ဒဂုန်ရွှေမျှား - အီဂျစ်ဘုရင်မာယာရှင်
ပေစာ ၃ ထုပ်
ကျွန်ုပ်သည် လန်ဒန်မြို့၌ ရှိစဉ် တစ်နေ့သ၌ မီးရထားမှ ပါဆယ်ထုပ် တစ်ထုပ်နှင့်အတူ စာတစ်စောင်ပါရှိရာ၊ ပါဆယ်ထုပ်တွင် အလွန်ရှေးကျ၍ဟောင်းသစ်သော ပေစာ သုံးထုပ်နှင့် လက်စွပ်တစ်ကွင်းပါရှိလျက် စာမှာ အီဂျစ် ပြည်သို့ ဧက္ကသွားရောက်နေသော ကျွန်ုပ်၏ မိတ်ဆွေ ဆရာဝန်ကြီး တစ်ဦးထံ မှ ဖြစ်လေသည်။
စာထဲတွင် ထိုပေစာထုပ်များကို မည်သို့ မည်ပုံရရှိကြောင်းနှင့် သူ ကိုယ်တိုင် သင်္ဘောနှင့် ပြန်လာပြီဖြစ်ကြောင်း၊ သို့သော် အမြန်ရောက်စေရန် ပေစာထုပ်နှင့်တကွ ဤစာကို ကုန်းလမ်းမှ မီးရထားဖြင့် ကြိုတင်၍ ပို့လိုက်ကြောင်း ရေးသားပါရှိလေသည်။ စာ၏ပထမပိုင်း၌ သူအိဂျစ်ပြည်သို့ ရောက်၍ မကြာမီသတင်းတစ်ခုရရှိရာ ထိုသတင်းမှာ အီဂျစ်ပြည်တွင် အလွန်ကျော်ကြားသော 'အဘီဒပ်(၆)" နတ်ကွန်းနောက်ဘက်ရှိ လီဘီယန်” တောင်တန်းများ အလယ် လူသူမနီး တောကြီးမျက်မည်းထဲတွင် ကျောက်တစ်ခုတွေ့ရကြောင်း၊ကျောက်ဂူ၏အလယ်၌ အောက်သို့တည့်တည့် ဆင်းနိုင်သည့်တွင်းကြီးတစ် တွင်းရှိရာတွင်းအဆုံးတွင် မြေအောက်သင်္ချိုင်းရာ အခန်းကြီးတစ်ခုကို တွေ့ရကြောင်း၊ ထိုအခန်းထဲတွင် လူသေခေါင်းသုံးလုံး တွေ့ရသည့်အနက်၊ နှစ်လုံးမှာ ထိုနယ်တစ်ဝိုက်တွင် ကျက်စားနေသည့် အာရပ်လူမျိုး လူဆိုးတို့ ချိုးဖဲ့ဖျက် ဆီးသွားဟန်တူကြောင်း၊ သို့သော် ကျန်တစ်လုံးမှာ ပကတိအတိုင်းပင် ပျက် ရှိသေးကြောင်း၊ အလောင်း နှစ်လောင်းမှာ သာသနာပိုလ်ချုပ်ကြီး အ နမ်ယတ်” နှင့် ၎င်း၏ ဇနီးလောင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း၊ သို့ဖြစ်၍ ကျွန်ုပ်မှာ ထိုမဖွင့်ရသေးသော အလောင်းရှိရာ မြေအောက်သရိုင်းသို့ သွားရန် လွန်စွာ စိတ်အားထက်သန်လျက်ရှိကြောင်း ရေးသားထား၏။
စာကို သူရေးထားသည့်အတိုင်း ဆက်လက်၍ ရေးသားဖော်ပြရ မည် ဆိုသော် အောက်ပါအတိုင်း ဖြစ်၏။
ထိုသင်္ချိုင်းဂူရှိရာ အရပ်သို့ သွားရောက်ရန် စိတ်ပြင်းပြလျက် ရှိစဉ် အကျိုးရှာသကာနှင့်တွေ့” ဆိုသကဲ့သို့ ထိုသချိုင်ငူသို့ ချိုးဖောက်ဝင် ရောက်ခဲ့သော အာရပ်များနှင့် အသိအကျွမ်ဖြစ်ခဲ့ပြီးလျှင် ကျွန်ုပ်အား အလုံးစုံ ပြောပြလေသည်။ ထိုအခါ ကျွန်ုပ်လည်း သူတို့အထဲတွင် အကြီးအမှူးလုပ်သူ အား ကျေနပ်လောက်အောင် ငွေကြေးပေးကမ်းပြီးလျှင် ချက်ချင်းဝင် သွား ရောက်ရန် စဉ်ကြလေ၏။
သို့နှင့် ကျွန်ုပ်တို့သည် “ဆက်တီ” နတ်ကွန်းတွင် တစ်ညအိပ်ပြီး နောက် နံနက်မိုးမလင်းမီ ခရီးစဉ်ထွက်တော့၏။ သူတို့အထဲတွင် အကြီးအမှူး လုပ်သူမှာ “အလီ” ဆိုသူဖြစ်၍ မျက်စိတစ်ဖက် ဖွေလျက်ရှိရာ ကျွန်ုပ်က ပြောင်လှောင်၍ အလီဘာဘာ"ဟု နာမည်ပေးထား၏။ မိတ်ဆွေထံ ယခုပို့ လိုက်သော လက်စွပ်ကိုလည်း သူ့ထံမှပင် ရရှိရာ သူ့နောက်မှပါသော လူများ သည်လည်း သူနှင့် ခိုးဖော်နိုးဖက်များပင် ဖြစ်လေသည်။
နေထွက်ပြီးနောက် တစ်နာရီခန့် ကြာသောအခါ ကျွန်ုပ်တို့သည် သင်္ချိုင်းရှိရာ တောင်ကြားသို့ ရောက်ခဲ့ကြလေ၏။ ထိုနေရာ၌ကား လွန်စွာပင် တိတ်ဆိတ်လျက် နေမင်းသည်လည်း ကျွန်ုပ်တို့ အပေါ်သို့ အပူရှိန်ကို အစွမ်း။ ကုန် သွန်းလောင်းလျက်ရှိသည်ဖြစ်ရာ ထိုမှဤမှ ပြန့်ကျဲလျက်ရှိသော အညိုရောင်ကျောက်တုံးကြီးများမှာ နေရှိန်ကြောင့် မထိဝံ့ မကိုင်ငံ လောက်အောင်ပင် ပူလောင်လျက်ရှိပေ၏။ သဲပြင်သည်လည်း ခြေဖဝါးများကို ခြစ်ခြစ်လန်အောင် ပူစေလျက် လမ်းကိုပင် မလျှောက်နိုင်တော့သဖြင့် ကျွန်ုပ်တို့သည် တောင်ကြားလမ်းတစ်လျှောက် မြည်းများကိုစီး၍ သွားကြရ၏။ သက်ရှိသတ္တဝါ ဟူ၍လည်း ကောင်းကင်တွင် ပျံဝဲလျက်ရှိသော လင်းတတစ်ကောင်နှင့် ကျွန်ုပ် တို့မှတစ်ပါး မရှိချေ။
ဤသို့သွားစဉ် နှစ်ပေါင်းများစွာနေပူရှိန်နှင့် သတို့၏ သဘာဝပြုပြင် မှုကြောင့် အရောင်တင်ထားသကဲ့သို့ ပြောင်လက်နာသော ကျောက်တုံး ကြီးတစ်လုံး အနီးသို့ ရောက်ရှိလာခဲ့ကြ၏။
ထိုနေရာသို့ ရောက်သောအခါ အလီသည် ရပ်တန့်လျက် ကျွန်ုပ်တို့ ရှာဖွေသည့် သင်္ချိုင်းမှာ ထိုကျောက်တုံးကြီးအောက်၌ ရှိကြောင်းပြောပြလေ သည်။ ထိုအခါ ကျွန်ုပ်တို့လည်း မြည်းများပေါ်မှ ဆင်းကြပြီးလျှင် မြည်းများကို အစောင့်တစ်ယောက်နှင့်ထားခဲ့၍ ကျောက်တုံးကြီးဆီသို့ သွားကြလေ၏။
ကျောက်တုံးအောက်၌ကား လူတစ်ယောက် အနိုင်နိုင် ဝင်နိုင်သည့် အပေါက်ငယ်တစ်ခုကို တွေ့ရလေရာ၊ အနီးပတ်ဝန်းကျင်တွင် ရွေးများကဲ့သို့ ယက် ထားသော အရာများကို တွေ့ရသဖြင့် တောခွေးများ၊ တူစယက်ထားသဖြင့် လည်း ထိုဂူကို ကံအားလျော်စွာ အလီတို့လူစု ပထမ တွေ့ခြင်းဖြစ်လေသည်။
အလီသည် ရှေ့ဆုံးမှ လေးဘက်ထောက်၍ ဝင်သွားရာ ကျွန်6 သည် ၎င်းနောက်မှ လိုက်ပါသွားလေ၏။ အတွင်းသို့ ရောက်သောအခါ၌ကား အပြင်တွင် ပူခဲ့သမျှဒိုင်ခံ၍ အေးမည်ဆိုဘိသကဲ့သို့ စိမ့်၍သွားလောက်အောင် အေးလျက် အပြင်၌ လင်းသလောက်လည်း အတွင်းတွင် မှောင်နှင့်မည်းမည်း ရှိနေတော့၏။ သို့နှင့် ကျွန်ုပ်တို့သည် ဖယောင်းတိုင်များကို ထွန်းညှိပြီးလျှင် အတွင်းသို့ လူအားလုံး ရောက်သောအခါ ကျွန်ုပ်လည်းနေရာ၏ အခြေအနေ ကို စုံစမ်းကြည့်ရှုလေရာ ကျွန်ုပ်တို့ရောက်ရှိနေသော နေရာမှာ အိမ်ခန်းကျယ် ကြီးတစ်ခုကဲ့သို့ ရှိနေ၍ လူတို့၏လက်ဖြင့် ထွင်းဖောက်ပြုလုပ်ထားဟန်ရှိ၏။ ဂူ၏နံရံ၌ကား ရှေး တိုလီမိ”ခေတ်က အီဂျစ်တို့ ဟန်ပန်အမူအရာအတိုင်း ရေးဆွဲထုလုပ်ထားသော အရုပ်များကို တွေ့ရလေသည်။
ထိုရုပ်ပုံကားများအနက် ခန့်ညားတင့်တယ်၍ ရာဇဣကောင်းလှ သော မုတ်ဆိတ်နှင့် အဘိုးကြီးတစ်ယောက်ပုံလည်း ပါရှိရာ၊ ၎င်းမှာ ပန်းခက် ပန်းပြောက်တို့ဖြင့် ထုလုပ်ထားသော ကုလားထိုင်တစ်လုံးအပေါ်တွင်ထိုင်ကာ လက်တစ်ဖက်တွင် ဆေးတောင်ဝှေးတစ်ချောင်းကို ကိုင်လျက်ရှိလေ၏။ (ထိုအဘိုးကြီးမှာ ဂိုဏ်းချုပ်ကြီး“အမီနမ်ဟတ်”ဖြစ်ဟန်လက္ခဏာရှိ၏) သူ၏ ရှေ့တွင် သာသာနာ့ဝန်ထမ်းများသည် ရုပ်တူအမျိုးမျိုးကို ကိုင်ဆောင်ကာ စီတန်းလမ်းလျှောက်နေပုံဖြစ်လေသည်။ ဂူ၏လက်ယာဘက်ထော၌ကား မြေအောက်သင်္ချိုင်းသို့ ဆင်းသည့် တွင်းဝကိုတွေ့ရသဖြင့် ကျွန်ုပ်တို့လည်း အသင့် ယူဆောင်လာခဲ့သော တိုင်တစ်ခုကို တွင်းဝ၌ကန့်လန့်ပြီးသော် တိုင်၏ အလယ်တွင် နိုင်ခဲ့သော ကြိုးတစ်ချောင်းကို မြမြို့ရည်နှောင်ကြလေသည်။
ထို့နောက် အလိသည် ဖယောင်းတိုင်များကို ယူပြီးလျှင် ကြိုးကို ကိုင်ကာ တွင်းနှုတ်ခမ်းများကို ခြေဖြင့်ကန်လျက် တွင်းအောက်သို့ ဆင်းသွား လေ၏။ လှုပ်၍နေသော ကြိုးသည် ရပ်သွားပြီးနောက် မကြာမီ တွင်းအောက် မှ အလင်းရောင်တစ်ခုကို မြင်ရသဖြင့် အလီသည် အောက်သို့ ချောမောစွာရောက်သွားပြီးလျှင် ဖယောင်းတိုင်တစ်တိုင်ကို ထွန်းညှိလိုက်ကြောင်း သိရ၏။ အလင်းရောင်ကို မြင်ရပြီးနောက် မကြာမီ တွင်းအောက်မှ များစွာကုန်သော လင်းနို့တို့သည် မီးရောင်ကို လန့်ပြီးလျှင် အထက်သို့ ဒလဟာပျံတက်လာကြ ကုန်၏။ ကျွန်ုပ်အလှည့်သို့ရောက်သောအခါ ကြိုးကို ပြန်၍ဆွဲတင်ကြပြီးနောက် ကြိုးစကို ကျွန်ုပ်ခါး၌ရှိပြီးလျှင် တဖြည်းဖြည်းအောက်သို့ သွားရတော့၏။ သို့ထင်ရစေကာမူ အောက်သို့ မရောက်မချင်း ကျွန်ုပ်မှာ ရင်ထဲတွင် တထိတ်ထိတ်နှင့် ရှိတော့၏။ အဘယ့်ကြောင့်ဆိုသော် အပေါ်မှ ကြိုးကို လျှာ ချပေးသော အလီ၏တပည့်များသည် မတော်တဆ ခြေချော်လက်တော်ဖြစ်ခဲ့ လျှင်သော်လည်းကောင်း၊ ကြိုးပြတ်၍သွားလျှင်သော်လည်းကောင်း သက်သာ လှမည် မဟုတ်ပေ။
ဤသို့ ဆင်းသက်လျက်ရှိစဉ် တွင်းဝသို့လန့်၍ ပျံတက်လာသော လင်းများသည် ကျွန်ုပ်တို့၏မျက်နှာကို အဆက်မပြတ်ဝင်၍ တိုက်ကာ အချို့ ကျွန်ုပ်ဆံပင်၌ပင် တွဲလဲခို၍နေလိုက်ကြသေး၏။ ကျွန်ုပ်၏ ကိုယ်မှာ ၃-၄ ကြိမ်မျှ တွင်းနှုတ်ခမ်းဘေးများနှင့် တိုက်ပြီးနောက် အောက်သို့ ချောမောစွာ ရောက်သွားပြီးလျှင် အလီ၏နံဘေးတွင် မတ်တတ်ရပ်လျက်ရှိလေ၏။ ကျွန်ုပ် ၏ တစ်ကိုယ်လုံးမှာကား ချွေးများဖြင့် ဖွဲ့ဆိုပြီးလျှင် ဒူးနှင့်ခြေထစ်များတွင် ပွန်းပဲ့လျက် ဆံပင်နှင့် အဝတ်အစားများတွင်လည်း လင်းနို့များဖြင့် သီး၍တော့၏။ မကြာမီ အလီ၏ တပည့်တစ်ယောက် ကျင်လည်စွာ ဆင်း၍လာ ပြန်လေသည်။
ကျွန်ုပ်တို့ ရောက်နေသော နေရာမှာ အခန်းကျဉ်းကလေးတစ်ခုဖြစ်၍ အလီသည် ယောင်းတိုင်ကိုကိုင်ကာ ငါးပေခန့်နိမ့်သော လမ်းကြားကလေး တစ်လျှောက်သို့ ရှေ့မှလမ်းပြရင်း ဆင်း၍သွားလေရာ ကျွန်ုပ်တို့လည်း ဖယောင်းတိုင် ကိုယ်စီထွန်းညှိပြီးလျှင် ၎င်းနောက်မှ လိုက်ပါသွားကြလေ၏။ ကျွန်ုပ်တို့လာခဲ့သောလမ်းမှာ တဖြည်းဖြည်း ကျယ်ဝန်းလာပြီးလျှင် နောက်ဆုံး တွင် လူသေခေါင်းများထားရာ သင်္ချိုင်းခန်းသို့ ရောက်ကြလေ၏။ မြေအောက် ပေပေါင်း ၉ဝခန့်နက်သောနေရာ၌ပင်ရှိသော်လည်း အခန်းကလေးမှာကျောက် သားပကတိမှ လူတို့၏ လက်ဖြင့် ထွင်းဖောက်ထားဟန်ရှိ၏။ သို့သော် နံရံ များမှာ ပြောင်ချောဖြစ်ပြီးလျှင် ပန်းများ၊ အရုပ်များ၊ စာများမရှိရေး ကျွန်ုပ်သည် ဖယောင်းတိုင်ကို မြှောက်ကာ အခန်းအခြေအနေကို ကြည့်ရှုလျက်ရှိရာအဝတ် အစုတ်အပြတ်များ၊ ခေါင်းဖုံးအကျိုးအပ်များဖြင့် ပြန့်ကျဲလျက်ရှိနေရကား ။ စိမ်အလောင်းများကို အာရပ်တို့ ချိုးဖောက်မွှေနှောက်သွားကြောင်း ထင်ရှားလေ သည်။ ခေါင်းတစ်စု၏ အဖုံးပေါ်တွင် အလွန်လှပသေသပ်သော ပန်းချီလက် ရာနှင့် စာများကို တွေ့မြင်ရလေရာ ကျွန်ုပ်မှာ အီဂျစ်စာပေ အက္ခရာများကို မသိသဖြင့် အဓိပ္ပာယ်ကို နားမလည်သော်လည်း ရှေးဟောင်းယဉ်ကျေးမှုအနု ပညာများသည်ကား ချီးကျူးလောက်ပါပေ၏။ ပုတီးစေ့များနှင့် စူးရှသော အနံ့များထွက်နေသည့် ပတ်တီးများသည် အလောင်း နှစ်လောင်း၏ ပတ်ဝန်း ကျင်တွင် ပျံ့နှံ့လျက်ရှိလေသည်။
ကျွန်ုပ်အမြင်အားဖြင့် အလောင်း နှစ်ခုမှာ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်၏ အလောင်းဖြစ်၍ ယောက်ျားအလောင်းမှာ ဦးခေါင်းနှင့် ကိုယ်တခြားစီဖြစ်နေ၏။ ဦးခေါင်းမှာ ပြောင်နေသဖြင့် ဆံပင်ကို သေပြီးမှ ရိတ် ထားဟန်လက္ခဏာရှိလေသည်။ ရုပ်လက္ခဏာအားဖြင့် ထိုအလောင်းမှာ လူကို တစ်ယောက်၏ အလောင်းဖြစ်ဟန်ရှိ၍ ရထားသော ရွှေပြားများကြောင့် ရုပ် ပျက်လျက်ရှိသော်လည်း သေစဉ်က ခန့်ညားတည်ကြည်ခြင်း၊ ကျက်သရေ ရှိခြင်းများသည် မပျက်သေးဘဲ ပေါ်လွင်လျက်ရှိသေး၏။ မိန်းမအလောင်နှင့် တူသော ဒုတိယအလောင်းမှာ ပတ်တီးများစီးလျက်ပင် ရှိလျက် ၎င်းမှာ ထို ခေတ်အခါက အတော်ပင် ထွားကြိုင်းသော မိန်းမတစ်ယောက်ဖြစ်ရပေမည်။ ထိုအလောင်းများသည်ကား 'အမိနမ်ဟတ်” နှင့် သူ၏ဇနီးအလောင်းဟု ယုံကြည်ရ၏။
အလီသည် ထောင့်တစ်ထောင့်တွင် စောင်းလျက်ရှိနေသည့် အလွန် ကြီးမားသော ခေါင်းကြီးကို ကျွန်ုပ်အား ညွှန်ပြပြီးနောက် သူတို့လူစု မဖွင့်ရသေးသော ခေါင်းမှာ ထိုခေါင်းပင်ဖြစ်ကြောင်း အင်္ဂလိပ်စကား မပီတပီနှင့် ပြောပြ ၏။ သို့နှင့်ကျွန်ုပ်လည်း သွားရောက်ကြည့်ရှုရာ၊ ခေါင်းမှာ “a”၏ထင်းရှူး သားတစ်မျိုးဖြင့် သေသပ်ချောမောစွာ ပြုလုပ်ထား၍ အရွယ်အစားမှာ အခြား ခေါင်းများထက် ကြီးသည့်အပြင် ခေါင်းအုံးပေါ်၌လည်း ရုပ်ပုံကမ္မည်း အက္ခရာ ဟူ၍ ပါရှိရေး အလီ၌ ဆောက်တစ်လက်နှင့် တူတစ်လက်ပါရှိရာ ကျွန်ုပ်တို့လည်း ခေါင်းကြီးကို တည့်တည့်လှန်ပြီးလျှင် ချက်ချင်းလိုပင် စ၍ဖွင့်တော့၏။
အခြားအိဂျစ်ခေါင်းများ၌ ခေါင်းဖုံးတွင် တစ်ဖက်တစ်ချက် သပ်နှစ် ရောင်စီ ပါလေ့ရှိသော်လည်း ယခုခေါင်းကြီးမှာမူ အဖုံးနှင့်ကိုယ် အထက် အောက် အပေါက်ကလေးများ ပြုလုပ်ကာ လီး၍ခံကျသွင်းထားသည့် သင် လေးချောင်းပါရှိသဖြင့် အထူးသဖြင့် လုံခြုံစွာပြုလုပ်ထားကြောင်း ထင်ရှား၏။ ပျဉ်းချုပ်မှာ ဒု သုံးလက်မခန့်ထူ၍ အဖုံးပွင့်လျှင်ပွင့်ရင်း အတွင်းမှ စုရှသော အနံ့ထွက်သည့် အမှုများဖြင့် အလောင်းကို ဖုံးအုပ်ထားခြင်းသည်လည်း ဓလေ့ထုံးစံ မဟုတ်ဘဲ အဆန်းပင်ဖြစ်လေသည်။
ဆေးမှုန့်များကို ထုတ်ပြီးနောက် အလောင်းစပေါ်လာသောအခါ အလီပင်လျှင် အံ့သြလျက်ရှိလေ၏။အဘယ်ကြောင့်ဆိုသော် ရှေးထုံးစံအရ အီဂျစ်မှ အခြားဆေးစိမ်အလောင်းများမှာ သစ်သားရုပ်များကဲ့သို့ တောင့်တင်း ကျနစွာ ပက်လက်လှန်၍ခေါင်းသွင်းလေ့ရှိကြသော်လည်း ထိုအလောင်းမှာမူ စောင်းလျက် ရှိနေသည့်ပြင် ပတ်တီးများစီးထားလျက်နှင့်ပင် ဒူးနေရာများ၌