ဒဂုန်ရွှေမျှား - အထီးကျန်၀င်္ကပါ
အခန်း (၁)
“ရက်ဂျီနာ”ဆိုသူ အမျိုးသမီးကလေးသည် ပြင်သစ်ပြည် “နော်မန်ဒီ”'ကန်းခြေတွင် နှစ်ပတ်ခန့် အနားယူ အပန်းဖြေပြီးနောက် ၎င်း၏ ဖြူဝင်းသော အသားအရေမှာ ညိုသယောင်ပင် ဖြစ်သွား၏။ အတန်ငယ် လည် ၀၍လာ၏။ စိတ်ထဲတွင် သူ၏ခင်ပွန်းသည်အာ၊ ကွာရှင်းမည်ဟု ဆုံးဖြတ်၍ ပါရီမြို့သို့ ပြန်လာခဲ့ခြင်းဖြစ်၏။ ၎င်းတို့ဇနီးမောင်နှံ လက်ထပ် ခဲ့စဉ်က အလျင်စလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ရာ ယခုကွာရှင်းရန်လည်း သူကိုယ် တိုင် အလျင်စလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
သူ၏ခင်ပွန်းသည် ““ချားလ်(စ်)"မှာ လူရိုးလူကောင်းတစ်ယောက် ဖြစ်၏။ ရက်ဂျီနာသည် ““ပင်ဟတ်""ကားကလေးကို မောင်းနေသော သူ၏ သူငယ်ချင်း၊ ဆီဗီယာ""အား .. ။
“တစ်ချိန်က တစ်ယောက်ကိုတစ်ယောက် သဘောကျလို့ လက်ထပ် ခဲ့ကြသလို အခု သဘောမကျတော့လဲ ကိုယ်က လွယ်လွယ်ကူကူပဲ ကွာရှင်း ရမှာပေါ့ကွာ။ သူကလည်း ဘာငြင်းဦးမှာလဲ” ဟု တိုင်ပင်သည့်သဘောဖြင့် ပြောလိုက်၏။
သူတို့သည် နော်မန်ဒီမှ ပါရီသို့ ပင်ဟတ်ကားကလေးဖြင့် ပြန်လာ ကြခြင်း ဖြစ်၏။ သူတို့နှစ်ယောက်ကြားတွင် အသက် ၁၂နှစ် အရွယ်ရှိ ဆီဗီယာကလေးငယ်သည် မိခင်နှင့် ရက်ဂျီနာအား တစ်လှည့်စီ ကြည့်၍ နေလေသည်။
ရက်ဂျီနာမှာ ပြင်သစ်သူတစ်ယောက် မဟုတ်ချေ။ အမေရိကန် လူမျိုး ကပြားတစ်ယောက်ဖြစ်၍ မစ်ချီဂန်မြို့တွင် ဖွားမြင်ခဲ့ခြင်းဖြစ်ရာ ဤအရပ်သို့ အလုပ်ရှာရန် စွန့်စွန့်စားစား ထွက်လာခဲ့ခြင်း ဖြစ်လေသည်။
သူ၏ကြိုးစားမှုကြောင့် ၁၈ လ အတွင်းတွင် ပြင်သစ်ဘာသာစကား ကို ရေးတတ် ဖတ်တတ်၊ ပြောတတ်လာတော့၏၊ သို့နှင့် သုံးနှစ်ခန့်ကြာသော အခါ ယူနက်စကိုဌာနချုပ်၌ ချက်ချင်းပင် ဘာသာပြန်အလုပ်ကို ရရှိခဲ့၏။ ရာထူးမှာ လခကောင်း၍ သူ၏တာဝန်မှာ ဌာနချုပ်၌ ကျင်းပသော အစည်အဝေး ကြီးများတွင် ပြင်သစ်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ တမဟုတ်ချင်း ပြန်ဆိုပေးရခြင်းဖြစ်၏။ သို့ရှိစဉ် အင်္ဂလိပ်မှ ပြင်သစ်ဘာသာသို့ ပြန်ဆိုရန် တာဝန်ကျသော ဆီဗီယာနှင့် တွေ့ဆုံရင်းနှီးခဲ့ခြင်း ဖြစ်လေသည်။
သူသည် သူ၏ခင်ပွန်း ““ချားလ်(စ်)လင်းဘတ်” နှင့် တွေ့စဉ်အချိန်က သူ၏လုပ်သက်မှာ ငါးနှစ်ရှိခဲ့လေပြီး သို့နှင့် ၎င်းအားလက်ထပ်ရန် ယူနက်စကို ဘာသာပြန်ဌာနမှ ထွက်ခဲ့၏။ ထိုစဉ်က' သူ၏အသက်မှာ ၂၇ နှစ်မျှသာ ရှိသေး၏။ သို့နှင့် သူ၏အိမ်ထောင်သက်မှာ ထိုအချိန်က တစ်နှစ်မျှပင် မပြည့်သေးချေ။ ကလေးစိတ်ပင် မကုန်သေးသောအရွယ်ဟု ဆိုရပေမည်။
ပါရီမြို့သို့ သူပြန်လာသည့်အချိန်မှာ မေလ၏ တနင်္ဂနွေနေ့ဖြစ်၍ နပိုလီယံဘုရင်ကြီးရှိစဉ်က စိုက်ပျိုးထားခဲ့သည့် လမ်းမဘေးရှိ အလှအပပန်းပင် များကို တွေ့မြင်ရ၏။
“မင်း... ခင်ပွန်းသည်ကို ကွာရှင်းဖို့ သွားနေတဲ့အချိန်မှာ မင်း စိတ်ကို ဘယ်လိုထိန်းထားသလဲ.. ဟင်"
ဆီဗီယာသည် ရက်ဂျီနာ၏စိတ်ကို စပ်စုကြည့်လိုက်၏။
“ကိုတော့ ပျော်နေတာပဲ သိတယ်၊ အဲဒီလို ကိုယ် ဆုံးဖြတ်လိုက် တာ မှန်တယ်လို့ထင်တာပဲ၊ မနည်းကို အားခဲပြီ။ ဆုံးဖြတ်လိုက်ရတယ်။ တကယ်တော့ တို့အိမ်ထောင်ပြိုကွဲဖို့ဆိုတာ ချားလ်(စ်)က လုံးဝ တွေးမိရှာမယ် မဟုတ်ပါဘူးကွယ်။ ကိုယ်ဖွင့်ပြောမှ သူ့ခမျာ သိရမှာပါ” ဟု ရက်ဂျီနာက ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။
ထို့နောက် ရက်ဂျီနာက ဆက်လက်၍ "ရှင်းရှင်းပြောရမယ်ဆိုရင် အဲဒီအခါတုန်းက ကိုယ်က အရူးအမူးလင်လိုချင်နေတယ် ဆိုပါတော့။
ဒီအသက် အရွယ်ထိ ကိုယ့်ကို ဘယ်ယောက်ျားကလေးကမှ လက်ထပ်ဖို့ ခွင့်မတောင်းခဲ့ဘူး။ ဒါနဲ့ ဘလ်(စ်)တစ်ယောက် ရုတ်တရက်ပေါ်လာပြီး လက်ထပ်ခွင့် တောင်းတာပဲ။ ဒီတော့ ကိုယ်လည်း ထူးထူးထွေထွေ ဘာမှ စဉ်းစားမနေတော့ဘဲ မျက်စိမှိတ် နားပိတ်ပြီး ခေါင်းညိတ်လိုက်မိတယ်ကွာ"
"ကိုယ့်ယောက်ျားဟာ ဆွဲဆောင်မှုရှိတဲ့ လူရိုးလူကောင်းတစ် ယောက်ပဲ။ ပြီးတော့ သူဟာ အင်မတန် လျှို့ဝှက်တဲ့ လူတစ်ယောက်ပဲကွ။ ဒီအချက်တော့ သူ့အပေါ် ကိုယ်သဘောမကျဘူး။ သူဟာ ဘာအလုပ်
လုပ်တယ်ဆိုတာ ခုထက်ထိ ကိုယ်မသိသေးဘူး။ သူကလည်း ပြောမပြဘူး။ ဒီတော့ ကိုယ့်စိတ်ထဲ စနိုးစနောင့် ဖြစ်လာတယ်။ သူဟာ လူပျိုးပဲလာ။ အရင်က သူ့မှာ အိမ်ထောင်ရှိခဲ့ဖူးသလား။ သူ ဘာလုပ်ကိုင်စားသောက်သလဲ။ သူ ငွေတွေ ဘယ်ကရလာ သလဲဆိုတာ ကိုယ် လုံးဝမသိဘူး။ မင်းလည်း ကိုယ်ချင်းစာကြည့်ပါဦး။ သူ့ဆီမှာ အဖိုးတန် ပန်ချီကားချပ်တွေ၊ ပန်းပုရုပ်လုံး
တွေ အများကြီးရှိတယ်။ ဒီဟာတွေကို ဝယ်ထားတာတော့ တွေ့တယ် ဒါတွေဟာ အခု အိမ်မှာပဲရှိတယ် ပြီးတော့ သူ့ပစ္စည်းတွေကို ဘယ်သူ့ကိုမှ မပြဘူ။ ဒါထက် စိတ်ဝင်စားစရာကောင်းတာတစ်ခုက ဒီပစ္စည်းတွေကို အဖိုးများများပေးဝယ်တဲ့ ပိုက်ဆံတွေကို သူ ဘယ်ကရသလဲဆိုတာပဲ”
ထိုအချိန်တွင် ဆီယာ၏သားကလေး ဂျင်းလူးဝစ်က ဝင်၍ ပြော လိုက်သဖြင့် ရက်ဂျီနာနှင့် ဆီဝီယာတို့ပါ ကလေးငယ်ကို တအံ့တဩငေး၍ ကြည့်နေမိကြ၏။
"ဦးလေး ချားလ်(စ်) ဘာတွေလုပ်တယ်ဆိုတာ ကျွန်တော် သိတယ် ကျွန်တော်မြင်ဖူးတယ်။ ဦးလေးချားလ်(စ်)က ကော်ရုပ်မော်တော်ကားကလေး တွေ အမျိုးမျိုးလုပ်တယ်" ,
ထိုအခါမှ သူငယ်ချင်းနှစ်ယောက်တို့မှာ ပြုံးလိုက်ကြ၏။
"အဲဒါ စီးပွားရေးလုပ်ငန်း၊ မဟုတ်ဘူးကွယ့် အဲဒါ ဝါသနာ သား တံဆိပ်ခေါင်းစုတဲ့ ဝါသနာမျိုးပေါ့" -
ဆီဗီယာသည် သားငယ်အားရှင်းပြလိုက်၏။ လူကြီးတစ်ယောက် ကဲ့သို့ ပြောတတ်သော သား၏စိတ်ဓာတ်ကို သဘောကျသွားသဖြင့် ကလေး ငယ်ကို ငုံ့၍နမ်းလိုက်၏။
ထို့နောက် ရက်ဂျီနာက သူသည် ခင်ပွန်းဖြစ်သူအား ယခု မချစ် တော့ကြောင်း သူ့ကို မချစ်လို့ ကွာရှင်းတော့မယ့်အကြောင်း၊ မိမိစိတ်ကို ဆုံးဖြတ်ပြီး ဖြစ်ကြောင်းများကို ကားပြတင်းပေါက်မှ အပြင်သို့ ငေးမော ကြည်ရှုရင်း ဆီဗီယာအား ပြောပြနေလေသည်။
ထိုအခါ ဆီဗီယာက ထိုဆုံးဖြတ်ချက်မှာ ကမူရှူးထိုးနိုင်ကြောင်း ပြောရာ ရက်ဂျီနာက မီမီ မချစ်မနှစ်သက်တော့တဲ့လူကို ကွာရှင်းဖို့ မိမိတွင် အခွင့်အရေးရှိကြောင်း၊ ဒီကနေ့ပဲ သူ့ကို ကွာရှင်းဖို့ ပြောမည့်အကြောင်းဖြင့် နောက်ဆုံးပြောပြလေသည်။
ထို့နောက် ဆီဗီယာက ရက်ဂျီနာအား မည်သည့်အလုပ်အကိုင် လုပ်ကိုင်စားသောက်မည့်အကြောင်းမေး ရာ မိမိသည် ဘာသာပြန်အလုပ် ဟောင်းကို ပြန်ရလျှင် ကောင်းမည့်အကြောင်းပြောရာ မီဒီယာက မီမီ ကူညီပြောပေးလျှင် ထိုအလုပ်ကို ရနိုင်ကြောင်းဖြင့် ပြောလေသည်။
ထိုအခိုက် သူတို့၏ကားကလေးသည် ရွာတစ်ရွာကို ဖြတ်ကျော် လျက်ရှိသဖြင့် အတွေးကိုယ်စီနှင့် ရှုခင်းများကို ငေးမောကြည့်ရှုနေကြစဉ် ( မီရထားသံလမ်းတစ်ခုသို့ ဖြတ်ကျော်လိုက်သည်နှင့် တစ်ပြိုင်နက် အနက်ရောင် ““ရေနော့" အမျိုးအစား၊ ပုလိပ်ကားတစ်စီးသည် ဘွားခနဲ ရှေ့မှပေါ်လာ
တော့၏။ ရက်ဂျီနာတို့၏ ကားကလေးသည် ၁၀ ကီလိုမီတာ ပြေးလျက် ရှိသဖြင့် အရှိန်လျှော့၍မရတော့ဘဲ လက်ကိုင်ဘီးကိုသာ အားပြု၍ တိမ်းရှောင်လိုက်ရတော့၏ ပုလိပ်ကားနှင့် လွတ်သွားသော်လည်း မိမိတို့ကားမှာ အတန်ငယ် တိမ်းစောင်းသွားသဖြင့် မနည်းပင် လမ်းပေါ်သို့ ဆွဲတင်လိုက်ရ၏။ ကလေးငယ်မှာလည်။ လဲသွားသဖြင့် ဂျင်သည် လဲနေရာမှာ ရုတ်တရက် ထကာ ရှေ့သို့ လက်ညိုးထိုးလျက်
“ဟိုမှာ တစ်ခုခုဖြစ်နေတယ် မာမီ၊ ကြည့်ပါဦး"ဟု ပြောလိုက်သဖြင့် ကြည့်လိုက်ကြရာ ရှေ့ကိုက် ၅၀ ခန့် အကွာတွင် လူအုပ်ကြီးတစ်အုပ် စုရုံးနေသည်ကို မြင်လိုက်ရတော့၏။ လူအချို့မှာ ယူနီဖောင်းဝတ် ရဲသားများ ဖြစ်၍ ၎င်းတို့အနက် အချို့သည် အဝတ်ဖြူကြီးဖြင့် အုပ်ထားသည့် လူနာတင် ထမ်းစင်ပေါ်မှ လူသေအလောင်းတစ်လောင်းအား ဝိုင်းအုံကြည့်ရှုနေသည်ကို မြင်ကြရလေသည်။
ဂျင်လူဝစ်ကလေးသည် ထိုအခြင်းအရာကို ကြည့်လိုသဖြင့် ကား ကို ရပ်ပေးရန်ပြောသော်လည်း ကလေး၏အလိုကို မလိုက်ကြဘဲ ဆီဗီယာ သည် ကားကိုသာ အရှိန်ပြင်းပြင်းဖြင့် ဆက်လက်မောင်းသွားလေသည်။
အခန်း ၂
“ဖော့ချ်"ရိပ်သာသည် ကြွယ်ဝချမ်းသာသော လူကုံထံများ နေထိုင်ရာလုပ်ကွက်ဖြစ်၍ အလွန် အရိပ်အာဝါသကောင်းသော နေရာဖြစ်ပြီး လျှင် လမ်းမကြီးမှာ “ဘွိုက်ဒီဘောင်လောင်း”ရွာအထိ ပေါက်ရောက်၏။ လမ်းများတွင် စက်ဘီးစီးသူများနှင့် လမ်းလျှောက်သူများကို တွေ့ရ၏။ ထိုဒေသတွင် လူပေါင်းခြောက်သန်းခွဲနေထိုင်၍ လူနေအိမ်ခြေ ကျပ်တည်း လှ၏၊ သို့သော် ဖော့ချ်ရိပ်သာ၌မူ လူငှားထားရန်
တိုက်ခန်းကြီးများရှိ၍ ဇိမ်ခံလူတန်းစားများအတွက်သာ ဖြစ်လေသည်။
ယင်းအိမ်ခန်းကြီးများမှာ အိမ်ထောင်ပရိဘောဂ အပြည့်အစုံပါရှိ၍ ငှားရမ်းခဈေးလည်း ကြီးလှ၏။ သို့ဖြစ်၍ နေထိုင်သူများမှာ အစိုးရအဖွဲ့အစည်း များမှ ပုဂ္ဂိုလ်များနှင့် ဝင်ငွေကောင်းသော လူချမ်းသာများသာဖြစ်၏။ ထိုလူ များမှာ အများအားဖြင့် ပြင်သစ်ဘဏ်တိုက်တွင် အစုရှယ်ယာပါဝင်ထားသူ များ၊ “ဘယ်ဂျီယံ" စက်မှုလက်မှု ပညာရှင်များ အမေရိကန်လူမျိုး၊ ရှေ့နေ များ၊ ဥပဒေပညာရှင်များ။ အီတာလျံလူမျိုး၊ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်များ၊ ရုရှားသံတမန်များ၊ ဆွစ်လူမျိုး ထုတ်လုပ်သူများနှင့် မည်သည့်အလုပ်မျိုးဖြင့် ဝင်ငွေကောင်းသည်ကို မသိရသောသူများ၊ နေထိုင်ကြ၏။ ထိုအထဲတွင် နန်းကျဘုရင်တစ်ဦး၊ ဘာသာရေးခေါင်းဆောင်တစ်ဦ။ အိုင်ယာလန် ပေါက်သူတစ်ဦးနှင့် ချားလ်(စ်)လင်းဘတ်တို့ ပါဝင်လေသည်။
ပင်ဟတ်ပြိုင်ကားလေးသည် ဖော့ချ်ရိပ်သာ၏ တိုက်သစ်ကြီးတစ်ခု ရှေ့တွင် ထိုးရပ်လိုက်၏။ မစ္စစ်ချားလ်(စ်)လင်းဘတ်(ရက်ဂျီနာ)သည် ကား တံခါးကိုဖွင့်ကာ သူ၏ခြေတစ်ဖက်ကို အပြင်သို့ ထုတ်လိုက်၏။ ဆီဗီယာသည် ကား ရှေ့ခန်းလေဝင်ပေါက်မှ ချောင်းကြည့်ကာ ရက်ဂျီနာအား...
“ကိုယ်တော့ကွာ ဒီလိုအိမ်ခန်းကြီးနဲ့ ဒီလိုဝင်းခြံကြီးကို ပစ်သွားရမှာ ဘယ်လိုမှ စဉ်းစားလို့မရဘူး။ မင်းကိုလည်း အားမပေးချင်ဘူး"ဟု ပြောလိုက်၏။
“ဪ... ဒါထက် ကြာသပတေးနေ့ နေ့လယ်စာစားချိန် တို့ ဆုံကြမယ်နော် မမေ့နဲ့” ဟုပြောကာ လက်ဆွဲအိတ်နှစ်လုံးကို ဆွဲလျက် အညိုရောင်အိမ်ကြီးရှိရာသို့ တည့်တည့်သွားလေ၏။ တိုက်တံခါးဝသို့ ရောက်သောအခါ လက်ဆွဲအိတ်များကိုချ၍ လေလံသော ကျွန်းတံခါးကြီးပေါ်ရှိ ကြေးဖုတစ်ခုကို နှိပ်လိုက်ရာ တံခါးမှာ အလိုအလျောက် ပွင့်သွားသဖြင့် ချထားသည့် အိတ်များကိုဆွဲကာ အတွင်းသို့ ဝင်လိုက်လေသည်။
ထို့နောက် ရက်ဂျီနာသည် မိမိဝင်လာသောတံခါးကို ပြန်၍ပိတ်လိုက် ပြီးလျှင် ဝရန်တာအတိုင်း ဆက်လျှောက်သွားရာ ပတ်ဝန်းကျင်မှာ ဆိတ်ငြိမ်နေ သဖြင့် သူ၏ဖိနပ်သံကိုပင် ကြားနေရ၏။ ၀ရန်တာအဆုံးတွင် မြေညီထပ်၌ ရှိသော ဓာတ်လှေကားတစ်ခုကို တွေ့ရသဖြင့် အတွင်းသို့ဝင်လိုက်၏။ ထို့နောက် မိမိအလိုရှိသော အထပ်၌ရပ်ရန် ခလုတ်အနီကလေးကို နှိပ်လိုက်၏ “သို့သော် ဓာတ်လှေကားမှာ အပေါ်သို့မတက်ဘဲ ရှိနေသဖြင့် နောက်တစ် ကြိမ် ထပ်၍နှိပ်ပြန်၏။ သို့နှင့် စိတ်မရှည်နိုင်တော့ဘဲ အပြင်သို့ ထွက်လိုက်၏။ မည်သည့်အခါကမျှ သူသည် ထိုလှေကားကြီးကို မတက်ခဲ့ဖူးချေ။ ဓာတ် လှေကားကိုသာ အသုံးပြုခဲ့၏။ (သူ၏ခင်ပွန်းသည်ပေးနေသော အိမ်လခ ထဲတွင် ထိုလှေကားကို အသုံးပြုခွင့်လည်း ပါရှိ၏။)
ယခုသော် မည်သို့မျှ မတတ်နိုင်တော့ချေ ထိုလှေကားကြီးကိုပင် အသုံး ပြုရပေတော့မည်။ ဤသို့ဖြင့် ရက်ဂျီနှာသည် သုံးထပ်အထိ ကြိတ်မှိတ် တက်သွားပြန်၏။ သုံးထပ်သို့ ရောက်သောအခါ လက်ယာဘက်သို့ ချိုးကာ အခန်း တံခါးတစ်ခုရှေ့တွင် ရပ်လိုက်၏။ သို့သော် အခန်းတံခါးမှာ ပိတ်ထား သဖြင့် လက်ဆွဲအိတ်နှစ်လုံးကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် မည်သည့် အသံကိုမျှ မကြားရချေ။ သို့နှင့် တံခါးကို နောက်ထပ်တစ်ကြိမ် ခပ်ပြင်းပြင်း