စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 5

စိတ်ကူးချိုချိုစာပေ

ဒဂုန်ဦးထွန်းမြင့် - မင်္ဂလာ

ဒဂုန်ဦးထွန်းမြင့် - မင်္ဂလာ

ပုံမှန်ဈေး 810 Ks
ပုံမှန်ဈေး 900 Ks ရောင်းဈေး 810 Ks
ရောင်းရန် ရောင်းကုန်ပြီ
စာအုပ်အမျိုးအစား

:: ဤစာအုပ်ကို စာမြည်းဖတ်လိုပါက “စာမြည်းရန်အီးဘွခ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် ၄င်းအီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊

:: ပုံနှိပ်စာအုပ် ၀ယ်ယူရန်အတွက်မူ “ပုံနှိပ်စာအုပ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍၀ယ်ယူပေးပါ။
---------------------------

မင်္ဂလာ 

          ကြီးပွားကြောင်း အောင်မြင်ကြောင်း ကောင်း သောအရာကို မင်္ဂလာဟု ခေါ်ပါသည်။

မင်္ဂလာ၏အကျိုး

          မင်္ဂလာတရားအတိုင်း လိုက်နာလျှင် ပညာ လည်း တတ်မည်။ ပစ္စည်းဥစ္စာလည်း ပေါများမည်။ အမှန်မုချ ကြီးပွားရမည်။ ဘယ်ကိစ္စမှာမဆို အောင် မြင်ရမည်။

မင်္ဂလာကိုဘာကြောင့်ဟောသလဲ၊

ဘယ်ပုဂ္ဂိုလ်ဟောသလဲ

          မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်း၌ နေတော်မူစဉ်အခါ နတ်သားတစ်ပါးက“လူတွေ နတ်တွေအကုန် မင်္ဂလာဆိုတာ ဘယ်တရား လဲဟု ကြံစည် တွေးတောကြတာ တစ်ဆယ့်နှစ်နှစ် ကြာပါပြီ၊ မသိကြပါ၊ မြတ်စွာဘုရား ဟောပြတော် မူပါ” ဟု တောင်းပန်သဖြင့် မြတ်စွာဘုရားသည် မင်္ဂလာတရား သုံးဆယ့်ရှစ်ပါးကို ဟောတော်မူသည်။

သူဌေးသားသူတောင်းစား

၁။ အသေ၀နာစ ဗာလာနံ

          လူမိုက်များကို မပေါင်းသင်းဘဲ ရှောင်ခြင်း သည် မင်္ဂလာမည်၏။

          လူဆိုး လူမိုက်များနှင့် ပေါင်းသင်းလျှင် သူတို့ နှင့်အတူ မကောင်းသော အလုပ်ကို လုပ်မိ၍ ဒုက္ခ ရောက်တတ်သည်။ ပျက်စီးတတ်သည်။ မပေါင်းဘဲ နေလျှင် ဆင်းရဲဒုက္ခ မတွေ့ရဘဲ ကြီးပွားချမ်းသာရ ၏။ ထို့ကြောင့် လူမိုက်များကို မပေါင်းသင်းဘဲ ရှောင်ခြင်းကို မင်္ဂလာဟု ဆိုရလေသည်။

          ဗာရာဏသီပြည်၌ သူဌေးသားတစ်ယောက်သည် မိဘများ သေသောအခါ အရက်သမား၊ ဖဲသမား၊ လူဆိုး၊ လူမိုက်များနှင့် ပေါင်းသဖြင့် ရှိသမျှ ပစ္စည်းဥစ္စာတွေ ကုန်ကာ သူတောင်းစားအဖြစ်ဖြင့် တောင်းစားသော ဘဝသို့ ရောက်သွားရလေ၏။

“တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး”

လူဆိုးကြီး အင်္ဂုလိမာလ

၂။ ဝဏ္ဍိတာနဉ္စသေဝနာ

          ပညာရှိကို ပေါင်းခြင်း၊ ပညာရှိကို ဆည်းကပ် ခြင်းသည် မင်္ဂလာမည်၏။

          ပညာရှိကို ဆည်းကပ် ပေါင်းသင်းသော သူ သည် လူလိမ္မာလူကောင်း အဖြစ်သို့ရောက်၍ ကိုယ် တိုင် ပညာရှိ ဖြစ်လာနိုင်သည်။ လူလိမ္မာ လူကောင်း ဖြစ်လျှင် မုချကြီးပွားချမ်းသာရ၏။ ကိုယ်တိုင်ပညာရှိ ဖြစ်လျှင် မနိမ့်ကျဘဲ အရာရာ၌ အောင်မြင်လေသည်။ ထို့ကြောင့် ပညာရှိကို ဆည်းကပ်ပေါင်းသင်းခြင်းကို မင်္ဂလာဟု ဆိုရလေသည်။

          အင်္ဂုလိမာလမည်သော လူဆိုးကြီးသည် လူများကို သတ်၍ လက်ညှိုးများကို ဖြတ်ယူကာ ကြိုးနှင့်သီပြီး လည်ပင်း၌ဆွဲထားသည်။ တစ်နေ့သောအခါ သူ၏ မိခင်ကို သတ်မည်ဟု လိုက်ရာတွင် ပညာရှိဖြစ်သော မြတ်စွာဘုရားနှင့်တွေ့၍ တစ်ခဏမျှ စကားပြောရ သဖြင့် အကျွတ်တရား ရကာ ရဟန္တာကြီး ဖြစ်သွား လေသည်။

“ပန်းသတင်းလေညင်းဆောင်၊ လူ့သတင်းလူချင်းဆောင်”

 

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။