Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဒေါက်တာခင်ရီဝင်း - မင်္ဂလာမောင်မယ်ကမ္ဘာ့ပုံပြင်များ(၁)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

          မကြာမီ ဇိုးရပ်က ပါရှန်းလူမျိုးများထဲမှ အစွမ်းဆုံး သူရဲကောင်းနှင့် မိမိ ယှဉ်ပြိုင် တိုက်ခိုက်လိုကြောင်း ပါရှန်းလူမျိုးများထံ အကြောင်းကြားစာ ပို့လိုက်သည်။ ပါရှန်းလူမျိုး များသည် ဤသူရဲကောင်း လူငယ်ကလေးကို ကြောက်ရွံ့သောကြောင့် ရုတ်တရက်သော် တွေဝေသွားကြသည်။ ထို့နောက်မှ သူတို့ထဲတွင် သူရဲကောင်းကြီး ရပ်စတန် ရှိသေးကြောင်း သတိရကြသည်။ သို့သော် ထိုအချိန်တွင် ရပ်စတန်သည် ဘုရင်နှင့် မသင့်မတင့် ဖြစ်နေချိန် ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ထိုတိုက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ပေ။ ဤသို့ဖြစ်လျှင် တစ်ယောက်ချင်း ယှဉ်ပြိုင် တိုက်ခိုက်မည့်ပွဲ၌ သူတို့ဘက်မှ ရှုံးနိမ့်ပေတော့မည်။ ပါရှန်းလူမျိုးတို့အတွက် ဂုဏ်ပျက်ပေတော့မည်။

          ထို့ကြောင့် ပါရှန်းသူရဲကောင်းများသည် သူရဲကောင်းကြီး ရပ်စတန်ထံသို့ သွားကြ သည်။ သူတို့စိတ်တွင် “ရပ်စတန်သည်သာ ပါရှားပြည်၏ ဂုဏ်ကို ဆောင်နိုင်လိမ့်မည်” ဟု ယူဆကြသည်။ ထို့ကြောင့် သူတို့က “သူရဲကောင်းကြီး ရပ်စတန်ခင်ဗျာ၊ သူရဲကောင်းကြီး သာလျှင် ပါရှားပြည်၏ ဂုဏ်ကို ဆောင်နိုင်ပါလိမ့်မည်။ ထို့ကြောင့် ယှဉ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ပေးပါ” ဟု ဝိုင်းဝန်း တောင်းပန်ကြသည်။

          ရပ်စတန်သည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော သူရဲကောင်းကြီး ဖြစ်သည်။ ထို့ကြောင့် ဤစကားကို ကြားလျှင် သူသည် သွေးပွက်ပွက် ဆူသည်အထိ စိတ်လှုပ်ရှားသွားသည်။ သူ တစ်ယောက် အတွက်နှင့် တိုင်းပြည်ကို မနစ်နာစေလိုပေ။ သို့သော် သူသည် ပါရှားနိုင်ငံ၏ ဂုဏ်ဆောင် သူရဲကောင်းကြီး ရပ်စတန် အနေဖြင့် မဟုတ်ဘဲ သာမန် စစ်သည်တော်တစ်ဦး အနေဖြင့်သာ မထင်မရှား ယှဉ်ပြိုင် တိုက်ခိုက်ရန် စီစဉ်သည်။

          ပါရှန်း စစ်စခန်းတွင် အားလုံးမှာ ပျော်ရွှင်နေကြသည်။ သူတို့သည် သူတို့ဘက်မှ ယှဉ်ပြိုင်မည့် သူရဲကောင်း ရရှိကြပေပြီ။ သို့ သော် လူနည်းစုကသာ ထိုသူသည် ရပ်စတန် ဖြစ်ကြောင်း သိကြသည်။ အများစုမှာ မသိကြပေ။

          မကြာမီပင် သူရဲကောင်း နှစ်ဦးတို့သည် ညီညာပြန့်ပြူးသော မြေကွက်လပ်ကြီး တစ်ခု ပေါ်တွင် ရင်ဆိုင်မိကြသည်။ တစ်ဦးနှင့်တစ်ဦး သားအဖမှန်း မသိရှာပေ။ ရပ်စတန်သည် ဇိုးရပ်၏ ရှေ့တွင် ရပ်နေသည်။ သူသည် ငယ်ရွယ်နုနယ်သော သူရဲကောင်းကလေး ဇိုးရပ်ကို ကြည့်ကာ ရင်ထဲတွင် အထူးပင် လှုပ်ရှားလျက်ရှိသည်။ ထို့ကြောင့် သူက “ချစ်စရာကောင်းတဲ့ လူကလေးရယ်၊ မင်းရဲ့ တိုင်းပြည်ကိုသာ ပြန်ပါကွယ်။ ငါနဲ့ တိုက်ခိုက်ခြင်းအားဖြင့် ဘာကြောင့် မင်းရဲ့ အသက်ကို အဆုံးရှုံး ခံချင်ရတာလဲ။ ငါနဲ့ ယှဉ်ပြိုင်လို့ကတော့ မင်း ရှုံးနိမ့်ရတော့မှာပဲ” ဟု ပြောလေသည်။

          ဇိုးရပ်သည် ရပ်စတန်ကို မြင်မြင်ချင်းပင်အလွန်ပင် ချစ်ခင်သွားသည်။ သူသည် ရပ်စတန်ထံ ပြေးသွားပြီး “ပြောစမ်းပါ၊ ခင်ဗျားဟာ ရပ်စတန် မဟုတ်လား” ဟု မေးလိုက်သည်။

          ထိုအခါ ရပ်စတန်၏စိတ်၌ “ဤသူငယ်သည် တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ သူ့တိုင်း ပြည်သို့ ပြန်သွားလိုသည်။ သို့ရာတွင် သူသည် ရပ်စတန်နှင့် တွေ့ခဲ့သည်ဟု ပြောကာလူပုံအလယ်တွင် ဂုဏ်ယူ ဝင့်ကြွားနေတော့မည်” ဟု ထင်မှတ်သွားသည်။ သူသည် ဤသို့ " သူရဲဘောကြောင်မှုမျိုးကို မနှစ်သက်ပေ။ ထို့ကြောင့် သူက “ဒီမှာ သူငယ်၊ ငါဟာ ရပ်စတန် ဟုတ်မဟုတ် ဘာမှ မေးနေစရာ မလိုဘူး။ တိုက်ခိုက်ဖို့သာ လိုရင်းပါ။ သတ္တိရှိရင် ထွက်ခဲ့” ဟု ပြန်ပြောလိုက်သည်။

          ဇိုးရပ်သည် ထိုစကားကို ကြားရသောအခါ သူရဲကောင်းပီပီ မခံချင် ဖြစ်သွားသည်။ ထို့ကြောင့် သူသည် ရပ်စတန်နှင့် ယှဉ်ပြိုင် တိုက်ခိုက်တော့သည်။ သူတို့နှစ်ဦးသည် လှံများ ကို ကိုင်စွဲ၍ တိုက်ခိုက်ကြသည်။ သူတို့သည် လက်ရည်ညီနေသည့် အတွက် မည်သူမျှ ထိုခိုက်ဒဏ်ရာ မရကြပေ။

          အတန်ကြာသော် ရပ်စတန်သည် သူ၏ လေးလံလှသော တင်းပုတ်ကြီးဖြင့် ဇိုးရပ်ရှိရာ သို့ အားကုန် လွှဲ၍ ပေါက်လိုက်သည်။ ဤသို့ ပေါက်လိုက်မှုကြောင့် ဇိုးရပ်သည် ဘေးသို့ ယိမ်းယိုင်သွားသည်။ သူ၏ လက်ထဲမှ ဒိုင်းမှာလည်း ဘေးသို့ လွင့်ကျသွားသည်။ မရှေး မနှောင်းမှာပင် ရပ်စတန် ကိုယ်တိုင်မှာလည်း သူ၏ အလေးချိန်ကို မဟန်နိုင်ဖြစ်ကာ မြေပေါ် သို့ လဲကျသွားသည်။ ထိုအချိန်တွင် ဇိုးရပ်သည် ရပ်စတန်ကို အလွယ်တကူ သတ်နိုင်သော အခြေတွင် ရှိသွားသည်။ သို့သော် သူက “ပြောစမ်းပါ ခင်ဗျာ။ ခင်ဗျားဟာ သူရဲကောင်းကြီး ရပ်စတန် မဟုတ်လား။ ကျွန်တော် ခင်ဗျားကို မသတ်ချင်ပါဘူး။ တကယ်လို့ ခင်ဗျားဟာ ရပ်စတန် ဖြစ်ခဲ့ရင် ကျွန်တော်တို့နှစ်ယောက် ချစ်ချစ်ခင်ခင် နေသွားကြရအောင်” ဟု ပြော လိုက်သည်။ .

          ရပ်စတန်သည် ဇိုးရပ်ထံမှ နူးညံ့ချိုသာသော ကမ်းလှမ်းချက်ကို ကြားရလျှင် မခံချင် ဖြစ်သွားသည်။ ထို့ကြောင့် လဲနေရာမှ ထကာ “လူကလေး၊ မင်းစကားတွေကို ရပ်လိုက်တော့။ ငါဟာ မိန်းကလေး တစ်ယောက်နဲ့ တိုက်ခိုက်ဖို့ လာတာ မဟုတ်ဘူး။ ပြင်တော့။ တိုက်ကြ ရအောင်” ဟု ပြန်ပြောလိုက်သည်။

          ဇိုးရပ်သည် စိတ်မကောင်း ဖြစ်သွားသည်။ သူသည် သူ့ဓားကို မထုတ်ချင် ထုတ်ချင် ဖြင့် ထုတ်လိုက်သည်။ သူသည် ရပ်စတန်နှင့် တိုက်ခိုက်သည်။ ရပ်စတန်၏ လက်ချက်ကြောင့်သူ၏ သံမဏိမားနှင့် သံချပ်ကာ အင်္ကျီတို့သည် အပိုင်းပိုင်း ပြတ်ကုနသည်" - ရပ်စတန် ၏ ရှေ့တွင် အကူအညီမဲ့စွာ ရပ်၍နေသည်။

          ရပ်စတန်သည် ယခုအခါ အခွင့်ကောင်းပင်။ သူသည် “ရပ်စတန်ကွ” ဟု နှုတ်မှ ကျယ်လောင်စွာ အော်လိုက်ရင်း သူ့လက်ထဲမှ လုံကြီးဖြင့် ဇိုးရပ်ရှိရာသို့ တစ်ခါ လိုက်သည်။ “ရပ်စတန်” ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ဇိုးရပ်သည ၁ တစ်ကိုယ်လုံးရှိ အကြောများ ရပ်ခြောင်းသွားသလို ခံစားလိုက်ရသည်။ သူ၏ လက်တွင်းရှ ဒိုင်းကြီးပင် မြေပေါ်သို့ ကျသွားသည်။ တစ်ပြိုင်နက်တည်းမှာပင် သူသည် ရပ်စတမှ လှံချက် ထိမှန်ကာ မြေပေါ်သို့ လဲကျသွားလေတော့သည်။

          ရပ်စတန်သည် လဲကျသွားသော ဇိုးရပ်၏ အနီးတွင် ထိုင်ချလိုက်သည်။ ဇိုးရပ်သည် ဝေဒနာ ခံစားကာ ညည်းညူနေရင်းမှ “သူရဲကောင်းကြီးခင်ဗျာ၊ အသင်က ကျွန်တော့်ကို သတ်တာ မဟုတ်ပါဘူး။ ရပ်စတန်ဆိုတဲ့ နာမည်ကသာ ကျွန်တော့်ရဲ့ အင်အားတွေကို ဆုတ် ယုတ်သွားစေပြီး ရှုံးနိမ့်စေတာပါ။ ဒါပေမဲ့ ခင်ဗျား ကြာကြာ အသက်မရှည်နိုင်ပါဘူး။ ကျွန်တော့်အဖေ ရပ်စတန်ဟာ ခင်ဗျားကို လက်စားလာချေမှာပါ။ ကျွန်တော်ဟာ ရပ်စတန်ရဲ့ သားဗျာ။ ကျွန်တော် သေရမှာ ဝမ်းမနည်းပါဘူး။ ဒါပေမဲ့ ကျွန်တော် နေရာ့အနှံ့ လိုက်ရှာ နေတဲ့ ကျွန်တော့်အဖေ ရပ်စတန်ကို မတွေ့ လိုက်ရဘဲ သေသွားရတာကိုပဲ ဝမ်းနည်းလှပါ တယ်” ဟု ပြောလိုက်သည်။

           ထိုအခါ ရပ်စတန်၏ မျက်လုံးထဲတွင် အမှောင်ထုကြီး ဖုံးအုပ်သွားသလို ခံစားလိုက်ရ သည်။ သူသည် ယခုတိုင် ဇိုးရပ်ကို သူ့သားမှန်း မသိရှာ။ သူက “လူကလေးရယ်၊ မင်းဟာ မကြာခင် သေတော့မှာပါ။ မသေခင်မှာ ဘာကြောင့်များ လိမ်ညာပြီး ပြောနေရတာလဲ။ သူရဲကောင်း ရပ်စတန်မှာ သားမရှိပါဘူး။ သူ့ဇနီး တမီနာက သမီးကလေးပဲ မွေးတာပါ။ ဒီ သမီးကလေးဟာ သူ့မိခင်နဲ့အတူ ဟိုအဝေးကြီးက ကျွန်းမှာ နေပါတယ်” ဟု ပြန်ပြောလိုက် သည်။

          ထိုစကားကိုကြားသော် ဇိုးရပ်သည် ပြုံးလိုက်ကာ “အဖေ၊ ကျွန်တော်ဟာ သေခါနီး မှာ မဟုတ်တာတွေ ပြောပြီး အချိန်ဖြုန်းနေတာ မဟုတ်ပါဘူး။ ကျွန်တော့်အမေဟာ တမီနာ ပါ။ ကျွန်တော်ဟာ သူ့သားဖြစ်ပါတယ်။ မယုံရင် သက်သေအဖြစ်နဲ့ ကျွန်တော့်လက်မောင်း မှာ ဆွဲထားတဲ့ လက်ဖွဲ့ ကို ကြည့်ပါ။ ဒီလက်ဖွဲ့ ဟာ အဖေက အမေ့ကို ပေးခဲ့တဲ့ လက်ဖွဲ့ မဟုတ်လား” ဟု ပြန်ပြောလိုက်သည်။

          ပြောပြောဆိုဆိုဖြင့် ဇိုးရပ်သည် သူ့လက်မောင်းမှ လက်ဖွဲ့ ကို ပြလိုက်သည်။ လက်ဖွဲ့ ကို မြင်သည်နှင့် တစ်ပြိုင်နက် ရပ်စတန်သည် ဆောက်တည်ရာမရ ဖြစ်ကာ ကြက်သေ သေနေတော့သည်။ သူသည် သေချာစေရန် လက်ဖွဲ့ ကို အကြိမ်ကြိမ် ကြည့်သည်။ သူသည် စိတ်ထိခိုက်မဆုံး ရှိသည်။ သူသည် ရင်နာစွာဖြင့် “လူကလေးရယ် ငါဟာ မင်းရဲ့ အဖေ ရပ်စတန်ပါပဲကွယ်” ဟု ပြောလိုက်သည်။ ထို့နောက် သူသည် မေ့မြောသွားသော ဇိုးရပ်ကို မပွေ့ချီကာ ကြင်နာယုယစွာ နမ်းရှုပ်ရှာသည်။ ဤသို့ နမ်းရှုပ်နေစဉ်မှာပင် ဇိုးရပ်သည် သူ့ဖခင် ၏ လက်ပေါ်တွင် သေဆုံးသွားရှာလေသည်။ ဖခင်ကို မသေမီ တွေ့လိုသော ဇိုးရပ်၏ ဆန္ဒကား ပြည့်ဝခဲ့ပေပြီ။

          ကောင်းကင်တွင် နေမင်းကြီးသည် ဝင်ခါနီးဆဲဆဲ ဖြစ်နေသည်။ ညနေခင်း၏ အမှောင် ရိပ်များသည် ကန့်လန့်ကာကြီး တစ်ခုပမာ တဖြည်းဖြည်း ကျလာနေသည်။ နှစ်ဖက်စလုံးမှ စစ်တပ်များသည် ကရုဏာသက်ဖွယ် ကောင်းသော ဤမြင်ကွင်းကို တိတ်ဆိတ် ငြိမ်သက်စွာ ဖြင့် ဝိုင်းဝန်း ကြည့်ရှုနေကြသည်။ သူတို့၏ အလယ်တွင်ကား သူရဲကောင်းကြီး ရပ်စတန် သည် မျက်ရည်များ တွေတွေစီးကျလျက် သူ့သားကလေး ဇိုးရပ်၏ အလောင်းဘေးတွင် မလှုပ်မယှက် ထိုင်နေလေသည်။

(ပါရှားပုံပြင်)