Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဒိုဂျေဆန်: - စကားလုံးတို့မည်သည့်အခါမှမလုံလောက်နိုင်

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
အခန်း(၁)
နက်ရှိုင်းသောဘဝအမြင်

ပေါ့ပြက်ပြက် ရေပေါ်ဆီသည် ကျွန်တော်တို့ ခေတ်၏ကျိန်စာဖြစ်သည်။

 ပြီးစီးကျေနပ်မှု ချက်ချင်းရရှိရေးသည် စိတ်ဓာတ်ရေးရာ၏

အရင်းခံအကြောင်းတရား ဖြစ်သည်။

ယနေ့ အသည်းအသန် လိုအပ်ချက်သည် ဉာဏ်ရည်ကောင်းသည့်သူများ အရေအတွက်များများ

ရဖို့မဟုတ်ချေ။ ပါရမီထူးကြသူများကိုလည်း မလိုအပ်ချေ။တကယ်လိုအပ်နေသည်မှာ နက်နက်နဲနဲ ရှိလှသူ လူများစု ရှိဖို့ ဖြစ်သည်။

ရစ်ချတ် ဖာစတာ

          နက်ရှိုင်းမှုရှိသောဘဝအမြင်သည်ခေတ်ပေါ်ခေတ်ကာလတွင် ရရှိထားဖို့အတွက် တမင်ရည်ရွယ်လုပ်ကိုင်မှု ရှားပါးနေသော အခြင်းအရာ ဖြစ်သည်။ ဘဝအမြင်သည် လွန်စွာအရေးပါသည့်ကိစ္စဖြစ်သည်ဟု လူအများအပြားတို့က ယူဆထားကြသော် လည်း တကယ်တမ်း အမြဲထွေးပွေ့ထားသူ ဦးရေမှာ လက်ချိုးရေတွက်၍ ရသည်။ တကယ်တမ်းပြောကြကြေးဆိုလျှင် အချို့က အပေါ်ယံမျှ ရှပ်ပြီး ထိုအခြင်းအရာကို ဟောပြောကြသည်။ ထိုအခြင်းအရာကို တွေးတောဆင်ခြင်မှ ဉာဏ်ပညာရှိသူ၊ အမြင် ကျယ်သူဟု ယူဆကြသည်။ သို့သော် စိတ်မကောင်းစရာ ဖြစ်နေရသည်မှာ ထိုသို့ မဖြစ်ကြသည်က များနေခြင်း ဖြစ်သည်။ ။

          ကျွန်ုပ်တို့သည် ဘဝ ပြောင်းလဲတိုးတက်ဖြစ်ပေါ်မှုများနှင့် အတွင်းကျကျ ရှုမြင်နိုင်ဒိုဂျေဆန်း စွမ်းများကို တောင့်တကြသည်။ တစ်နေ့နေ့မှာ ကျွန်ုပ်တို့၏ ရှေ့မှောက်မှာ မျက်လှည့် ပြလိုက်သကဲ့သို့ ဘွားခနဲ ပေါ်လာလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ သို့သော် ကျွန်ုပ်တို့သည် ထိုအရာကို သောက်စို့ခံယူရန်အတွက် အချိန်ဖယ်ထုတ်ပြီး သုံးစွဲဖို့ ပျက်ကွက်နေကြသည်။ ကျွန်ုပ်တို့၏ သွေးရူးသွေးတန်းဘဝများ၏ ပျားပန်းခပ်လှုပ်ရှား လုပ်ကိုင်မှုများနှင့် ပျာယာခတ်အလုပ်ရှုပ်ခြင်းများအတွက်သာ အချိန်ကုန်ခွင့်ပေးထား ခြင်းဖြင့် တန်ဖိုးထားရမည့် သင်ခန်းစာများ အရေးပါအရာရောက်ခြင်းကို ဘေးသို့ တွန်းဖယ်ထားလိုက်ကြသည်။

          ကျွန်ုပ်၏ အမြင်တွင် နက်ရှိုင်းသောဘဝအမြင်ကို ပြုစုပျိုးထောင်ရန်အတွက်မှာ အချိန်အတန်ကြာ တစ်ကိုယ်တည်း ဧကစာ နေထိုင်ရင်း ကျွန်ုပ်တို့ လူသားများ ဖြစ်ပျက်နေကြသည်တို့အပေါ် အလေးအနက်စဉ်းစားပြီး ထွင်းဖောက်ရယူဖို့ လိုအပ် မည်ဖြစ်သည်။ ထိုအခါကျမှသာ ဘဝ၏ နက်ရှိုင်းမှုများကို တကယ်လိုလားတောင့်တ ကြသူတို့သည် ဘဝကို ပြောင်းလဲတိုးတက်စေမည့် အခြေခံ သဘောတရားများကို စိတ်ထဲစွဲထင်နိုင်ကြမည်ဖြစ်သည်။ ကျည်ဆန်ရထား အမြန်နှုန်းဖြင့် ဘဝကို ဖြတ်သန်း နေကြသူများသည် နက်ရှိုင်းသောဘဝနှင့် ဘဝကို ပြောင်းလဲတိုးတက်စေမည့် အခြေခံ သဘောတရားများ ပျောက်ဆုံးနေကြသည်။ အတွင်းကျကျ ရှုမြင်တွေ့ရှိမှုများလည်း မရှိနိုင်ကြချေ။ ထိုအရာတို့ကို ရရှိဖို့အတွက် လုပ်ဖို့ကိုင်ဖို့အတွက် ခဲယဉ်းနေနိုင်သည်။ အကြောင်းမှာ ဘဝ၏ အတိမ်အနက်ကို ကျွန်ုပ်တို့တွင် ရှိနေသော ငွေအိတ်၏ အတိမ် အနက်ဖြင့် မတိုင်းတာသောကြောင့် ဖြစ်သည်။

          ကျွန်ုပ်တို့၏ အကောင်အထည်ရုပ်ဒြပ် အပိုင်းအခြားနယ်ပယ်၏ ဟိုမှာဘက်တွင် ဘဝတစ်ခု ရှိနေသည်။ ထိုဘဝသည် ရည်ရွယ်ချက်အမှန်အကန်များနှင့် အဓိပ္ပာယ် အမှန်အကန်များဖြင့် ဖြည့်တင်းထားသည်။

         ကျွန်ုပ်တို့သည် နက်ရှိုင်းမှု လျှံထွက်နေအောင် ဖြည့်ထားသည့် ဘဝဖြင့် နေထိုင် နိုင်ကြပါစေဟု ကျွန်ုပ် ဆုတောင်းပါသည်။ ကိုယ်ကျိုးအတွက် လိုအင်များ ပြည့်ဝစေရန် အတွက်သာ ရှာဖွေနေသူများ မဖြစ်ကြပါစေနှင့်ဟုလည်း ဆုတောင်းပါသည်။ ကျွန်ုပ် တို့သည် ကိုယ်ကျိုးရှာခြင်းဆီသို့ အလိုလို ဆွဲငင်ခံထားပြီး ဖြစ်နေကြသည်။ ကျွန်ုပ်၏ စာအုပ်ကို ဖတ်ရှုကြသူတို့သည် မြင့်မြတ်သောသူများအဖြစ် ပေါ်ထွန်းလိမ့်မည်ဟု ကျွန်ုပ်အလေးအနက်ယုံကြည်ထားပါသည်။ ကြီးစွာသောဩဇာညောင်းနိုင်ကြသူများ ဖြစ်လာကြပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခြင်း ကြီးမားကြသူများ ဖြစ်လာကြမည်ဟုလည်း ကျွန်ုပ် ယုံကြည်စိတ်ချထားပါသည်။ ကျွန်ုပ်၏ ညီမလေးအပေါ်၌လည်း အလားတူပင်ထပ်တူထပ်မျှ ယုံကြည်စိတ်ချထားပါသည်။ လူတိုင်းသည် ကြိုးစားအားထုတ်မှုများဖြင့် ဘဝကို အလေးအနက်ထား စဉ်းစားခြင်း စတင်ကာ လက်တွေ့လုပ်ကိုင်လိုက်ကြမည် ဟုလည်း ကျွန်ုပ် ယုံကြည်စိတ်ချထားပါသည်။

ခက်ခဲမှုက နက်ရှိုင်းမှုရှိသော စိတ်ဓာတ်ကို ပျိုးထောင်သည်

          အန်နီဖရန့်သည် နမူနာတစ်ခု ဖြစ်သည်။ သူမသည် အရည်အသွေးရှိပြီး နက်ရှိုင်း သည့် ပင်ကိုလက္ခဏာ ထူးခြားမှုများဖြင့် နေထိုင်ရှင်သန်သူဖြစ်သည်။ သူမသည် အသက် ၁၅ နှစ်အရွယ်အထိသာ အသက်ရှင်ခွင့် ရရှိခဲ့သော်လည်း အကောင်းဆုံးဖြစ်အောင်နေထိုင်သွားသည်။ သူမကွယ်လွန်ပြီးသည့်နောက် နှစ်အတန်ကြာသောအခါ၌ သူမ ရေးသွင်းခဲ့သည့် နေ့စဉ်မှတ်တမ်းကို ပုံနှိပ်ထုတ်ဝေလိုက်သောအခါ ကမ္ဘာသိအောင် ကျော်ကြားသူအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။ ထိုနေ့စဉ်မှတ်တမ်း၌ ဂျာမန်တို့ သိမ်းပိုက်ခံထားရသည့် တိုင်းပြည်တွင် ဂျူး လူမျိုးဖြစ်သည့် သူမကို နာဇီတို့ ဖမ်းဆီး သတ်ဖြတ်နေသည့်အရေးမှလွတ်အောင်ပုန်းအောင်းနေခဲ့ရစဉ်တွေ့ကြုံရသည်များကို ရေးသွင်းထားသည်။ သူမ ပုန်းအောင်းနေထိုင်သည့် တိုင်းပြည်မှာ နယ်သာလန်ဖြစ်ပြီး အချိန်ကာလမှာ ဒုတိယကမ္ဘာစစ်အတွင်းတွင် ဖြစ်သည်။ ဟိုလိုကပ်စ်ဟု ခေါ်တွင်ကြ သည့် ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့က ဂျူးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ် သုတ်သင်သည့် ဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားနေသည့်ကာလအတွင်းတွင် သူမနှင့် သူမ၏ မိသားစုတို့သည် နှစ်နှစ်တိုင်တိုင် သူမ ဖခင်၏ ရုံးခန်းအဆောက်အဦအတွင်းရှိ လျှို့ဝှက်ပုန်းအောင်းရာနေရာတွင်ထီးတည်းနေထိုင်ခဲ့ကြရသည်။ တစ်ရက်ပြီးတစ်ရက် အပြင်ထွက်ပြီး ဖြစ်ပျက်နေသည်တို့ကို ကြည့်ရှုခွင့် သူမ မရရှိချေ။ သာမန်ဘဝမျိုးကို သူမမရရှိချေ။ အားလုံးနှင့် အဆက်အသွယ်ပြတ်တောက်နေပြီးတိတ်တိတ်ဆိတ်ဆိတ် ဖြင့် ပုန်းလျှိုးဝှက်လျှိုး နေထိုင်ရှင်သန်ခဲ့ရသည်။ ထိုကာလထိုအခြေအနေအောက်တွင် သူမသည် ယနေ့အထိ လူဖတ်အများဆုံး ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်လာမည့် နေ့စဉ် မှတ်တမ်းကို သူမရေးသွင်းခဲ့သည်။ ထိုနေ့စဉ်မှတ်တမ်းသည် အန်နီဖရန့်၏ နေ့စဉ်မှတ် တမ်း(The Diary of Anne Frank) ဖြစ်တော့သည်။

          ၎င်းနေ့စဉ်မှတ်တမ်းသည် သူမ၏ နက်ရှိုင်းသောဘဝကို အချိန်အစဉ်အရ မှတ် တမ်းတင်ပေးထားသည်။ အန်နီဖရန့်သည် မိန်းကလေးငယ်တစ်ဦးမျှသာဖြစ်ပြီး သူမ ၏မျိုးနွယ် ဂျူးတို့အပေါ် နာဇီတို့၏ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ကြသည်ကို ကြုံတွေ့ခဲ့ရသူ ဖြစ်သည်။ သူမ အနေဖြင့် လုပ်ပေးနိုင်တာ ဘာတစ်ခုမှ မရှိချေ။ မကူနိုင်မကယ်နိုင်ဖြစ်ရင်း အသာကြည့်နေဖို့သာ သူမ တတ်နိုင်သည်။ အကျဉ်းစခန်းတွင် လုပ်အားပေးအကူအဖြစ်သူမလုပ်ကိုင်ပေးနေရစဉ်ဓာတ်ငွေ့ဖြင့်သတ်ဖြတ်သည့်ဆီသို့ ကလေးသူငယ်များကို ခေါ်ထုတ်သွားသည်ကိုပင်လျှင် အသာကြည့်နေခဲ့ရသည်။

           လူသားတို့အပေါ် စက်ဆုပ်စရာကောင်းလှသည့် ဆိုးဝါးလှသော ပြစ်မှုများ ကျူး လွန်နေကြသည်ကို အများအပြား တွေ့ကြုံနေရသော်ငြားလည်း သူမသည် “လူအများ တို့သည် စိတ်နှလုံးကောင်းကြသူများ ဖြစ်ကြသည်”ဟု ယုံကြည်စိတ်ချစွာဖြင့် သူမ၏ မှတ်တမ်းတွင် ရေးသွင်းခဲ့ပေသည်။

          သူမခံစားရသည့်စိတ်နာကျင်ခံစားမှုများနှင့် စိတ်ဒဏ်ရာများကိုလူအများအပြား တို့ မည်သည့်အခါမှ သဘောပေါက်နိုင်ကြမည် မဟုတ်ကြချေ။ ကျွန်ုပ် ယုံကြည်သည် မှာ ထိုကာလတွင် သူမသည် တိတ်ဆိတ်စွာဖြင့် နားထောင်နေခဲ့သည်။ တုံ့ပြန်လုပ်ကိုင် မှု မရှိဘဲ အသာစောင့်ကြည့်နေခဲ့သည်။ သူမတွင် ရှိနေသည့် အသိတရားဖြင့် နပန်း လုံးနေခဲ့သည်။ ဆုတောင်းပေးနေခဲ့သည်။ နက်နက်နဲနဲ ဆင်ခြင်တွေးဆကြည့်သည်။ ထိုကာလ၌ သူမသည် ဘဝ၏ အဓိပ္ပာယ်အမှန်ကို ရိပ်စားသိရှိခဲ့သည်။ ဘဝရည်ရွယ် ချက်များနှင့် အရေးပါပုံများ သူမ၏နှလုံးအိမ်နှင့် စိတ်ဓာတ်တို့တွင် စတင်အမြစ်တွယ် သည်။ ဤလောကမှ ပြန်လည်ထွက်ခွာသွားချိန်တွင် သူမ၏ အသက်သည် ၁၅နှစ်သာ ရှိပေသေးသည်။ သို့သော် သူမ တွေးတောခဲ့သည်များ၊ စိတ်ထဲဖြစ်ပေါ်သည့် ခံစားမှု များ၊ စိတ်ထိခိုက်လှုပ်ရှားမှုများတို့တွင် အများစုသည် သူမ၏ အသက်အရွယ်တွင် ရှိသင့်ရှိထိုက်သည်တို့ထက် သာလွန်နေကြသည်။ သူမ၏ ဘဝဇာတ်ထုပ်သည်နာကျင် မှုများ၊ ခက်ခဲကြမ်းတမ်းမှုများနှင့် အလွန်အမင်း ဆိုးဝါးလှသည့် ဘေးဆိုးကြီးတို့ဖြင့် ပြည့်နှက်နေသောဘဝထဲမှ ထွက်ပေါ်လာသည့် ဇာတ်ထုပ်ဖြစ်သည်။

          ဤဘဝအတွေ့အကြုံမျိုးကို လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီ ကြာမြင့်သောအချိန်က ဖြစ်ရပ်နှင့် နှိုင်းယှဉ်နိုင်သည်။ သမ္မာကျမ်းလာ ဖြစ်ရပ်တစ်ခု၌ ဂျိုးဇက်သည် မကောင်း ကြံသည့် အမျိုးသမီးတစ်ဦးကြောင့် ထောင်သွင်းအကျဉ်းချခံရသည်။ ထိုအမျိုးသမီး၏ အချစ်ကို ဂျိုးဇက်က ငြင်းပယ်ခဲ့ခြင်းကြောင့် ယခုလို ချောက်တွန်းခံရခြင်းဖြစ်သည်။ အာဏာပိုင်က တရားမျှတမှု မရှိဘဲ စီရင်ချက်ချကာ အပြစ်ဒဏ်ပေးသည်ကို ဂျိုးဇက် ခံယူရသည်။ ထိုအခါမျိုး၌ ဘုရားသခင်က သူ့ကို ကြည့်ရှုစောင့်ရှောက်တော် မမူ၍သာ ဤသို့အဖြစ်ဆိုးရသည်ဟု သူ ယူဆစရာဖြစ်နေသည်။ ။ ( အန်နီဖရန့်သည်နှစ်နှစ်တိုင်တိုင်ပုန်းအောင်းနေရစဉ်အတွေးအမြင်နက်ရှိုင်းသွား ရသည့်နည်းတူ ဂျိုးဇက်သည်လည်း နှစ်နှစ်တိုင်တိုင် အကျဉ်းချခံထားရစဉ် အတွေး