Skip to product information
1 of 16

Other Websites

ဒေါက်တာခင်မောင်ဝင်း(အသည်း) - ကျန်းမာရေးဆွေးနွေးပွဲများ(၂)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

  အသည်းခြောက်ရောဂါ

          

          လူသားတွေဟာ ဘဝတစ်ခုကို ဖြတ်သန်းလျှောက်လှမ်းရင်း အမှတ်တရ မှတ်တိုင်လေးတွေကို စိုက်ထူတတ်ကြပါတယ်။ လမ်း (၃၀)ဆေးခန်းမှာ ကျင်းပ နေတဲ့ ကျန်းမာရေးဆွေးနွေးပွဲတွေကိုတော့ (၁)နှစ်တိတိပြည့်တဲ့အချိန်မှာ လုံးချင်းစာအုပ်အဖြစ်ထုတ်ဝေနိုင်ခဲ့ခြင်းက ဇီဝကမဂ္ဂဇင်းအတွက်အမှတ်တရ

မှတ်တိုင်တစ်ခုစိုက်ထူလိုက်တယ်လို့ဆိုနိုင်ပါတယ်။ ဒီကနေ့၂၅၀၆ရက်၊စနေနေ့၊နေ့လယ်(၁)နာရီမှာကျင်းပတဲ့

ကျန်းမာရေးဆွေးနွေးပွဲမှာတော့လမ်း(၃၀)ဆေးခန်းမှာကျင်းပတဲ့ကျန်းမာရေးဆွေးနွေးပွဲများလုံးချင်းစာအုပ်ထွက်ရှိခြင်း အထိမ်းအမှတ် အခမ်းအနားကိုပါ တစ်ပါတည်းကျင်းပခဲ့ပါတယ်။ အဲဒီ အခမ်းအနားအပြီးမှာတော့ ကျင်းပနေကြဖြစ်တဲ့ ကျန်းမာရေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ကျန်ရှိနေသေးသော အသည်းခြောက်ရောဂါအကြောင်း ကို ဟောပြောဆွေးနွေးခဲ့ပါတယ်။

 

အသည်းခြောက်ရောဂါဆိုတာ ဘာလဲ 

 

           အသည်းခြောက်တာကို ဆာရိုးဆစ်(စ်)(Cirhosis)လို့ ခေါ်ပါတယ်။ အသည်း တစ်ခုလုံး အနှံ့အပြားမှာ အနာရွတ်တွေထင်ပြီး အသည်းရဲ့ ဖွဲ့စည်းပုံ ပျက်ပြား သွားတာကို ခေါ်တာပါ။ အသည်းခြောက်တယ်လို့ပြောရင် အချက် (၃)ချက် ပါရပါမယ်။

          ၁။ အသည်းမှာ အနာရွတ်ထင်ရမယ် ။ 

          ၂။ အသည်းတစ်ခုလုံးအနှံ့အပြားမှာ ဖြစ်ရမယ်။

          ၃။ အသည်းရဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ အနေအထားတွေ ပျက်ပြားသွား

               ရပါမယ်။

          အသည်းက ဗြုတ်သေးသေး လေးတွေ ဒါမှမဟုတ် ဖြုတ် အကြီးကြီးတွေထပြီး အသည်းခြောက်သွားမယ်။ အဲဒါကို အသည်းမာတယ်၊ အသည်းခြောက်တယ်လို့ ခေါ်တာပါ။ အသည်းအသားစ ယူကြည့်မယ် ဆိုရင်လည်း တွန့်လိမ်ကောက်ကွေးပြီး အမာရွတ်တွေနဲ့ ပြည့်နှက်နေတာကို အသည်းခြောက်တာလို့ ခေါ်တာပါ။ 

   

အသည်းခြောက်ရောဂါ ဖြစ်စေနိုင်တဲ့ရောဂါတွေ 

          ၁။ အသည်းရောင်အသားဝါ ဘီပိုးနဲ့ စီပိုး 

          ၂။ အရက် ၊

          ၃။ အသည်းအဆီဖုံးရောဂါ 

          ၄။ မွေးရာပါ ဇီဝကမ္မချို့ယွင်းလို့ ဖြစ်တဲ့ရောဂါ 

          ၅။ သည်းခြေလမ်းကြောင်းပိတ်ရောဂါတွေ 

          ၆။ သွေးကြောသွေးတွေလျှံပြီး အသည်းပေါ်ဆောင့်ရင် 

          ၇။ ဆေးတွေ 

          ၈။ အဖလာတောက်စင်မှို

          ၉။ ဆေးမြီးတိုတွေ

              အဓိကအရေးကြီးတာကတော့ ဘီပိုး၊ စီပိုး၊ အရက်နဲ့ အသည်းအဆီဖုံးရောဂါ တွေပဲ ဖြစ်ပါတယ်။

 

အသည်းခြောက်ပြီ၊ အသည်းပျက်ပြီဆိုရင် 

           ၁။ အကြောင်းမဲ့ အထွေထွေကျန်းမာရေးချို့တဲ့မယ်၊ 

          ၂။ အသားဝါမယ်။

          ၃။ ခြေထောက်ရောင်၊ ဗိုက်ဖောင်း၊ ရေဖျဉ်းစွဲမယ်။

          ၄။ (က) သွေးမတိတ်ဘူး။

               (ခ) သွေးအန်မယ်။ 

          ၅။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပေါ်လာမယ်။

          ၆။ မကြာမကြာဖျား၊ ရောဂါပိုးမျိုးစုံဝင်မယ်။

          ၇။ အရေပြား၊ လက်သည်းစတဲ့ အပြင်ပန်းလက္ခဏာတွေ ပေါ်မယ်။

               ဒီနေ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပေါ်လာမယ်။ မကြာမကြာဖျား၊ ရောဂါပိုး မျိုးစုံဝင်မယ်ဆိုတာကို အဓိကပြောချင်ပါတယ်။

 

 ၅။ အသည်းကြောင့် စိတ်ကယောက်ကယက်ဖြစ်

           အသည်းခြောက်ရင် စိတ်ကယောက်ကယက်ဖြစ်တတ်တယ်။ မကြာသေး ခင်ကပဲ မော်လမြိုင်က အဆင့်မြင့်အရာရှိကြီးတစ်ဦးရဲ့ဇနီးက အသည်းခြောက် နေတာကြာပြီ။ စကားပြောတာ မူမမှန်ဘူးဆိုပြီး စိတ်ရောဂါကုဆရာဝန်နဲ့ပြတယ်။ ဆရာဝန်က စိတ်ရောဂါကုဆေးတွေပေးတယ်။ ဆေးပေးလေ မသက်သာလေ၊ ပေးလေ မသက်သာလေပါပဲ။ အသည်းခြောက်တဲ့လူတွေက မှိန်းစေတဲ့ဆေးတွေနဲ့ လုံးဝမတည့်ပါဘူး။ ဥပမာ ဘာမီတွန်လိုဆေးမျိုး တစ်လုံးသောက်ရုံနဲ့ အသည်း ခြောက်တဲ့လူ သေသွားတာတောင် ရှိပါတယ်။ ဒိုင်ယာဇီပင်(Diazepam) လို အိပ်ဆေး၊ နှာစေးချောင်းဆိုးပျောက်ဆေးတွေက အသည်းခြောက်တာနဲ့ မတည့်

ပါဘူး။ နှာစေးချောင်းဆိုးပျောက်ဆေးမှန်သမျှမှာ Antihistamine လို့ခေါ်တဲ့ မှိန်းစေတဲ့ဆေးတွေပါပါတယ်။ စိတ်ရောဂါကု ဆေးမှန်သမျှကလည်း လူကိုမှိန်းစေ ပါတယ်။ အဲဒီဆေးတွေပေးတော့ လူကသတိလစ်ပြီး ရန်ကုန်ရောက်လာပါတယ်။ အပြင်ဆေးခန်းတစ်ခုမှာပြတာ ကောင်းသွားတယ်။ မနေ့ကပဲ ပြုံးရွှင်ပြီး လာပြ ပါတယ်။ အဲဒီလို လွဲမှားနိုင်ပါတယ်။ အသည်းခြောက်တဲ့လူတွေရဲ့ စိတ်က နည်းနည်းလွဲချင် လွဲမယ်။ နေ့နဲ့ညနဲ့ လွဲချင်လွဲမယ်။ မှတ်ဉာဏ်တွေ မေ့မယ်။ ဟိုပြောဒီပြော လျှောက်ပြောမယ်။ ဒီလို လွဲတဲ့အခါ စိတ်ရောဂါနဲ့ လွဲမှားနိုင်တယ် ဆိုတာ မမေ့ပါနဲ့။ အသည်းမကောင်းလို့ အသည်းကြောင့် ဦးနှောက်ကိုထိခိုက်ပြီး စိတ်ပိုင်းဆိုင်ရာလက္ခဏာတွေပေါ်လာတာကိုဟက်ပက်တစ်အင်ဆက်ဖက်လိုပက်သီ(HepaticEncephalopathy)လို့ခေါ်ပါတယ်။ ဟက်ပက်တစ်(Hepatic)တာ အသည်းကြောင့်၊ အင်ဆက်ဖက်လို (Encephalo)က ဦးနှောက်၊ ပက်သီ (Pathy) ဆိုတာ ရောဂါလို့ အဓိပ္ပာယ်ရပါတယ်။ အသည်းခြောက်တဲ့လူနာတွေ၊ Pethidine, Diazepam တွေ လုံးဝမပေးရပါဘူး။

 

 

 

အသည်းမကောင်းရင် ဘာလို့ စိတ်တွေဖောက်

          ပရိုတိန်းအမျိုးမျိုးဖြစ်တဲ့ပဲအမျိုးမျိုး၊ငါး၊ကြက်ဥ၊Horlick,Milo,Ovaltineတွေစားလိုက်ရင်အူထဲကိုရောက်သွားပါတယ်။ အူထဲရောက်လာတဲ့ ပရိုတိန်းတွေကဗက်တီးရီးယားပိုးတွေနဲ့တွေ့ပြီးအမိုးနီးယား(Ammonia)ဆိုတဲ့ ဓာတ် ထွက်လာပါတယ်။ အမိုးနီးယားဆိုလို့ ကြီးကြီးကျယ်ကျယ် မထင်နဲ့၊ သေးနံ့ကို

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)