Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ဒိုဂျေဆန်း - ပြဿနာဆိုရင်အဖြေရှာ

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out

ပြဿနာများကို ကွက်ကွက်ကွင်းကွင်း ပြင်ခြင်း

          ပြဿနာများကို ထိထိရောက်ရောက်ဖြင့် ဖြေရှင်းရန်အတွက်နှင့် မိမိ၏ တတ်ကျွမ်းမှုများကို အကောင်းဆုံး အသုံးချနိုင်ရန်အတွက် ပြဿနာ ရှိလာချိန်၌ အရင်ဆုံး လိုအပ်သည်မှာ ပြဿနာကို သတိမူမိခြင်း ဖြစ်သည်။ ထို့ပြင် အရှိပကတိ အတိုင်း မြင်ဖို့လည်း လိုအပ်ပေသည်။

          ကျွန်ုပ်တို့ အပေါ် သက်ရောက်သည့် ပြဿနာတိုင်း ထင်ရှားသိသာနေကြ သည် မဟုတ်ချေ။ ဥပမာအားဖြင့် အလုပ်၌ လုပ်ဖော်ကိုင်ဖက် နှစ်ဦးအကြား သဘောထားကွဲလွဲနေသည်ကို သတိပြုမိချင်မှ ပြုမိမည်။ သို့သော် ဤအချက်က အဖွဲ့လိုက် လုပ်ကိုင်ကြရာ၌ ပါဝင်လုပ်ကိုင်ကြရသည့်အပေါ် သက်ရောက်မှု ရှိနေမည် ဖြစ်သည်။

          နောက်ထပ်တစ်ချက်မှာ ပြဿနာတိုင်းသည် မြင်တွေ့နေရသည့်အတိုင်း ဖြစ်ချင်မှ ဖြစ်မည်။ ဦးနှောက်သည် မရှိမဖြစ် လိုအပ်နေခြင်း မရှိသော သတင်း အချက်အလက်တို့ကို ဆန်ကာစစ်ချပြီး ကျန်ရစ်ခဲ့စေရာ၌ အလွန်အမင်း ထူးချွန် ၏။ ကျွန်ုပ်တို့သည် အခြေအနေ အများအပြားကို အလိုအလျောက် တုံ့ပြန်လိုက် ကြရာ၌ ဆန်းစစ်ရန် နမူနာအဖြစ် အနည်းငယ်မျှသော သတင်းအချက်အလက် များကို အားကိုးအားထားပြုပြီး တုံ့ပြန်လိုက်ကြခြင်း ဖြစ်သည်။ ဥပမာအားဖြင့် စာရွက် ၄ ရွက်ရှိသည့် စာရွက်စာတမ်းကို ရရှိသည်။ စာမျက်နှာနံပါတ်တပ်ထားသည်မှာ ၁၊ ၂၊ ၄ နှင့် ၅ တို့ဖြစ်နေပါက စာမျက်နှာ (၃) လိုနေသည်ဟု ယူဆမည် ဖြစ်သည်။ အသေအချာ လေ့လာကြည့်ရှုသောအခါ စာရွက်လိုနေခြင်း မဟုတ်ဘဲ စာမျက်နှာ နံပါတ်စဉ်ရေးထိုးထားသည်မှာ မှားယွင်းနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

ပြဿနာများကို ဖြေရှင်းရန်အတွက် အထောက်အကူဖြစ်ရန်မှာ --

* ပြဿနာများကို အသိအမှတ်ပြုရာ၌ အကူအညီပေးမည့်လုပ်နည်းကိုင်ဟန်များ

* ပြဿနာနှင့် ပတ်သက်သမျှ သိသင့်သိထိုက်သည့် အချက်အလက်များအားလုံး ရရှိကြောင်းသေချာ   စေသည့်နည်းလမ်းများ လိုအပ်ပေသည်။

ပြဿနာများကို အသိအမှတ်ပြုခြင်း ၊

          အဓိကအားဖြင့် ပြဿနာ နှစ်မျိုး ရှိသည်။ ပြုပြင်ထိန်းသိမ်းရမည့် ပြဿနာ များသည် လက်ရှိအခြေအနေ မဖြစ်သင့်သည့်အခြေအနေ ဆိုက်ရောက်နေခြင်း ဖြစ်သည်။ ဖြစ်သင့်ဖြစ်ထိုက်သည့်အတိုင်း ဖြစ်ရန်ပျက်ကွက်နေခြင်း (ဥပမာ ကား ကို စက်နှိုးလိုက်သောအခါ နိုးရမည့်အစား မနိုးခြင်း)ဖြစ်စေ၊ မဖြစ်သင့်သည်ကို ဖြစ်နေခြင်း (ဥပမာ ကားဘီး ကျွတ်ထွက်ခြင်း)ဖြစ်စေ ဖြစ်နေခြင်း ဖြစ်သည်။

          ဒုတိယအမျိုးအစား ပြဿနာများမှာ အောင်မြင်ထမြောက်ခြင်း ပြဿနာများ ဖြစ်သည်။ လက်ရှိအခြေအနေသည် ယခုထက် ပိုကောင်းသင့်ပါလျက် မကောင်းနိုင် ဖြစ်နေရခြင်း ဖြစ်သည်။ ပိုမကောင်းနိုင်ဖြစ်နေစေသည့် အကြောင်းများလည်း ရှိနေသည်။ အောင်မြင်ထမြောက်ခြင်းပြဿနာများကို အုပ်စု ၃ မျိုးခွဲခြားနိုင်သည်။

 * ပန်းတိုင် သို့မဟုတ် ရည်မှန်းချက် အထမမြောက်ခြင်း။ ဥပမာ အလုပ်များအချိန်မီ မပြီးစီးခြင်း။

* ရည်မှန်းချက်ထက် သာလွန်နိုင်ခြင်း။ ဥပမာ တစ်နာရီလျှင် ၈ ကြိမ်ခေါ်နိုင်ပါလျက် ၅ ချိန်သာ ခေါ်ခိုင်းထားခြင်း။

* အခွင့်အလမ်း ရှိနေခြင်း။ ဥပမာ လက်ရှိကြာချိန်ထက် ထက်ဝက်သာ ကြာမြင့်မည့်နည်းလမ်းသစ်ကို ရှာဖွေခြင်း။

          ပြဿနာနှစ်မျိုးနှစ်စားကို ကွဲကွဲပြားပြား ခွဲခြားသိရှိထားဖို့ အလွန်အရေးကြီးပါသည်။ ပြဿနာဖြေရှင်းခြင်းသည် မှားယွင်းသွားသည့်အခါ မှန်အောင် ပြန်ပြင်ပေး ရုံသက်သက်မဟုတ်ချေ။ မိမိ၏ ရည်မှန်းချက်များဖြစ်စေ၊ လျာထားချက်များဖြစ်စေ ချမှတ်ရာ၌လည်း အထောက်အကူပြုပေးပါသည်။ ကျွန်ုပ်တို့၏ ပြုလုပ်ဆောင်ရွက် မှုများကို ပိုကောင်းစေသည်။ အခွင့်အလမ်းများကို ရှာဖွေအသုံးချနိုင်စေသည်။

         ပြဿနာများသည် အမြဲတစေ ထင်ရှားသိသာနေကြသည် မဟုတ်ချေ။ ပြဿနာများသည် အမြဲတစေ လက်ဆုပ်လက်ကိုင် ပြ၍ ရချင်မှ ရမည်။ တစ်ခါ တလေ၌ ချက်ချင်းလက်ငင်း သက်ရောက်မှု မဆိုစလောက်သာ ရှိသည်။ သို့ဖြစ် ရာ ပြဿနာတက်လာလိမ့်မည်ဟုပင် ကျွန်ုပ်တို့ မယူဆမိကြချေ။ ပြဿနာ လုံးဝ မဟုတ်ဟုသာ ယူဆထားပေ၏။ အချို့ ပြဿနာတို့သည် အချိန်ကာလအလျောက်ပြောင်းလဲသွားကြရာ၌ ပိုမိုအရေးကြီးလာခြင်း ရှိသလို အရေးမကြီးတော့သည့် အဖြစ်သို့ ရောက်ရှိသွားခြင်းမျိုးလည်း ရှိပေသည့်အပြင် လုံးဝပျောက်ကွယ်သွား သည်များလည်း ရှိနေပေသည်။ အချို့ပြဿနာတို့သည် ရုတ်တရက် ထပေါ်သည်။ ကြိုတင်သိရှိရခြင်း မရှိချေ။ သက်ရောက်မှုများက သိသာထင်ရှားသည်။

          အောက်ဖော်ပြပါ နမူနာဖြစ်ရပ်တွင် ပြဿနာများ မည်သို့တက်တတ်သည် ကို လေ့လာနိုင်မည် ဖြစ်သည်။

         ကုမ္ပဏီတစ်ခုတွင် အမှာစာများကို ကိုင်တွယ်ပေးရသည့် အလွန်အလုပ်များ သော ဌာနတစ်ခု ရှိပြီး အမှာစာ အများစုမှာ ကုမ္ပဏီငယ်များထံမှသာ လက်ခံရရှိ ခြင်းဖြစ်သည်။ ကုမ္ပဏီသည် အမှာစာ ကြီးကြီးမားမား နှစ်ခုကို လက်ခံရရှိသော အခါ ဝန်ထမ်းများ မနိုင်မနင်း ဖြစ်ကုန်ကြသည်။ မန်နေဂျာက လူထပ်ငှားပြီး ဖြေ ရှင်းရန် ဆုံးဖြတ်လိုက်သော်လည်း အချိန်ယူလုပ်ကိုင်ဖို့ လိုအပ်ပေရာ အမှာစာ အချို့မှာ နှောင့်နှေးခဲ့ရသည်။ ကုမ္ပဏီ၏ မူလရည်မှန်းချက်မှာ အမှာစာ ရလျှင် ရချင်း ချက်ချင်း လုပ်ကိုင်ဆောင်ရွက်ပေးရန် ဖြစ်သည်။ ပုံမှန်အားဖြင့် နေ့ဘက် အလုပ်ချိန်အတွင်း အလျင်အမြန် လုပ်ကိုင်ဆောင်ရွက်ပေးရန် ဝန်ထမ်းအင်အား အလုံအလောက် ရှိနေသည်။

          အမှာစာအကြီးစား နှစ်ခု ရရှိလိုက်ခြင်းကြောင့် ချက်ချင်းလုပ်ကိုင်ပေးရမည် ဟူသော ရည်မှန်းချက်သည် အတိုင်းအဆ ကြီးမားသွားစေခဲ့သည်။ အလုပ်ဝန်ထုပ် မှာလည်း သိသိသာသာ ကြီးထွားသွားခဲ့ရသည်။ သို့ဖြစ်ရာ ရည်မှန်းချက် ပြည့်ဝ ရေးကို အောင်မြင်ထမြောက်အောင် မဆောင်ရွက်နိုင်တော့ချေ။ အဟန့်အတားရှိနေစေတော့သည်။

          အဟန့်အတားက ရည်မှန်းချက်ပြည့်ဝစေရေး မရရှိအောင် ဟန့်တားထား လိုက်သည့်အတွက် ပြဿနာ တက်ခဲ့ရပေသည်။ အဟန့်အတားနှင့် ရည်မှန်းချက် တို့သည် အရွယ်ပမာဏ ကြီးမားနိုင်သလို သေးငယ်၍လည်း ရနိုင်သောအရာများ ဖြစ်ကြသည်။ ဤအပြောင်းအလဲများအရ ပြဿနာကို မည်သို့ဖြေရှင်းမည် ဆိုသည်ကို စဉ်းစားဆုံးဖြတ်ရမည် ဖြစ်သည်။ ရည်မှန်းချက်ဖြစ်စေ၊ လျာထားချက် ဖြစ်စေ အပြောင်းအလဲ ရှိတတ်သည်ကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး အလား အလာရှိနေသော အဟန့်အတားများကို ဖော်ထုတ်သတ်မှတ်ကာ ပြဿနာ မတက်အောင် ကာကွယ်ခြင်းကို ဖြစ်စေ၊ ပြဿနာတက်လာပါက တက်တက်ချင်း မှာပင် ကိုင်တွယ်ဖြေရှင်းနိုင်ရန် လူတိုင်းကို အသင့်ပြင်ပေးထားခြင်းကို ဖြစ်စေ လုပ်ကိုင်ဆောင်ရွက်ပေးထားနိုင်မည် ဖြစ်သည်။

          ပြဿနာ ဖြစ်ပေါ်နိုင်သည့် နေရာများကို ဖော်ထုတ်သတ်မှတ်ခြင်းသည် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန်အတွက် အထောက်အကူ ပေးသည်။ ပြဿနာများကို ရှာဖွေသိမြင်နိုင်စေသော လုပ်နည်းကိုင်ဟန်များ ရှိနေခြင်းသည် ပြဿနာများ ရှိနေခြင်းကို သိစေရာ၌ ထိထိရောက်ရောက် ရှိစေမည်ဖြစ်သည်။ ဥပမာအားဖြင့် ယာဉ်ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးပေးခြင်းဖြင့် ယိုယွင်းစပြုသော အစိတ်အပိုင်းများ ရှိနေသည်ကို သိရှိနိုင်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်နိုင် စေမည် ဖြစ်သည်။ .

          အလုပ်၌ လုပ်ကိုင်ပြီးစီးမှုများကို စောင့်ကြည့်ပေးခြင်းဖြင့် လျာထားချက် ဖြစ်စေ၊ စံသတ်မှတ်ချက်ကို ဖြစ်စေ ပြည့်မီမည် မဟုတ်ကြောင်း သိရှိနိုင်သည်။ အခြားသူများကို စောင့်ကြည့်ခြင်းနှင့် နားထောင်ပေးခြင်းတို့ဖြင့် ပြဿနာအရင်းခံ အဖြစ် ထင်ဟပ်မည့် အပြောင်းအလဲတို့ကို သိရှိနိုင်သည်။

          စနစ်ကျနသော လုပ်နည်းကိုင်ဟန်များကြောင့် တိုးတက်ကောင်းမွန်စေရေး အတွက် အခွင့်အလမ်းများကို ရရှိစေနိုင်သည်။ ချမှတ်ထားသော လျာထားချက် များဖြစ်စေ၊ စံသတ်မှတ်ချက်များဖြစ်စေတို့သည် ထိုထက်မက ကျော်လွန်ပြီး လုပ်ကိုင်ပေးနိုင်ခြင်း ရှိမရှိ ဆိုသည်ကို ဆန်းစစ်ရမည်။ လျာထားချက်အသစ်များ ချမှတ်ဖို့ ဖြစ်နိုင်မဖြစ်နိုင်ဆိုသည်ကိုလည်း ဆန်းစစ်ရမည်။

          အရေးကြီးသည့် အချက်တစ်ချက်မှာ ပြဿနာများကို အပေါ်ယံရှပ်ကြည့်ပြီး