Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဒိုဂျေဆန်း - တစ်မူထူးခြားအောင်လုပ်ပါ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

မိတ်ဆက်

          ဒီစာအုပ်ဟာ ဖတ်လိုက် တွေးဆလိုက်နဲ့ သွားရမယ့် စာအုပ်မျိုး ဖြစ်ပါတယ်။ အခန်းတိုင်းမှာ အရေးပါတဲ့ အတွေးတွေ တွေးမိစေဖို့အတွက် အစကလေးတွေ ထောင်ထားတယ်။

          ဒီစာအုပ်ဟာ တစ်မူထူးခြားမှုကို ရရှိအောင် လုပ်ပေးနိုင်မယ့် စာအုပ်လည်း ဖြစ်ပါတယ်။

ဒီစာအုပ်ဟာ  Tim Drake ရေးသားပြု့စုတဲ့ . HOW TO MAKE A DIFFERENCE -Make It Happen and Fulfil Your Potential ကို ပြန်မာမှုပြု့ထားတဲ့ စာအုပ်ဖြစ်ပါတယ်။

          ဒီစာအုပ်ဟာ စာရှုသူရဲ့ ရည်ရွယ်ချက်ကို မိမိဘာသာ တွေ့ရှိပြီး သိသွားစေ ခြင်းဖြင့် ဘဝကို ပြောင်းလဲပေးမယ့် ဘဝလမ်းညွှန်လည်း ဖြစ်ပါတယ်။ ပြီးတော့ တစ်မူထူးခြားအောင် လုပ်ပေးနိုင်သူ အဖြစ်ကိုလည်း ရရှိဦးမှာ ဖြစ်ပါတယ်။

          တစ်မူထူးခြားအောင် ကြံဆလုပ်ဆောင်နေကြရတဲ့ အချိန်အခါမှာ အဲဒီစကား လုံးက ပုံဆောင်မဲ့ဖြစ်နေပြီး အတော်လည်းကြီးကျယ်နေတဲ့အပြင် သူ့ကို ကိုင်တွယ် ရလွယ်ကူအောင် လက်ကိုင်တပ်ဖို့ဆိုတာကလည်း ခက်ခဲပါတယ်။

          အဲဒီလို ကြီးကျယ်နေတဲ့ “တစ်မူထူးခြားအောင်လုပ်ခြင်းကို တစ်ကိုက်စာ အတုံးအတစ်ကလေးဖြစ်အောင် ဒီစာအုပ်မှာ လုပ်ပေးထားပါတယ်။ အရင်ဆုံး မိမိရဲ့ ရည်ရွယ်ချက်နဲ့ အသုံးဝင်ပုံကို ရှာဖွေသိရှိပြီး ဘဝကို အဓိပ္ပာယ်ရှိသွားအောင်လုပ်ဖို့ ကိရိယာတန်ဆာပလာတွေကို ပေးထားပါတယ်။ ကိုယ့်ရဲ့ တန်ဖိုးကို ရှာ တွေ့ဖို့ မြေပုံနဲ့ ဘယ်ဟာက မိမိကို ရွှေ့ပေးတာလဲဆိုတာကို သိနိုင်ဖို့ တင်ပြပေး ထားပါတယ်။ ပြီးတဲ့အခါမှာ မိမိရဲ့ အစွမ်းသတ္တိတွေကို ပြည့်ဝအောင် လှုပ်ရှား လုပ်ကိုင်စဉ်မှာ ခြေလှမ်းတိုင်း နေရာမှန်မှန် ခြေချနိုင်တာ သေချာစေဖို့အတွက်ကို နည်းပေးလမ်းပြထားပါတယ်။

          ကျောရိုးပြုထားတဲ့စာအုပ်ကို ယခင်တုန်းက ၂၀၀၆ခုနှစ်မှ ထုတ်ဝေခဲ့ပြီး နောက်တစ်ကြိမ်ထုတ်တော့ ပြန်ပြင်ရေးပြီး ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ဘဝရဲ့ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိလိုကြတဲ့ ဆန္ဒတွေ ပိုပြင်းပြလာကြတဲ့ ယနေ့အချိန်အခါ နဲ့ အပ်စပ်အောင် ပြန်ပြင်ရေးခဲ့တာ ဖြစ်ပါတယ်။ ချက်ချင်းလက်ငင်းနဲ့ ရေရှည် အတွက် ပျော်ရွှင်သုခ ရကြစေဖို့ မိမိရဲ့ အလားအလာကောင်းတွေကို ပြည့်ဝစေ ခြင်းဖြင့် တစ်မူထူးခြားသွားတဲ့ ဘဝတွေကို ရရှိသွားစေမှာ ဖြစ်ပါတယ်။ ရလဒ် အဖြစ် ခါတိုင်းထက် ပိုပျော်ရွှင်တဲ့သူ ဖြစ်သွားမယ်။ သူများတွေ အကျိုးရှိအောင် လုပ်ပေးရင်း ကိုယ်တိုင်လည်း အကျိုးရှိသွားမှာ ဖြစ်ပါတယ်။

          နှစ်ဦးနှစ်ဖက်အကျိုးရှိဖို့ကို သတိမူဖို့ အရေးကြီးပြီး သာယာမျှတဖို့လည်း လို ပါတယ်။ အခြားသူတို့ကို အကူအညီတွေနဲ့ တန်ဖိုးထားတာတွေကို အများဆုံး ပေး နိုင်မယ့် လုပ်ကိုင်ဆောင်ရွက်မှုတွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မိမိကိုယ်မိမိ ကျေနပ်အားရမှုတွေနဲ့အတူ ပြည့်ဝခြင်းတွေ အများဆုံး ရရှိစေရမှာ ဖြစ်ပါတယ်။ စီမံကိန်းချပြီး လုပ်ကိုင်တဲ့အခါ ဇွဲရှိရှိနဲ့ ထိန်းထားဖို့လိုပြီး အဲဒီအတွက် ရည်ရွယ်ချက်နဲ့ ဘဝကို အဓိပ္ပာယ်ရှိအောင် လုပ်ထားဖို့ အရေးကြီးပါတယ်။ ကိုယ် လုပ်တဲ့ အလုပ်ဟာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရမှလည်း ဘာကြီးဖြစ်နေနေ တိုက်ပွဲ ကို ဆက်လက်ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။

          တစ်ဦးတစ်ယောက်အနေဖြင့်ဖြစ်စေ၊ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ်ဖြင့် ဖြစ်စေ တစ်မူထူးခြားအောင် လုပ်နိုင်လို့ ကျေနပ်အားရမှုတွေ ရရှိမယ်။ အားတက် စရာကောင်းတာက မီဒီယာတွေမှာ မကောင်းပြောကြတာကို ကြုံနေရပေမဲ့ စီးပွား ရှာလုပ်ငန်းလောကရဲ့ ထိပ်သီးဦးဆောင်သူတွေဟာ ကောင်းရာမွန်ရာတွေကို လုပ် ကိုင်လာနေကြတယ်။ လူမှုအဖွဲ့အစည်းရဲ့ အပြောင်းအရွေ့ကို ပိုဖွင့်ပေးနေတယ်။ သူတို့ရဲ့ ဝန်ထမ်းတွေနဲ့ စားသုံးသူတွေကို ထိတွေ့တာမှာ အကျိုးဖြစ်ထွန်းဖို့ဆိုတာ လူမှုအဖွဲ့အစည်းအတွက် တန်ဖိုးတွေ ဖန်တီးပေးဖို့ လိုအပ်ကြောင်း သဘောပေါက် ထားကြပါတယ်။ ဒီတော့ သူ့အဖွဲ့အစည်းအတွက်ဖြစ်စေ၊ လူမှုအဖွဲ့အစည်းအတွက် ဖြစ်စေ တန်ဖိုးတွေ ဖန်တီးပေးနိုင်ဖို့ မိမိရဲ့ ဝန်ထမ်းတွေကို အခွင့်အလမ်းတွေ ဖန် တီးပေးတဲ့အပြင် တိုက်တွန်းအားပေးခြင်းကိုလည်း ပြုကြပါတယ်။

          တစ်မူထူးခြားသွားအောင် တစ်ဦးတစ်ယောက်ကို လည်းကောင်း၊ အဖွဲ့ အစည်းကို လည်းကောင်း၊ လူမှုဝန်းကျင်ကိုလည်းကောင်း လုပ်ကိုင်ပေးနိုင်ပါတယ်။ အဲဒီလို တစ်မူထူးခြားအောင် သေးသေးပဲဖြစ်ဖြစ်၊ ကြီးကြီးပဲဖြစ်ဖြစ် လုပ်ကိုင်ကြ တာမှာ ဦးစီးဦးဆောင်နေရာမှာ နေရာယူပြီး အရွယ်အစား ကြီးကြီးမားမားဖြင့် လုပ်ကိုင်သူတွေကို တစ်မူထူးခြားမှု မောင်းနှင်သူများလို့ ဒီစာအုပ်မှာ ခေါ်ဝေါ်သုံးစွဲ ထားပါတယ်။ ပူးပေါင်းပါဝင်ကြသူတွေကိုတော့ တစ်မူထူးခြားမှုပေးပို့သူလို့ ခေါ် ဝေါ်သုံးစွဲထားပါတယ်။ တစ်ဦးတစ်ယောက်ကို တစ်မူထူးခြားအောင် လုပ်ကိုင်ပေး သူကို အကျိုးပြုနိုင်စွမ်းရှိသူလို့ ခေါ်ဝေါ် သုံးနှုန်းထားပါတယ်။

          တစ်မူထူးခြားမှု မောင်းနှင်သူများနဲ့ ပေးပို့သူများအဖို့ အရွယ်အစားက ကြီးမားနိုင်ပါတယ်။ ဥပမာအားဖြင့် ၁၉ရာစုမှာ ကျွန်စနစ်ပပျောက်စေပြီး တစ်မူ ထူးခြားအောင် လုပ်ကိုင်ခဲ့တာမျိုးဟာ အရွယ်အစားကြီးမားပါတယ်။ အဲဒီတုန်းက တစ်မူထူးခြားမှုမောင်းနှင်သူအဖြစ် ဝဲလ်ဘာဖို့စ်က လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတုန်းက ဖြစ်ပေါ်နေတဲ့ စီးပွားရေးအခြေအနေတွေက လုပ်သားကို အခမဲ့ရရှိ နိုင်မှုအပေါ်မှာ တည်မှီနေပါတယ်။ ဒီတော့ ကျွန်စနစ်ပပျောက်ဖို့ အပြောင်းအရွေ့ ကို ဆန့်ကျင်ကြပါတယ်။ ဒါပေမဲ့ ဝဲလ်ဘာဖို့စ်နဲ့ သူ့နောက်လိုက်တွေက အစိုးရကို ဖိအားပြင်းပြင်းထန်ထန်ပေးနိုင်ခဲ့တာကြောင့် ကျွန်ပိုင်ရှင်တွေကို အစိုးရမှ လျော်ကြေးငွေတွေ ပေးပြီး ကျွန်တွေကို ကျွန်ဘဝမှ လွတ်မြောက်စေခဲ့ခြင်းဖြင့် ကျွန် စနစ် နိဂုံးချုပ်ခဲ့ပါတယ်။ အဲဒီခေတ်က ငွေတန်ဖိုးအရ ပေါင်ပေါင်း သန်းချီပြီး ကုန် ကျခဲ့ပါတယ်။

          အကျိုးပြုနိုင်စွမ်းရှိသူကျတော့ ဘဝကို ပြောင်းလဲပေးဖို့အတွက် အထောက် အကူနဲ့ ဂရုတစိုက်လုပ်ကိုင်ပေးခြင်းတို့ဖြင့် လုပ်ကိုင်ဆောင်ရွက်ပါတယ်။ မိမိအနေ ဖြင့် တစ်မူထူးခြားအောင် လုပ်ကိုင်ပေးနေမှန်း မသိတာ၊ သတိမမူမိတာတွေလည်း ရှိနေပါတယ်။

အဓိပ္ပာယ်ရှာဖို့ ဆန္ဒ ဘာကြောင့် ပြင်းပြကြရတာလဲ

          တစ်မူထူးခြားအောင် ပြုကြတဲ့သူတွေမှာ တူညီတဲ့ အချက်တစ်ခု ရှိတယ်။ သူတို့မှာ ခံယူထားတဲ့ ကိုယ်ကျင့်တရား ရှိနေပြီး အဲဒီကိုယ့်ကျင့်တရားက တားထားတဲ့ စည်းက သူတို့လုပ်တဲ့ အလုပ်အပေါ် အဓိပ္ပာယ် ပြည့်ဝနေစေတာ ဖြစ်ပါတယ်။ အဓိပ္ပာယ် သူဘာသာသူ အကောင်အထည်ပေါ်ထွက်လာတာမှာ နည်းလမ်း အသွယ်သွယ် ရှိနေပေမဲ့ ပေါင်းစည်းပေးတဲ့ သီကြိုးက ကျွန်တော်တို့ ဘယ်သူလဲ ဆိုတဲ့အချက်နဲ့ ဘာကို မြတ်နိုးသလဲဆိုတဲ့အချက်တို့ကနေ ထွက်ပေါ်လာပါတယ်။ အဲဒီသီကြိုးသာ မရှိခဲ့ရင် ကျွန်တော်တို့မှာ ဦးတည်ချက်အတိုင်း ရွေ့နေအောင် ထိန်းကျောင်းစရာ ပဲ့မရှိတဲ့အတိုင်း ဖြစ်နေပါလိမ့်မယ်။ ကျွန်တော်တို့ဟာ မိမိလိပ် ပြာရဲ့ မာလိန်မှူးအဖြစ်မှာ မရှိနိုင်တော့ဘူး။ ကျွန်တော်တို့ လုပ်ကိုင်နေတာတွေမှာ အဓိပ္ပာယ် ရှာမတွေ့နိုင်တော့ဘူး။ ကျွန်တော်တို့ တန်ဖိုးထားတာတွေအပေါ်မှာ လည်း သစ္စာဖောက်မိလိမ့်မယ်။ ဟာတာတာကြီးဖြစ်နေပြီး စိတ်ဓာတ်ကျလိမ့်မယ်။

          ကျွန်တော်တို့ ဘဝအဓိပ္ပာယ်ရှိစေမယ့် အရေးပါအရာရောက်တဲ့ အရာကို ချိတ်ဆက်ထားနိုင်ဖို့ ပြင်းပြတဲ့ဆန္ဒ တိုးများလာနေတယ်။ အဲဒါကို တစ်မူထူးခြား စေလိုတဲ့ စေတနာလို့ ဒီစာအုပ်မှာ သုံးနှုန်းထားပါတယ်။ အဲဒီစေတနာဆန္ဒ ဘယ်က ရောက်လာပါသလဲ။ ကျွန်တော်တို့ရဲ့ လူမှုဝန်းကျင် အပြောင်းအရွေ့တွေ ဖြစ်ပေါ်နေတာကနေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

          ပေါင်းစည်းမှုတွေ ဖြစ်ပေါ်တာကြောင့် လူမှုအသိုင်းအဝိုင်းမှာ ဘုံအဖြစ်ထားရှိ လို့ရတဲ့အရေးကို အလေးထားလာကြတယ်။ အတိုင်းအတာကြီးမားတဲ့ ပဋိပက္ခတွေလျော့ကျနေပြီး တိုင်းပြည်အတွက် အဓိပ္ပာယ်ရှိတာတွေကို လုပ်ကိုင်ဆောင်ရွက်လာ ကြတယ်။ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှုကို ထိပါးလာတဲ့အခါ လူထုက စည်းလုံး လိုက်ကြပြီး အောင်ပွဲရအောင် လုပ်ကိုင်ဆောင်ရွက်ကြတယ်။ မိမိနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသားတွေ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ဖို့အတွက် မိမိ အသက်ကို ပဓာန မထားဘဲ လုပ်ကိုင်ဆောင်ရွက်ကြတယ်။

          ပျက်စီးရာပျက်စီးကြောင်းအတွက် စေတနာပါတဲ့ လူမှုမူဝါဒတွေကို ခုခံဆန့် ကျင်တာဟာလည်း အဓိပ္ပာယ်ရှိတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ အဲဒီမှာ ပြဿနာ ရှိတာက အရေးအောင်ဖို့ လုပ်ကိုင်ကြချိန်မှာ အဓိပ္ပာယ်ရှိတဲ့ ရည်ရွယ်ချက်ရှိနေပြီး အရေးအောင်ပြီးချိန်မှာတော့ ရည်ရွယ်ချက် ဆုံးခန်းတိုင်သွားပြီမို့ ဟာတာတာကြီး ဖြစ်ရတဲ့အပြင် စိတ်ဓာတ် အကြီးအကျယ်ကျဆင်းပါတယ်။

          အခုအခါမှာ ဘာကိုရရှိလိုက်လို့ ကျေနပ်အားရ ဖြစ်မိသလဲဆိုတာက အရင်ကနဲ့ မတူတော့ဘူး။ ရုပ်ဝတ္တုပစ္စည်းဥစ္စာတွေရလို့ ကျေနပ်အားရ ဖြစ်မိရတာ တွေအပြင် အဓိပ္ပာယ်ရှိတဲ့ ကျေနပ်အားရမှုတွေကိုလည်း ရချင်ကြတယ်။ မျိုးဆက်သစ်တွေအနေဖြင့် မြေကမ္ဘာရဲ့ ဂေဟစနစ်ကို စောင့်ရှောက်ပေးနိုင်တာမျိုးကို ကျေနပ်အားရ ဖြစ်မိကြလိမ့်မယ်။ သူတို့အနေဖြင့် ကားကောင်းကောင်းဝယ်စီးနိုင် လို့ ကျေနပ်အားရ ဖြစ်မိမှာ မဟုတ်ဘူး။ ဝတ်ကောင်းစားလှ ဝတ်စားဆင်ယင်နိုင် လို့ ကျေနပ်အားရ ဖြစ်မိမှာ မဟုတ်ဘူး။ ပြည်ပကို အပန်းဖြေခရီးသွားနိုင်တဲ့ ကြိမ် ရေများလို့ ကျေနပ်အားရ ဖြစ်မိမှာ မဟုတ်ဘူး။ ရုပ်ရှင်မင်းသားကျော်သူလို နိဗ္ဗာန်ယာဉ်ကို ကိုယ်တိုင်မောင်းရတာမျိုးကို ကျေနပ်အားရ ဖြစ်ကြမယ်။ ကျော်သူ လို တစ်မူထူးခြားမှု ပေးပို့သူ အဖြစ်ဖြင့် စတင်ပြီး တစ်မူထူးခြားမှု မောင်းနှင်သူ အဖြစ်ကို ရောက်ရှိတာမျိုးကို အားကျကြမယ်။

          ကျွန်တော်တို့ လုပ်ကိုင်နေတာတွေမှာ အဓိပ္ပာယ်ရှိရှိဖြစ်စေချင်တဲ့ ဆန္ဒတွေ ရှိနေကြတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် အပြိုင်အဆိုင်တွေကြမ်းလာတဲ့ ဖိအားကြောင့် ဒဏ်ပိနေကြတယ်။ လူလျှော့ချပြီး ကုန်ကို ပိုများများထုတ်လုပ်နိုင်အောင် လုပ်ကိုင်လာကြရတယ်။ ဒီတော့ အလုပ်ဝန်ထုပ်ပိုများသွားစေတယ်။ အချိန်ဆင်းရဲမွဲတေမှုတွေ ပေါ်ပေါက်စေတယ်။ လူအဖြစ်ဖြင့် နေထိုင်နေတာ အတွက် လူဖြစ်ရကျိုးနပ်မှ နပ်ရဲ့လားဆိုတဲ့ မေးခွန်း ထွက်ပေါ်လာစေတယ်။

          အဲဒီအကြောင်းအချက်တွေက ဘဝရဲ့ တည်ငြိမ်တဲ့ ဗဟိုချက်ကို ရှာဖွေဖို့ဆန္ဒ ကို အားသွင်းပေးနေတယ်။ အဲဒီ ဗဟိုချက်မှာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကို တို့ထိနိုင်မှာ ဖြစ်ပါတယ်။ လူအဖြစ်ဖြင့် နေထိုင်ခြင်းကို အတည်ပြုပေးနိုင်မှာ ဖြစ် ပါတယ်။ အဲဒီဗဟိုချက်မှာ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိမှာ ဖြစ်ပါတယ်။ အဲဒီလို ဗဟိုချက်ကို ရောက်ရှိတဲ့ အခိုက်အတန့်တွေဟာ အလွန့်အလွန်ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ဖြစ်ပါတယ်။ အဲဒီအခိုက်အတန့် အကောင်းစားတွေမှာ ကျွန်တော်တို့ တန်ဖိုးအသစ်တချို့ကို ဖန်တီးပေးနေကြတယ်။ အဲဒီလို ဖန်တီးပေး ခြင်းကြောင့် ကျွန်တော်တို့ သမိုင်းတွင်ကျန်ရစ်မှာ ဖြစ်ပါတယ်။ ငယ်ချင်ငယ်မယ်။ ကြီးချင်ကြီးမယ်။ သမိုင်းတွင်ကျန်ရစ်မှာ သေချာပါတယ်။ ကျွန်တော်တို့မှာ ရှိနေ တဲ့ ဒဏ်ပိနေတာတွေနဲ့ ဖိအားတွေကို အဓိပ္ပာယ်ရှိတဲ့ဟာတွေအဖြစ်သို့ ပြောင်းလဲ ပေးလိုက်ကြမှာ ဖြစ်ပါတယ်။

          ကျွန်တော်တို့ ဘဝဇာတ်ကြောင်းကို ပြန်ပြောပြဖို့အတွက် အဓိပ္ပာယ်ရှိတာတွေ လုပ်ကိုင်ပေးထားဖို့ လိုအပ်ပါတယ်။ ဘဝဇာတ်ကြောင်းကို ပြောပြတဲ့အခါ အစဉ် အတိုင်း ပြောပြကြရပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝမှာ ဖြစ်ပွားနေတဲ့ အဆီအဝေါ် မတည့်တာတွေကို အဆီအငေါ်တည့်အောင် ဇာတ်ကြောင်းကို ခင်းကြရပါတယ်။