Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဒေါက်တာချမ်းမြေ့သူ(မန္တလေးဆေးတက္ကသိုလ်) - မာဆတ်ချ်နိုင်ငံတကာနှိပ်နှယ်ကုသနည်းအတတ်ပညာ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

ဒေါက်တာချမ်းမြေ့သူ (မန္တလေး)

ဆယ်ချီ၏ အစ်မြစ်အစနှင့် သမိုင်း The Origins and History of Massage

မာဆတ်ချ်သည် မည်သူမဆိုသင်ယူနိုင်သော အန္တရာယ်ကင်း၍ ထိရောက်သည် နည်းပညာကျွမ်းကျင်မှု ပေါင်းစပ်ခြင်းအတတ်ပညာ ဖြစ်သည်။ မာဆတ်ချ်သည် လူတစ်ကိုယ်လုံးရှိ ရောဂါလက္ခဏာမျိုးစုံကို ခြုံငုံ သုံးသပ်ကုသသော ကုထုံးကုနည်းတစ်မျိုးဖြစ်ပြီး မာဆတ်ချ်ကို ပေးသူရော၊ မာဆတ်ချ်ကို လက်ခံယူသူပါ နှစ်ဦးစလုံးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဉာ ဏ်ပိုင်းဆိုင်ရာနှင့် စိတ်လှုပ်ရှားခံစားမှုပိုင်းဆိုင် ရာ သုခချမ်းသာ အကျိုးကျေးဇူးကို ပေးစွမ်းနိုင်ပါသည်။ မာဆတ်ချ်မှာ လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ မည်သူမဆို အတွက် ကောင်းမွန်ပြီး မိမိဘာသာ ကူညီဆောင်ရွက်နိုင်သော ကုထုံးနည်း Self-help therapy လည်း ဖြစ်ပါသည်။

          လူ့ယဉ်ကျေးမှု အစောဆုံးကာလမှ ယနေ့အထိ ရာစုနှစ်ပေါင်းများစွာ အိမ်တွင်း၊ လမ်းပေါ်၊ အလုပ်ခွင်နှင့် ဆေးရုံများတို့တွင် ဆေးဖြစ်ဝါးဖြစ်နှင့် ကုနည်းကုထုံးအဖြစ်မာဆတ်ချ်ကို ကျင့်သုံးခဲ့ကြပါသည်။

          ရှေးဟောင်း အီဂျစ်လူမျိုးတို့၏ ဂူနံရံဆေးရေးပန်းချီ အနုပညာလက်ရာများတွင် ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကိုသန့်စင်ခြင်း၊ ကုစားခြင်းနှင့် ကောင်းချီးပေးခြင်းတို့၌   ဆီဖြင့် ပွတ်သပ်ထိတို့သည့် ပုံရိပ်များကို တွေ့ရပါသည်။

ရောမခေတ်တွင် တိရစ္ဆာန်နှင့် သတ်ပုတ်၍ ပရိသတ် ကို ဖျော်ဖြေရသူများ၊ စစ်သည်တော်များသည် ပွဲမစမီ ကျန်းမာ ကြံ့ခိုင်ရေး အားပေးရန်နှင့် ပွဲအပြီး ကုန်ခန်းသည့် အားအင်ကို ပြန်ဖြည့်ပေးရန် ရည်ရွယ်ကာ မာဆတ်ချ်ကို  ပြုလုပ်ခဲ့ကြသည်ဟု မှတ်တမ်းများ၌ဆိုပါသည်။ ဂရိမှတ်တမ်းတွင် မာဆတ်ချ်သည် ဘီစီ ၄၅ဝ ထက်စောသည်ကို  တွေ့ရပါသည်။ဆေးဝါးမပေါ်မီ စောစောပိုင်းနေ့များ ကတည်းက နှိပ်နယ်ခြင်းပေါ်နေပြီး ဖြစ်သည်။

          ကမ္ဘာပေါ်တွင် ရာစုနှစ်များစွာကတည်းက ဘာသာရေးနှင့် ရိုးရာဓလေ့ထုံးစံများ၌ မာဆတ်ချ်ကို အသုံးပြုခဲ့ကြ သည်။ သမ္မာကျမ်းစာတွင် ယေရှုခရစ်တော်၏ တန်ခိုးစွမ်း အင်ဖြင့် ထိတို့ခြင်းသည် အနာရောဂါများကို ပျောက်ကင်း စေသည်ဟု ပါရှိသည်။ ရောမခေတ် ကလီယိုပါထရာ၏  မှတ်တမ်းတွင် နှိပ်နယ်ခြင်းကိုတွေ့ရသကဲ့သို့ အလယ်ခေတ်ခရဆိတ်ကာလ စာအုပ်များတွင်လည်း မာဆတ်ချ်ကိုတွေ့ရှိရသည်။ ပထမကမ္ဘာစစ်ကာလအတွင်း ဆေးဝါးအထောက်အပံ့ မရရှိသောနေရာများ၌ ဒဏ်ရာဝေဒနာ သက်သာစေရန် မာဆတ်ချ်ကို အသုံးပြုခဲ့ကြသည်ဟုလည်း သိရသည်။

          သင့်တွင် မာဆတ်နှင့်ပတ်သက်သည့် မည်သည့်သဘောထားမျှ မရှိခဲ့သည်ဆိုဦး သင် စဉ်းစားကြည့်စေလိုပါသည်။ သင်ကိုယ်တိုင် မကင်းနိုင်ခဲ့ပုံကို တွေ့ရပါလိမ့်မည်။

          ထိတို့ခြင်း၊ နှိပ်နယ်ခြင်းသည် ခန္ဓာကိုယ်၏ အရေးကြီးသော အစိတ်အပိုင်းများအား ကုစားပေးသော နည်း စနစ်တစ်မျိုး ဖြစ်ပါသည်။ ကိုယ်ကာယကျန်းမာရေးနှင့်အထွေထွေသော သုခကို တိုးတက်စေသည့်အပြင် စိတ် ကြည်လင်မှုနှင့် စိတ်ကို ကောင်းစွာအသုံးချနိုင်မှုတို့ကို ဖြစ်ပေါ်စေပြီး သင်၏ စိတ်အတွေးများကို အထောက်အကူပြု ပေးနိုင်သည့် အခြေအနေသို့ ရောက်ရှိစေပါသည်။

          ထိတွေ့ခြင်းကို လူအားလုံး သဘောကျစမြဲပင် ဖြစ်ပါသည်။ အထူးသဖြင့် နေ့စဉ်အသက်ရှင်သန်မှုဖြစ်စဉ်၌အထိအတွေ့ မခံစားရသူ သက်ကြီးရွယ်အိုများ၊ အိုမင်းမစွမ်းသူများ၊ ချည့်နဲ့အားနည်းသူများတွင် ပို၍လိုလားနှစ်သက်တတ်ကြောင်း တွေ့နိုင်ပါသည်။

          နှိပ်နယ်ခြင်း မာဆတ်ချ်သည် ထိတွေ့ခြင်းဆိုင်ရာ စစ်မှန်သော လက်ဆောင်မွန်ကောင်းပင် ဖြစ်သည်။မာဆတ်ချ် Massage ဟူသည့် စကားလုံးသည် လက်တင် ဘာသာစကား mass မှ ဆင်းသက်လာပြီးအာရဗီ ဘာသာစကားအားဖြင့် massa ဟုခေါ်သည်။

          အဓိပ္ပာယ်မှာ ညင်သာစွာ ပွတ်သပ်ပေးခြင်း၊ ဖိနှိပ်ခြင်း ဟူ၍ ဖြစ်သည်။မာဆတ်ချ်သည် အဆင်မပြေသည့် ခံစားမှုအတွက် သက်သာပြေပျောက်စေနိုင်သော အနုပညာတစ်မျိုးဟုဆိုနိုင်ပါသည်။ကျွန်မတို့သည် ငယ်စဉ်ကာလကတည်း ကပင် မာဆတ်ချ်ကို လိုလားကျွမ်းဝင်ခဲ့ကြပြီး ဖြစ်သည်။

          ကျွန်မတို့ တိုက်မိဆောင့်မိသည့် အရောင်အဖု၊ ပွန်းပဲ့ ရာ၊ ကုတ်ခြစ်ရာတို့အပေါ်တွင် ဒယ်ဒီနှင့်မာမီတို့၏ မှော် လက်များဖြင့် ပွတ်တိုက်ပေးချိန်၌ သက်သာပြေလျော့ခဲ့ကြ ရဖူးသည် မဟုတ်ပါလား။

          ကျွန်မတို့ ဖျားနေချိန် ပူနေသောနဖူးပြင်ကို လက် အေးအေးဖြင့် ထိတို့ စမ်းသပ်လိုက်စဉ်ခဏ သက်သာကျေနပ်ခဲ့ကြရဖူးသည်။ ခေါင်းကိုက်နေချိန်တွင် သင် ကိုယ်တိုင် သင့်လက် ဖဝါးကို နဖူးပေါ်သို့ အလိုအလျောက် တင်မိသွားပြီး ညင်ညင်သာသာ ပွတ်ဆွဲမိတတ်ခဲ့မည် ဖြစ်သည်။

          သင့်တွင် စိတ်မကောင်းဖြစ်ဖွယ် သတင်းဆိုးတစ်ခု ရရှိလိုက်ချိန်၌လည်း သင့်မိတ်ဆွေ၏ပခုံးကိုမှီပြီး သူ၏ ပွေ့ဖက် ထွေးပိုက်မှုကို ခံယူခြင်းဖြင့် စိတ်သက်သာမှု ဖန်တီးရယူမိတတ်ပေမည်။ တစ်စုံတစ်ဦးက သင့်လက် မောင်းကို နူးညံ့စွာ ဖျစ်ညှစ်ပေးခြင်းသည်လည်း သင်၏ ပူပန်သောကကို ဖြေဖျောက်ပေးသည့် စိတ်အေးစေရန် အားပေးဖျောင်းဖျသည့် နည်းဟန်တစ်မျိုး ဖြစ်ပေသည်။

          ကုထုံးဆိုင်ရာ မာဆတ်ချ်သည် အလိုအလျောက် ထိ တွေ့ခြင်းကို တိုးချဲ့ထားသော နည်းပညာရပ်ဖြစ်သည်။ ယင်းမှာ တစ်ခုတည်းသက်သက်မဟုတ်။ များပြားသော နည်းတို့ ကို သူ့ချည်းသက်သက်သော်လည်းကောင်း၊ ရောနှော၍လည်းကောင်း အသုံးပြုနိုင်ပေသည်။

          ဖျားနေစဉ် (သို့မဟုတ်) ကြွက်သားဖြစ်စေ၊ အဆစ် များဖြစ်စေ နာကျင်၍ နေရထိုင်ရခက်စဉ်၌လည်းကောင်း၊ သွေးလည်ပတ်မှု ပြဿနာရှိသောနေရာ(သို့မဟုတ်) လင့် Lymphစနစ် အခက်အခဲဖြစ်သောနေရာ (သို့မဟုတ်) အင် အားထုတ်မှု၌ ပိတ်ဆို့မှု တစ်စုံတစ်ရာ ဖြစ်နေချိန်၌လည်း ကောင်း မာဆတ်ချ်က ကူညီပေးနိုင်ပေသည်။

          ထို့ အပြင် မာဆတ်ချ်သည် စိတ်လှုပ်ရှားခံစားမှု ဆိုင်ရာ (သို့မဟုတ်) စိတ်ဓာတ်ရေးရာဆိုင်ရာ အခက်အခဲ တို့တွင်လည်း အသုံးဝင်ပေသည်။ နေသာထိုင်သာရှိ အောင်၊ မိမိ ကိုယ်မိမိ တန်ဖိုးထားနိုင်လာအောင် လိုအပ် သော အားပေးမြှင့်တင်မှုတို့တွင်လည်း မာဆတ်ချ်က အသုံးကျပေသည်။

         ထိတို့ခြင်းဖြင့် ကုစားနိုင်သော ခရစ်တော်၏ တန်ခိုးစွမ်းအင်

နာကျင်မှုခံစားရသည့် သမီးငယ်အတွက် သူ့ဒယ်ဒီ၏ နွေးထွေးသော ပွေ့ဖက်မှုက ကုစားနည်းတစ်မျိုပင်