Skip to product information
1 of 5

Other Websites

ဒေါက်တာခင်မောင်လွင် - ငှက်ပျောသီးနှင့် ကျန်းမာရေး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

(၁) ငှက်ပျောသီးရဲ့ သမိုင်းကြောင်း

          ငှက်ပျောသီးဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေအပါအဝင် တစ်ကမ္ဘာလုံးမှာရှိတဲ့ လူမျိုးမရွေး ဘာသာမရွေး အားလုံးစားသုံးတဲ့ ထိပ်ဆုံးကအသီးအနှံတစ်ခုပါ. . ကျွန်တော်တို့ရဲ့ လူ့သမိုင်းကြောင်းကို ပြန်ကြည့်တဲ့အခါမှာ ငှက်ပျောသီးစားသုံးခဲ့တဲ့ အလေ့အကျင့်ဟာ လွန်ခဲ့တဲ့ ဘီစီ ၅၀၀၀ (နှစ်ပေါင်း ၇၀၀၀) ကျော်ခန့်ကစပြီး စားသုံးခဲ့ကြ တယ်ဆိုတာကို အထောက်အထားတွေအရ ခိုင်ခိုင်မာမာသိရပါ တယ်.. ဒါပေမယ့် အချို့ပညာရှင်တွေကတော့ ဘီစီ ၈ဝဝဝ လို့ခေါ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀၀၀) လောက်ကတည်းက ငှက်ပျောသီးကို စတင်စားခဲ့ကြတယ်လို့ ယုံကြည်ကြပါတယ်.. ငှက်ပျောသီးစိုက်ပျိုးတဲ့မူရင်းဒေသကတော့ ကျွန်တော်တို့မြန်မာ နိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေပါ. . ကျွန်တော်တို့ဒေသကနေပြီး စတင်ခဲ့တဲ့ငှက်ပျောသီးဟာ တဖြည်းဖြည်းနဲ့ အရှေ့အလယ်ပိုင်းဒေသ အဲ့ဒီကမှ တစ်ဆင့် ဥရောပနိုင်ငံနဲ့ အမေရိကတိုက် ဘက်ကို တဖြည်းဖြည်းပြန့်သွားတယ်လို့ သိရှိရပါတယ်.. ငှက်ပျောသီးရဲ့ အင်္ဂလိပ် နာမည်ကတော့ Banana လို့ခေါ်ပါ တယ်.. အဲဒီစကားလုံးက အာရပ်ဘာသာ စကား ဘန်နင် (Banan) ဆိုတဲ့ စကားလုံး ကနေ ဆင်းသက်လာတာဖြစ်ပြီး Fingers (လက်ချောင်းလေးများ) လို့ အဓိပ္ပာယ်ရပါတယ်.. ငှက်ပျောသီးလေးတွေရဲ့ ပုံသဏ္ဌာန် ဟာ လက်ချောင်းလေးတွေနဲ့ တူလို့ပါ... ကျွန်တော်တို့မြန်မာနိုင်ငံမှာ ငှက်ပျောသီးကို ပြည်နယ်နဲ့တိုင်းဒေသကြီး အတော်များများမှာ စိုက်ပျိုးကြတာတွေ့ရပါတယ်..

(၂) ငှက်ပျောသီးမှာပါဝင်တဲ့ အာဟာရဓာတ်များ

          ငှက်ပျောသီးမှာ အဓိကအနေနဲ့ ရေဓာတ်က ၇၅% ပါဝင်ပါ တယ်.. သူ့ရဲ့ အသား (Dry matter) ကတော့ ၂၅% ရှိပါတယ်.. သာမန်အနေတော် ငှက်ပျောသီးတစ်လုံးဟာ အရွယ်သေးရင်တော့ ၁ဝဝ ဂရမ်လောက်ရှိပြီး အရွယ်ကြီးရင်တော့ ၁၅ဝ ဂရမ်လောက်အထိ ရှိပါတယ်.. ငှက်ပျောသီး ၁၀ဝ ဂရမ်ကိုစားရင် ကယ်လိုရီအားဖြင့် ၉ဝ ကယ်လိုရီ ရပါတယ်.. ဒါကြောင့်မို့ ကယ်လိုရီ တန်ဖိုးအားဖြင့်ကြည့်ရင် ကယ်လိုရီမြင့်မားတဲ့ အစားအစာတစ်ခုလို့ ပြောလို့ ရပါတယ်.. ငှက်ပျောသီးစားမယ်ဆိုရင် ထမင်းတို့၊ ဆန်တို့၊ ဂျုံတို့မစားဘဲနဲ့လည်း လူတစ်ယောက်ဟာ နေနိုင် ပါတယ်.. ငှက်ပျောသီးကို ကျွန်တော်တို့ ခွာလိုက် တဲ့အခါမှာ အမျှင်လေးတွေတွေ့ရမှာပါ.. အဲဒီ အမျှင်လေးတွေကလည်း စားလို့ရပါတယ်.. တမင်တကာလည်း စားပေးစေချင်ပါတယ်.. ဘာလို့လဲဆိုတော့ ဒီအမျှင်ဓာတ်တွေက ကျွန်တော် တို့ရဲ့ကျန်းမာရေးကို များစွာအထောက်အကူပြုလို့ ဖြစ်ပါတယ်. . ငှက်ပျောသီးအသားမှာ အဓိကပါဝင် တာကတော့ ကာဗိုဟိုက်ဒြိတ် (Carbohydrate) တွေဖြစ်ပါတယ်.. စတာ့ခ် (Starch) အနေနဲ့ အဓိကအများဆုံး ပါတာပါ. . အဲဒီစတော့ခ်တွေက ကျွန်တော်တို့ခန္ဓာကိုယ် ထဲရောက်တဲ့အချိန်မှာ ဂလူးကို့စ် (Glucose) နဲ့ ဖရပ်တို့စ် (Fructose) တွေအဖြစ် ပြိုကွဲပြီးတော့မှ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာကို တာဝန် ထမ်းဆောင်တာဖြစ်ပါတယ်. . ပရိုတင်း (Protein) ကတော့ အနည်းငယ် ပဲပါပါတယ်.. အဆီဓာတ်ကလည်း အနည်းငယ်ပါတယ်ဆိုရုံလေးပဲ ပါပါတယ်.. သူ့မှာအဓိကပါဝင်တဲ့ ဗီတာမင်ဓာတ် အနေနဲ့က နှစ်မျိုးရှိပါတယ်. . ဗီတာမင် ဘီစစ်နဲ့ ဗီတာမင် စီ ဖြစ်ပါတယ်... ဒီနှစ်ခုက အသီးထဲမှာဆိုရင်တော့ အတော်လေးကြွယ်ဝတဲ့အသီးလို့ ပြောလို့ရပါတယ်.. ဒါတင်မကသေးဘဲ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း (Thiamine)၊ ဗီတာမင် ဘီတူး (Riboflavin)၊ ဗီတာမင် ဘီသရီး (Niacin)၊ ဗီတာမင် ဘီနိုင်း (သို့မဟုတ်) ဖောလစ်အက်စစ် (Folic Acid) တွေ လည်း သူ့မှာအနည်းငယ်စီပါရှိတာကိုတွေ့ရပါတယ်... ဒါ့အပြင် သတ္တုဓာတ်တွေအနေနဲ့ အဓိကသူ့မှာအများဆုံးပါတာက ပိုတက်စီယမ် (Potassium) ပါ.. ပိုတက်စီယမ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အသီးတွေ အနက် ငှက်ပျောသီးမှာ ပါဝင်မှုဟာ အများဆုံးဖြစ်ပါတယ်.. ပြီးရင် ဒုတိယအများဆုံး သတ္တုဓာတ်အနေနဲ့ပါတာ မဂ္ဂနီစီယမ် (Magnesium) ဓာတ်ဖြစ်ပါတယ်. . မဂ္ဂနီစီယမ်ဓာတ်ဟာ ခန္ဓာကိုယ်အတွက်အသုံးဝင်တဲ့ ဓာတ်တစ်ခုဖြစ်ပါတယ်.. နောက်အနည်းငယ်စီပါဝင်တဲ့သတ္တုဓာတ်တွေအနေနဲ့ကြည့်မယ်ဆိုရင် သံဓာတ် (Iron)၊ သွပ်ဓာတ် (Zinc)၊ ထုံးဓာတ် (Calcium) စသည်အားဖြင့်ပါဝင်တာကိုတွေ့ရပါတယ်.. ဒါကြောင့်မို့ ငှက်ပျောသီးတစ်လုံးကိုစားမယ်ဆိုရင် အာဟာရတန်ဖိုးပြည့်ပြည့်ဝဝ ပါလို့ ငှက်ပျောသီးဟာ ကလေးလူငယ်အသက်ကြီးတဲ့သူမရွေး စားသုံး သင့်တဲ့အသီးတစ်ခုဖြစ်ပါတယ်..

(၃) ငှက်ပျောသီးစားလျှင် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

          လူတစ်ယောက်ဟာ ငှက်ပျောသီးကို တစ်ပတ်မှာ သာမန်အားဖြင့် လေးလုံးကနေခြောက်လုံးအထိ စားခဲ့မယ်ဆိုရင် ရနိုင်တဲ့အကျိုးကျေးဇူး တွေကတော့

(က) သွေးတိုးရောဂါကို ကာကွယ်၊ ကုသရာမှာ အသုံးဝင်ခြင်း

(ခ) ကင်ဆာရောဂါအချို့ကို ကာကွယ်ပေးခြင်း

(ဂ) ဝမ်းမှန်စေခြင်း

(ဃ) အရိုးများ ခိုင်မာစေခြင်း

တို့ပဲ ဖြစ်ပါတယ်..

 

          (က) သွေးတိုးရောဂါကို ကာကွယ်၊ ကုသရာမှာ အသုံးဝင်ခြင်း

          သွေးတိုးရောဂါကို ကာကွယ်နိုင်တဲ့အပြင် ကုသတဲ့အခါမှာ လည်းအသုံးပြုနိုင်ပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ ငှက်ပျောသီးမှာ ပိုတက်စီယမ် အများကြီးပါဝင်နေလို့ပါ.. အနေတော်ငှက်ပျောသီး ၁ဝဝ ဂရမ်ရှိတဲ့ ခပ်သေးသေးလေးတစ်လုံးမှာတောင် ပိုတက်စီယမ်ဟာ ၃၈၅ မီလီဂရမ် ပါပါတယ်.. ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ လိုအပ်နေတဲ့ ပိုတက်စီယမ်တွေကို ဖြည့်ပေးတဲ့ အကောင်းဆုံး အာဟာရတစ်ခုလို့ပြောလို့ရပါတယ်.. သွေးတိုးရောဂါ ဆိုတာ ခန္ဓာကိုယ်ထဲမှာ အငန်ဓာတ် ဆိုဒီယမ် (Sodium) တွေများနေလေ့ ရှိတာပါ. . ဆိုဒီယမ်ဆိုတဲ့ပစ္စည်းက ရေကို ဆွဲငင်တဲ့သတ္တိရှိလို့ အငန် ဓာတ်တွေ များလာရင် သွေးထဲမှာသွေးရည် တွေ များလာတယ်.. များတဲ့အတွက်ကြောင့် Hyperdynamic circulation လို့ခေါ်တဲ့ ခန္ဓာကိုယ်ကသွေးပေါင်ချိန် (Blood Pressure) တွေလည်း တက်လာတယ်.. နှလုံးက အလုပ်ပိုလုပ်နေရပါတယ်.. အဲဒီလို အခြေအနေမျိုးမှာ ပိုတက်စီယမ်ပါဝင်တဲ့ အစားအစာတွေ စားလိုက်မယ်ဆိုရင် ပါဝင်တဲ့ပိုတက်စီယမ်တွေဟာ ဆိုဒီယမ်တွေကို ဆီးကနေတစ်ဆင့် စွန့်ထုတ်ပေးပြီး ခန္ဓာကိုယ်မှာ လျော့ပါးသွားအောင် လုပ်ပေးနိုင်တယ်.. ဆိုဒီယမ်တွေထွက်သွားပြီဆိုတာနဲ့ ခန္ဓာကိုယ်မှရေဓာတ်တွေပါ လိုက်သွား တဲ့အတွက်ကြောင့် သွေးပေါင်ချိန် ကျလာနိုင်ပါတယ်.. ဒါကြောင့်မို့လို့ ငှက်ပျောသီးဟာ ပုံမှန်စားမယ်ဆိုရင် သွေးတိုးရောဂါ မဖြစ်အောင်ရယ်၊ သွေးတိုးရောဂါရှိတဲ့သူတွေ စားမယ်ဆိုရင်လည်း သွေးပေါင်ချိန်ကျဖို့အတွက် ကို အထောက်အကူဖြစ်တဲ့ သဘာဝအာဟာရတစ်မျိုး ဖြစ်ပါတယ်.. အဲဒါနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံမှာရှိတဲ့ သုတေသနဌာနတစ်ခုက (၄) နှစ်ကြာ လူပေါင်း လေးသောင်းကျော်ကို စမ်းသပ်သုတေသန ပြုလုပ် ခဲ့ပါတယ်. . ငှက်ပျောသီးကို သာမန်အားဖြင့် တစ်ပတ်မှာ လေးလုံးကနေခြောက်လုံးအထိ စားတဲ့ အုပ်စုနဲ့ လုံးဝမစားတဲ့ အုပ်စုနှစ်စုကို နှိုင်းယှဉ်ကြည့်ရာမှာ ငှက်ပျောသီးစားတဲ့အုပ်စုက သွေးတိုးရောဂါ ဖြစ်ပွားတဲ့နှုန်း အင်မတန်နည်းတာကို တွေ့ပါတယ်..

STOP CANCER

 

(ခ) ကင်ဆာရောဂါအချို့ကို ကာကွယ်ပေးခြင်း

          ဒုတိယအနေနဲ့ကြည့်မယ်ဆိုရင် ငှက်ပျောသီးဟာ အချို့သော ကင်ဆာရောဂါတွေကို ကာကွယ်ရာမှာ အများကြီးအထောက်အကူပြုတာတွေ့ရပါတယ်.. ငှက်ပျောသီးပုံမှန်စားရင် ကာကွယ်နိုင်တဲ့ကင်ဆာ အဓိကသုံးမျိုးရှိပါတယ်.. ပထမတစ်ခုက အူနဲ့အစာလမ်းကြောင်း ကင်ဆာ၊ ဒုတိယအနေနဲ့ကတော့ ရင်သားကင်ဆာ၊ တတိယအနေနဲ့ ကျောက်ကပ်ကင်ဆာ (Renal cell carcinoma) တွေကို ကာကွယ် ပေးနိုင်စွမ်းရှိတယ်လို့ သုတေသနစာတမ်းတွေအရ သိရပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ သူ့မှာအဓိကအားဖြင့် အမျှင်ဓာတ်တွေရှိပါ တယ်.. ခုနက ကျွန်တော်ပြောခဲ့တဲ့ ငှက်ပျောသီးကို အခွံခွာလိုက်တဲ့အခါ မှာ ထွက်လာတဲ့ အမျှင်လေးတွေဟာ အူမကြီးရောက်ရင် အူမကြီးထဲမှာ ရှိတဲ့ မကောင်းတဲ့ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေနဲ့ပေါင်းပြီးတော့ ဝမ်းနဲ့အတူအပြင်ကိုထုတ်ပေးနိုင်တဲ့ သတ္တိရှိပါတယ်.. ဒါ့အပြင် အဲဒီ အမျှင်ဓာတ်တွေကိုပုံမှန်စားပေးရင် ဝမ်းမှန်စေတယ်.. ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ မကောင်းတဲ့ဓာတ်ပစ္စည်းတွေက ကြာကြာမနေဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်..

          အူမကြီးမှာ ကင်ဆာဖြစ်စေတဲ့ နံပါတ်တစ် အကြောင်းရင်းကတော့ ဝမ်းချုပ် လို့ပဲဖြစ်ပါတယ်.. ဝမ်းမချုပ်အောင်နေ ခြင်းဟာ အူမကြီးကင်ဆာကာကွယ်ခြင်း ဖြစ်ပါတယ်.. ငှက်ပျောသီးဟာဝမ်းမှန် စေလို့ အူမကြီးကင်ဆာကာကွယ်ဖို့အတွက် များစွာ အထောက်အကူပြုပါတယ်.. ဒါတင်မကသေးဘဲ ငှက်ပျောသီးမှာ ပါဝင်တဲ့ အချို့သောဓာတ်ပစ္စည်းတွေဟာ အမျိုးသမီး တွေမှာ ရင်သားကင်ဆာမဖြစ်အောင်၊ ကျောက်ကပ်မှာ ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်..

 

(ဂ) ဝမ်းမှန်စေခြင်း

          တတိယအချက်အနေနဲ့ ငှက်ပျောသီးက ဝမ်းကိုမှန်စေတဲ့ အတွက် ဝမ်းချုပ်တတ်တဲ့သူတွေ ပုံမှန်စားခဲ့ရင် ဝမ်းချုပ်တာ ကာကွယ်နေနဲ့ကျေးကင်းမွန်တဲ့ ကျွေးတဲ့ပေးနိုင်ပါတယ်.. ငှက်ပျောသီးကို အခွံခွာလိုက်တဲ့အခါမှာ အခွံမှာ ပါသွားတဲ့အမျှင်လေးတွေကို စတီးဇွန်းလေးနဲ့ခြစ်ပြီးစားရင် ဝမ်းမှန်တာကိုတွေ့ရပါလိမ့်မယ်... အမျှင်ဓာတ်တွေအပြင် ချွဲစေတဲ့သတ္တိပါရှိလို့ ဝမ်းမှန်ရခြင်းပါ.. ငှက်ပျောခွံပေါ်ကိုတက်နင်းရင် ချော်လဲရခြင်းဟာ အဲဒီချောစေတဲ့ ဓာတ်ပစ္စည်းတွေကြောင့်ဖြစ်ပါတယ်.. ဒါကိုစားလိုက် ရင် အူထဲမှာချောစေတဲ့ဂုဏ်သတ္တိကြောင့် ဝမ်းကိုရှောရှောရှူရှူ ထွက်သွားနိုင်အောင် ကူညီပေးခြင်းဖြစ်ပါတယ်.. အသက်ကြီးလို့ဝမ်းချုပ်တတ်တဲ့သူတွေအတွက် အထူး သင့်တော်ပါတယ်.. တစ်ဖက်ကလည်း ကလေးငယ်တွေကို ဝမ်းသွားတဲ့အခါ မှာလည်း ငှက်ပျောသီးကိုကျွေးလို့ရပြန်ရော.. ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ ကလေးတွေကို အာဟာရဓာတ်တွေ အနေနဲ့ကျွေးတဲ့အခါမှာ ငှက်ပျောသီး ဟာ အင်မတန်ကောင်းမွန်တဲ့ အာဟာရ ဓာတ်တစ်မျိုးဖြစ်ပါတယ်.. ကျွေးတဲ့ အခါမှာတော့ အခွံစိမ်းတဲ့ငှက်ပျောသီးကို သာကျွေးရပါမယ်.. မည့် နေတဲ့ ငှက်ပျောသီးကို မရပါဘူး.. ဘာဖြစ်လို့လဲဆိုတော့ အခွံစိမ်းတဲ့ çocupas: puloEod csocsan mgos (Oligosaccharide) ဓာတ်ပစ္စည်းတွေကသာ ဝမ်းကိုရပ်အောင်လုပ်ပေးသွားနိုင်တဲ့ အာနိသင် ရှိလို့ဖြစ်ပါတယ်.. ဒုတိယအချက်အနေနဲ့ဆိုရင် ခုနကငှက်ပျောသီးဟာ ပိုတက်စီယမ်ဓာတ်များတယ်လို့ပြောခဲ့ပါတယ်.. ဝမ်းပျက်ဝမ်းလျှော ဖြစ်ရင် ခန္ဓာကိုယ်မှာ ပိုတက်စီယမ်တွေ လျော့နည်းတဲ့အတွက်ကြောင့် မို့လို့ ကလေးတွေဟာ ရုပ်သေးကြိုးပြတ်ဖြစ်ပြီး မလှုပ်မရှားနိုင်အောင် ဖြစ်တတ်ပါတယ်.. အဲဒီလိုကလေးတွေအတွက် အကောင်းဆုံး အာဟာရအနေနဲ့ ပြန်ဖြည့်ပေးဖို့အတွက် ငှက်ပျောသီးဟာ စိတ်အချရဆုံးနဲ့ အသန့်ရှင်းဆုံးအစားအစာတစ်ခုဖြစ်ပါတယ်.. တစ်ခုသတိထားဖို့ ကတော့ ငှက်ပျောသီးဟာ သိပ်မမှည့်စေရပါဘူး.. မှည့်ရင် ခုနကပြော တဲ့ ဝမ်းကိုရပ်စေတဲ့အာနိသင်တွေ ရရှိတော့မှာမဟုတ်ပါဘူး ..

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)