Skip to product information
1 of 5

Other Websites

ဒေါက်တာကျော်မြင့် - ခရစ်(စ)တီယန်းဘားနဒ်၏ ဘ၀တစ်ခု

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

၁၉၆၇ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့တွင် ဒေါက်တာခရစ္စတီယန် ဘားနဒ်သည် အားအင်ကုန်ခန်းနေပြီဖြစ်သော လူဝစ္စဝါရှန်စကီ၏နှလုံးအား ခွဲစိတ်ဖယ်ရှားကာ ယာဉ်တိုက်မှုဖြင့် အသက်ဆုံးပါးသွားသည့် မိန်းကလေးငယ် တစ်ဦး၏နှလုံးကို အစားထိုး တပ်ဆင်ပေးခဲ့သည်။ ကမ္ဘာပေါ်၌ ပထမဆုံးအကြိမ် ပြုလုပ်သော လူသားတွင် နှလုံးအစားထိုးခွဲစိတ်ကုသမှု ဖြစ်သည့်အလျောက် ဒေါက်တာဘားနဒ်သည် ဆေးပညာလောကတွင် တမဟုတ်ချင်း ကျော်ကြား ထင်ရှားသူ ဖြစ်လာခဲ့ပေသည်။ ။

ဒေါက်တာဘားနဒ်၏ ဘဝဇာတ်လမ်းသည်ကား ဆေးပညာသမိုင်း တွင် ပထမဆုံးအကြိမ်အဖြစ် မော်ကွန်းထိုးခံရသော သူ၏ခွဲစိတ်မှုကြီးကဲ့သို့ပင် ရှုပ်ထွေးသိမ်မွေ့လှပေ၏။ ဖခင်ဖြစ်သူ သာသနာ့ဝန်ထမ်း၏ ဆုံးမသွန်သင်မှု နှင့် ဘာပဲလုပ်လုပ် ပထမနေရာရအောင် လုပ်ဖို့ အမြဲတမ်း တင်းတင်းကြပ်ကြပ် စည်းစနစ်ချကာ လေ့ကျင့်သင်ကြားပေးသူ မိခင်ကျောင်းဆရာမတို့မှ ပေါက်ဖွား ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ ။

အသက်(၄၅)နှစ်အရွယ်တွင် ကံကြမ္မာအလှည့်အပြောင်းကြောင့် ဆင်းရဲနွမ်းပါးပြီး ဝေးလံခေါင်သီသော တောင်အာဖရိက မြို့ငယ်လေးတစ်ခုမှ အမေရိကန်ပြည်ထောင်စုတွင် အကြီးဆုံးဆေးရုံတစ်ခုသို့ ရောက်ရှိသွားကာ ကျွမ်းကျွမ်းကျင်ကျင် ရှိသော သူ၏ ခွဲစိတ်မှုလက်ရာများကို ကောင်းသထက်

ကောင်းအောင် ကိုယ်စိတ်ပင်ပန်း ဆင်းရဲခံလျက် ပြင်းပြင်းထန်ထန် ကြိုးပမ်း လေ့ကျင့်ခဲ့သည်။

သူကိုယ်တိုင် သာမက သူ၏ ခွဲစိတ်အဖွဲ့ဝင်အားလုံး နှလုံးအစားထိုး ခွဲစိတ်ကုသမှုအတွက် ဇောက်ချ၍ ကြပ်ကြပ်မတ်မတ် လေ့ကျင့်ပြီးမှသာ သေအံ့ ဆဲဆဲ လူနာတစ်ယောက်၏အသက်ကို ကယ်တင်ရန်အတွက် ယုံကြည်ချက် အပြည့်အဝဖြင့် ရဲဝံ့စွာ စွန့်စား ခွဲစိတ်ခဲ့ကြခြင်း ဖြစ်ပေသည်။

အခန်း (၁)

“ဘုရားသခင်က လူသားတွေကြုံတွေ့ ခံစားနေကြတဲ့ ဒုက္ခ သုက္ခ မှန်သမျှ ချယ်လှယ်နိုင်စွမ်းရှိတယ်” ဆိုတာကို စပြီး သံသယဝင်တော့ ကျုပ်က ၁၂နှစ်သားလောက်ပဲ ရှိဦးမယ်ထင်ပါရဲ့ ၊ အဲဒီတုန်းက ကျုပ်ရဲ့ဇာတိ တောင် အာဖရိကနိုင်ငံ၊ ဘိုးဖို့အနောက်ပိုင်းက ဘုရားရှိခိုးကျောင်းတစ်ခုမှာ နှစ်သစ် အကြို ဆုတောင်းပွဲ တက်ရောက်နေချိန်၊ ကျုပ်အမေက အဲဒီဘုရားကျောင်းမှာအော်ဂင်တီးတယ်၊ စတင်တီးမှုတ်ရမည့် အချိန်ရောက်လျှင် နားပင်းနေတဲ့ ကျပ်ရဲ့ အမေကို ကျုပ်က တံတောင်နဲ့ တွက်ပြီး အချက်ပေးရတယ်၊ ကျပ်ရဲ့ အလုပ်က အမေရဲ့ အော်ဂင်မှာပါတဲ့ ဖါးဖိုထဲ လေထိုးပေးရတာပါ။

အဲဒီညက သင်းအုပ်ဆရာတော် ရာဘီရဲ့ ဒေသနာအဖွင့်စကား ကလည်း ကြက်သီးမွေးညင်း ထလောက်ပါရဲ့၊

'ကုန်လွန်ခဲ့တဲ့ နှစ်ဟောင်းက ဒုစရိုက် ပြစ်မှုအားလုံး သင်တို့ရှေ့မှာ စုပုံကြည့်လိုက်ကြစမ်းပါ၊ ဟောဒီပရိသတ်ထဲက ဘယ်လိုလူမျိုး၊ ကျွန်ုပ် နောက် တစ်ကြိမ် ထပ်ပြောလိုက်ပါဦးမယ်၊ သင်တို့ထဲက ဘယ် သူကောင့်သားကများ

ကြောက်မက်ဘွယ်ရာ သူရဲ့ အကုသိုလ် အထုပ်ကြီးကို ကောက်ယူချီမနိုင်မှာလဲ ကျုပ်တို့ထဲက ဘယ်သူများ ကိုယ့်ဝန်ထုပ်ဝန်ပိုးကို ခါးမကိုင်းမညွှတ်ဘဲ ထမ်းပိုးပြီး ဒီနေရာက ထွက်သွားနိုင်မှာလဲ”

ကျုပ်လည်း ကျုပ်ရဲ့ မကောင်းမှုဝန်ထုပ်ဝန်ပိုး ဘယ်လောက်တောင် ကြီးလေမလဲ၊ ကိုယ့်ဝန်ထုပ် ကိုယ် နိုင်သောနိုင်ပါမလားလို့ ချင့်ချိန်စဉ်းစား နေမိတယ်၊ သကြားလုံးခိုးစားတာ၊ ကြောင်သတ်တာ၊ သူများရဲ့ သစ်သီးခြံထဲအနုကြမ်းစီးသလို ဝင်ပြီး ဦးဆွတ်တာ ခြုံပုတ်ထဲမှာ ဂျက်စီဂရင်း(မ်)ဘက်(က်)ရဲ့ သလုံးသားလေးကို ပွတ်သတ်ခဲ့တာ... စုံလင်များပြားလှတဲ့ မကောင်းမှု ဒုစရိုက်တွေကို စု့လိုက်လျှင် အထုပ်တစ်ထုပ်စာလည်း မကလောက်ပေဘူး၊ကောင်မလေးရဲ့ သလုံးသားကို ပွတ်သတ်တာကတော့ သူရောကျပ်ပါ တမင် အကွက်ဆင်လုပ်တာမျိုးတော့ မဟုတ်ပါဘူး၊ ကျောင်းမှာ ဆော့ကစားရင်း ကျပ်က တိတ်တိတ်လေး ချုံပုတ်ထဲ ဝင်ပုန်းနေတုန်း ကောင်မလေးက ကျပ် နောက်ကို ဖြတ်ခန် ရောက်လာတာ၊ သူက တဖြည်းဖြည်း တိုးလာရင်းနဲ့ သူရဲ့ သလုံးသားက ကျပ်လက်နဲ့လာထိတာဗျ၊ ကျပ်က ဘာမှ လုပ်တာမဟုတ်ပါဘူး၊ သူ့ရဲ့ သလုံးသားလေးနဲ့ ထိနေတာကိုမဖယ်ဘဲ ငြိမ်ငြိမ်လေး မှိန်းနေလိုက်မိတာ ပဲ ရှိပါတယ်၊ သင်းအုပ်ဆရာတော်က ဘုရားသခင်ရဲ့ ကျေးဇူးဂုဏ်ကို ချီးမွမ်း စကားဆိုပြီး အခမ်းအနားရုတ်သိမ်းတဲ့အချိန်ထိ ကျုပ်ကတော့ ဟိုဟိုဒီဒီ တွေးနေမိတုန်းပဲ။

" ဘုရားဝတ်ပြုလာတဲ့ ပရိသတ်တွေတန်းစီပြီး ထွက်ခွာနေကြပြီမို့ ဓမ္မတေးတီးမှုတ်ဖို့ပဲ ကျန်ပါတော့တယ်။ ကျုပ် အချက်ပေးလိုက်တာနဲ့ အမေက “ချီပါလေ ခရစ်ယာန်စစ်သည်များ” ဆိုတဲ့တီးလုံးကို စိတ်ရောကိုယ်ပါ တီးမှုတ်တော့တာပဲ၊ ကျပ်ကတော့ အော်ဂင်ရဲ့ လေအိပ်ထဲ လေထိုးပေးရင်း ဂျက်စီ တစ်ယောက်မှာ ဘုရားကျောင်းထဲမှာ ရှိနေမလားလို့ ကျီးကန်းတောင်းမှောက် ရှာကြည့်နေမိတယ်၊ အဲဒီအချိန်မှာ ရှေ့ဆုံးခုံတန်းမှာ လူတွေ ဝိုင်းအုံနေကြ တာကို တွေ့ရတယ်၊ ခွေကျသွားတဲ့ မိန်းမတစ်ယောက်ကို လူတွေက ပွေ့ချီပြီး ခုံတန်းပေါ် လှဲချလိုက်တော့ အသက်မရှိတော့သလိုပဲ မလှုပ်မယှက်နဲ့၊ အမျိုး သမီးကြီး တစ်ယောက်က ခုံတန်းပေါ်ကမိန်းမရဲ့ ဘိနပ်ကို ချွတ်ပေးပြီး ခြေဖဝါး ကို ဆုပ်နယ်ပေးနေတယ်၊ နောက်တစ်ယောက်က အဲဒီမိန်းမရဲ့ ခေါင်းအောက် မှာ ကျမ်းစာအုပ်လေး ခုပေးလိုက်တော့ သုဆောင်းထားတဲ့ အဝါရောင် ဦးထုပ် လေးအောက်ကို လွင့်စင်ကျသွားတယ်၊ ကျုပ်ကတော့ ဒီအချိန်၊ ဒီနေရာမျိုးမှာ ဘယ်လိုလုပ်ပြီး အခုလို အမင်္ဂလာအဖြစ်ဆိုး ဖြစ်ရပါလိမ့်လို့ အံ့အားသင့်နေမိ တာ၊ 'ဘုရားကျောင်းကန်ဆိုတာ တကယ်လုံခြုံစိတ်ချရတဲ့ နေရာမဟုတ်လား၊ အချိန်အခါကလည်း ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းတဲ့ ဓမ္မတေးတွေ သီကြွေးနေကြတဲ့ အချိန်မို့ ကျက်သရေ မင်္ဂလာအပေါင်း ခညောင်းတဲ့ အချိန်ပါ၊ ဒီမိန်းမရဲ့ မကောင်းမှု အကုသိုလ်ကံတွေက များလွန်းလို့ သူ့ဝန်ထုပ်သူ မနိုင် တော့တာလား၊ ဒီလိုဆိုလျှင်လည်း မကောင်းမှုဒုစရိုက် ကျူးလွန်ခဲ့မိတဲ့သူတွေ

အတွက် ဘုရားကျောင်းကန်ဆိုတာ အလွန်အန္တရာယ်များတဲ့ နေရာဌာန ဖြစ် သွားတော့မှာပေါ့၊ ဒီလိုလည်း မဖြစ်တန်ရာဘူး၊ အဖေ့ကို ဒီအကြောင်း မေးကြည့်ရဦးမယ်။ ကျုပ် အတွေးလွန်နေတဲ့အချိန်မှာ လူကြီးတစ်ယောက်က “ဟေ့.. သူငယ်... ဘုရားဝတ်တက်လာတဲ့လူတွေအားလုံး ပြန်ကုန်ကြပြီး မင်း အမေကိုလည်း တီးတာမှုတ်တာ အတော်ခိုင်းလိုက်ပါတော့” လို့ အော်ပြီး သတိပေးရတယ်။

ကျုပ်တို့သားအမိ ဘုရားကျောင်းကအထွက် ဒရောသောပါးဝင်လာ တဲ့ လူတစ်ယောက်ကြောင့် လှုပ်ရမ်းသွားတဲ့ တံခါးရွက်နဲ့ ရိုက်မိသေးတယ်။ အဲဒီလူဟာ ဟောဟဲဆိုက်အောင် မောနေတဲ့အပြင် ထိတ်လန့် တုန်လှုပ်နေပုံ လည်း ရတယ်၊ အလယ်စင်္ကြန်လမ်းအတိုင်း ပြေးသွားတဲ့သူ့နောက်ကို ကျပ်က လိုက်တောင်ကြည့်ချင်သေးတာ၊ စောစောက ခွေလဲကျနေတဲ့ မိန်းမလည်း အသက် မရှိလောက်တော့ဘူးထင်ပါရဲ့၊ ကျုပ်အမေကတော့ အိမ်ပြန်ဖို့ အရင် လိုနေပြီ၊ အချိန်ကလည်း သန်းခေါင်ကျော်ပြီ၊ ကျုပ်တို့မိသားစု မနက်(၄)နာရီလောက် ထပြီး 'တောရိုင်းမြေ' ဆိုတဲ့ ပင်လယ်ကမ်းခြေရွာလေးဆီကို အပန်းဖြေ ခရီး သွားကြမလို့၊ ကျုပ်တို့သားအမီ ဘုရားရှိခိုးကျောင်းလမ်းကို ဖြတ်ပြီး မြို့တော်ခန်းမအလွန်က ဘုရားရှိခိုးကျောင်း အငယ်လေးတစ်ခုရဲ့ ရှေ့မှာ ရပ်လိုက်ကြပါတယ်၊ အဲဒါ ကျုပ်အဖေရဲ့ ဘုရားရှိခိုးကျောင်း၊ ဘုရားကျောင်း (၂)ခုလုံးအတွက် အချက်ပေးခေါင်းလောင်းက တစ်လုံးပဲရှိတာမို့ ဘုရားဝတ် တက်ချိန်၊ ဆင်း ချိန်၊ တစ်ကျောင်းနဲ့ တစ်ကြောင်း မကွာဘူး၊ အတူတူ လောက်ပဲ။ အခုညတော့ ကျုပ်တို့ ရောက်တဲ့အချိန်မှာ အဖေရဲ့ တရားဟောသံ ကြားနေရ သေးတယ်။

'တရားဆုံးလျှင် ခရီးထွက်ဖို့ ကူညီလုပ်ကိုင်ပေးပါဦးလို့ မင်းအဖေကို ဝင်ပြော

ကျုပ်လည်း ဝမ်းမြောက်ဝမ်းသာ ဘုရားကျောင်းထဲ ဝင်သွားလိုက် တယ်၊ ကျုပ်အဖို့ ဒီဘုရားကျောင်းက ကိုယ့်အိုး ကိုယ့်အိမ်လို ရင်းနှီးကျွမ်းဝင် တဲ့ နေရာပါ။ ဒီလိုဖြစ်ရတာ ကိုယ့်အဖေရဲ့ ဘုရားကျောင်းဖြစ်တာက အကြောင်း အရင်းတစ်ရပ်၊ နောက်အကြောင်းရင်း တစ်ရပ်ကိုတော့ အတော်လေး အသက် ရလာမှ သဘောပေါက် ရိပ်စားမိတာ ဖြစ်ပါတယ်၊ ဘုရားကျောင်း (၂) ခုလုံး Dutch Reformed ဂိုဏ်းဝင်တွေမို့ ပကတိ ရိုးစင်းအပြစ်ကင်း ကြပါတယ် ဒါပေမဲ့ သင်းအုပ်ဆရာတော် ရာဘီရဲ့ ဘုရားကျောင်းက ကြီးကျယ်ခမ်းနားထယ်ဝါလှပါတယ်၊ သူ့ ဘုရားကျောင်းရဲ့ အဖြူရောင် စုလစ်မွန်းချွန်ကြီးက ကျုပ်တို့မြို့လေးရဲ့ မိုးကောင်းကင်ထဲ ထိုးထွက်နေလိုက်ပုံကဖြင့် နျူဝဲလ် တောင်တန်းတွေထက်တောင် မြင့်သလားလို့ ထင်မှားရတယ်၊ အဖေရဲ့ ဘုရား ကျောင်းလေးမှာတော့ အဲဒီလိုမိုးထိုးတဲ့ စုလစ်မွန်းချွန်မျိုး မရှိဘူး၊ ရွာထဲက စပါးကျီတစ်ခုလို အနီရောင်အုတ်ကြွပ်မိုးနဲ့ ရိုးရိုးလေးပဲ၊ သူတို့ ဘုရားကျောင်းရဲ့ အတွင်းပိုင်းဟာ တော်တော်ကျယ်ဝန်းပြီး ကျွန်းသစ်နဲ့ စီမံဆောက်လုပ်ထားတဲ့ နံရံကြီးက ဓမ္မတေးသီဆိုတဲ့ သံစဉ်တွေအတိုင်း နိမ့်ရာမှ ဖြည်းဖြည်းချင်း မြင့် တက် သွားလိုက်တာ မျက်နှာကျက်ခုံးခုံးကြီးနဲ့ဆုံတဲ့အခါ ကောင်းကင်ဘုံရဲ့ တစ်ထောင့် တစ်နေရာနဲ့ ထိနေသလားအောက်မေ့ရတယ်၊ အဖေရဲ့ ဘုရား

ကျောင်းလေးမှာကျတော့ ပျဉ်ပြားယက်မကြီးတွေနဲ့ ဆောက်လုပ်ထားတာမို့ ဒီမြေကမ္ဘာပေါ်က အများသူငါ နားခိုရာ အိမ်တစ်လုံးနဲ့ အလားတူပါတယ် မနှိုင်းကောင်း နှိုင်းကောင်း ပြောရလျှင် အဖေရဲ့ ဘုရားကျောင်းထဲမှာတော့ နွားစာခွက်ပမာ တကယ့်ကို သက်သောင့်သက်သာနဲ့ နွေးနွေးထွေးထွေး ရှိတယ်။

ဘုရားကျောင်း (၂)ခုမှာ သိသိသာသာ ကွဲပြားခြားနားနေတာက မတူညီတဲ့ အမိုးအောက်မှာ တစ်ပုဒ်တည်းသောဓမ္မတေးကို တစ်ပြိုင်နက် သီကြွေးနေကြတဲ့ ဘုရားကျောင်းလာ ပရိသတ်တို့ရဲ့ အသားရောင်ပဲ ဖြစ်တယ်၊ ဘုရားကျောင်းကြီးမှာ ဝတ်တက်တဲ့သူတွေက မျက်နှာဖြူတွေ၊ အဖေရဲ့ ဘုရား

ကျောင်းကို လာတဲ့သူတွေကတော့ လူမည်းတွေ၊ မျက်နှာဖြူဆိုတာ ဒတ်ချ်၊ ပြင်သစ်၊ ဂျာမန်၊ အင်္ဂလိပ်စတဲ့ ဥရောပတိုက်သားတွေ၊ မျက်နှာဖြူမဟုတ်တဲ့ အုတ်ရောရော ကျောက်ရောရော ကျန်လူတွေကို ဥရောပနွယ်ဖွား မဟုတ်သူများ လို့ ပြောလေ့ရှိပါတယ်။ အများစုကတော့ အာဖရိကတိုက်သား လူမည်းတွေပေါ့။

ဒီအုပ်စု (၂)စုဟာ ဘုရားကျောင်း (၂)ကျောင်းမှာ တကွဲတပြား ဝတ်ပြုဆုတောင်းနေကြပေမဲ့ သူတို့ဆင်းသက်လာခဲ့ကြတဲ့ ဘိုးဘွားဘီဘင် တွေက ကွဲပြားဘို့မရှိပါဘူး၊ သူတို့ကိုးကွယ်တဲ့ ဘုန်းတော်ကြီး (၂)ပါးကိုလည်း Dutch Reformed ဆရာတော်ကြီးက သာသနာ့ဘောင် သွတ်သွင်းပေးခဲ့တာ ဖြစ်တဲ့အတွက် ဘာသာအယူဝါဒ တူမျှတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်၊ ဒါပေမဲ့ မစ္စတာရာဘီကို ဘိုးဖို့ အနောက်ပိုင်းက လူဦးရေ ၃၄ဝဝ လောက်သာရှိတဲ့ ဥရောပတိုက်သားတွေ ကိုးကွယ်ဖို့ သိက္ခာတော်ရဆရာတော်အဖြစ် ထားရှိတာ ဖြစ်ပါတယ်၊ ကျပ် အဖေကိုတော့ တောကြိုအုံကြား၊ လူသူအရောက်အပေါက် နည်းပါးလှတဲ့ ဒေသက လူမည်းဆင်းရဲသား ၇ဝဝဝ လောက်ကို သာသနာပြု

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)