Skip to product information
1 of 3

Other Websites

ဒဂုန်ရွှေမျှား - ရွှေပင့်ကူ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဇာတ်လမ်း၏နောက်ခံ

စစ်အတွင်း၌သော်လည်းကောင်း၊ စစ်မဖြစ်မီအချိန်၌သော်လည်း ကောင်း အပြိုင်အဆိုင်ဖြစ်နေကြသောနိုင်ငံများသည် တစ်ဦးနှင့်တစ်ဦး အတွင်း ရေးများကို သိစေရန် စုံထောက်သူလျှိုများ စေလွတ်၍ စုံစမ်းတတ်ကြ၏။ သူလျှိုတို့ သိလိုသော အကြောင်းခြင်းရာများမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ လျှို့ ဝှက်စွာ ချုပ်ဆိုသော စာချုပ်များ၊ ရေတပ်၊ လေတပ်၊ ကြည်းတပ်တို့၏ လျှို့ ဝှက်ချက်များ၊ ခံကပ်နှင့် အဆောက်အအုံကြီးများတည်ရှိရာ မြေပုံများ၊ တစ်ခါ တစ်ရံ အလွန်လျှို့ဝှက်စွာ ပြုလုပ်သည့် လက်နက်ထူး၊ လက်နက်ဆန်းများ အကြောင်း စသည်တို့ ဖြစ်လေသည်။

ဥပမာအားဖြင့် ဒုတိယကမ္ဘာစစ်ကြီးဖြစ်စတွင် အမေရိကန်၏ လျှို့ ဝှက်သော ဗုံးကြဲလေယာဉ်ပျံတစ်မျိုး၏ စနစ်ပုံစံများနှင့် ဓာတ်ပုံများကို ဂျပန် အစိုးရအား အဖိုးမြောက်မြားစွာနှင့် ရောင်းချရန် ကြံစည်သော လေယာဉ်ပျံ အလုပ်ရုံ အင်စပိတ်တော်ကလေး ကားဒရံမွန်' ဆိုသူ၏ အကြောင်းကို ကျွန်ုပ် တို့သည် အင်္ဂလိပ်သတင်းစာများထဲတွင် တစ်ခါက ဖက်လိုက်ရဖူး၏ ။ ဤကဲ့ သို့ အကြီးအကျယ် ကြံစည်သူများမှာ အမေရိကန်-အင်္ဂလိပ်-ဂျာမဏီ စသော အနောက်နိုင်ငံများ၌သာမဟုတ် ကျွန်ုပ်တို့ အရှေ့နိုင်ငံဖြစ်သော မြန်မာပြည် သို့ပင် တစ်စတစ်စ ကူးစက်ပြန့်ပွား၍ လာခဲ့၏။

ဂျပန်သည် အမေရိကန်နှင့် အင်္ဂလိပ်တို့အား စစ်မကြေညာမီ ၆ လ လောက်က မြန်မာပြည်သို့လည်း သူလျှိုများ စေလွှတ်၍ အလုပ်လုပ်ခဲ့ရာ ဤအကြောင်းကို အင်္ဂလိပ်အစိုးရတို့ သိနှင့်ပြီး ဖြစ်သည့်အတိုင်း အထူးကာကွယ် စောင့်ရှောက်ခဲ့၏။ အချို့နေရာများ၌ ဂျပန်တို့သည် မြန်မာများကိုပင် ရွေး ချယ်စေခိုင်းခဲ့ရာ အင်္ဂလိပ်တို့ကလည်း မြန်မာများကိုပင် လက်ရုံးပြုကာ ခုခံ တိုက်ခိုက်ခဲ့ရလေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်တွင် မြန်မာ၏ ကြောင်းကို မြန်မာထက် ပို၍ မည်သူမျှသိမည်မဟုတ်ချေ။

သို့ဖြစ်၍ ယခင်က ပျော်ရွှင်မှု သာယာမှုတို့ဖြင့် ပြည့်စုံခဲ့သော ရန်ကုန်မြို့ကြီးပေါ်တွင် စစ်ရိပ်စစ်ငွေ့တို့သည် တဖြည်းဖြည်း သန်း၍ လာ ပြီးလျှင် ဂျပန်၏ လှုပ်ရှားမှုတို့သည်လည်း တစ်နေ့ထက်တစ်နေ့ ပို၍ မြန် လာခဲ့လေ၏။

တစ်နေ့သော ည ၉ နာရီကျော်ကျော် အချိန်လောက်၌ စုံထောတ် ခင်မောင်စိုးနှင့် မကြည်ကြည်တို့သည် ဂလုပ်ရုပ်ရှင်ရုံမှ ပြန်လာခဲ့ကြပြီးလျှင် လမ်း၏ အခြားဘက်မှနေ၍  မကြည်ကြည်နေသော ကုန်သည်လမ်းရှိ တိုက် ခန်းရှိရာ စင်္ကြံသမံတလင်းဘက်သို့ ကူးမည်ပြုသည်နှင့် တစ်ပြိုင်နက် အိမ် ရှေ့ခန်းရှိ ဓာတ်မီးပွင့်နေသည်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် မကြည်ကြည် သည် လန့်၍ အော်လိုက်လေ၏။

မြန်မြန်လာပါ အစ်ကိုကြီးရဲ့ ၊ ကက်မီးတွေ ကျွန်မပိတ်ထားလျက် သားနဲ့ ကြည့်စမ်း ပွင့်နေတယ်”

“ကြည်ကလေး ထွက်လာတုန်းက မေ့နေရစ်လို့ ထင်ပါရဲ့” “မဟုတ်ပါဘူး အစ်ကိုကြီးရယ်၊ ကျွန်မ အသေအချာ မှတ်မိပါတယ်” “သူခိုးလဲ ဟုတ်မယ် မထင်ပါဘူး၊ သူခိုးဆိုရင် မီးကို ဖွင့်ထား ပါ့မလား"

“ဟုတ်တယ် အစ်ကိုကြီး၊ ဒါကြောင့် အစဉ်းစားရကျပ်တာပေါ့” “ကိုင်းကွယ်၊ အပေါ်တက်ကြည့်တော့ သိရောပေါ့ "

မကြည်ကြည်နေသော အခန်းမှာ သုံးထပ်တိုက်တစ်တိုက် ပထမ အထပ် လက်ဝဲဘက်အစွန်ဆုံးအခန်းဖြစ်၏ တိုက်မှာ အလယ်မှ လှေကာဖြင့် လက်ဝဲလက်ယာရှိ အခန်းများသို့ သွားနိုင်သဖြင့် ခင်မောင်စိုးသည် ကြည် ကြည်၏လက်ကိုဆွဲကာ စေ့ရုံသာစေ့၍ထားသော အောက်ဆုံးထပ် တခါးကိုဖွင့် ၍ ဗဟိုလှေကားမှ တက်ခဲ့ရာ မည်သည့်အသံမျှ မကြားရဘဲ မကြည်ကြည် အခန်းရှေ့ သို့ ရောက်ခဲ့လေ၏။

အခန်းအပြင်မှနေ၍ နားထောင်သော်လည်း တစ်စုံတစ်ရာ အသံ မကြားရသဖြင့် ခင်မောင်စိုးသည် မကြည်ကြည်ထံမှ သော့ကို တောင်းယူပြီး လျှင် အခန်းတံခါးကို ဖွင့်လိုက်ရာ ဧည့်ခန်း ဓာတ်မီးနှင့်တကွ နောက်ခန်းမှ ဓာတ်မီးပါ ပွင့်လျက်ရှိသည်ကို တွေ့ရလေသည်။ ခင်မောင်စိုးသည် တံခါးဖွင့် ပြီးသည်နှင့်တစ်ပြိုင်နက် ပစ္စတိုကလေးကို အသင့်ထုတ်ကိုင်ကာ အိမ်ရှေ့ခန်း၊ အိပ်ခန်း၊ အဝတ်လဲခန်း၊ နောက်ဖေး မီးဖိုဆောင်မှစ၍ တစ်အိမ်လုံး နှံ့စပ် အောင် ရှာဖွေသော်လည်း တစ်စုံတစ်ရာ မတွေ့ရဘဲ ရှိလေ၏။

ခင်မောင်စိုးသည် မကြည်ကြည်အား အခန်းတွင်းသို့ မဝင်စေသေး ဘဲ အပြင်၌ ထားခဲ့ရာ မကြည်ကြည်သည် အောက်ထပ်ရှိ တိုက်ရှင် ဒေါ်အရှာဘီ ထံ သွားပြီးလျှင် အကျိုးအကြောင်း ပြောဆို၍ ခေါ်ခဲ့ရာ တိုက်ပေါ်သို့ ပြန် . တတ်လာသောအခါ တိုက်ရှင်ဒေါ်အရှာဘီပါ ပါ၍လာခဲ့လေ၏။

"ကြည်လေး ဝင်ခဲ့တော့လေ”

“ဟုတ်ကဲ့”

"အစ်ကိုကြီးတော့ ဘာမှ မတွေ့ရပါဘူး၊ နို့ပေမယ့် ကြည်လေးအိပ် တဲ့အခန်း ခြေရာလက်ရာများ ပျက်သလား ရှာကြည့်ဦးလေ "

မကြည်ကြည်သည် အပြင်တွင် ရပ်၍ စောင့်လျက်ရှိရာမှ အခန်း တွင်းသို့ ဝင်ခဲ့ပြီးလျှင် အိပ်ခန်းတွင်းရှိ ပစ္စည်းများကို လိုက်လံကြည့်ရှုလျက် ရှိရာ  , အလန့်တကြား  လန့်၍အော်လိုက်လေသည်။

“အစ်ကိုကြီး ... အစ်ကိုကြီး ... လာပါဦး” “ဘာလဲ ကြည်ကလေး ,, အလန့်တကြားကွယ် ...” "ဒီမှာ ကြည့်စမ်းပါဦး ... ပင့်ကူကြီး” “ကြည်ကလေးကလဲ အလန့်တကြား”

'မကြည်ကြည်အိပ်သော ခုတင်နံဘေးရှိ ကော်ဇောပေါ်၌ကား .. ရွှေရောင်တောက်သော ပင့်ကူလေးတစ်ကောင်ကို မြင်ရလေ၏။

“ထူးထူးဆန်းဆန်း ရွှေရောင်ပင့်ကူကလေးနော် ... အစ်ကိုကြီး” “ဟုတ်ပါရဲ့ .."

ခင်မောင်စိုးသည် အတန်ကြာ စဉ်းစားလျက်ရှိလေ၏။ မကြည် ကြည်အိပ်သော တစ်ယောက်အိပ်ခုတင်မှာ တောင်ဘက်သို့ ခေါင်းရင်းလှည့်

ထား၍ ခုတင်၏ အရှေ့ဘက် ၆ ပေခန့်ဝေးသော နေရာ၌ကား အဝတ်အစား များထည့်သည့် မတ်တတ်ဗီရိုကြီး ရှိလေသည်။ ခုတင်နှင့် ဗီရိုအလယ်တွင် မွေးရှည်ကော်ဇောတစ်ချပ် ခင်းထားရာ... ပင့်ကူအသေကောင်ကလေးမှာ ကော်ဇောအလယ်လောက်၌ ရှိနေလေသည်။ ခင်မောင်စိုးသည် ပင့်ကူအသေ ကလေးကို စက္ကူတစ်ချပ်ပေါ်၌ တင်၍ ဓာတ်မီးရောင်အောက်တွင် အိတ်ထဲ၌ အသင့်ပါလာသော မှန်ဘီလူးဖြင့် ကြည့်ရှုလျက်ရှိလေ၏။

“ရွှေရောင်တော့ ရွှေရောင်ပဲ ကြည်လေးရဲ့ နို့ပေမယ့် ထူးဆန်းတာ တစ်ခုက ဒီဟာ ဆေးရည်စိမ်ထားတဲ့ ပင့်ကူကလေး ..."

“ဟင် ... ဟုတ်လား” . “ကြည်လေး ... ခုတင်အောက်က သေတ္တာတွေများ ကြည့်ပါဦး”

မကြည်ကြည်သည် ခုတင်အောက်မှ ယူနီဖောင်းသေတ္တာကို ဖွင့်၍ ကြည့်ရာ သေတ္တာမှာ ခြေရာလက်ရာမပျက်ဘဲ ရှိသည်ကို တွေ့ရ၏။ ခုတင် ပေါ်ရှိ မွေ့ရာကို လှန်ကြည့်ရှုသောအခါ၌လည်း ခြေရင်းရှိ ဘန်ကောက် လုံချည်များနှင့် ခေါင်းရင်းဘက်ရှိ ရွှေကြိုးကလေး တစ်လုံး၊ ငွေ ၅၆ ကျပ်တို့ မှာ ထိုအတိုင်းပင် ရှိနေသည်ကို တွေ့ရလေသည်။

“ဘယ်လိုဟာလဲ ... အစ်ကိုကြီးက ဒီပင့်ကူကလေးဟာ တစ် ယောက်ယောက်က ထားခဲ့တယ်ထင်လို့လား”

ခင်မောင်စိုးသည် မကြည်ကြည်၏ စကားများကို ပြန်၍ မဖြေသေး ဘဲ ... ပင့်ကူသေကလေးကို မှန်ဘီလူးဖြင့် ကြည့်နေရာမှ ... ကော်ဇော မှ အမွေးများကို ဒူးထောက်ကာ ... မျက်နှာကို ကြမ်းပြင်နှင့် ထိလုမတတ် စေ့စေ့စပ်စပ်ကြည့်လျက် ရှိပြန်လေသည်။ ဤသို့ ဒူးထောက်လျက် ကြည့်နေ ရာမှ -

" ကြည်လေး ... ဘိုင်စကုတ်မလာခင်၊ ဒါမှမဟုတ်ရင်လဲ နေ့လယ် က ဒီကော်ဇောပေါ်မှာ လေးလေးလံလံပစ္စည်းတစ်ခု ဆွဲသွားဖူးသလား

“ဟင့်အင်း ... ဘာမှ မဆွဲရပါကလား ... အစ်ကိုကြီး၊ ဘာဖြစ် လို့လဲ ...”

“ထမင်းချက်တဲ့ အမယ်ကြီးများ ဆွဲသလား ...”

“သူလည်း ဆွဲမယ်မထင်ပါဘူး ...၊ ဒေါ်စုမှာ ချက်ရေးပြုတ် နဲ့ အားတယ်မရှိပါဘူး "

“ကော်ဇောပေါ်က အမွှေးကလေးတွေဟာ အခန်းပေါက်ဆီက ဗီရို ကြီးနားအထိ တစ်ဖက်သက်လဲနေတာ တွေ့ရတယ် ကြည်လေး၊ အခုပြန်လာ မှ ဗီရိုကို မကိုင်သေးဘူးနော် ...”

“ဟုတ်ကဲ့ ... မကိုင်သေးပါဘူး” , အဝတ်ဗီရိုမှာ ဖန်လက်ကိုင်ရိုး တပ်ထားသဖြင့် ခင်မောင်စိုးသည် သံညှပ်တစ်ခုကို မီးဖိုမှ ယူစေခဲ့ပြီးလျှင် မကြည်ကြည်ထံမှ သော့တောင်၍  အဝတ်ဗီရို၏ လက်ကိုင်ကို ညှပ်ဖြင့်ကိုင်ကာ ဖွင့်လေ၏။ မကြည်ကြည့် နှင့် အရှာဘီတို့မှာ ခင်မောင်စိုး၏ အပြုအမူကို နားမလည်နိုင်ဘဲ ရှိလေရာ ဗီရိုတံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် လေးလံသော အရာဝတ္ထုကြီးတစ်ခု သည် အပြင်သို့ ထွက်ကျလာလေ၏။ ၎င်းသည်ကား ယောက်ျားကြီးတစ် ‌‌ယောက်၏ အလောင်းဖြစ်လေသည်။

မကြည်ကြည်သည် ဒေါ်အရှာဘီကို ဖက်ကာ " အလိုလေး ... ဘုရားရေ.. လုပ်ပါဦး၊ ဘယ့်နှယ်ဟာကြီးပါ

လိမ့်"

ဟု ပြောဆိုပြီးနောက် ... သုံးဦးသားတို့သည် အံ့အားသင့်လျက် ရှိစဉ် မကြည်ကြည်မှာ အထိတ်တလန့် တွေ့ကြုံရသည်ဖြစ်၍ သတိလစ်ကာ

ဒေါ်အရှာဘီ ရင်ခွင်ထဲသို့ လဲကျသွားလေ၏။

 ခင်မောင်စိုးနှင့် တွဲဖက်လုပ်ကိုင်လာခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ် ၍ မကြည်ကြည်သည် တစ်ခါတစ်ရံ မိမိရှေ့တွင်းဖြစ်ပွားသော သွေးယက် သံယိုမှုများကို တွေ့မြင်ရာ၌ သတ္တိကောင်းသော မိန်းကလေးတစ်ယောက်ဖြစ် သည့်အတိုင်း တုန်လှုပ်ခြင်းမရှိခဲ့ဖူးသော်လည်း မိမိအိပ်ခန်းအတွင်း မစောင်နှင့် ခေါင်းအုံးများထည့်ထားသော ဗီရိုအတွင်းမှ အလောင်းတစ်ခု ရုတ်တရက် ထွက်လာသည်ကို မြင်ရသောအခါ ကြောက်လွန်းအားကြီးသဖြင့် သတိမေ့၍ သွားရာ .. အကယ်၍ ဒေါ်အရှာဘီကသာ ပွေ့ပိုက်၍ မထားလိုက်ပါမူ ကြမ်းပေါ်သို့ လဲကျသွားမည်ဖြစ်လေသည်။ ခင်မောင်စိုးသည် ဒေါ်အရှာဘီ နှင့် တစ်ဖက်စီ မကြည်ကြည်အား ပွေ့ထူချီမပြီးလျှင် အိမ်ရှေ့ခန်း ဆိုဖာတစ်ခု ပေါ်တွင် ခပ်မှီမှီ တင်ထားပြီးနောက် ပြတင်းပေါက်များကို ဖွင့်လေ၏။ ဒေါ် အရှာဘီက အောက်ထပ်သို့ ဆင်းသွားပြီးလျှင် “စမဲလင်းဆော့' ခေါ် နာပုလင်း နှင့် ရေခဲအနည်းငယ် ယူခဲ့လေသည်။ ထို့နောက် ဝိုင်းဝန်းပြုစုကြရာ မကြာမီ သတိပြန်၍ လည်လာ၏။

“အစ်ကိုကြီး ... အစ်ကိုကြီး၊ ဘယ့်နှယ်ဟာကြီးပါလိမ့်... အစ် ကိုကြီးရယ် ကြောက်စရာကြီး ... "

“ဒီဟာ မစဉ်းစားနဲ့တော့ ကြည်လေး၊ အစ်ကိုကြီး ကြည့်ပြီး စီမံ မယ် ဘယ့်နှယ့် အတော် နေသာသွားပြီလား”

“ဟုတ်ကဲ့ နေသာသွားပါပြီ”

ကိုင်း ... ခါလာက တစ်ဆိတ်သူ့အနား နေလိုက်ပါဦး၊ ကျွန် တော် ပုလိပ်သွားပြီး အကြောင်းကြားလိုက်ဦးမယ်”

“စိတ်ချပါ မောင် ... ခါလာနေရစ်ပါ့မယ်”

သို့နှင့် မကြည်ကြည်အား အိမ်ရှေ့ခန်း၌ ၏အရှာဘီနှင့် ထားခဲ့ပြီး လျှင် ခင်မောင်စိုးသည် တစ်တိုက်ခြားရှိ ကုလားကုမ္ပဏီတစ်ခုသို့ သွား၍ ကျောက်တံတားဌာနသို့ တယ်လီဖုန်းဆက်၍ တိုင်ကြားပြီးလျှင် ပုလိပ်မင်းကြီး အိမ်သို့လည်း အကျိုးအကြောင်း သတင်းပို့လိုက်၏။

ခင်မောင်စိုးသည် အခန်းတွင်းသို့ ပြန်ရောက်လာ၍ အလောင်းကို သေချာချာ ကြည့်ရှုလျက်ရှိရာ သေသူမှာ အကြမ်းဖျင်း ခန့်မှန်းခြေအားဖြင့် အသက် ၄၀ ကျော်ခန့်ရှိပြီထင်ရ၍ အသားမှာ အသားလတ်ဖြစ်သော်လည်း ခရီးပြင်းသွားရသည့်ဟန်ဖြင့် အချို့နေရာများတွင် နေလောင်လျက်ရှိသည်ကို တွေ့ရ၏။ ရှပ်အင်္ကျီလက်ရှည်အဖြူနှင့် ပလေကပ်လုံချည်အကွက်ကို ဝတ် ဆင်ထား၏၊ ခင်မောင်စိုးသည် ခြေရာလက်ရာ မပျက်စေသေးဘဲ အဝတ် အစားများကို လှန်လှောကြည့်ရှုသော်လည်း ဒဏ်ရာဒဏ်ချက်ဟူ၍လည်း မတွေ့ရသဖြင့် စဉ်းစား၍ မရအောင် ရှိနေ၏။ တစ်ဖန် စားပွဲပေါ်၌ တင်ထား သည့် ရွှေရောင်တောက်နေသော ပင့်ကူသေကလေးကို စာအိတ်တစ်လုံး၌ ထည့် ပြီးလျှင် အိတ်ထဲတွင် သိမ်းဆည်းထားလိုက်လေသည်။

ပုလိပ်များမရောက်မီ ခင်မောင်စိုးသည် ဒေါ်အရှာဘီအား တီးခေါက် စုံစမ်းလျက်ရှိလေ၏။

“ဒီလူ့မျက်နှာကိုတော့ ခါလာဘီ မမြင်ဖူးဘူးနော်”  မမြင်ဖူးပါဘူး မောင်ရယ်" “ခါလာဘီတို့ တိုက်ကို ငှားနေတဲ့လူတွေ အားလုံးသိတယ် မဟုတ်လား “သိပါတယ်မောင် ... သူတို့တော့ နေ့တိုင်း မြင်တွေ့နေရတဲ့ လူတွေပဲ “

"လူသစ်များကော မကြာခင်က ပြောင်းလာသေးသလား"

“မလာပါဘူး ... ဘာပြုလို့လဲ၊ ခါလော့တိုက်က လူတွေကို မသင်္ကာလို့လား”

“မသင်္ကာလို့တော့မဟုတ်ပါဘူး ခင်ဗျာ ...... အခု ကျွန်တော်တို့ တွေ့ရတဲ့ကိစ္စက ဖြစ်ပုံ ထူးဆန်းလွန်းလို့ပါ "

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)