စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 6

စိတ်ကူးချိုချိုစာပေ

ဒဂုန်ဦးထွန်းမြင့် - အခြခံဗုဒ္ဓဘာသာ

ဒဂုန်ဦးထွန်းမြင့် - အခြခံဗုဒ္ဓဘာသာ

ပုံမှန်ဈေး 900 Ks
ပုံမှန်ဈေး 1,000 Ks ရောင်းဈေး 900 Ks
ရောင်းရန် ရောင်းကုန်ပြီ
စာအုပ်အမျိုးအစား

:: ဤစာအုပ်ကို စာမြည်းဖတ်လိုပါက “စာမြည်းရန်အီးဘွခ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် ၄င်းအီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊

:: ပုံနှိပ်စာအုပ် ၀ယ်ယူရန်အတွက်မူ “ပုံနှိပ်စာအုပ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍၀ယ်ယူပေးပါ။
---------------------------

အခြေခံဗုဒ္ဓဘာသာ 

နမောတဿဘဂဝတော အရဟတော

သမ္မာသမ္ဗုဒ္ဓဿ

၁။ ကောင်းတာ မကောင်းတာ နှစ်ခုကွဲအောင်

ပိုင်းဖြတ်ဝေခွဲ သိပါလေ၊

အပြစ်ကင်းသည် ဆိုတာမျိုးနှင့်

ကောင်းကျိုးဆောင်က အကောင်းပေ။

အပြစ်ရှိသည် ဆိုတာမျိုးနှင့်

မကောင်းကျိုးဆောင်က မကောင်းပေ။

ကိုယ်ဖြင့်လုပ်သော နှုတ်အပြော

မနောအကြံတွေ၊

လမ်းမှန်တဲ့ ဗုဒ္ဓဝါဒ ဒါကအခြေခံပေ။

          ကိုယ်နဲ့လုပ်တာဖြစ်ဖြစ် နှုတ်နဲ့ပြောတာဖြစ်ဖြစ် စိတ်နဲ့ကြံတာဖြစ်ဖြစ် ဒီအလုပ်ဟာ ကောင်းသလားမကောင်းဘူးလားလို့ ခွဲခြားသိဖို့လိုတယ်။ ကောင်း တယ် မကောင်းဘူးဆိုတာက အပြစ်ကင်းပြီး ကောင်း ကျိုးပေးတဲ့ အလုပ်မျိုးကို ကောင်းတယ်လို့ ဆိုရ တယ်။ အပြစ်မကင်းဘဲ မကောင်းကျိုးပေးတဲ့ အလုပ် မျိုးကို မကောင်းဘူးလို့ ဆိုရတယ်။

          အပြစ် ကင်း မကင်းဆိုတဲ့ စကားမှာလည်း အပြစ်ဆိုတာ အကြမ်းအားဖြင့် သူတစ်ပါးကို ထိခိုက် တာကို အပြစ်လို့ဆိုရတယ်။ သူတစ်ပါးကို ညှဉ်းဆဲ သတ်ဖြတ်မှု၊ သူများပစ္စည်းခိုးမှု၊ သူများသားမယား ဖျက်ဆီးမှု၊ လိမ်လည်မှု၊ ဆဲရေးမှု ကုန်းတိုက်မှု စသည်တို့ဟာ သူတစ်ပါးကို ထိခိုက်တဲ့အပြစ်တွေပဲ။

          ကောင်းကျိုး မကောင်းကျိုးဆိုတာကတော့ ချမ်းချမ်းသာသာ ခံစားရတာကို ကောင်းကျိုး၊ ဆင်းဆင်းရဲရဲ ခံစားရတာကို မကောင်းကျိုးလို့ ခေါ် တယ်။

          ကိုယ်ပြုတဲ့အမှုဟာ (ကိုယ်နဲ့လုပ်တာဖြစ်ဖြစ်၊ နှုတ်နဲ့လုပ်တာဖြစ်ဖြစ်၊ စိတ်နဲ့ကြံတာဖြစ်ဖြစ်) သူ တစ်ပါးကို ထိခိုက်သလား မထိခိုက်ဘူးလား။ ဒီလို ပြုလုပ်တဲ့အတွက် ချမ်းချမ်းသာသာ ခံစားရတဲ့ကောင်းကျိုးပေါ်မလား၊ ဆင်းဆင်းရဲရဲ ခံစားရတဲ့ မကောင်းကျိုး ပေါ်မလားဆိုတာကို ဝေဖန်ဖို့လိုတယ်။ ကိုယ်ပြုတဲ့အမှုဟာ သူတစ်ပါးကိုလည်း မထိခိုက်ဘူး။ ချမ်းချမ်းသာသာ ခံစားရတဲ့ ကောင်းကျိုးကို လည်း ဆောင်မယ်ဆိုလျှင် ကောင်းတဲ့အမှုလို့ ဆိုရ တယ်။ ကိုယ်ပြုတဲ့ အမှုဟာ သူတစ်ပါးကိုလည်း ထိ ခိုက်မယ် ဆင်းဆင်းရဲရဲ ခံစားရတဲ့ မကောင်းကျိုးကို လည်း ဆောင်မယ်ဆိုလျှင် မကောင်းတဲ့အမှုလို့ ဆိုရ တယ်။ ဒါဟာ ဗုဒ္ဓဘာသာမှာ အခြေခံပါပဲ။

          ကောင်းတဲ့အမှုလား မကောင်းတဲ့ အမှုလားလို့ ခွဲခြားဝေဖန်ရာမှာ အပြစ်ကင်းသလား မကင်းဘူးလား ကောင်းကျိုးကို ပေးသလား မကောင်းကျိုးကို ပေးသလားဆိုတဲ့ အင်္ဂါရပ်နှစ်ခုနှင့် ဝေဖန်ရပါတယ်။ အပြစ်ကင်းပေမဲ့ ကောင်းကျိုးကို မပေးဘူးဆိုလျှင် (ဘာသာရေးအရ) ကောင်းတဲ့အမှုလို့ မဆိုနိုင်ဘူး။ တရားသဖြင့် ကုန်သွယ်တဲ့အလုပ်၊ လယ်ထွန်တဲ့ အလုပ်၊ ကူလီအလုပ်၊ လက်သမားအလုပ်၊ စာရေး စာချီအလုပ် စသည်ဖြင့် ရိုးရိုးသားသား တရားသဖြင့် လုပ်ကြတဲ့ အလုပ်တွေဟာ သူတစ်ပါးကို မထိခိုက်တဲ့ အတွက် အပြစ်ကင်းတဲ့ အလုပ်တွေဖြစ်တယ်။ သို့ပေ မဲ့ ကောင်းကျိုးကို ပေးတယ်လို့တော့ မဆိုနိုင်ဘူး။ ကုန်သွယ်လို့အမြတ်ရတာ၊ လယ်ထွန်လို့စပါးရတာ၊ ကူလီလုပ်လို့ အခရတာတွေဟာ အလုပ်ကဖြစ်ပေါ် လာတဲ့ အကျိုးကျေးဇူးတွေသာဖြစ်တယ်။ လုပ်တဲ့သူ

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။