Skip to product information
1 of 4

Other Websites

ဒေါက်တာဇော်သန်း - စန္ဒရားနှင့် အခြားနိုင်ငံရပ်ခြား၀တ္တုတိုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          စန္ဒရား

“ဟေ့ ... ရိုဇာလီယာ အဲဒီလူကို ပြန်တော့လို့ ငါပြောပြီးပြီ။ ခပ်ကြောင်ကြောင်လူပဲကွ။ ငါတို့ပစ္စည်းဟာ ခရူဇီယို ငါးရာတောင်မတန်ဘူးလို့ ပြောပြီးရယ်ခဲ့တဲ့လူ”ဟူ၍ အပေါ်ထပ် တွင်ရှိနေသော သူ့ဇနီးအား အိုလီဗီယာက အော်ပြောလိုက်သည်။ သူ့ဇနီးက “ဒါမျိုးတွေက ရိုးနေပါပြီ။ သူက ကျွန်မတို့ ပစ္စည်း ကို အချောင်ရမလားဆိုပြီး ပြီးတော့ ဈေးပေါပေါနဲ့ သူ့လက်ထဲ ရောက်ရင် တခြားတစ်ယောက်ယောက်ကို အမြတ်တင်ပြီး ပြန်ရောင်းမှာလေ။ ဒီလိုနဲ့ ဒီငနဲတွေ ချမ်းသာနေကြတာပေါ့” ဟူ၍ ပြန်ပြောလိုက်သည်။

သို့သော် ရိုဇာလီယာ နှင့် ဆာရာ တို့ အောက်ထပ်သို့ ဆင်းလာကြသော အခါ ထိပ့်လန့်တုန်လှုပ်နေပုံပင်။ သူတို့ နှစ်ယောက်မှာ အစော်ကား ခံလိုက်ရသော စန္ဒရား အိုကြီးအား နှစ်သိပ့်ရန် အတွက် တရိုတသေဖြင့် အနားကပ်လာကြသည့် ပုံမျိုး၊ အိုလီဗီယာရာက " မိန်းမရေ ၊ တို့ စန္တရား ကြီးကို စျေးကောင်းကောင်းရမှာပါ။ နောက်လည်း ဒီလိုစန္ဒရားကြီးကို ဘယ်သူမှ လုပ်နိုင်မှာမဟုတ်ဘူး”ဟု တွယ်တာစိတ်နှင့် သောကစိတ်တို့ ရောထွေးနေသော ခံစားချက်အပြည့်ဖြင့် စန္ဒရားအိုကြီးအား စိုက်ကြည့်ကာပြောလိုက်သည်။ ရိုဇာလီယာက “သတင်းစာထဲမှာ ကြော်ငြာထည့်လိုက်လေ။ ဝယ်ချင်တဲ့သူတွေ လာလိမ့်မပေါ့ "

“အား ... နှစ်သက်စရာကောင်းလိုက်တဲ့ ပီယာနိုကြီး။ သူ့ကို ကြည့်နေတာနဲ့တင် ဂီတအသံတွေ ထွက်ပေါ်နေသလား ထင်ရတယ်”ဟု အိုလီဗီရာကပြောရင်း ဝက်သစ်ချသားဖြင့် ပြုလုပ်ထားသော စန္ဒရားကြီး၏ ကိုယ်ထည်အား လက်ဖြင့် ပွတ်သပ်နေလိုက်သည်။

စန္ဒရားကြီးကို သူတို့နှစ်ယောက် ရောင်းချနေကြရသော အကြောင်းရင်းမှာ စန္ဒရားကြီးနေရာယူထားသော ဧည့်ခန်းငယ်အား သမီးကြီးဆာရာနှင့် သူမ၏ချစ်သူ အမြောက်တပ်မှ စစ်ဗိုလ်လေးတို့ လက်ထပ်ပြီးလျှင် အိပ်ခန်းအဖြစ် ဖွဲ့ ပေးရန် ဖြစ်ပြီး သူမ၏ သတို့သမီးဝတ်စုံချုပ်ရန်အတွက်လည်း ငွေလို နေ၍ ဖြစ်သည်။

ထိုမှ ၃ ရက်မြောက်နေ့တွင် စန္ဒရားကြီးအပေါ်၌ ယဇ် ပူဇော်တော့မည့်အလား ပန်းအိုးများတင်၍ အလှဆင်ကာ ဝယ် မည့်သူအား အိမ်တွင် လက်ခံရန် အသင့်ဖြစ်နေကြတော့၏။

` ပထမဆုံးရောက်ရှိလာသူနှစ်ဦးကတော့ အမျိုးသမီးကြီး တစ်ဦးနှင့် သူမ၏သမီးတို့ ဖြစ်ကြ၏။

မိန်းကလေးက စန္ဒရားအဖုံးကို ဖွင့်၍ လက်ဖြင့်အနည်း

ဝယ် တီးခတ်စမ်းကြည့်လိုက်ပြီး “လုံးဝမကောင်းဘူးမေမေ”ဟု

ပြောလိုက်သည်။ အမေဖြစ်သူကား ထိုင်နေရာမှ ထရပ်လိုက်ကာ စန္ဒရားခလုတ်များတွင် ဆင်စွယ်များ ယုတ်လျော့နေသည်ကို ကြည့်ပြီး သမီး၏လက်ကို ဆွဲကာ အပြင်သို့ ထွက်ရင်းနှုတ်မှ “ဒီလိုမကောင်းတဲ့ ပစ္စည်းမှန်းသိရင် အခုလို ပင်ပန်းခံပြီးတောင် မလာပေါင်”ဟု ပြောသွားလိုက်သေးသည်။

အိုလီဗီယာရာမိသားစုမှာ ဝမ်းနည်းနာကြည်းဖို့ အချိန် ပင် မရလိုက်။ စန္ဒရားကြည့်ရန် နောက်ထပ်လူသုံးဦး ထပ်ရောက် လာကြသောကြောင့် ဖြစ်၏။ တစ်ချိန်တည်းမှာ ချမ်းသာကြွယ်ဝ ဟန်ရှိသည့် မုဆိုးမကြီးတစ်ဦး၊ တေးဂီတသင်္ကေတစာရွက်များ ကိုင်ထားသော မျက်မှန်နက်တပ် မိန်းမရွယ်တစ်ဦးနှင့် ဟောင်း နွမ်း၍ တွန့်ကြေနေသော ဝတ်စုံဝတ်ဆင်ထားသော ဆံပင်နီနီ နှင့် လူတစ်ဦးတို့ဖြစ်ကြကာ မိန်းမရွယ်က “ကျွန်မ ရှင့်အရင် ရောက်တာနော်။ သိပ်အရေးကြီးလှလို့တော့ မဟုတ်ပါဘူးလေ။ အမေက ခိုင်းလိုက်လို့သာ။ အပြင်မှာလည်း ရောင်းချသူတွေ အများကြီးရှိဦးမှာပါ။ အဲ .. ပြောရဦးမယ်။ ရှင် ဘတ်စကား ပေါ်က ဆင်းနေတုန်းမှာပဲ ကျွန်မက ဒီအိမ်တံခါးဝ လူခေါ် ခေါင်းလောင်းကို နှိပ်နေပြီ။ ဒါကြောင့် ကျွန်မတို့နှစ်ယောက် အတူတူအထဲကို ဝင်လာပေမဲ့ အရင်ရောက်တာက ကျွန်မပါ”

အိုလီဗီယာရာကတော့ ယခုလိုလူနှစ်ဦး ဘယ်သူက အရင်ရောက် မရောက် ငြင်းခုံနေသည်ကို အကြီးအကျယ် ပီတိ တွေ ဖြစ်နေလိုက်သည်။ သူတို့နှစ်ဦး ငြင်းခုံနေသည်ကို ဒီအတိုင်း

ထားလိုက်တာက ကောင်းဦးမည်ဟု အောက်မေ့ကာ ဝင်လာသူ တိုင်းကို ပြုံးပြနှုတ်ဆက်ပြီး ကော်ဖီတွေ တိုက်လိုက်သေးသည်။

မိန်းမရွယ်လေးက စန္ဒရားခုံရှိရာသို့ အသွားတွင် ဆံပင် အနီရောင်နှင့်လူက ခပ်လှမ်းလှမ်းမှ အေးစက်သောမျက်လုံးများ ဖြင့် အနုလုံပဋိလုံ အကဲခတ်နေခဲ့သည်။ ထိုအခိုက်အတန့်မှာ ပင် ကျောင်းသူလေးတစ်ယောက်ကို လက်ဆွဲလျက် အမျိုးသမီး တစ်ဦး အခန်းထဲဝင်လာပြန်ပါသည်။ သူတို့နှစ်ယောက် သံသယ ကိုယ်စီဖြင့် ထိုင်လိုက်ကြသည်။

ရုတ်တရက် မိန်းမပျို၏ စန္ဒရားလက်သံသာက ထွက် ပေါ်လာခဲ့ပါသည်။ လက်သံမှာ စည်းဝါးမကျ၊ နားကလော ဖွယ်ပင်၊ အိမ်ရှင်မိသားစုက ဧည့်သည်တွေ၏ မျက်နှာများကို စိုးရိမ်မကင်းစွာဖြင့် အကဲခတ်နေသည်။ ဆံပင်နီနှင့်လူက လုံးဝ မထုံတက်တေးမျက်နှာဖြင့် အကဲခတ်နေခဲ့သည်။ ဧည့်သည်များ က တစ်ဦးမျက်နှာတစ်ဦးကြည့်ကာ နားလည်မှုတစ်ရပ်ကို ရှာ ဖွေနေသယောင်။ နောက်ထပ်အသစ်ရောက်ရှိလာသော အမျိုး သမီးကတော့ မချိသွားဖြဲအမူအရာနှင့် ရေမွှေးနံ့များဖြင့် မွှေး ကြိုင်နေသော အဘွားအိုကတော့ စိတ်ရှည်ရှည်ထား၍ အကဲခတ် နေခဲ့ပြန်သည်။

          မြင်ကွင်းမှာ ခုံသမာဓိလူကြီးများ အဆုံးအဖြတ်ပေး မည့် တရားခွင်တစ်ခုနှင့် ဆင်တူနေကာ စန္ဒရားကြီးမှာ တရားခံ တစ်ယောက်အလား။ မိန်းမပျိုလေးက စန္ဒရားခလုတ်များကို နှိပ်ပြီး တီးခတ်နေပုံက သူ့ထံမှ ဖြောင့်ချက်ပေးအောင် လုပ်နေသည်နှင့် တူတော့သည်။ စန္ဒရားကိုယ်ထည်မှ ထွက်ပေါ်လာသော အသံမှာ အစာအိမ်ရောဂါရှိနေသလို ကွဲအက်စူးရှရှအသံကြောင်။ အချို့သော ဂီတသံများမှာ စန္ဒရားခလုတ်ကို နှိပ်သော်လည်း လုံးဝထွက်ပေါ်၍မလာ။ အားလုံး၏ မျက်နှာက ပြုံးတုံ့တုံ့ဖြစ် နေကြသည်။ သို့သော် ဘယ်သူကမှ အသံထွက်အောင်မရယ်။ မိန်းမရွယ်က အသံမထွက်သောခလုတ်များကို တအားဖိ၍ တီးနေသည်မှာ မလိုတမာဟန်မျိုးပေါက်နေသဖြင့် အခြေအနေ က သိပ်မကောင်းလှတော့ချေ။ အိုလီဗီယာရာက “အဲဒီစန္ဒရား နဲ့ ပတ်သက်လို့ နည်းနည်းသိထားသင့တာလေးတွေ ရှိနေတယ်ခင်ဗျ။ သူက ပြင်ပရာသီဥတုအပူချိန်ကို နည်းနည်းလေးမှ ခံနိုင်ရည်မရှိဘူး။ ရာသီပြောင်းရင် အသံတွေလည်းလိုက် ပြောင်း ကုန်တတ်တယ်လေ”ဟု ကာကွယ်ပြီး ပြောလိုက်သည်။ မိန်းမ ပျိုက ရုတ်တရက်ထရပ်လိုက်ကာ အိတ်ထဲမှ နှုတ်ခမ်းဆိုးဆေးတောင့်များကို ထုတ်၍ သူ၏နှုတ်ခမ်းများကို ဆိုးနေလိုက်ပြီး စန္ဒရားခုံပေါ်မှ ဂီတသင်္ကေတစာရွက်များကို ကောက်ယူလိုက် ကာ “ကျွန်မကတော့ ဒီအစုတ်အပြတ် စန္ဒရားကြီးကို ရှင်ကြော် ငြာလိုစိတ် ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာကို နားမလည် နိုင်ဘူး”ဟု ပြောလိုက်ပြီး အခန်းထဲမှ ထွက်သွားတော့သည်။ အိုလီဗီယာရာက အခိုက်အတန့်မျှ ခပ်မဆိတ်နေ၏။ သူမက သူ့ကို တိုက်ရိုက်စော်ကားသွားတာမဟုတ်ဘဲ ပီယာနိုကိုသာ ပြောသွားတာပဲလေ။ ဘယ်လိုပဲဖြစ်စေ သူ့စန္ဒရားကြီးကတော့ အဖိုးတန်ရှေးဟောင်းပစ္စည်းအစစ်အမှန် ဖြစ်ကြောင်းကိုတော့

ကြေကို ကြေညာရဦးမည်။ သူက “ဒီလိုစန္ဒရားမျိုး နောက် လူတွေ ထပ်ပြီး လုပ်ကြတော့မှာ မဟုတ်ဘူး”ဟု လေးလေး နက်နက် ပြောလိုက်ပြန်သည်။

တိတ်ဆိတ်ငြိမ်သက်မှုက ကြာရှည်သွားသည်။ စန္ဒရား ကြီး၏ အခြေအနေက အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့လေ ပြီ။ နောက်ဆုံးတွင် ဆံပင်နီနှင့်လူက စကားစပြောသည်။

“ခင်ဗျား ဘယ်လောက်လိုချင်လို့လဲ”

လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရတော့ ဂျိုးအို လီဗီယာရာက သူ့စိတ်ထဲမှ မှန်းထားသည့် ဈေးထက် လျှော့ ပြီး ပြောလိုက်ရတော့သည်။

“ငါးကွန်တိုရရင် ရောင်းမယ်ဗျာ”ဟု ပြောကာ လူတိုင်း ၏ မျက်နှာကို အကဲခတ်နေလိုက်သည်။ ဘယ်သူကမှ ခွန်း တုံမပြန်တော့ အိုလီဗီယာရာမှာ တစ်ကိုယ်လုံး အေးစက်စက် ဖြစ်လာသည်။ ငါပြောတာများ သိပ်များသွားပြီလား။ အဘွား အိုကတော့ ညင်သာပျော့ပျောင်းစွာဖြင့် သူ စဉ်းစားပါမည်ဟု ပြောသည်။ နောက်တော့ သူတို့အားလုံး ထ၍ ပြန်ကုန်ကြရာ အိမ်ပေါက်ဝအရောက်တွင် လူတစ်ယောက်က ကမန်းကတန်း ဝင်ရောက်လာသဖြင့်အားလုံး ဘေးကိုရှဲပေးလိုက်ရသည်။ တစ်

ယောက်က “ခင်ဗျား စန္ဒရားကိစ္စလာတာလား။ ဒါဆိုရင်.....” အိုလီဗီယာရာက အချိန်မီ ကြားဖြတ်၍ “ကြွပါခင်ဗျာ ကြွပါ။ စန္ဒရားက ဒီမှာပါ။ လူတွေ အများကြီးတောင် ကြည့်ပြီးသွား ပါပြီခင်ဗျာ”ဟု ဝင်ပြောလိုက်ရသည်။

အသစ်ဝင်လာသောသူမှာ အရွယ်လတ်လတ်ဖြစ်ကာ ဆံပင်အနည်းငယ်ဖြူနေ၏။ သူက စန္ဒရားခုံမှ အဖုံးကိုမ၍ ဖွင့် လိုက်ကာ စမ်းသပ်ကြည့်ရှုနေ၏။

အိုလီဗီယာရာက “အင်း ... ဂီတဆရာတစ်ဦးနဲ့တူတယ်"" ဟူ တွေးလိုက်မိသည်။ လူသစ်က ဈေးနှုန်းကိုမမေး။ ကျေးဇူး တင်ပါတယ်ဟု တစ်ခွန်းတည်းပြောကာ ထွက်သွားတော့သည်။

တစ်အိမ်လုံး တိတ်ဆိတ်၍ ကျန်ခဲ့သည်။ ဆာရာက သူမအခန်းကို ပြန်သွားသည်။ ရိုဇာလီယာနှင့် အိုလီဗီယာရာ မှာ စိတ်ပျက်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့် နေခဲ့ကြသည်။ ။

“ဘယ်သူမှ တန်ဖိုးကို နားမလည်ကြဘူးကွာ။ ငါကတော့ လိုချင်တဲ့ ဈေးမရရင်ကတော့ မရောင်းတော့ဘူးကွာ”ဟု ညည်းတွားလိုက်သည်။

သူ့ဇနီးက “ဒါဆိုရင် ဆာရာနဲ့ သတို့သမီးဝတ်စုံကိစ္စ ဘယ်လိုလုပ်ကြမလဲ”

“ငါပိုက်ဆံသွားချေးလိုက်မယ်ကွာ”

“ဒါဆိုရင် ရှင့်လခထဲက ပြန်ဆပ်ဖို့ သိပ်မလွယ်ဘူး ထင်တယ်နော်”

“ဒါဆိုရင်လည်း မင်္ဂလာပွဲရွှေ့ဆိုင်းလိုက်ပေါ့ကွာ”

“မဖြစ်ဘူးထင်တယ်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် သိပ်ချစ်တာကလား။ သတို့သမီးဝတ်စုံ ရှိရှိ မရှိရှိ သူတို့ကတော့ လက်ထပ်ကြလိမ့်မယ်”

ထိုအခိုက်အတန့်တွင် ဆာရာက ဝတ်စုံအသစ်မပါဘဲ လက်မထပ်နိုင်ကြောင်း သူမ၏အခန်းထဲမှ အော်ပြောလိုက်သံ ကို နှစ်ယောက်သား ကြားလိုက်ရသည်။

ရိုဇာလီယာက “နောက်တစ်ခုက ဒီအိမ်က မီးခြစ်ဘူး လေးလောက်ပဲရှိတာ။ သူတို့နှစ်ယောက်လက်ထပ်ပြီးရင် ဘယ်မှာထားမလဲ။ ဒီစန္ဒရားကြီးကို ရောင်းမှပဲ သူတို့အတွက် အခန်း ဖွဲ့ပေးဖို့ နေရာရမှာ။ ဒီနေ့ ခေတ်မှာ ဘယ်သူမှ အခန်းလုံလုံ လောက်လောက် ...”

ဆာရာက ကြားမှ အော်ပြောလိုက်ပြန်သည်။ “စန္ဒရား ကြီးကို မရောင်းပါနဲ့။ သိပ်လှတဲ့ဥစ္စာ”

သူမ၏ အမေက “ဒါပေမဲ့ အသံတိတ်နေခဲ့တာ ကြာ ပြီလေ။ သမီးလည်း တီးမှမတီးတော့တဲ့ဟာ”

သူမ၏အမေက နောက်ထပ် အချေ အတင် ဆွေးနွေး ရန် သမီး၏အခန်းထဲသို့ ဝင်သွားခဲ့သည်။ ဆာရာ ယခုကဲ့သို့

ပြောသည်မှာ ထူးဆန်းနေသည်။ ရိုဇာလီယာက ပြဿနာကို ချလိုက်သည်။

“ယောက်ျားယူမလား၊ စန္ဒရားကြီးကို ယူမလား။ ကြိုက် ရာရွေးနော်”

“အို ... ယောက်ျားပဲ ယူမှာပေါ့”ဟု ဆာရာက လင်ဆာသောလေသံဖြင့် ပြန်ဖြေလိုက်သည်။

“တကယ်ပဲနော်” သူမက ခေါင်းအုံးကို လက်ဖြင့် နှိပ်ချေနေသည်။

“ကဲ .. ဒီလိုဆိုရင် .... ”

“ရိုဇာလီယာ မင်းဟာအမြဲတမ်း ဆန့်ကျင်ပြောတတ် တယ်နော်” ဟု ဂျိုအိုလီဗီယာရာက အော်ပြောလိုက်သည်။

“ကျွန်မ ဘာကို ဆန့်ကျင်ပြောလို့လဲ”

“တို့ရဲ့ ပီယာနိုကြီးကိုပေါ့”

 “အို .. ရေ၊ ရှင်ဘယ်လိုပြောလိုက်တာလဲ၊ ရှင်..”

နောက်တစ်နေ့ အိုလီဗီယာရာ အလုပ်မှ ပြန်ရောက် ရောက်ချင်း စန္ဒရားအကြောင်းကို ထူး မထူးမေးတော့သည်။

“တို့ထည့်ထားတဲ့ ကြော်ငြာကို တစ်ယောက်ယောက် ကများ တုံ့ပြန်သေးသလား ရိုဇာလီယာ”

"ဟုတ်ကဲ့။ စန္ဒရားနဲ့ ပတ်သက်ပြီး သိချင်တဲ့ တယ်လီ ဖုန်းတွေတော့ အများကြီးလာတယ်။ အဘိုးအိုကြီးတစ်ယောက် လာကြည့်သွားတယ်။ မနေ့က ဆံပင်နီနီနဲ့ လူလည်း နောက်တစ် ခေါက်ထပ်လာသေးတယ်”

“တစ်ယောက်ယောက်ကများ ဝယ်ဖို့ပြောသေးသလား” ဟု သူက မေးလိုက်သည်။

“ဝယ်ဖို့တော့မပြောဘူး။ ဒါပေမဲ့ အိမ်ကို လာသွားတဲ့ လူနှစ်ယောက်ကတော့ စန္ဒရားကို အကြာကြီးပဲ ကြည့်သွားခဲ့ကြတယ်” ။

“ကြည့်သွားတယ်ဟုတ်လား။ စိတ်ဝင်တစား၊ မြတ် မြတ်နိုးနိုးနဲ့ ကြည့်တာလား”

“ဒါတော့ မပြောတတ်ဘူး”ဟု သူ့ဇနီးက ဖြေလိုက်

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)