Skip to product information
1 of 2

Other Websites

ဒေါက်တာခင်အေးထွေး - ကိုယ်၀န်ဆောင်မိခင်လောင်းများလက်ဆွဲ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ထုတ်ဝေသူအမှာ

မြန်မာမှုနယ်ပယ်တွင် အချို့သော အမျိုးသမီးများက ကိုယ်ဝန်ဆောင်၍ မီးဖွားရသော ကိစ္စကို ကြောက်စရာဟု ထင်မှတ်ထားတတ်ကြသည်။ ရှေးရိုးဆန်သာ သက်ကြီး ရွယ်အိုများကလည်း သူတို့၏ သားသမီးမြေးများကို ယောက်ျားဖောင်စီး၊ မိန်းမမီးနေ” ဟူ၍ ပြောပြတတ်ကြသည်။ “ကိုယ်ဝန်ဆောင်မိန်းမဟာ သင်္ချိုင်းကို တစ်နေ့ သုံးခါမျက်စောင်းထိုးသလိုပဲ"ဟူ၍ လည်။ ကိုယ်ဝန်ဆောင် အစ၏ ကြောက်ရွံ့စရာကောင်းပုံကို တင်စားတတ်ကြသေးသည်။ အမှန်တော့ ဒီလိုမဟုတ်ပါပေ။ ကိုယ်ဝန်ဆောင် သားဖွားခြင်းဟူသည် မိန်းမသားတို့အတွက် သဘာဝက ပေးစွမ်းသော ကံကောင်းခြင်း တစ်ရပ်ဟုလည်း ပြောလို့ရနိုင်ပေသည်။ မြင့်မြတ်သော မိခင်ဘဝကို ရရှိတော့မည်ဖြစ်၍ အင်မတန်မှ ပီတိဖြစ်ဖွယ်လည်းဖြစ်သည်။ ဤသို့ သားသမီး မွေးဖွားခြင်းတည်းဟူသော သဘာဝကို မကြောက်ရွံ့ရန် နည်းမှန်၊ လမ်းမှန် ပညာပေးနိုင်ဖို့လိုအပ်ပါသည်း ဤစားအုပ်တွင် မိခင်လောင်းများ သိသင့်သိထိုက်သော အကြောင်းအရာများကို ပြည့်စုံစွာ ဖော်ပြထားသည်။ ကိုယ်ဝန်ရှိမရှိ စစ်ဆေးခြင်းမှ အစပြု၍ ကိုယ်ဝန်ဆောင်စဉ် ပြောင်အလဲမှုများ၊ လိုအပ်သော အာဟာရများနှင့် မွေးဖွားပြီးစီးခြင်း အထိ အသေးစိတ်အကြောင်းအရာများ ပါဝင်နေသဖြင့် မိခင်လောင်း များ အကျိုးရှိစေရန်၊ သဘာဝတရားကို အသိဉာဏ်ကြွယ်ဝစွာ ရင်ဆိုင်ကျော်လွှား နိုင်ရန် ရည်ရွယ်၍ ထုတ်ဝေလိုက်ရပါသည်။

 

ကျေးဇူးတင်လွှာ

၁၉၉၈ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့တွင် “ကိုယ်ဝန်ဆောင်မှု အထူးပြု

ဘေးကင်းစေမှု  ဒို့ရှေးရူ ” ဟု အတည်ပြုထားသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ဆောင်ပုဒ်အရ အမျိုးသမီးတစ်ဦးအတွက် အလွန်အရေးကြီးလှသော ကာလအပိုင်းအခြားတစ်ခု သို့မဟုတ် လူသားအားလုံးအတွက် မျိုးနွယ်စု ဆက်လက်တည်တံ့စေမည့် မရှိမဖြစ်လိုအပ်သော ဤဖြစ်စဉ်နှင့် ပတ်သက်၍ ရေးသားပြန်ဆိုဖို့ ရန် စိတ်ရှည်စွာ တွန်းအားပေးခဲ့သော TODAY Publishing House ၏ အယ်ဒီတာချုပ် ဒေါက်တာသာထွန်းဦး နှင့်အဖွဲ့သားများအားလုံးကို ဦးစွာကျေးဇူးတင်လိုပါသည်။ “စိတ်ရှည်စွာ” ဟု ကျွန်မသုံးခဲ့ခြင်းမှာ တကယ့်ကိုစိတ်ရှည်၍ဖြစ်သည်။ ကျွန်မအား ဘာသာပြန်ဆိုရန် သုံးလအချိန်ပေးခဲ့စဉ်က ခြောက်လအပြီး ပြန်ဆိုမည်ဟု ကျွန်မ က ပြောခဲ့သော်လည်း တကယ့်တကယ်စာမှုပြန်အပ်ချိန်မှာ တစ်နှစ်နှင့် နှစ်လကြာသွားခဲ့ သည်အထိ စောင့်ဆိုင်းပေးခဲ့သောကြောင့် ဖြစ်သည်။ ဤစာအုပ်ကို ရေးသားရာတွင် ထိရောက်စွာပြန်ဆိုနိုင်ရန်အတွက် ဝိုင်းဝန်း ကူညီအားပေးခဲ့သော ဦးရဲမြင့် (စာရေးဆရာမောင် ရဲနိုင်) အားလည်း ကျေးဇူးတင်ကြောင်းပြောလိုပါသည်။ မိသားစုဝေမျှခံစားကြရမည့် မိသားစု ပိုင်အချိန်များကို အသုံးပြုရန် ကျွန်မအား စာအုပ်ရေးသားခွင့်ပြုခဲ့ကြသည့် ကျွန်မ ခင်ပွန်း ဦးစိန်သောင်းနှင့် သားကြီး မောင်ဉာဏ်ပြည့် သာငယ် မောင်ဉာဏ်ထူးနှင့် သမီးဓလေ။ မအေးဉာဏ်ဝင်းသောင်းတို့အားလည်း ကျေးဇူတင်ပါကြောင်းမှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

 

အမှာစာ

ဤအုပ်သည် ခေတ်သော အမျိုးသမီးများအတွက် ကိုယ်ဝန်ကို မည်ကဲ့သို့ ဆောင်ပြီး  ယင်းကိုယ်ဝန်ကို မည်ကဲ့သို့မွေးရန်နည်းတို့ကို ရေးသားထားသော စာအုပ်ဖြစ်သည်။ ဤစာအုပ်သည် သင်၌ရှိသော ရွေးချယ်ပိုင်ခွင့်များနှင့် မည်သို့ လက်တွေ့ ကျင့်သုံးသင့်  ကြောင်း  အကြံပြုထားပါသည်။*ဤစာအုပ်တွင် သင်၏ ကြောက်လန့်စိုးရိမ်မှု များကို ဖယ်ရှားပစ်ရန်၊ ဆရာဝန် ဆရာမများနှင့် ရင်ပေါင်တန်း၍ ပြောဆိုမေးမြန်း နိုင်ရန် အချက်အလက်များပါရှိသဖြင့် သင်မေးခွန်းများထုတ်နိုင်ပြီး  ကျေနပ်လောက် သည့် အဖြေများရှိနိုင်ပါသည်။ကျွန်မအနေနှင့် စာဖတ်ပရိတ်သက် မိခင်လောင်းများအား ကိုယ်ဝန်ဆောင်နေရခြင်းကို တက်ကြွသောပါဝင်သူတစ်ဦးဖြစ်စေရန် တိုက်တွန်း လိုက်သည်နှင့်အမျှ သင်၏ခင်ပွန်းသည်အားလည်း ကိုယ်ဝန်ရှိဟု စတင်သေချာသည့်အချိန်မှစ၍ ပါဝင်လာရန် တိုက်တွန်းခြင်းသည်လည်းအရေးကြီးပါသည်။ ဤ သည် ခင်ပွန်းသည်အား စစဦးဆုံးမှစ၍ ချစ်ခင်ဖွယ်ကောင်းသော ဖခင် တစ်ဦးဖြစ်လာစေရန် နည်းလမ်းနှင့် ကိုယ်ဝန်ဆောင်ခြင်းနှင့် မွေးဖွားခြင်းကြောင့် သင်ရရှိနေမည့် ပျော်ရွှင်ကြည်နူးမှုများ ထပ်တူထပ်မျှခံစားရရှိနိုင်ရန်ဖော်ပြသည်။

          အမျိုးသမီးများတို့သည် သူတို့ကိုယ်ဝန်ရှိပြီဖြစ်ကြောင်း သိရှိသည်နှင့် တစ်ပြိုင်နက် ပျော်ရွှင်မှုနှင့် ကျေနပ်နှစ်သိမ့်သည့် ခံစားချက်များကို ခံစားကြရသည်။ မည်သို့ပင်ဖြစ်စေ မွေးဖွားခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုမျိုးဖြစ်ပေါ်လာခြင်း သည်လည်း သဘာ၀ပင် ဖြစ်သည်။ မိခင်၏ ကိုယ်ဝန်နှင့်ပတ်သက်ပြီး သင်၏စိုးရိမ်ပူပန်မှုကို ပေါ့ပါးသွားစေသည့် အကောင်းဆုံးနည်းမှာ ကိုယ်ဝန်နှင့် ပတ်သက်သည့် အချင်းများကို သိနိုင်သမျှ သိရှိအောင် ပြုလုပ်ခြင်းပင်ဖြစ်သည်။ မသိနားမလည်သော ကြောင်းအရာ ကိုသာ အီလန့်စိုးရိမ်ဖို့ လိုသည်။ ထို့ကြောင့်ထိတ်လန့်မသင့် ကြိုပြုချက်များ၊ သက်ကြီးရွယ်ကို ခင်များ ပုံပြင်များ ကိုယ်ဝန်ဆောင်မြင်းနှင့် ပတ်သက်ပြီးပြောဆို လေ့ရှိသည့် သဲထိတ်ရင်ဖို ပုံပြင်များကို အသိတရားဖြင့်လှစ်ထားရမည်။ ထို့ကြောင့် အသိဉာဏ်နှင့် ယှဉ်သော မျှမျှတတရှိသည့် အကြံပြုချက်များကို စာအုပ်ထဲမှ သူနာပြုအရာမများ၊ ဝမ်းဆွဲဆရာမများနှင့် အခန်းများ သို့မဟုတ် သင့်ကို တိကျသော အကြောင်းအရာများကို ပြောနိုင်မည့်ကျမ်းမာရေး၀န်ထမ်း များမှ လေ့လာစူးစမ်းရှာဖွေထားရမည်။ သင့် တွင်ဖြစ်ပျက်နေသမျှ အကြောင်းအရာများနှင့် ဖြစ်သည့် အကြောင်းရင်းများကို သင်နားလည်ထာပါက သင်၏ ကိုယ်ဝန်ဆောင်ခြင်းနှင့် သားဖွားခြင်းတို့ သည် သင့်အတွက် လွယ်ကူပြီး ပျော်ရွှင်ဖွယ်ကောင်းမည်။ အကယ်၍ တစ်စုံတစ်ရာမှားယွင်းပွဲဆိုခဲ့ပါက သင်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ရန် သင်သည် ပို၍ကောင်းမွန်သော အနေ အထားတွင် ရှိနေမည်။

အမျိုးသမီးတိုင်းသည် သူတို့၏ ကိုယ်ဝန်ကြောင့် စိတ်ဓာတ်နှင့် သုန်မှုန် နေခြင်း၊ စိတ်တိုခြင်းနှင့် မျက်ရည်ထွက်လွယ်ခြင်းတို့ ဖြစ်တတ်သည်ကို သတိပြုရမည်။ ဤကဲ့သို့ ဖြစ်ခြင်းသည်လည်း သဘာဝပင်ဖြစ်သည်။ တစ်ဦးတည်း နေလိုသော ဆန္ဒ ဖြစ်ပေါ်နေမည်။အကယ်၍သင်သည် ပျော်ရွှင်သော မီးဆွေ၊ သို့မဟုက် သင်စိတ် ဓာတ်ကျနေသည်ကို မေ့မေ့ပျောက်ပျောက်ရှိရန် သင့်ကိုဖေးဖပေးနိုင်သော ကူညီသည့် ပုဂ္ဂိုလ်များနှင့် ရှာဖွေတွေ့ရှိပါက သင်၏ စိတ်ဓာတ်သည် မြန်စွာပင် တက်ကြွလာမ်။ အထူး သဖြင့် သင်သည်အခြားကိုယ်၀န်ဆောင်မိခင်များနှင့် တွေ့ဆုံပါက သင်ခံစားနေရသော ပြသနာများကို သူတို့နားလည်နိုင်မည်ကို သိရှိနေ ခြင်းများနှင့် သင့်အတွက်များစွာ အထောက်အကူဖြစ်နိုင်သည်။

သင့်ကိုကိုယ်လက်အင်္ဂါချွတ်ယွင်းမှာ စိုးရိမ်ပူပန်စိတ်သည် ပကတီသဘာဝပင်ဖြစ်သည်။ သို့ရာတွင် ထိုကဲ့သို့ အချက်ယွင်းခြင်းတို့သည် ထိတ် လန့်ခြင်း၊ သွေးလန့်ခြင်း အတွင်း သို့မဟုတ် ပြင်ပလောကတွင် မတော်တဆ ထိခိုက် မိခြင်းများတွင် ဖြစ်လာနိုင်ကြောင်းကို သိရှိပါက သင်စိတ် ပူပန်ရန်မလိုတော့ချေ။ ထို့ကြောင့် ဖြစ်နိုင်ခြေရှိသည့် တိုက်ဆိုင်မှုနှင့် ဆက်နွယ်ပြီးဥပက္ခာပြုထား ရမည်။ . အမျိုးသမီ၊များ အနေနှင့် သူတို့၏ကြောက်လန့်ခြင်းသည် မွေးဖွားရန်ရက်နီးကပ်လာသည်နှင့်အမျှ  ပိုလာတက်သည်။

သို့ရာတွင် မွေးဖွားလာမည့် ကလေး အတွက် ပြင်ဆင်ခြင်း အစီအစဉ် ကြိုတင်ပြုလုပ်ခြင်း၊ ကလေးအတွက် အဝတ်စား အသုံးအဆောင်များ စုဆောင်းဖြင်း၊ အခန်းကို အလှပြင်ခြင်းစသည့် သာယာကြည်နူးဖွယ်ကောင်းသည့် စောင့်မျှော်ခြင်းဖြင့် သင့်စိုးရိမ်ခြင်းကို ဖျက်ဆီးပစ်ရန် ကြိုးစားရမည်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)