Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဒိုဂျေဆန်း - နေ့ရက်တိုင်းအတွက်အချိန်စီမံခန့်ခွဲနည်း

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
ကောင်းရာညွန်ပြသူ၏အသိပေးချက်။
မိမိ၏အချိန်အပေါ်သြဇာညောင်းကာစီမံခြင်း

          လူတွေ အချိန်မလောက်လျှင် စိတ်မှာ ကသီကရီ ဖြစ်ရသည်။ ကျွန်ုပ်အဖို့ အမြဲတစေ ရယ်စရာကောင်းနေသည်။ အကြောင်းမှာ အချိန် သည် ပုံသေဖြစ်သည်။ ကျွန်ုပ်တို့အားလုံး ညီတူမျှတူရရှိကြစမြဲ ဖြစ် သည်။ သို့ပါလျက် မည်သည့်ပြဿနာတက်နေရသနည်း။

          တကယ့်လက်တွေ့၌ ကျွန်ုပ်တို့သည် တကယ် မချင့်မရဲ စိတ်ထဲ ဖြစ်နေကြရသည်မှာ အောက်ဖော်ပြပါ အချက်နှစ်ချက်မှ တစ်ချက်ကြောင့် ဖြစ်သည်။

 ©          ကျွန်ုပ်တို့ ပြီးမြောက်အောင် လုပ်ရမည် သို့မဟုတ် လုပ်သင့်သည် ကို မပြီးမစီးဖြစ်ခဲ့လျှင် ကျွန်ုပ်တို့စိတ်ထဲ အနှောင့်အယှက် ဖြစ်ရတော့သည်။

©          ကျွန်ုပ်တို့ ထိန်းချုပ်ကွပ်ကဲမှုဆုံးရှုံးသွားပြီး လက်ပိုက်ကြည့်နေရသောအခါ၌ စိတ်ထဲ မချင့်မရဲဖြစ်သည်။

          ယခုဤနည်းပေးလမ်းပြစာအုပ်သည် တစ်နေ့တာအတွက် ရရှိသည့် အချိန်ကို ထပ်ဆောင်းပေးဖို့ မစွမ်းသာသော်လည်း မိမိ၏ လျာထား ချက်ပန်းတိုင်များကို ပြီးမြောက်စေဖို့ ဖြစ်နိုင်စရာလမ်းများ ပိုမိုကောင်း မွန်စေရန်နှင့် အခြေခံအားဖြင့် မိမိ၏ ကွပ်ကဲမှု ရရှိသည်ဟု ခံစားနိုင်ရန် တို့အတွက် အထောက်အကူပြုပေးနိုင်ပါသည်။ ။

        ဤနည်းပေးလမ်းပြစာအုပ်ကို လေ့လာဖတ်ရှုသောအခါ စဉ်းစား ဆင်ခြင်စရာ အခရာကျသည့် သဘောတရားနှစ်ချက်ရှိသည်။ တစ်ခုသည် အချိန်ကို ဩဇာညောင်းခြင်းနှင့် ကျန်တစ်ခုသည် အချိန်ကိုစီမံခြင်း ဖြစ်သည်။

           မိမိတို့၏ အချိန်အပေါ် သြဇာညောင်းနိုင်ကြသူတို့သည် လုပ်ရကျိုး အနပ်ဆုံးဖြစ်စေမည့် အရေးအပါဆုံးအရာများအတွက် အချိန်ကို ခွဲဝေ သတ်မှတ်ပေးနိုင်ကြသည်။ အချိန်ကို သြဇာညောင်းနိုင်ကြသူတို့သည် ခုံသမာဓိတစ်ဦး စီရင်ဆုံးဖြတ်သည့်အတိုင်း အချိန်ကို မည်သို့သုံးစွဲရ မည်ဆိုသည်ကို စဉ်းစားဆုံးဖြတ်ကြသည်။ သူတို့၏ စိတ်ထဲ၌ ရှင်းလင်း ပြတ်သားသော အကြံအစည်နှင့် အစီအစဉ်များ ရှိနေသည်။

          တခြားတစ်ဖက်၌ အချိန်စီမံခြင်းရှိနေပြီး ထိုအကြောင်းကို ရေးသား ထားသည့် စာအုပ်စာတမ်း အများအပြားရှိနေသည်။ ကျွန်ုပ်တို့ ဖတ်ဖူး ကြားဖူးထားပြီးသားဖြစ်သည်။ အချိန်စီမံခြင်းသည် စည်းကမ်းတကျ လုပ်ကိုင်ခြင်းဖြစ်သည်။ လိုက်နာဆောင်ရွက်ခြင်းဖြင့် အကောင်အထည် ဖော်ခြင်းဖြစ်သည်။ အချိန်လေလွင့်မှု ကင်းပသေချာအောင်လုပ်သည်။ ချမှတ်ထားသည့် အစီအစဉ်အတိုင်း မသွေဖည်ဘဲ လုပ်ကိုင်တာသေချာ အောင်လုပ်သည်။

          အခြေခံအားဖြင့်ဆိုရလျှင် အချိန်စီမံခြင်းသည် လုပ်ကိုင်စရာများ စာရင်းပြုစုသည်ထက် များစွာပိုသည်။ ၎င်းသည် တတ်သိလိမ္မာမှုတစ်ခု ဖြစ်သည်။ မိမိဘာသာ အကဲဖြတ်ခြင်း၊ ကြံစည်ကာ အစီအစဉ်ရေးဆွဲ ခြင်း၊ အမြဲမပြတ် နည်းလမ်းတကျရှိစေခြင်းနှင့် ပိုမိုတိုးတက်ကောင်းမွန် စေခြင်းတို့သည် အချိန်စီမံခြင်းတွင် အကျုံးဝင်နေကြသည်။

          မှန်ရာကိုဆိုရပါလျှင် အချိန်စီမံခြင်းတွင် ဆရာကြီးတစ်ဆူဟု ကိုယ့် ကိုယ်ကိုယ် ခံယူထားကြသူတို့သည်ပင်လျှင် လျော့ရိလျော့ရဲဖြစ်နေသည် များ ရှိနေပေသည်။ သို့ဖြစ်ရာ ဤနည်းပေးလမ်းပြစာအုပ်သည် အချိန် စီမံခြင်းကို ပိုကောင်းအောင်ရန်အတွက် လေ့လာလိုသူအတွက် လည်းကောင်း၊ အချိန်ထိရောက်စွာသုံးစွဲမှုကို လုပ်နည်းကိုင်ဟန် အသစ်ဖြင့် လုပ်ကိုင်လိုသူအတွက်လည်းကောင်း အကူအညီပေးနိုင်မည် ဖြစ်သည်။

          ဤနည်းပေးလမ်းပြစာအုပ်ကို မွေ့လျော်စွာဖြင့် ဖတ်ရှုလေ့လာ လိုက်မည်ဆိုပါလျှင် စာအုပ်မှပေးအပ်လိုက်သည့် ကိရိယာတန်ဆာပလာ တို့ဖြင့် စာရှုသူသည်

©           အချိန်အပေါ် သြဇာညောင်းခြင်း၏ အရေးပါပုံကို ပိုကောင်းသော သဘောပေါက်နားလည်ခြင်များကို ရရှိမည်။

©        မိမိ အချိန်သုံးစွဲနေပုံကို အကဲဖြတ်ကြည့်နိုင်မည်ဖြစ်ပြီး ပိုမိုတိုးတက်ကောင်းမွန်စေမည့် အခွင့်အလမ်းများကို ဖော်ထုတ်နိုင်မည်။

©      မိမိ၏အချိန်အပေါ် သြဇာညောင်းရန်အတွက်အစီအစဉ်ကိုကြံစည်လုပ်ကိုင်နိုင်မည်။ ထိုအခါ မိမိ၏ ရည်မှန်းချက်ပန်းတိုင်များ အထမြောက်စေဖို့ ပိုမိုနီးစပ်သွားမည်။

©       မိမိ၏ အချိန်တို့ကို မည်သို့စီမံရမည်ဆိုသည်ကို ပိုကောင်းသော သဘောပေါက်နားလည်ခြင်းများကို ရရှိမည်။ တိတိကျကျဆိုရလျှင်အချိန်ဇယားကွက် မည်သို့ပြုရမည်ကို သဘောပေါက်သွားမည်။

©     အချိန်၏ နဂိုရှိရင်းစွဲ ကန့်သတ်ချုပ်ချယ်မှုကို အသိအမှတ်ပြုခြင်းနှင့်ဘဝတစ်သက်တာတစ်လျှောက်အဖိုးတန်အရင်းအမြစ်ဖြစ်သည့် အချိန်အပေါ် အမြတ်ထုတ်ရန် စူးစမ်းရှာဖွေကြသော တခြားသူတို့ ၏ အတွေ့အကြုံများမှတစ်ဆင့် ထိုးထွင်းအမြင်နှင့် လက်တွေ့ အသုံးကျသော အကြံပေးချက်တို့ကို ရရှိမည်။

          ကျွန်ုပ်တို့ ပိုမိုသင်ယူနိုင်သည်နှင့်အမျှ ကျွန်ုပ်တို့ ပိုမိုတတ်သိလိမ္မာ လာမည် ဖြစ်သည်။ ထိုအခါ ကျွန်ုပ်တို့၏ အောင်မြင်မှုများနှင့် အထ မြောက်မှုများအပေါ် ရွှင်လန်းရမည် ဖြစ်သည်။

ကံကောင်းပါစေ။