စိတ်ကူးချိုချိုစာပေ
ဒေါက်တာချမ်းမြေ့သူ - အရွယ်ရောက်စမိန်းကလေးတို့အတွက်ခေါင်းခါးခြေလက်အကြံပေးချက်များ
ဒေါက်တာချမ်းမြေ့သူ - အရွယ်ရောက်စမိန်းကလေးတို့အတွက်ခေါင်းခါးခြေလက်အကြံပေးချက်များ
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
:: ဤစာအုပ်ကို စာမြည်းဖတ်လိုပါက “စာမြည်းရန်အီးဘွခ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် ၄င်းအီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊
:: ပုံနှိပ်စာအုပ် ၀ယ်ယူရန်အတွက်မူ “ပုံနှိပ်စာအုပ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍၀ယ်ယူပေးပါ။
---------------------------
မင်းတို့အတွက် မှာချင်တယ်
မင်းတို့လေးတွေ ငယ်ငယ်တုန်းကတော့ မင်းတို့မိဘတွေက မင်းတို့ကို ကျွေးမွေးပြုစု ဂရုစိုက်ခဲ့ကြပါတယ်။ အခုတော့ မင်းတို့ အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် မင်းတို့ကိုယ်ကို မင်းတို့ ဂရုစိုက်ရမယ့် တာဝန်ရှိလာပြီလေ။ ဒါပေမဲ့ ဘာတွေလုပ်ရမယ်၊ ဘယ်သူ့ဆီက အကူ အညီရနိုင်မယ်ဆိုတာတွေကိုတော့ မင်းတို့သိထားဖို့ လိုအပ်တာပေါ့။ မှန်ကန်တဲ့နည်းလမ်းတွေ ဘယ်လိုရွေးချယ်ရမယ်ဆိုတာ ရှက်စိတ်တွေကို ခဏဘေးဖယ်ပြီး နားလည်တဲ့သူတွေကို မေးမြန်းရလိမ့်မယ်။ ဒါက အရွယ်ရောက်စ မိန်းကလေးတိုင်း မဖြစ်မနေ ကျော်လွှားရမယ့် အခက်အခဲတစ်ခုပဲ ဖြစ်ပါတယ်။
ဒါဆို ဘာလုပ်ကြမလဲ။ ပထမဆုံး လိုအပ်တဲ့အချက်အလက်တွေရဖို့ အရေးကြီးတယ်။ မင်းရဲ့ ခန္ဓာကိုယ်အကြောင်း မင်းသိရလိမ့်မယ်။ အဲဒီလို သိလာလေလေ ဖြေရှင်းရ ပိုမိုလွယ်ကူ လာလေလေ ဖြစ်ပါလိမ့်မယ်။ ဒါမှလည်း ရှက်စိတ်တွေကို ထိန်းချုပ်နိုင်ပြီး မေးခွန်းတွေကို မေးရဲလာမှာဖြစ်တယ်။
ဒီစာအုပ်ထဲမှာ ခေါင်းကနေ ခြေအဆုံး မင်းခန္ဓာကိုယ်တစ်ခုလုံး ပြောင်းလဲလာမှုတွေနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ရမလဲဆိုတာ အကြံပေးထားပါတယ်။ ဒီစာအုပ်ကိုဖတ်ပြီး မင်းတို့ရဲ့ မိဘ၊ ဒါမှမဟုတ် မင်းတို့ယုံကြည်ရတဲ့ လူကြီးတစ်ယောက်ယောက်နဲ့ တိုင်ပင်ကြည့်ပါ။ မင်းတို့ရဲ့ မိဘတွေဟာ မင်းတို့ငယ်ငယ်တုန်းက စောင့်ရှောက်ခဲ့ကြသလို အခုထိလည်း မင်း တို့ဘက်က ရပ်တည်နေဆဲပါပဲ။ မင်းအတွက် နည်းနည်းအနေခက်ရပေမယ့် သူတို့နဲ့ စကားပြောကြည့်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပိုမိုယုံကြည်လာမယ်ဆိုတာ ပြောရဲပါတယ်။ ဒါမှလည်း စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာ အလှဝေဖြာတဲ့ဘဝကို မင်းတို့လေးတွေ ပိုင်ဆိုင် ရရှိနိုင်မှာပါ။
မင်းတို့ ကိုခင်တဲ့
စာရေးသူ
Share









