Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ဒဂုန်ဦးထွန်းမြင့် - ကလေးတို့အတွက်ဗုဒ္ဓယဥ်ကျေးမှု

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ကလေးသူငယ်နှင့် ဗုဒ္ဓယဉ်ကျေးမှု

          ဗုဒ္ဓဘာသာမြန်မာများသည် ဘဝစဉ်ဆက်ရှိသည် ဆိုသော အယူကို ယူ လျက်ကံကိုယုံကြည်ကြသော လူမျိုးဖြစ်သည်။ သတ္တဝါများသည် နိဗ္ဗာန်ကို မရ မချင်း တစ်ဘဝပြီးတစ်ဘဝ ဖြစ်နေကြသည်ဟု ယုံကြည်ကြသည်။ ယင်းသို့တစ် ဘဝပြီး တစ်ဘဝဖြစ်နေရာ၌လည်း မိမိတို့ကံအားလျော်စွာ ကောင်းသောကံရှိလျှင်ကောင်းသောဘဝ၌ဖြစ်၍၊ မကောင်းသောကံရှိလျှင် မကောင်းသောဘဝ၌ ဖြစ်ရ သည်ဟု ယုံကြည်ကြသည်။ ကောင်းသောကံဆိုသည်မှာ မိမိပြုလုပ်သည့် ကောင်း မှုများကို ဆိုလိုပေသည်။ ကုသိုလ်ဟူ၍လည်း ခေါ်သည်။ ကုသိုလ်ကောင်းမှုရှိလျှင် လူ့ဘဝ၊ နတ်ဘဝစသော ကောင်းသောဘဝ၌ ဖြစ်ရသည်ဟု ဆိုလိုပေသည်။ မကောင်းသောကံဆိုသည်မှာ မိမိပြုလုပ်သည့် မကောင်းမှုများကို ဆိုလိုပေသည်။ အကုသိုလ်ဟူ၍လည်း ခေါ်သည်။ မကောင်းမှု အကုသိုလ်ရှိလျှင် တိရစ္ဆာန်ဘဝ စသော မကောင်းသောဘဝ၌ ဖြစ်ရသည်ဟု ဆိုလိုပေသည်။

          ဗုဒ္ဓဘာသာမြန်မာများသည် မိမိတို့ လူ့ဘဝ၌ဖြစ်နေကြရခြင်းမှာ ကောင်း မှုကုသိုလ်ကံကြောင့်ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ လူ့ဘဝ၌လည်း ချမ်းသာ သုခတွေ့ကြုံခံစားရခြင်းမှာ ကုသိုလ်ကံကြောင့်ဖြစ်သည်ဟု ယုံကြည်ကြလေသည်။

          ဆင်းရဲဒုက္ခတွေ့ကြုံခံစားရခြင်းမှာ မကောင်းမှု အကုသိုလ်ကံကြောင့်ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ ကုသိုလ်ကံသည် ကောင်းသောအကျိုးကို ဖြစ်စေသည်။ အကုသိုလ်ကံသည် မကောင်းသော အကျိုးကိုဖြစ်စေသည်ဟု ဗုဒ္ဓဟောကြားတော် မူသည့်စကားကို စွဲမြဲစွာ ယုံကြည်ကြသောကြောင့်ဖြစ်သည်။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် အထက်ပါ ဗုဒ္ဓမြတ်စွာဘုရား၏စကားတော်ကို အခိုင်အမြဲစွဲလမ်း ယုံကြည်ထားကြသည် ဖြစ်သောကြောင့် ကောင်းသောအရာနှင့် တွေ့ကြုံရသမျှ ကုသိုလ်ကံကြောင့်သာဖြစ်သည်။ မကောင်းသောအရာနှင့် တွေ့ကြုံရသမျှ အကုသိုလ်ကံကြောင့်သာဖြစ်သည်ဟူ၍ မှတ်ယူကြလေသည်။ ဥပမာ အလုပ်အ ကိုင်အကြံအစည်တည့်လျှင် အခြားသော အကြောင်းများကို မစဉ်းစားဘဲ ကုသိုလ် ကံကြောင့်ဟု မှတ်ယူကြလေသည်။ အလုပ်အကိုင် အကြံအစည်အပေါက်အလမ်း မတည့်လျှင်လည်း အခြားသောအကြောင်းကို မစဉ်းစားဘဲ အကုသိုလ်ကံကြောင့် ဟု မှတ်ယူကြသည်။

          ဤနည်းအတိုင်းပင် အနှောင့်အယှက်ဘေးအန္တရာယ်နှင့် တွေ့ရခြင်းမှာ အကုသိုလ်ကံကြောင့်ဖြစ်သည်ဟု မှတ်ယူလျက် အနှောင့်အယှက် ဘေးအန္တရာယ် နှင့် မတွေ့ရခြင်း၊ ဘေးအန္တရာယ်မှ လွတ်မြောက်ရခြင်းမှာ ကုသိုလ်ကံထောက်မ သောကြောင့် ဖြစ်သည်ဟု မှတ်ယူတတ်ကြလေသည်။ တစ်ခါတစ်ရံ ဘေးဒုက္ခ အန္တရာယ်နှင့် တွေ့ကြုံရာမှ မိမိ၏လုံ့လဝီရိယကြောင့် လွတ်မြောက်လာသည်ကို ပင် “ကံကောင်းလို့” ဟု ပြောဆိုတတ်ကြလေသည်။ အသေးအဖွဲ့ အထိ ပြောရလျှင် ခြေချော်ကျလဲတော့မည်ကဲ့သို့ ဖြစ်ပြီး တစ်ခုခုကို ကိုင်တွယ်မိ၍မလဲသည်ကိုပင် “ ကံကောင်းလို့မလဲတယ်” ဟု ပြောကြလေသည်။ မော်တော်ကားတိုက်မိမလိုဖြစ် သောကြောင့် လန့်ခုန်ပြီး ရှောင်လိုက်သဖြင့် မတိုက်မိသောအခါ၌လည်း “ကံကောင်းလို့ မတိုက်မိတယ်” ဟု ပြောတတ်ကြလေသည်။

          ယင်းကဲ့သို့ ဖြစ်ရာ၌ တစ်ခုခုကိုကိုင်တွယ်မိ၍ ချော်မလဲခြင်းဖြစ်ကြောင်း၊ လန့်ခုန်ပြီးရှောင်လိုက်၍ ကားမတိုက်မိခြင်းဖြစ်ကြောင်းကို ကလေးကစ၍ နားလည် သိရှိပြီးဖြစ်သည်။ သို့ရာတွင် ငယ်ရွယ်စဉ်ကစ၍ ကံကိုယုံကြည်မှု ခိုင်မြဲစွဲလမ်း ပြဋ္ဌာန်း လွန်ကဲနေသည်ဖြစ်သောကြောင့်

            "  ကံကောင်းလို့ မလဲတယ်”

           " ကံကောင်း လို့ ကားတိုက်မခံရတယ်”

            ဟု ရုတ်တရက် ပြောဆိုမိတတ်ကြခြင်းဖြစ်သည်။ ၎င်းကိုထောက်၍ ဗုဒ္ဓဘာသာမြန်မာများသည် ကံကို အဘယ်မျှလောက် ယုံကြည သည်ဆိုသောအချက်ကို သိနိုင်လေသည်။

          ယင်းသို့ ကံကိုယုံကြည်ထားကြသည့်အတိုင်း နောက်ဖြစ်ရမည့် ဘဝ၈e ဆက်၌ ကောင်းသောဘဝ၌ဖြစ်ရန်၊ ချမ်းသာသုခများနှင့် တွေ့ကြုံရန် ကုသိုလ်ကောင်းမှုများကို တတ်နိုင်သမျှ ပြုလုပ်ဆည်းပူးကြလေသည်။ အကြောင်းမူကား မိမိတို့သည် ယခုဘဝပြီးသည့် နောက်နောင်အခါ၌ ဘဝပေါင်းများစွာ ဖြစ်ကြရ ဦးမည်။ ယင်းသို့ ဖြစ်ရာ၌ မိမိတို့ပြုရသည့် ကောင်းမှု၊ မကောင်းမှု ကံအားလျော် စွာ ကောင်းသောဘဝ၊ မကောင်းသောဘဝ၌ ဖြစ်ကြရသည်ဟု ယုံကြည်ထားကြ သောကြောင့် ဖြစ်သည်။ ဤသို့ ယုံကြည်သည့်အတိုင်း ကောင်းသောဘဝ၌ဖြစ် ရန် ကုသိုလ်ကောင်းမှုများကို တတ်နိုင်သမျှ ပြုလုပ်လေ့ရှိသည်။

          ကုသိုလ်ကောင်းမှု ပြုလေ့ရှိသူများသည် လူချစ်လူခင်ပေါများခြင်း၊ ဘေး ဘယာကင်းဝေခြင်း စသည်များကို တွေ့ကြုံရသဖြင့် ကုသိုလ်ကောင်းမှုသည် ယခုမျက်မှောက်ဘဝ၌ပင်လျှင် ဆင်းရဲဒုက္ခသက်သာစေနိုင်သည်ဟု ယုံကြည် ထားသောကြောင့် ကုသိုလ်ကောင်းမှုများကို တတ်နိုင်သမျှ ပြုလုပ်ကြလေသည်။

          ဗုဒ္ဓဘာသာမြန်မာများ ပြုလုပ်ဆည်းပူးသော ကုသိုလ်ကောင်းမှုသည် အရင်းခံအားဖြင့် ၁-စွန့်ကြဲပေးကမ်းခြင်းဒါန၊ ၂-ကိုယ်ကျင့်တရား ဆောက်တည် ထိန်းသိမ်းခြင်းသီလ၊ ၃-စိတ်ဓာတ်ရင့်ကျက်အောင်ပြုလုပ်ခြင်း ဘာဝနာဟူ၍ သုံးမျိုးရှိသည်။ ဗုဒ္ဓဘာသာမြန်မာများသည် အဆိုပါ ဒါန၊ သီလ၊ ဘာဝနာဟူသော ကုသိုလ်ကောင်းမှုများကို မွေးသည်ကစ၍ သေသည်အထိ အခွင့်သင့်တိုင်း ပြုလုပ်ဆည်းပူးကြလေသည်။