိုးဆော်နေသည်။ မောဟတရားက
အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်အောင် အစဉ်လှည့်စားနေ သည်။
ထိုသို့ လောဘ၊ ဒေါသ၊ မောဟတရားတို့ကို ထွေးပိုက်လျက် အဓမ္မနည်းဖြင့် စီးပွားရှာကာ စည်းစိမ်ယစ်မူး၍ အပျော်အပါး နေသောဘဝကို အဓိပ္ပာယ်အရှိဆုံးဘဝ၊ အကောင်းဆုံးဘဝဟု ဆိုရ မည်လော။
ယနေ့ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်တို့သည် စားဝတ်နေရေး မဖူလုံဘဲလျက် အသက်ရှင်နေကြရသည်။ ထိုသူတို့၏ ဘဝသည် အဓိပ္ပာယ်မရှိတော့ပြီလော။ -
ကျွန်ုပ်တို့၏ ဘိုးဘွားများလက်ထက်က လယ်တစ်ခင်း၊ နွား တစ်ရှဉ်းနှင့် လှည်းတစ်စီးရှိလျှင် စားဝတ်နေရေးဖူလုံပြီဟု ယူဆခဲ့ကြ ၏။ ယခုခေတ်လူတို့က တိုက်တစ်လုံး၊ ကားတစ်စီးနှင့် ဝင်ငွေတစ်လ ကျပ် နှစ်သောင်းခန့်ရမှ တင့်တယ်သည်ဟု ထင်မှတ်ကြ၏။ ထိုမျှ ပြည့်စုံပြီး သူတို့ကလည်း တယ်လီဗစ်ရှင်း၊ ရေဒီယို၊ ကက်ဆက်၊ မော်တော်ဆိုင်ကယ်၊ စိန်ရွှေရတနာစသည်တို့ကို အလိုရှိကြပြန်၏။
စင်စစ်လောဘတရားကို မထိန်းကွပ်နိုင်လျှင် မည်သည့် အခါမျှ အလိုမပြည့်ဘဲမီးခိုးမဆုံး၊ မိုးမဆုံးအောင် စီးပွားဥစ္စာ နောက်သို့ တကောက်ကောက် လိုက်နေကြရမည်ဖြစ်၏။ - လောကချမ်းသာဟူသည်မှာ သက်တံရောင်စဉ်ကဲ့သို့ အကောင် အထည်မရှိသော အရာမျှသာဖြစ်၍ လောကချမ်းသာ နောက်သို့ လိုက်နေသောသူသည် သက်တံခြေရင်းဝယ် ရွှေရှာ ဖွေနေသူနှင့် ဘာမျှထူးခြားလိမ့်မည် မဟုတ်ပေ။
ဧလာကရတနာ စိန်၊ ကြောင်၊ နီလာ၊ သန္တာ၊ ဂေါ်မုတ်၊ ဥဿဖရား၊ ပတ္တမြား၊ မြ၊ ရွှေ၊ ငွေတို့သည် အဖိုးတန်ရတနာများဖြစ်ကြသည်ဟု လူတို့ သတ်မှတ်ထားကြ၏။
. အမှန်မှာ စိန်၊ ကြောင်၊ နီလာ၊ ပတ္တမြား၊ မြ စသည်တို့သည် ( တွင်းထွက်ကျောက်တုံးကလေးများသာဖြစ်ပြီး ရှားပါး၍၊ လှပ၍ ငွေဖြင့်တန်ဖိုးဖြတ်ထား၍ အဖိုးတန်သည်ဟု ထင်မှတ်နေရခြင်းဖြစ်၏။
ထိုကျောက်မျက်များကို လည်ဆွဲတန်ဆာပြု၍ ရင်မှာပန်ဆင် လိုက်သောအခါ ဂုဏ်တင့်လာသည်ဟု ထင်မှတ်ကြသော်လည်း စင်စစ်တွင် အကျည်းတန်သူသည် ပိုမလှလာပါ။ စိတ်ထားယုတ်ညံ့ သူသည် စိတ်ထားမမွန်မြတ်လာပါ။ သဘောရိုးနှင့် ချစ်သူခင်မင်သူများ လည်းမတိုးပွားလာပါ။ မနာလိုသူနှင့် မုန်းတီးသူများကို တိုးပွားစေ၍ သူခိုး၊ ဓားပြ၊ ခါးပိုက်နှိုက်များကို လက်ယပ်ခေါ်ကာ မိမိ၏အသက် စည်းစိမ်ကို လောင်းတမ်းကစားနေသည်နှင့် တူလှပေတော့၏။
ထို့ကြောင့် ထိုကျောက်မျက်ရတနာတို့သည် လောကတွင်အမှန် တကယ် အဖိုးထိုက်တန်သောရတနာအစစ်များ မဟုတ်ကြပါ။
ရတနာအစစ်သည် ပန်ဆင်သူအား ကျက်သရေမင်္ဂလာတိုးပွား စေရမည်၊ လူချစ်လူခင် ပေါများစေရမည်၊ ကိုယ်စိတ်နှစ်ပါးကို ချမ်းသာလာစေရမည်။ ဘဝအခြေကိုမြင့်မြတ်လာစေရမည်၊ တမလွန် ဘဝတွင်လည်း ကောင်းကျိုးအဖြာဖြာကို ဆက်လက်ပေးဆောင်နိုင်ရမည်။