Skip to product information
1 of 3

Other Websites

ဒဂုန်ရွှေမျှား - လူလောတစ္ဆေလော

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဆန်းကြယ်သော ကလဲ့စား

ကိုလေးမောင်နှင့် မလေးခင်တို့မှာ ညီအစ်ကို မောင်နှမအရင်းများ ဖြစ်ကြသည်။ အစ်ကိုဖြစ်သူ မောင်လေးမောင် အသက် ၃၀ ရှိသော အချိန် တွင် မလေးခင်မှာ ၂ဝ နှစ်မျှသာရှိသေး၏။

မောင်လေးမောင်သည် အရပ်ပု၍ အတန်ငယ် လက်ပြင်ကုန်း၏။ အလွန်လှီ၍ သေးကွေးသော လူတစ်ယောက်လည်း ဖြစ်လေသည်။ နှမဖြစ် သူ မလေးခင်မှာ အသားမဖြူမညိုမျှသာရှိသော်လည်း အချိုးအစားကျ သော ကိုယ်လုံးကိုယ်ပေါက်ရှိပြီးလျှင် လှပသည်ဟု မဆိုနိုင်စေကာမူ ယောက်ျားများအား ဖိတ်ခေါ်နေသကဲ့သို့ ချိုသာရွှင်ပျသော မျက်နှာမျိုးရှိသူ ဖြစ်လေသည်။

မိဘများ သေဆုံးသွားပြီးနောက် မောင်လေးမောင်မှာ စာပို့ လုလင်၊ ရုံးပြာတာ၊ အခွန်တော်စားရေး၊ ရုံးစာရေး၊ တောလိုက်စာရေးမှစ၍ ဖြစ်သလို ́လုပ်ကိုင် စားသောက်ခဲ့ရရာ နှမဖြစ်သူ မလေးခင်မှာ ဈေးသည် ဘဝမှ ဇာတ်အဖွဲ့ တစ်ဖွဲ့တွင် ယိမ်းသမဖြစ်ခဲ့၏။ သို့ရှိစဉ် အနောက်ပိုင်းမှ သြဇာတိက္ကမနှင့် ပြည့်စုံသော ဟိုတယ်ပိုင်ရှင်တစ်ဦး၏ မထင်ရှားသိမ်း ပိုက်ထားခြင်း ခံခဲ့ရလေသည်။

ယိမ်းသမအလုပ်မှာ အတော်အတန်အောက်ကျသည်ဟု ယူဆ ကြသော်လည်း မောင်လေးမောင်၏ စိတ်၌မူ စင်ကြယ်သော အသက်မွေးမှု တစ်ခုဖြစ်၍ သုခုမပညာလေ့လာမှုတစ်ရပ်လည်း ဖြစ်သည်ဟု ယူဆပြီး လျှင် သဘောတူညီခဲ့၏။ သို့သော် ယင်းအလုပ်မှ ပိုက်ဆံကြေးငွေပို၍ရသော ဟိုတယ် စားပွဲထိုးအလုပ်သို့ ကူးပြောင်းခဲ့ပြီးလျှင် ၎င်းမှတစ်ဖန် ဟိုတယ်ပိုင်ရှင်က အငယ်အနှောင်းအဖြစ်ဖြင့် မထင်မရှားသိမ်းပိုက်ထား သည်ဟု ကြားသိရသောအခါ မောင်လေးမောင်မှာ ဆတ်ဆတ်ခါမျှ အသည်းနာမိ၏။ သို့သော် မလေးခင်မှာ သူ့အလုပ် သူ့ အကိုင်နှင့် သူ့ကိုယ် သူပိုင်သော မိန်းမကြီး ဖြစ်နေပြီဖြစ်၍ မည်သို့မျှ မတတ်နိုင်ပေ။

တစ်နေ့သ၌ မလေးခင်သည် မိမိကိုယ်ကို မိမိသတ်သေကြောင်း ကြားသိရသဖြင့် မောင်လေးမောင်မှာ ငယ်စဉ်က အဖြစ်အပျက်များ ပြန် ပြောင်း အောက်မေ့ကာ ပူပန်မိရှာ၏။ မိမိကိုယ်တိုင် ဆင်းရဲသဖြင့် ထောက် ပံ့ကြည့်ရှုခြင်း မပြုနိုင်သောကြောင့် နှမဖြစ်သူမှာ ဟိုတယ်စားပွဲထိုးဘဝသို့ ရောက်သွားရကြောင်း၊ နောက်ဆုံးတွင် ဟိုတယ်ပိုင်ရှင်၏ အငယ်အနှောင်း ဖြစ်ကာ မိမိ၏ဘဝကို ယခုကဲ့သို့ သနားစဖွယ် ဇာတ်သိမ်း၍ သွားရရှာကြောင်းများကို စဉ်းစားမိသောအခါ သာ၍ပင် စိတ်မကောင်းဖြစ်မိတော့ ၏။ ထို့ထက်ပို၍ စိတ်မကောင်း ဖြစ်မိသောအရာမှာ မလေးခင်ထံမှ သူ မသေမီ သူ၏လက်ရေးဖြင့် ပို့လိုက်သော စာတစ်စောင်နှင့် ပါဆယ်ထုပ် ကလေးပေါ်တွင် ရေးသားထားသော လက်ရေးမှာ မလေးခင်၏လက်ရေး ဖြစ်ကြောင်း မောင်လေးမောင် ကောင်းစွာသိရှိလေသည်။ မလေးခင်သည် အဆိပ်ခွက်ကို မကိုင်မီ သူ၏ လက်ကလေးဖြင့် ဤစာကို နောက်ဆုံးရေးခဲ့ ဟန် တူလေသည်။

မောင်လေးမောင်သည် စာကို အကြိမ်ပေါင်းများစွာ ထပ်ခါ ထပ် ခါဖတ်၍ကြည့်၏။ ဆွေမျိုးဉာတိဟူ၍ မရှိဘဲ မောင်နှမနှစ်ယောက်တည်း သာရှိနေသော မောင်လေးမောင်မှာ လောကကြီးတွင် ချစ်ခင်တွယ်တာရ မည့်သူဟူ၍ မရှိတော့ချေ။

ဟိုတယ် စားပွဲထိုးဆိုသည်မှာ စားသောက်ဖွယ်များကို စားပွဲပေါ်  သို့ သာမန်ချပေးရသော အလုပ်မဟုတ်ဘဲ ယောက်ျားဧည့်သည်များအား ဤနေရာသို့ နောက်တစ်ကြိမ်ထပ်၍ လာချင်အောင် အမျိုးမျိုးသော နည်း ပရိယာယ်ဖြင့် မြူဆွယ်သွေးဆောင်ရသော အလုပ်ဖြစ်လေသည်။ ပထမ၌ အလုပ်ကို ပေါ့ပေါ့ဆဆ ထင်မှတ်မိသော်လည်း ရက်အနည်းငယ်မျှ ကြာသောအခါ စက်ဆုပ်ငြီးငွေ့ လာသဖြင့် မလေးခင်သည် အလုပ်မှထွက်ရန် ဆိုင်ရှင်ထံ အခွင့်တောင်းလေရာ ထိုအခါ၌ ဟိုတယ်ပိုင်ရှင်သည် မလေးခင် အား ချော့မော့ နူးနှပ်ကာ တစ်ချက်ခုတ်နှစ်ချက်ပြတ် သိမ်းပိုက်လိုက်ခြင်း ဖြစ်လေသည်။ ဟိုတယ်ပိုင်ရှင်မှာလည်း အခြားသူမဟုတ်မောင်လေးမောင် နှင့် ငယ်စဉ်က တစ်ရွာတည်း တစ်ကျောင်းတည်း နေခဲ့ဖူးသော 'ချက်ကြီး” ဆိုသူဖြစ်လေသည်။

ချက်ကြီးသည် အရပ်အမောင်းမြင့်မားထွားကျိုင်း၍ အားခွန်ဗလ နှင့် ပြည့်စုံ၏။ ကျောင်းနေစဉ်ကပင် သူနှင့် အားချင်းမမျှသော ကျောင်း သားကလေးများ အပေါ်တွင် အနိုင်ကျင့်တတ်၏။ မောင်လေးမောင်မှာ ငယ်စဉ်ကပင် လှီလှီကင်းကင်း သူငယ်တစ်ယောက်ဖြစ်ရာ ချက်ကြီး၏ အနိုင်ကျင့်မှု၊ မတရားညှဉ်းဆဲမှုများကို အခြားသူများထက် အခြားကျောင်း သားများထက် ပို၍ခံရသူဖြစ်၏။ တစ်ခါတွင် သရက်သီးကို ပစ်ချလိုက်သော မောင်လေးမောင်၏ ခဲတစ်လုံးသည် ချက်ကြီး၏ ဦးခေါင်းကို မတော် တဆ ထိမှန်လရာ ချက်ကြီးသည် မောင်လေးမောင်၏မျက်နှာကို လက် သီးဖြင့် တစ်ချက် စွပ်၍ထိုးလိုက်၏။ ချက်ကြီး၏ ဦးခေါင်းမှာ ဖူးရောင်ရုံမျှ ဖူးရောင်၍သွားသော်လည်း မောင်လေးမောင်၏ နှာခေါင်းမှာ အရိုးကျိုး၍ သွားပြီးလျှင် တစ်လနီးပါးမျှ ဘုန်းကြီးက ဆေးဝါးကုသပေးရလေသည်။ သို့နှင့် မောင်လေးမောင်၏ နှာခေါင်းမှာ အလယ်တွင် အတန်ငယ် နိမ့် လျက် ရှိနေလေသည်။ တစ်ကြိမ်တွင်လည်း ချက်ကြီးသည် မောင်လေး မောင်၏ လက်ဝဲဘက်လက်ကို ကျီစားသလိုနှင့် နောက်မှ လိမ်ဖူးရာ မောင် လေးမောင်မှာ အသက်ကြီးသည်အထိ ရာသီဥတုအေးသောအခါများတွင် လက်မောင်းတစ်ဖက် ကိုက်လျက်နေခဲ့လေသည်။

ကြီးပြင်းလာကြ၍ မိမိတို့အလုပ်အကိုင်နှင့် မိမိတို့ရှိနေကြသော အခါ မောင်လေးမောင်မှာ ကောင်းမွန်စွာ အသက်မွေးမြူနေထိုင်သည်နှင့် အမျှ ချက်ကြီးမှာ အနောက်ပိုင်းရှိ တရုတ်ကလပ်များသို့ လှည့်လည်ကျက် စားကာ နောက်ဆုံး ဆိုးခိုး တိုက်ခိုက်ခြင်းစသော မကောင်းမှု အမျိုးမျိုးဖြင့် အသက်မွေး ဝမ်းကျောင်းရှာဖွေခဲ့လေသည်။ သို့နှင့် ၃ နှစ်အတွင်း တစ်ဦး နှင့်တစ်ဦး တွေ့ဆုံခဲ့ခြင်း မရှိဘဲ ချက်ကြီးသည် မိမိ၏ နှမ မလေးခင်နှင့် အကြောင်းပါသည်ဟူသော သတင်းကိုသော မောင်လေးမောင် ကြားရ၏။ ထို့နောက် ၆ လခန့်မျှကြာ ရှိသောအခါ ချက်ကြီးသည် မိမိ၏နှမအား စွန့်ပစ်လိုက်ပြီဟူသော သတင်းနှင့် မရှေးမနှောင်းပင် မလေးခင် သတင်း ကို ကြားရပြန်၏။ ထိုနေ့၌ပင် စာတိုက်မှ မလေးခင် လက်ရေးဖြင့် ရေး လိုက်သော စာတစ်စောင်ကို ပါဆယ်ထုပ်ကလေးနှင့်အတူ ရရှိခဲ့ခြင်းဖြစ် လေသည်။

စာတွင် ချက်ကြီးသည် မိမိအား စွန့်ပစ်လိုက်ကြောင်း၊ ထိုအခါ မိမိမှာ ကမ္ဘာပေါ်တွင် အစ်ကိုရင်း တစ်ယောက်သာ ကြည့်ရှုစောင့်ရှောက် မည့်သူသည် မှန်သော်လည်း အစ်ကိုအား မျက်နှာမပြဝံ့တော့ဘဲ မိမိ၏ ဆိုးရွား ညစ်ညမ်းလှသော ဘဝကို အဆိပ်ဆေးဖြင့် အဆုံးသတ်လိုက်ရ ကြောင်းဖြင့် ရေးသားထား၏။

 ပါဆယ်ထုပ်ကလေးမှာ ချက်ကြီးနှင့်ပေါင်းသင်းနေထိုင်ရသော ၆ လအတွင်း မိမိဘဝဖြစ်စဉ်နှင့်တကွ ချက်ကြီး၏ အပေါင်းအသင်းများ၊ လူသတ်ဂိုဏ်းနှင့် ဓားပြဂိုဏ်းများတွင်ပါဝင်သော ချက်ကြီး၏အပေါင်း အသင်းများ မည်သည့်နေ့၊ မည်သည့်ရက် မည်သည့်နေရာတွင် ချက်ကြီး နှင့် သူ၏တပည့်တပန်းများသည် မည်ကဲ့သို့သော ရာဇဝတ်ပြစ်မှုကို ကျူးလွန်ကြကြောင်းများကို အတိအကျ ရေးသားဖော်ပြထား၏။ ထို့ အပြင် ၊  ရန်ကုန် မြို့ပေါ်၌ လျှို့ဝှက်စွာတည်ထောင်ထားသော ကလပ်များ၊ ဘိန်းနှင့်

ရွှေချောင်းများ ခိုးသွင်းနေသည့် နေရာဌာနများနှင့် နာမည်ကြီးလူဆိုးများ၏  အမည်၊ နေရပ် လိပ်စာများပါရှိလေသည်။ လူဆိုးများ နာမည်စာရင်းနှင့် ပြစ်မှုကျူးလွန်သည့် နေရာများတွင် “မုတ်ဆိတ်”ဆိုသူ၏အမည်မှာ မကြာ ခဏ ပါရှိ၏။ ဤဒိုင်ယာရီ နေ့စဉ်မှတ်တမ်းစာအုပ်ကလေးမှာ ရဲဘက်သို့  ရောက်ရှိသွားက လွန်ခွာပင် အသုံးဝင်ပေလိမ့်မည်။

မလေးခင်၏အသုဘမှာ ဆေးရုံကြီးမှ သုဿန်သို့ ပို့ဆောင်ရ သဖြင့် မလေးခင် နေထိုင်ခဲ့သည့် အိမ်ကိုပင် မောင်လေးမောင် မသိရချေ။ အသုဘ၌ မောင်လေးမောင်သည် ကားတစ်စီးငှားပြီးလျှင် ရုပ်ဖျက်၍ ပို့ဆောင်ခဲ့ရာ ချက်ကြီးအား အရိပ်အယောင်မျှမတွေ့ရချေး အကယ် တွေ့ စေကာမူ မိမိနှင့် ၁၃ နှစ်တိုင်တိုင် ကွဲကွာနေခဲ့သူဖြစ်သဖြင့် မှတ်မိကောင်းမှ မှတ်မိပေမည်။

အသုဘကိစ္စ ပြီးစီးပြီးနောက် မောင်လေးမောင်သည် မိမိအား အမြဲညွှန်ကြားပြသဩဝါဒပေးနေသူ ဆရာတော် ဦးစန္ဒိမာကျောင်းသို့ သွား ရောက်လေ၏။ မောင်လေးမောင်သည် ဆရာတော်အား မိမိ၏ဘ၀ခရီး တစ်လျှောက်တွင် တွေ့ကြုံရသော ကြေကွဲဝမ်းနည်းဖွယ် အဖြစ်အပျက်များ နှင့်တကွ မိမိ၏နှမ မလေးခင် သေဆုံးရပုံအကြောင်းများကိုပါ လျှောက် ထားပြီးလျှင် မလေးခင်၏ စာနှင့်တကွ မှတ်တမ်းစာအုပ်ကလေးကိုပါ ဆရာတော်အား ပြသလေသည်။

ထိုအခါ ဆရာတော်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက်

“အင်း .. ငါလည်း ဒီကလေးမကြောင်း သတင်းသန့်သန့်တော့ ကြားတယ်ကွယ်။ တရုတ်ဟိုတယ်ဆိုင် ရောက်နေသလိုလို၊ ပျက်စီးနေ သလိုလို ကြားရတယ်။ ချက်ကြီးဆိုတဲ့ အကောင်အကြောင်းတော့ ငါအသိ သားပဲ။ ဒီကောင်က ငယ်ငယ်ကလေးကတည်းက ဆိုးချင် ခိုးချင်တဲ့ ဉာဉ်ပါ လာပြီး အခု အသက်အရွယ်ကြီးမှ ရန်ကုန်ရောက်လာတော့ သာဆိုးနေ တာပေါ့ကွယ်။ ဒီအကောင်နဲ့အကြောင်း ပါတယ်ဆိုတာတော့ ငါမသိဘူး။ ကြားလည်းမကြားဘူး၊ မင်းကလည်း ကျောင်းမရောက်တာ ၄-၅-၆ လ ရှိနေတော့၊ အခု မင်း ပြောမှ သိရတော့တာပဲ။ ဒီလိုပေါ့ကွယ် မင်းတို့ ငါတို့ ဖြစ်လာတဲ့ လူ့ဘုံဟာ ဒုက္ခကြီးပဲ မဟုတ်လား။ သူသူငါငါ ဘယ်သူမှ မကင်းနိုင်ဘူး။ တရားနဲ့သာ ဖြေပေတော့ ပြီးတော့ ပြုပြင်လို့ မရတဲ့ အတိတ်ကို အသာထားပြီး ရှေ့ကို ဘယ်လိုလှမ်းရမယ်ဆိုတာသာ စဉ်းစား ပေါ့ကွယ်။ဪ ... ဒါ့ထက် မင်း အကူအညီလိုချင်ရင် ကျော်တင့်ဆိုတဲ့ အကောင်သိတယ် မဟုတ်လား။ ဒီကောင် စုံထောက်ဘက်မှာ အမှုထမ်းနေ တယ်လို့ ကြားတယ်။ ဒီအကောင် တို့ရွာသားပဲ။ ငယ်ငယ်တုန်းက မင်းတို့ အိမ်နဲ့ တစ်အိမ်ပဲခြားတယ်လေ။ မိရွှေဆင့်ရဲ့ သား ကျော်တင့်လေ”

“မှန်ပါ့၊ တပည့်တော်သိပါတယ် ဘုရား”

“အေး .. အေး အကြောင်းရှိရင် သူ့ဆီသွားပေါ့ကွယ်။ မင်းကို အကြံကောင်း ဉာဏ်ကောင်းပေးနိုင်ပါလိမ့်မယ်။ ငယ်ငယ်တုန်းက ဒီအကောင် မင်းနှမ မိလေးခင်ကို အင်မတန် ချစ်တယ်ကွယ်။ သူတို့ နှစ်

ယောက် ကျောင်းနေဘက်ပဲ မဟုတ်လား”

“မှန်ပါ့ ဘုရား”

“အေး .. အေး ... ကျော်တင့်ဆီသာသွား၊ သူက ငယ်ငယ်က တည်းက တော်တော်ဉာဏ်ပညာထက်မြက်တဲ့ အကောင်ကွယ့်။

ဒါကြောင့် ပုလိပ်ဘက်ရောက်သွားတာ ။

“ဒါပေမဲ့ ကျော်တင့်က ချက်ကြီးကို သေအောင် မသတ်နိုင်ပါဘူး ဘုရား။ ချက်ကြီးဟာ သေရမယ် ဘုရား”

“ပါဏာတိပါတာကံဆိုတာ အင်မတန်ကြီးလေးတယ်ဆိုတာ ဒကာလေးမောင်အသိပဲ"

“မှန်ပါတယ် ဘုရား ... သိပါတယ်။ တပည့်တော် ထိန်းသိမ်းခဲ့ ပါတယ်။ ဒီဘဝမှာ မကျိုးမပေါက်ရအောင် သစ္စာပြုထားပါတယ်။ ဒါပေမဲ့ - ချက်ကြီးဟာ သေမှဖြစ်မယ်ဘုရား” ။

“ ဒီတော့ ဒကာလေးမောင်ဟာ ချက်ကြီးကို သတ်ဖို့စီမံပြီးပြီပေါ့ ”

မောင်လေးမောင်သည် ဆရာတော်အား တစ်စုံတစ်ရာ ပြန်၍ မလျှောက်ထားဘဲ ဦးခေါင်းကို ငုံ့ကာ “ချက်ကြီးသေရမယ်။ သေရမယ်။ ဘယ်နည်းနဲ့မဆို သေရမယ်” ဟုသာ စိတ်ထဲမှ ရေရွတ်လျက်ရှိလေသည်။

“ဒကာ လေးမောင်ဟာ ငယ်စဉ်ကတည်းကပ် ကံငါးပါးကို ခါး ဝတ်ပုဆိုးကဲ့သို့ လုံခြုံအောင်စောင့်ထိန်းခဲ့တယ်။ ဒီတော့ ပါဏာတိပါတာ ကံကို မောင်လေးမောင် မကျူးလွန်ဘူးဆိုတာ ကျုပ်သိတယ်"

“မှန်ပါတယ် ဘုရား”

မောင်လေးမောင်၏ စိတ်ထဲကမူ “ချက်ကြီးသေရမယ်။ ချက်ကြီး သေရမယ်” ဟု စဉ်းစားလျက်ပင် ရှိလေသည်။

ဆရာဘုန်းတော်ကြီးထံမှ ထွက်ခဲ့ပြီးနောက် မောင်လေးမောင် သည် လမ်းရှိ ယခင်က မိမိအလုပ်လုပ်ခဲ့ဖူးသော ဦးဘိုးအောင် ဘရားသား ကုန်စုံဆိုင်သို့ သွားလေ၏။ ထိုကုန်စုံဆိုင်မှာ ဦးဘိုးအောင်၊ ဦးဘိုးသောင်နှင့် ဦးဘိုးမောင် ဆိုသူ ညီအစ်ကို ၃ ယောက် ပိုင်ဆိုင်လေသည်။ ' မောင်လေးမောင်က မိမိမှာ အတော်ပင် ကျပ်တည်းနေသဖြင့် ယခင်က လုပ်ခဲ့ဖူးသော စာရေးအလုပ်ကိုပြန်၍ လုပ်လိုပါကြောင်း ပြောပြ ရာ ဦးဘိုးအောင်မှာ ယခင်ကပင် မောင်လေးမောင်၏ ရိုးဖြောင့်ကြောင်းကို

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)