Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဒေါက်တာထွန်းဝင်း - လောကကြီးကိုဉာဏ်ပညာဖြင့်စီမံခန့်ခွဲခြင်းဗျူဟာများ

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out
မျက်မှောက်ခေတ် ကျွန်တော်တို့ စားသုံးနေကြသော
ဆီအချို့၏ လျှို့ဝှက်ချက်အချို့

          ယနေ့မျက်မှောက်ခေတ်မှာ ဂျာနယ်တို့၏အဆိုအရ ကျွန်တော်တို့နိုင်ငံ သို့ နယ်စပ်ဖြတ်ကျော်တင်သွားလာကြသော စားသုံးဆီတို့တွင် အန္တရာယ် မကင်းကြောင်းသိရ၍ ကျန်းမာရေးလုံခြုံမှုအတွက် တာဝန်ရှိသူတို့ ကာကွယ် ရေးလုပ်ငန်းလုပ်ရန် အလုပ်များသွားကြောင်း သိရပါသည်။ မသန့်သောဆီ များကြောင့် စားသုံးသူအများပြည်သူတို့သည် ကင်ဆာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်၊ ဦးနှောက် သွေးကြောပေါက် စသော ဝေဒနာများ ခံစားကြရပါမည်။ ဤသို့ သော ဘေးအန္တရာယ်များမှ ပြည်သူတို့ ကိုကာကွယ်ရန် ကျန်းမာရေးဌာနတစ်ခုတည်းမှာ တာဝန်ရှိသည် မဟုတ်ဘဲ ပြည်သူအချင်းချင်းလည်း လက်တို့၍သတင်းပေးရန် တာဝန်ရှိပါ သည်။ သို့ပါ၍ ကျွန်တော်သည် ပြည်သူ အချင်းချင်း လက်တို့ သတင်းပေး သည့်အနေဖြင့် ကျွန်တော် သိသမျှ ယနေ့ ကျွန်တော်တို့ စာသုံးနေရတဲ့ဆီတွေ အကြောင်းကို ဖောက်သည်ချလိုသဖြင့် ဤဆောင်းပါးကို တင်ဆက်လိုက် ရပါသည်။

ကျွန်တော်တို့ငယ်ငယ်တုန်းက လွမ်းစရာဆီသန့် •••

         ကျွန်တော်တို့ ငယ်ငယ်ကလေးအရွယ်က ဘူးသီးကြော်တစ်ခုကို ငါးပြားပါ။ လက်ဖက်ရည်တစ်ခွက်က ၂၅ ပြားပါ။ ငါးပြားတန် ဘူးသီးကြော်ကို ပဲဆီသန့်နဲ့ကြော်တာ စားလို့ကောင်းလိုက်တာကို လွမ်းမိပါတယ်။ အဲဒီခေတ်က အုန်းဆီဆိုတာ ကျွန်တော်သိသလောက် အမျိုးသမီးတွေ ဆံပင် လိမ်းတာပါ။ နောက်တော့ စားအုန်းဆီရယ်လို့ ပေါ်လာပါတယ်။ စားအုန်း ဆီကတော့ ပဲဆီသန့်လောက် ကျန်းမာရေးကို အထောက်အကူမပြုပါဘူး။

          သို့ သော်လည်း ဝက်ဆီနဲ့ စာရင်တော့ နည်းနည်းတော်ပါသေးတယ် လို့ဆိုရပါမယ်။ ကျွန်တော်တို့ မိတ်ဆွေ ခေါက်ဆွဲကြော် ဆိုင်ပိုင်ရှင်တစ်ဦး ကတော့ သူရဲ့ ဆိုင်မှာ ခေါက်ဆွဲကြော်ကို စားအုန်းဆီနဲ့ ကြော်တယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံရှာပါတယ်။ ဒီတော့ ပွင့်လင်းမှုအတွက် ကျွန်တော် ချီးမွမ်းမိပါတယ်။

စားလို့အလွန်ကောင်းတဲ့ ခေါက်ဆွဲကြော်ရဲ့ လျှို့ဝှက်ချက်

            တစ်ခါတုန်းက NGO နယ်ရုံးတစ်ရုံးရဲ့ စီမံကိန်းမှာ ကျွန်တော် တာဝန်ခံအရာရှိလုပ်တုန်းကတော့ ဦးဖုန်းမြင့်ဆိုတဲ့ ဝန်ထမ်းတစ်ဦးနဲ့ အတူ တာဝန်ကျခဲ့ပါတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့ရုံးမှာ ခေါက်ဆွဲ ကြော်တတ် လို့ သူ့ရဲ့ လက်ရာက အလွန်ကောင်းပါတယ်။ ကျွန်တော်တို့က အတုခိုးပြီး ကိုယ်တိုင်ခေါက်ဆွဲကြော်ကြည့်တော့ သူရဲ့ လက်ရာကို မမီပါ။ ဦးဖုန်းမြင့် ရဲ့ လက်ရာခေါက်ဆွဲကြော်က ချိုနေပါတယ်။ ဘာအချိုမှုန့်သုံးတာလဲလို့ မေးတော့မဖြေဘဲ တဟဲဟဲနဲ့ ရယ်နေပါတယ်။ ။

          သူတဟဲဟဲရယ်နေတဲ့ ပုံစံကအောင်မြင်တဲ့လေသံကြီးဖြစ်နေလို့ ခေါက်ဆွဲကြော်မှာ လျှို့ဝှက်ချက်တစ်ခုခုရှိနေပြီလို့ ဉာဏ်ပညာ WISDOM နဲ့ စဉ်းစားတော့ သိလိုက်ပါတယ်။ ဒါနဲ့ နောက်တော့မှ သိရတာကတော့ ခေါက်ဆွဲကြော်တဲ့ ပဲဆီသန့်သန့်က ဒယ်အိုးပေါ်မှာ ပူလာရင် ဝက်ဆီ တစ်တုံးထည့်လိုက်တော့ ဝက်ဆီကြောင့် ခေါက်ဆွဲကြော်က အချိုမှုန့်ထက် အရသာပိုရှိသွားတာပါ။ ဒီလို ခေါက်ဆွဲကြော်မျိုးတော့ မစားပါရစေနဲ့လို့ ပြောရပါတယ်။

          တစ်ခါတုန်းက ကျွန်တော့်ရဲ့ သူငယ်ချင်းလင်မယား ရန်ဖြစ်ကြရာ အကြောင်းရင်းကို မေးကြည့်တော့ လင်လုပ်သူက ဝက်သားမစားပါဘူး။ မိန်းမလုပ်သူကို ပဲဆီသန့်နဲ့ ကြက်သားဆီပြန်ဟင်း ချက်ခိုင်းပါတယ်။ မိန်းမ လုပ်သူက ဆီကုန်သက်သာအောင် ကြက်သားဆီပြန်ဟင်းအိုးထဲကို ဝက်ဆီ တစ်တုံးထည့်ထားသော လင်ယောက်ျားက ဟင်းအိုးလှန်ကြည့်တာ မိသွား လို့ ရန်ဖြစ်တာပါ။

          တစ်ခါတုန်းက ကျွန်တော်ရဲ့ ဇနီးမှာ ခင်မင်တဲ့မိန်းကလေး မိတ်ဆွေ တစ်ဦးက ထမင်းဆိုင်ဖွင့်ပါတယ်။ အဲဒါဇနီးသည်က သွားလည်ပါတယ်။ ရင်းနှီးတော့ ဇနီးက ဟင်းချက်တဲ့နေရာ မီးဖိုထဲအထိ ရောက်ပါတယ်။ အဲဒီမှာ ဆိတ်သားဟင်းအိုးက ရောင်းကောင်းပြီး ဟင်းရည်နည်းနည်း လိုလာ လို့ ဆိုင်ရှင်က ဝက်ဆီပြန်ဟင်းအိုးထဲက ဟင်းရည်ကို ဆိတ်သားဟင်းရည်အိုး ထဲ ရောလိုက်တယ်လို့ ဆိုပါတယ်။ ဒါဆိုရင် ဆိတ်သားစားသူတွေ ဝက်ဆီ စားပြီး သွေးတိုးပါပြီ။

ထမင်းဆိုင်ရှင်တစ်ဦး၏ စေတနာအမှား

          ထမင်းဆိုင်ရှင်တစ်ဦးကတော့ သူရဲ့ ဆိုင်မှာ ပဲဆီစစ်စစ်ပဲ သုံးတယ် လို့ဆိုပါတယ်။ ဒါက သူ့ရဲ့ စေတနာပါ။ သို့သော် တစ်ခါတုန်းက သူရဲ့ဆိုင်မှာ ကြက်ဥကြော်တစ်လုံး မှာစားဖူးတယ်။ အဲဒီအခါမှာ ကြက်ဥကြော်ကို ပဲဆီစစ် နဲ့ ကြော်ပေးတယ်။ ဒါပေမဲ့ ကြက်ဥကြော်က ငါးကြော်နံ့ နံနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒယ်အိုးတစ်ခုလုံး ဆီတွေအများကြီးထည့်ပြီး ငါးကြော်လိုက်၊ ကြက်ဥကြော်လိုက်၊ ဆီကျန်တွေနဲ့ ဆိတ်သားကြော်လိုက်၊ ကြက်သားကြော်လိုက် လုပ်နေတာပါ။ အဲဒီလိုလုပ်တဲ့ဆီတွေဟာ ဝက်ဆီ ထက် ကြောက်စရာကောင်းပါတယ်။ ကင်ဆာဖြစ်ဖို့လည်း ပိုပြီးအားပေးပါ တယ်။

           တစ်ခါတစ်ရံ အကြော်ကြော်တဲ့ဒယ်အိုးမှာ ဆီတွေတူးပြီး အမည်း ရောင်ဖြစ်သွားတာဟာ အလွန်အန္တရာယ်ကြီးပါတယ်။ တချို့ဆိုင်တွေက လည်း ပဲဆီသန့်သန့်၊ စေတနာသန့်သန့်ချက်နည်းကြော်နည်းမှန်မှန်နဲ့ ရောင်းချတဲ့ စားသောက်ဆိုင်မျိုးလည်းရှိပါတယ်။ ဆိုင်မှာ ဝယ်စားတိုင်းအန္တရာယ်ရှိတယ်လို့တော့ မဆိုချင်ပါ။

မျက်မှောက်ခေတ်ကြက်သား

          ကျွန်တော်တို့ငယ်ငယ်တုန်းက ကြက်သားဟာ ဒေသခံကြက်ဖြစ်ပြီး အဆီမရှိဘူး။ ယနေ့ခေတ်မှာ မွေးမြူရေးခြံက ဥစားကြက်တွေက အဆီတွေ များလိုက်တာ ဘဲသားကျနေတာပဲ။ တစ်နေ့တော့ ကျွန်တော် ဈေးတစ်ခုထဲလျှောက်သွားရင်းနဲ့ ကြက်သားသည်တစ်ဦးနဲ့ ရင်းနှီးမိပါတယ်။ သူရဲ့ဆိုင်မှာ ကြက်အဆီခဲတွေကို သတ်သတ်ဖယ်ထားတာ တွေ့ရပါတယ်။ ကျွန်တော်က အန္တရာယ်ရှိတဲ့အဆီတွေကို လွှင့်ပစ်လို့လားမေးတော့ မဟုတ်ပါဘူး။ စားသောက်ဆိုင်တစ်ခုကို ဖောက်သည်သွင်းတာလို့ဆိုပါတယ်။ တိုးတိုးတိတ် တိတ်မေးကြည့်တော့ ဖောက်သည်သွင်းတဲ့ဆိုင်က ကျွန်တော် ဝယ်စားနေကျ စားသောက်ဆိုင်ဖြစ်နေတယ်။ အဲဒါကြောင့် အဲဒီဆိုင်မှာ နောက်ကို ဝယ်မစား တော့ပါ။

          တစ်ခါတုန်းက ကျွန်တော်ဟာ ထမင်းဆိုင်ပိုင်ရှင်မိသားစုတစ်စုနဲ့ ရင်းနှီးဖူးတယ်။ ကျွန်တော်က ခဏခဏဝယ်စားတော့ ကြက်သားစားမယ် ဆိုရင် သူတို့ မိသားစုစားရန်ချက်တဲ့အထဲက ခွဲပေးပါတယ်။ နောက်မှ သိရ တာက မိသားစုစားရန် ဟင်းအိုးတွေကို ပဲဆီသန့်နဲ့ချက်ပြီး ဖောက်သည် စားရန် ဟင်းအိုးကြီးတွေကို စားအုန်းဆီနဲ့ချက်တယ်ဆိုပါတယ်။ ဒီလိုတော့ မလုပ်သင့်ပါဘူးထင်ပါတယ်။

           မသန့်တဲ့ဆီတွေကြောင့် ရောဂါနဲ့

အသက်အန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲ

ပထမဆင့် ကာကွယ်ခြင်း

          ပထမအဆင့်ကာကွယ်ခြင်းဆိုတာ မိမိခန္ဓာကိုယ်ကို မသန့်တဲ့ ဆီတွေ ကိုမရောက်အောင် ဉာဏ်နဲ့ သတိရှိရပါတယ်။

ဒုတိယအဆင့် ကာကွယ်ခြင်း၊

            ဤအဆင့်ကတော့ မိမိခန္ဓာကိုယ်ထဲကို မသန့်တဲ့ဆီက ရောက်သွား ပါပြီ။ ဒါပေမဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါမဖြစ်အောင် အဆီကျတဲ့ဆေးစားသင့်ပါတယ်။

 ဥပမာ- ကြက်သွန်ဖြူစားခြင်း၊ ကြက်သွန်ဖြူ ရေညှိ စိမ်းဆေးစားခြင်း စတာတွေ ဖြစ်တယ်။

၎င်းအပြင် ဆေးလိပ်ဖြတ်ခြင်း၊ ကာယလေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း တို့ ကို လုပ်သင့်ပါတယ်။

တတိယအဆင့် ကာကွယ်ခြင်း

          တတိယအဆင့်ကာကွယ်ခြင်းကတော့ နှလုံးသွေးကြောကျဉ်းသွားရင် ဆရာဝန်နဲ့ ပြရန်သာရှိပါတော့တယ်။ ဒါဆိုရင် ငွေကုန်ကြေးကျ များပါပြီ။

          သို့ဖြစ်ပါ၍ မဖြစ်ခင် ကြိုတင်ကာကွယ်ကြပါဟု ဆော်သြ လိုပါ၏။ ကင်ဆာကို ကာကွယ်သော ဖြည့်စွက်စာများကိုလည်း စားသုံးသင့် ပါတယ်။

           ကင်ဆာကိုကာကွယ်သော ဖြည့်စွက်စာများမှာ မျက်မှောက်ခေတ် ဆေးဆိုင်များ၌ ဂျုံမြက်နုဆေး၊ ဘီတာကယ်ရိုတင်းပါသော ဗိုက်တာမင် ဆေးများ၊ ဆယ်လီနီယမ်၊ သတ္တုဓာတ်ပါသော အားဆေးများ၊ ရေညှိစိမ်း ဆေးပြားတို့ကို မိသားစုဆရာဝန်နှင့်တိုင်ပင်၍ စားသင့်ပါကြောင်း။