Skip to product information
1 of 3

Other Websites

ဒဂုန်ရွှေမျှား - မုတ်ဆိတ်ဖြူကြီးသိုက်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မုတ်ဆိတ်ဖြူကြီးသိုက်

 ကျွန်ုပ်သည် 'ကမ္ဘာ့ဘဏ္ဍာသိုက်ကြီးများ' ခေါ် စာအုပ်ကြီးထဲမှ မြန်မာဘာသာပြန်ဆို၍ ရှုမဝမဂ္ဂဇင်းတွင် ပုလဲနက်သင်္ချိုင်းဟူ၍လည်း ကောင်း၊ သွေးသောက်မဂ္ဂဇင်းတွင် ရတနာကျောက်စီဓားမြှောင်ဟူ၍ လည်းကောင်း၊ ရေး သားခဲ့ဖူးပြီဖြစ်ရာ ယခုအောက်တွင် ရေးသားအံ့သော “မုတ်ဆိတ်ဖြူကြီးသိုက်မှာ တတိယမြောက် ဝတ္ထုဖြစ်ပေသည်။ ယင်းသိုက်ကြီးမှာ အမေရိကန်ပြည်ထောင်စု နှင့် မက္ကဆီကို နယ်စပ်ရှိ အနောက်တောင်စွန်းနယ် တစ်နယ်ဖြစ်သော 'အရီဇိုနာ Arizona နယ်တွင် တည်ရှိလေသည်။ မြို့တော်မှာ ပွိုနှစ်ဖြစ်၍ တိုင်းရင်းသား တို့ အခေါ်အဝေါ်အားဖြင့် နေဝင်မြို့တော်ဟု တွင်လေသည်။

ဤကမ္ဘာ့ဘဏ္ဍာသမိုင်းညွန့်ပေါင်းဝတ္ထု စာအုပ်ကြီးကို ရှာဖွေစုဆောင်း ရေးသားသူ 'ကင်ကရစ်ပင်'ဆိုသူ ပုဂ္ဂိုလ်ကျော်ကြီးသည် ဝါသနာအလျောက် ထိုပျောက်ဆုံးနေသော ပစ္စည်းဘဏ္ဍာ ရတနာရွှေငွေများရှိရာ အရပ်ဒေသများ နှင့်တကွ ယင်းတို့၏ မူလ ဘူတ အဖြစ်အပျက်မှန်များကို နှစ်ပေါင်းများစွာ စူးစမ်းရှာဖွေပြီးနောက် သူကိုယ်တိုင် ရှာဖွေနိုင်ခြင်း၊ အကျိုးခံစားနိုင်ခြင်း မရှိစေ ကာမူ နောင်လာ နောက်သား စွန့်စားရှာဖွေသူများအတွက် အထောက်အပံ့ စေရန်ရေးသားခဲ့ခြင်း ဖြစ်လေသည်။

ဤသိုက်ကြီး တည်ဆောက်ရာဒေသမှာ ဖွိုနစ်မြို့တော်ကြီး အပြင်ရှိ အလွန်ခေါင်လှသော တောင်တန်းများအနက် အမေရိကန် အင်ဒီယန်းခေါ် လူ မည်းများ အမြတ်တနိုးထားရာ 'သရဲတောင်' ခေါ် တော၌ တည်ရှိလေသည်။

ယင်းသိုက်ကြီးကို လိုက်သဖြင့် သေကြေ ပျက်စီးရသူပေါင်း ၂၀ ကျော်ပင် ရှိခဲ့ပြီဟု အဆိုရှိလေပြီ။

ထိုသိုက်ကြီး ဖြစ်ပေါ်လာပုံကား အောက်ပါအတိုင်းပေတည်း။

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်လောက်က ယခု အမေရိကန် ပြည် ထောင်စုနယ် အနောက်တောင်ပိုင်း ဒေသများကို အများအားဖြင့် မက္ကဆီကိုက ပိုင်ဆိုင်လေသည်။ ၁၈၆၃ ခုနှစ် ကွန်ဂရက် အစည်းအဝေးတွင် အရီဇိုနာမှာ သီးခြားနယ်တစ်နယ် ဖြစ်လာ၍ ၁၉၂၁ ခုနှစ်တွင် ပြည်ထောင်စုနယ်တစ်နယ် ဖြစ်လာလေသည်။ အထက်တွင် ဖော်ပြခဲ့သော လူမည်းများ အမြတ်တနိုး ထား သည့် သရဲဘောင်မှာ ထို နယ်အတွင်း တည်ရှိ၍ ထိုနယ်၏ နောက်ခံရာဇဝင်ကို ကျွန်ပ်တို့ သိရန် လိုအပ်သည့်အတိုင်း ရေးသားဖော်ပြရခြင်းဖြစ်၏။

ဤနှစ်ပေါင်း ၁၀၀ မျှသော ရာဇဝင်တစ်လျှောက်အတွင်း ၁၈၄၆ ခုနှစ်မှ အစပြုခဲ့၏။ ထိုနှစ်တွင် မက္ကဆီကိုနယ်မှ ညီ အစ်ကိုအရင်းအချာများဖြစ်ကြသော 'ပီဒရို'  'ရေမွန်' နှင့် 'မဲနုရယ်' ဆိုသူ ၃ ယောက်တို့သည် မက္ကဆီကို မြို့ဟောင်းကြီး၏ မြောက်ဘက်နှင့် အနောက်ဘက်ဒေသများတွင် အဖိုးတန် သတ္တုနှင့် ရွှေများကို ရှာဖွေရန် ထွက်ခဲ့ကြလေသည်။

 ထိုနေရာဒေသများမှာ ထိုအချိန်က တောတောင်နှင့်တကွ မြစ်ချောင်း၊ အင်းအိုင်တို့ကိုပါ မြေပုံတွင် ဖော်ပြခြင်းမပြုရသေးဘဲ လူသူ မပေါက်မရောက်ဖူး သော ဒေသများ ဖြစ်လေသည်။ ညီအစ်ကို ၃ ယောက်တို့သည် တောတောင် ကြီးများနှင့် ကြောက်မက်ဖွယ်ကောင်းသော ကန္တာရများကို ပေပေါင်းများစွာကျော်ဖြတ်ပြီးနောက် ယခုအခါ သရဲတောင်ဟုခေါ်သော တောင်ကြီးသို့ ရောက် လာခဲ့ကြ၏။

တောင်ကြီးမှာ ထိပ်ဖျားတွင် မည်းနက်သော ကျောက်ထွတ် ကျောက် တက်ကြီးများ နက်ရှိုင်းလှသော ချောက်ကြီးများဖြင့် ပြည့်လျက် အမြင်အားဖြင့်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ချဉ်းကပ်သွားမိသောအခါ ရွှေစသော  အဖိုးတန်သတ္တုများ ထွက်မည့် လက္ခဏာများကို တွေ့ရသဖြင့် ညီအစ်ကို ၃ယောက်တို့သည် ထိုတောင်ကြီး၏အောက်ခြေ၌ ရှာဖွေကြရာ အလွန်ကောင်း သော ရွှေများထွက်မည့် ရွှေကြောကြီး  ၈ ခုကို တွေ့ရှိကြလေသည်။ သို့နှင့် သူ တို့သည် တစ်ယောက်လျှင် ၃ လက်မ အလျားရှိသည့် အတုံးများကို ရွှေကြော တစ်ခုမှ ဖြတ်၍ တစ်ယောက်လျှင် တစ်တုံးကျစီ ယူခဲ့ကြပြီးနောက် မိမိတို့ ထွက်ခဲ့ကြသော 'ချီဟူးအားဟူးအား” မြို့သို့ အလုပ်သမားများနှင့် ပစ္စည်း ကိရိယာများ ပြန်၍ယူရန် ချက်ချင်းဆုတ်ခွာခဲ့ ကြပေသည်။

လပေါင်း အနည်းငယ်ကြာသောအခါ လက်နက်ပစ္စည်းအပြည့်အစုံ ဖြင့် လူ ၁၀၀ ခန့်သည် ထိုသူရဲကောင်တန်းကြီးများ၏ တောင်ခြေတစ်ခုသို့ ရောက်ရှိလာကြ၍ အခိုင်အမာ တဲစခန်းများ ဆောက်လုပ်ကာ ရွှေကြောကြီးရှင်များမှ ရွှေများကို စိတ်အားထက်သန်စွာ တူးဖော်လျက် ရှိကြလေသည်။ ခေါင်းဆောင် ကား ညီအစ်ကို သုံးယောက်အနက် အကြီးဆုံး ပီဒရိုပင် ဖြစ်တော့၏။

ဤသို့ဖြင့် ပီဒရိုသည် အလုပ်သမားများဖြင့် ရွှေတွင်းကြီးကို တူးဖော် ကာ ရွှေများကို ဝန်တင်လှည်း အမြောက်အမြားဖြင့် 'ချီဟူးအားဟူးအား မြို့သို့ ၂ နှစ်တိုင်တိုင် တိတ်တစ်ဆိတ်လျှို့ဝှက်စွာ သယ်ယူခဲ့ပြီးလျှင် မြို့သို့ရောက်သောအခါ အရည်ကျို၍ ရွှေကို ထုတ်ယူလေသည်။ ဤလျှို့ဝှက်သော အလုပ်ကြီးကို  မည်သူမျှမသိဘဲ ရှေ့သို့ နှစ်ပေါင်းများစွာ ဆက်လက်လုပ်ကိုင်ရန် ဖြစ်သော်လည်း အကြောင်းတစ်ခုပေါ်လာခဲ့လေသည်။

မက္ကဆီကို မြောက်ပိုင်းရှိ အပက်ချီး အင်ဒီယန်း' ခေါ် တိုင်းရင်းသား လူမည်းများသည် သူတို့ကိုးကွယ်သော “မိုးကြိုးဘုရား" (Thunder God) နေထိုင်ရာ တောင်တန်းများကို လူဖြူတို့အား လာရောက် နှောင့်ယှက်လျက်ရှိကြောင်း အနည်းနည်းအားဖြင့် သိသွားလျှင် နောက်ဆုံး ၁၈၄၈ ခုနှစ်၌ ရွှေတွင်း ရှိရာသို့ လာရောက်ကာ တစ်ခါတည်း တိုက်ခိုက်တော့၏။

ရွှေတွင်းတူးသမားများမှာ အလစ်တွင် တိုက်ခိုက်ခြင်း ခံရသဖြင့်တစ် ကြောင်း၊ လူအင်အားမမျှသဖြင့် တစ်ကြောင်း၊ လွင်ပြင်များ ရှိရာသို့ ဆုတ်ခွာခဲ့ရ ပြီးလျှင် ထိုတောင်ခြေရှိ လွင်ပြင်အနီး၌ အားလုံးလိုလိုပင် သတ်ဖြတ်ခြင်း ခံကြ ရလေသည်။

လူနီမျိုးများဖြစ်ကြသော အပက်ချီး လူရိုင်းတို့သည် အငြိုးကြီးပြီး လျက် ရှိနေခဲ့သဖြင့် သာမန် သတ်ဖြတ်ရုံမျှမကသေးဘဲ လူကောင်များကိုပင် အပိုင်းပိုင်းပြတ်အောင် ခုတ်ထစ်ကာ လူဖြူများ လောဘဇောတိုက်သော ရွှေမှုန် သဲကျောက်များကို လူကောင်များပေါ်သို့ လိုက်၍ဖြူးလေ သည်။

အပက်ချီတို့သည် ရန်သူဦးခေါင်းများကို ဖြတ်၍ ဦးခေါင်းခွံဖျားကို ယူသွားပြီးနောက် ရွာမှ အကြီးအကဲများ စုရုံးကာ အစည်းအဝေး ပြုလုပ်လျက် သူတို့၏ မိုးကြိုးနတ်မင်း နေထိုင်သော တောင်ကို နောက်ထပ် လူဖြူများ မလာ နိုင်စေရန် နည်းလမ်းများ ရှာဖွေကြလေသည်။

လူဖြူများသည် အဘယ့်ကြောင့် ဤမျှလောက် ဒုက္ခခံ၍ တောကြီး တောင်ကြီးထဲသို့ လာရောက်ကာ ဝင်းလက်၍ အဝါရောင်ရှိသော ကျောက်မှုန် များကို ယူလေသနည်းဟု စဉ်းစားကြ၏။ ထိုအခါက သူတို့သည် ထိုဝင်းလက်  သော အမှုန့်တို့မှာ ရွှေမှုန်များဖြစ်ကြောင်း၊ ရွှေသည် အဖိုးထိုက်တန်ကြောင်း

မသိကြသေးချေ။ ဤအဝါရောင်တောက်သော အမှုန့်များသည် သူတို့အတွက် တန်ဖိုးမရှိချေ။ ရွှေဟူသော စကားကိုပင် နားမလည်ကြသေးဘဲ ရှိနေကြလေ သည်။ သို့နှင့် သူတို့သည် ပြောင်လက်တောက်ပသော အဝါရောင် အမှုန့် အ ကပ်နေသည့် ထူးဆန်းသော ကျောက်တုံးကျောက်ချပ်များကို နောင်

ည်သူမျှမတွေ့စေရန် ရည်ရွယ်ချက်ဖြင့် ဖုံးအုပ်ကာကွယ်ပစ်ရန် သဘောတူ ဆုံးဖြတ်ကြ၏။

သို့နှင့် သူတို့သည် ရွာတွင်းမှ မိန်းမများအား နေ့ရောညပါ ရွှေထွက် မည့် လက္ခဏာရှိသော ကျောက်များကို သာမန်ကျောက်တုံး ကျောက်ခဲများ၊ သဲများ သစ်ချောက်များ၊ အမှိုက်သရိုက်များဖြင့် ဖုံးအုပ်စေလျက် အပေါ်ယံမှ မြေဖို့ကာ တောတောင် သဘာဝအတိုင်း ပေါက်လေ့ရှိသော သစ်ပင် များကို စိုက်ပျိုးလေ့ရှိကြသည်။ သို့နှင့် ရက်ပေါင်းများစွာ ညဉ့်နက်သန်းကောင် အထိ အလုပ်လုပ်ကြရာ ရွှေကြာကြီး ၈ ခုမှာ အရိပ်အငွေ့မျှ မကျန်ရစ်တော့ဘဲ တစ်ခါတည်း ပျောက်ကွယ်၍ သွားလေတော့၏။ ထို့နောက် သူတို့၏ မိုးကြိုး နတ်မှာ ဆိတ်ငြိမ်အေးချမ်းစွာ နေနိုင်တော့မည်ဖြစ်၍ နောင်မည်သူမျှ ထိုနေရာ များကို တွေ့တော့မည်မဟုတ်ကြောင်း ယူဆကာ မြောက်ပိုင်းဒေသသို့ ပြန်ကြ လေ၏။

ရီးဟူးအားဟူးသား မြို့မှ မိတ်ဆွေသင်္ဂဟများနှင့် သတ္တုတွင်း တူးဖော် လျက်ရှိသော အလုပ်သမားများ၏ မိသားစုများလည်း ရွှေတင်သော လှည်များ မလာတော့ဘဲ ရုတ်တရက် အဆက်ပြတ်သွားသောအခါ ရွှေတွင်းတွင် တစ်စုံတစ်ရာ ဖြစ်ရမည်ဟု တွက်ချက်ကြ၏။ စုရုံးတိုင်ပင်ကြ၏။ သို့နှင့် ညီအစ်ကို ၃ယောက်ထဲမှ မြို့တွင် ရွှေထုတ်လုပ် ရသော အလုပ်ကို လုပ်ကိုင်နေသူ 'ရာမွန် ခေါင်းဆောင်လျက် လူ ၅ ယောက် ရွှေတွင်း၌ မည်သို့ဖြစ်ပျက်သည်ကို သိရှိရန် စွန့်စားသွားရောက်ကြလေသည်။ ကြမ်းတမ်းသော ခရီးတစ်လျှောက်သွားကြပြီး နောက် သရဲတောင်တန်းများ အနီးရှိလွင်ပြင်သို့ ရောက်သောအခါ သူတို့တွေ့ ခြင်ရသော ရှုမြင်ကွင်းမှာ လွန်စွာမှ ကြောက်မက်ဖွယ် ကောင်းတော့၏။ လူ

လူကောင်များသည် ခေါင်းတခြား ကိုယ်တခြား ခြေတခြား လက်တခြား မြေပေါ် တွင် ပြန့်ကြဲလျက် အသားတုံး အသားတစ်တို့မှာ ရွှေမှုန့်သဲကျောက်များဖြင့် လိမ်းကျံကာ ရှိနေသည်ကို တွေ့ကြရ၏။ သို့နှင့် ၅ ဦးသားတို့သည် မည်သို့မျှ မလုပ်နိုင်ကြတော့ဘဲ လာလမ်းအတိုင်း အပြေးအလွှားပြန်၍ ဆုတ်ခဲ့ကြရလေ သည်။ မြို့သို့ပြန်၍ ရောက်ကြသောအခါ ရွှေတွင်းအလုပ်သမားများသည် မြို့ပေါ်ရှိ ရွှေတွင်းများ၌သာ ဝင်ရောက်လုပ်ကိုင်ကြလျက် ရာမွန်မှာလည်း ရွှေ

အလုပ်ကို စွန့်ပစ်ကာ ကျွဲ နွားမွေးမြူသည့် အလုပ်ကို လုပ်ကိုင်လျက် ရှိခဲ့လေ သည်။ ထိုနေရာသို့ တစ်ဖန် သွားရောက်ရှာဖွေရန်ကိုကား အိပ်မက်မျှပင် မမက်ဝံ့တော့ချေ။

နှစ်ပေါင်းအနည်းငယ်ကြာသောအခါ ရာမွန်သည် ခြေချုပ်မိသော လူ တစ်ယောက်ကဲ့သို့ ခြံထဲတွင် အမြဲနေထိုင်ရသော အလုပ်ကို ငြီးငွေ့လာတော့ ၏။ သို့နှင့် သူသည် ကျွဲနွားများနှင့်တကွ ခြံကြီးကို ရောင်းချကာ ချီးဟူးအား ဟူးမြို့နှင့် မနီးမဝေး သတ္တုတွင်းများ တူးဖော်သော ရွာကလေးတစ်ရွာသို့

ပြောင်းရွှေ့နေထိုင်ခဲ့၏။ မိမိတို့ ညီအစ်ကိုတစ်စု ဖြစ်ပျက်တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များကိုလည်း မေ့လျော့ပျောက်ပျက်စေရန် အရက်ကို တွင်တွင် ကြီးသောက်ကာ အရက်ဆိုင်၌သာ အချိန်ဖြုန်း၍ နေလေတော့၏။

တစ်ည၌တွင် သူသည် အရက်ဆိုင်တွင် ရွှေရှာသမားနှစ်ယောက်နှင့် ကံအားလျော်စွာ တွေ့ဆုံမိလေသည်။ တစ်ယောက်မှာ " ဂျက်ကော့” ဆိုသူ ဂျာမန် လူမျိုးဖြစ်၍ အခြားတစ်ယောက်မှာ ဒတ်(ချ)လူမျိုး'လူဒီ”ဆိုသူဖြစ်၏။ ရာမွန် သည် ထိုသူနှစ်ဦးနှင့် အရက်တွေ သောက်ရင်း မိတ်ဆွေဖြစ်လာကာ အရက်မူး လာသောအခါ သူတို့ ညီအစ်ကို ၃ သောက်ကြောင်းကိုလည်းကောင်း။ ထူးဆန်းသော သရဲတောင်တန်းကြီးများမှ ရွှေကြောကြီး ၈ ခု တွေ့ရပုံကိုလည်းကောင်း၊ မြောက်ပိုင်းမှ လူနီများ ကိုယ်တိုင် အဘယ့်ကြောင့် မသွားပါသနည်းဟု မေးမြန်း သောအခါ ရာမွန်က ပထမအချက်မှာ ရွှေတွင်းနေရာသည် ယခုအခါ အမေရိကန် ပြည်ထောင်စု နယ်အတွင်းသို့ ပါဝင်နေပြီဖြစ်သဖြင့် မက္ကဆီကန် လူမျိုးများကို အမေရိကန်လူမျိုးများက မလိုလားသော အချက်ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ သူ့အစ်ကိုများနှင့်တကွ မိတ်ဆွေသင်္ဂဟများပါ ရက်စက်စွာ အသတ်ခံရသော နေရာသို့ ထပ်မံမသွားလိုကြောင်း၊ သူတို့အား                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                              ယခုတိုင် မိမိစိတ်ထဲတွင် မနေ သေးကြောင်းဖြင့် ရှင်းပြ၏။ သို့သော်အကယ်၍ အသက်ကိုစွန့်ကာ သွားရောက် ရှာဖွေကြလိုက ထိုသရဲတောင်တန်းကြီးများနှင့်တကွ ရွှေများတွေ့သောနေရာကို မြေပုံအကြမ်းတစ်ခု ပြုလုပ်ရေးဆွဲပေးမည့်အကြောင်း ပြောကြားလေသည်။

မြေပုံကိုရသွားပြီးနောက် ဂျက်ကော့နှင့် လူဒီတို့သည် ရာမွန်၏ မြေပုံ ကို မယုံကြည်ကြသောကြောင့်သော်လည်းကောင်း၊ ဤမျှလောက် ကြောက်မက် ဖွယ်ကောင်းသောနေရာသို့ သက်စွန့်ကြိုးပမ်းမသွားဝံ့ကြသောကြောင့်သော်ကောင်း၊ အရက်ဆိုင်တွင် တွေ့ဆုံကြပြီးနောက် ၁၁ နှစ်လုံးလုံး အချိန်ကြာ၍ လာခဲ့လေသည်။ ၁၈၇ဝ ပြည့်နှစ်သို့ ရောက်သောအခါ သူတို့နှစ်ယောက်သည် ချီဟူးအား ဟူးအားမြို့ မြောက်ဘက်သို့ ခရီးထွက်ခဲ့ကြလေ၏။ ရာမွန်မြေပုံအရ သရဲတောင်တန်းများသို့ ရောက်၍ရှာဖွေကြရာ ရွှေကြောကြီး ၈ ခုအနက် တစ်ခုကိုတွေရ၍ ချက်ချင်းပင် အလုပ်ကို စတင်လုပ်ကိုင်တော့၏။ ထင်းအတွက် သစ်ကြီးများကို လှဲကာ ပိတ်ထားသော တွင်းဟောင်း နေရာများကို ခွဲဖျက် ဆော်ထားကြ၏။ သူတို့၏လှုံသံတူသံနှင့် ပုဆိန်သံများတို့သည် ချိုင့်ဝှမ်းနက် ရှိုင်းရာတောင်ကြားကြီးများတွင် ပဲ့တင်ထပ်လျက် ရှိတော့၏။

ထိုအချိန်သို့ရောက်သောအခါမှ ၎င်းတို့ ဇာတ်လမ်းအတွင်းသို့ ‘ဝေါ် လစာ နှင့် ဝိုက်ဇာ ဆိုသူ နာမည်ကျော်လူဆိုး ရွှေတွင်းသူခိုးကြီးနှစ်ယောက် တို့သည် အနီးအနားတွင် သတ္တုများလိုက်လံ ရှာဖွေလျက်ရှိနေသဖြင့် တူသံ ပုဆိန် သံများကို ကြားရသောအခါ အသံကြားရာသို့ တိတ်တဆိတ် ချဉ်းကပ်လာကြ လေသည်။ လူနှစ်ယောက်တို့သည် ရွှေတွင်းဟောင်းတစ်ခုကို တိတ်တဆိတ် တူးဖော်နေကြောင်း မမျှော်လင့်ဘဲ တွေ့မြင်ရသောအခါ မုတ်ဆိတ်ဖြူကြီးနှင့် သူ၏အဖော်သည် နှောင့်နှေး၍မနေဘဲ သေနတ်များကို ကျောထက်မှ ဖြုတ်ကာ ရွှေတွင်းတူးနေသူ (ဂျက်ကော့နှင့်လူဒီ) နှစ်ယောက်တို့အား တစ်ယောက်စီ ပစ်ချ လိုက်တော့၏။ သို့သော်အချိန်မှာ အတော်ပင် မှောင်နေပြီဖြစ်၍ ရွှေတွင်းနေရာကို အတန်ငယ်မျှသာ ကြည့်ရှုနိုင်ပြီးလျှင် နောက်တစ်နေ့နံနက်မှ လာမည်ဟု စိတ်ကို ပိုင်ဖြတ်ကာ တဲစခန်းသို့ ပြန်ခဲ့ကြလေ၏။

နောက်တစ်နေ့နံနက် ရွှေတွင်းဟောင်းရှိရာသို့ ပြန်လာကြသောအခါ အလောင်းနှစ်လောင်းကို မတွေ့ရတော့ချေ။ ဂျက်ကော့နှင့် လူဒီတို့သည် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သော်လည်း ထိုနေရာမှ တတ်နိုင်သမျှ ဝေးအောင် တဖြည်း ဖြည်းတွား၍ လာကြ၏။ လူဒီမှာတောင်တန်းများ၌ပင် သေဆုံးခဲ့၍ နောင်အခါ သူ၏အလောင်းကို တွေ့ရှိကြလေသည်။ ဂျက်ကော့မှာမူ လူဒီလောက် ဒဏ်ရာ မပြင်းထန်သဖြင့် တောင်ပေါ်မှ တောင်အောက်သို့ အရောက်ဆင်းနိုင်ခဲ့ပြီးလျှင် ရွှေတွင်းရှာသမား တစ်ဦးကတွေ့၍ သူ၏တဲသို့ ယူဆောင်သွားလေသည်။ သူ သည်လည်း မကြာမီ သေဆုံးသွားရာ ရွှေတွင်းသူခိုးများက သူတို့နှစ်ယောက်သား မည်ကဲ့သို့ အလစ်တွင် ပစ်ခတ်သွားသည်ကို မသေမီမှာထားပြောကြား၍ သွားနိုင် သေး၏။ သို့သော် လူဆိုးများအား မည်သူကမျှ လိုက်လံရှာဖွေ ဖမ်းဆီးခြင်း မပြုချေ။

မုတ်ဆိတ်ဖြူကြီးခေါ် ဝေါ်လဇာသည် နေ့အချိန်တွင် ရွှေတွင်းကို ကြည့် ရှုလေ့လာရာ ရွှေအမြောက်အမြား ထွက်မည့် ရွှေကြောကြီး တစ်ခုဖြစ်ကြောင်း  သိရသောအခါ မနီးမဝေးတွင် ရှိသော သူ၏အဖော် ဝိုက်ဖက် ဘက်သို့ သေနတ် ပြောင်းလှည့်ကာ တစ်ခါတည်း ပစ်ချလိုက်တော့၏။ ဒဏ်ရာမှာ သေလောက် သော ဒဏ်ရာပင် ဖြစ်သော်လည်း ဝိုက်ဇာသည် အောက်တောင်ကြားလမ်းသို့

အရောက် မဆင်းနိုင်ဆင်းနိုင် ဖြင့် ဆင်းသက်ခဲ့ပြီးလျှင် အင်ဒီယန်းလူမျိုးနှင့်တွေ့၍  ဖလော့ရင့်မြို့အနီးရှိ ကာနယ်ဝါကာ၏ ခြံကြီးရှိရာသို့ ယူဆောင်သွားကြလေသည်။  သေခါနီး၌ ဝိုက်ဇာသည် ရွှေတွင်းအကြောင်းနှင့်တကွ ၎င်းရွှေတွင်းကို တူးဖော်နေသော လူနှစ်ယောက်အား မိမိတို့က သေနတ်နှင့် မည်ကဲ့သို့ ပစ်ခတ် ခဲ့ပုံများကို အမေရိကန်စစ်ဗိုလ် 'ကာနက်ဒါကာ' အား အစုံအလင် ပြောပြခဲ့ရုံမျှမက မုတ်ဆိတ်ဖြူတစ်ခု ရေးဆွဲပေးခဲ့လေသည်။ သို့သော် သူကိုယ်တိုင်ပင် နာမည်ကြီး ရွှေတွင်းသူခိုး တစ်ယောက်ဖြစ်သည့်အတိုင်း သူ၏စကားများကို ကာနယီဝါကာ က မယုံကြည်ချေ။

လူဒီနှင့် ဂျက်ကော့တို့အား မူလရွှေတွင်းကို စတင်တွေ့ရှိသူ ‘ရာမွန်က ပေးလိုက်သော မူလမြေပုံမှာ မည်သည့်နေရာတွင် ရှိနေသည်ကို ကျွန်ုပ်တို့ မသိရ တော့ပေ။

ဤနေရာ၌ စာရေးသူ “ကင်ကရစ်ပင်" က အောက်ပါအတိုင်း ရေးသား ထားလေသည်။ ။

“ယင်းမူလမြေပုံကိုပင် မတွေ့ရစေကာမူ ထိုမှတ်ဆိတ်ဖြူကြီးသိုက် ရှိရာဒေသကို ကျွန်ုပ် ညွှန်ပြနိုင်ပါသည်။ ဤရှင်းလင်း ညွှန်ပြချက်ကို နောက် အခန်းတွင် ရေးသားဖော်ပြပါအံ့”

မုတ်ဆိတ်ဖြူကြီး အမည်ခံ 'ဝေါလဇာ'သည် လူနှစ်ယောက်ကို သတ် ဖြတ်ပြီးနောက်တွင်မှ မတရားသဖြင့်ရရှိသော ရွှေတွင်းကို ၆ နှစ်တိုင်တိုင် လျှို့ဝှက် စွာ တူးဖော်လုပ်ကိုင်လျက် နှစ်တိုင်းလိုပင် ဝွိုနစ်မြို့သို့ ရွှေမှုန်တစ်အိတ်ကို ယူခဲ့ပြီး လျှင် ရောင်းချ၍ စားရေရိက္ခာနှင့် ပစ္စည်းကိရိယာများကို ဝယ်ယူလေ့ရှိ၏။ဤ ကဲ့သို့ နှစ်စဉ်ပြုလုပ်နေသည့်အကြောင်းကို အချို့လူများ ရိပ်မိသိရှိလာပြီးလျှင် ခိုးကြောင်ခိုးဝှက် လိုက်လံရှာဖွေ၍ရှိသောသူအချို့သည် မုတ်ဆိတ်ဖြူကြီးနောက် သို့ တိတ်တဆိတ် နောက်ယောင်ခံ၍လိုက်ကြ၏။ သို့သော် မည်သူမျှ လမ်းဆုံး အထိ ရောက်အောင် မလိုက်နိုင်ကြချေ။ အကင်းပါးလှသော မုတ်ဆိတ်ကြီး သည် မှောင်မိုက်သော ညဉ်များ၌သာ ပြန်လေ့ရှိပြီးလျှင် ၁၀၀ ထက် မနည်းရှိသည့် များမြောင်လှစွာသော “သရဲတောင်” ၏ ချိုင်ဝှမ်းရာ တောင်ကြားများ  အတွင်းသို့ဝင်ကာ ပျောက်ကွယ်၍ သွားလေသည်။ ဤကဲ့သို့ မျက်ခြေပြတ်၍ သွားပြီးနောက် မည်သူမျှမတွေ့ရတော့ဘဲ နောက်တစ်နှစ်ကြာသောအခါ မြို့ ပေါ်တွင် ပြန်၍တွေ့ရလေသည်။

ဤနေရာတွင် စာရေးဆရာကြီး ကင်ကရစ်ပင်က အောက်ပါအတိုင်း ရေးသားထားပြန်လေသည်။

ဤနေရာ၌ စဉ်းစားရန်ရှိသည်မှာ မုတ်ဆိတ်ဖြူ၊ ဝေါ်လဇာသည် မူလ ညီအစ်ကိုတို့ တွေ့ရှိသော မူလရွှေကြောကြီးများကိုပင် တွေ့ရှိ၍ တူးဖော်နေ သလော သို့တည်းမဟုတ် သူကိုယ်တိုင် အခြားနေရာသစ်တစ်ခုကို တွေ့ရှိ သလား ဝေါလဇာသည် ရွှေများကို မြို့၏ အမြောက်အမြား မယူခဲ့ဘဲ အတော်အတန် သုံးစွဲဝယ်ခြမ်းနိုင်ရုံမျှ ယူခဲ့ခြင်းမှာ ၎င်းသည် မူလရွှေကြောကြီး များကို လူမသီကောင် တိတ်တဆိတ် ဖုံးအုပ်ကွယ်ဝှက်၍ ထားပြီးလျှင် မိမိသုံး တန်ရုံ အနည်းငယ်သာ ယူလာခြင်း ဖြစ်သည်ဟု အချို့က ယူဆကြလေသည်။

အထက်ပါ အချက်အလက်များကို လေ့လာပြီးနောက် ကျွန်ုပ်၏ ယူဆ ချက်မှာ ဂျက်ကော့နှင့်လူဒီတို့သည် ရာမွန်ပေးလိုက်သော မူလမြေပုံတွင်ပါရှိသည့် ရွှေကြောကြီး ၈ ခုကို အမှန်တွေ့ဟန် မတူပေ။ အကယ်၍ တစ်ခုကိုတွေ့လျှင် ကျန် ၇ ခုကို အဘယ်ကြောင့် မတွေ့နိုင်လေသနည်း။ သရဲဘောင်တန်းများ၌ကား ရွှေထွက်သောနေရာ အမြောက်အမြားရှိကြောင်း ယုံမှားဖွယ် မရှိပေ။ ဤအချက် ကို ထောက်သဖြင့် ဂျက်ကော့နှင့်လူဒီနှစ်ယောက်တို့သည် မူလရွှေကြောကြီး များကို မတွေ့ရဘဲ၊ နောက်အသစ်တစ်ခု တွေ့ဟန်ရှိသည်ဟု လောဂျစ်နည်းအား ဖြင့် သူဆရန် ရှိလေသည်။

မည်သို့ပင်ဖြစ်စေ လှပသော မုတ်ဆိတ်ဖြူကြီးရှိသဖြင့် စနိုးဗီယပ်” အမည်ခံသူ ဝေါလဇာသည် ရွှေတွင်းကို ၁၈၇၇ ခုနှစ်တိုင်အောင် လျှို့ဝှက်စွာ တူးဖော်လုပ်ကိုင်ပြီးနောက် တစ်ခါတည်း အနားယူရန် တောင်တန်းများဆီမှ ထွက်ခွာလာခဲ့သည်။ သူသည်လည်း အင်ဒီယန်းလူမည်းများကဲ့သို့ တွင်းဝကို သစ်လုံးကြီးများဖြင့် ပထမပိတ်ဆို့ပြီး နောက်သံများ မြေကြီးများနှင့် အမှိုက် သရိုက်များကို အပေါ်မှ ဖုံးအုပ်လေသည်။ ထို့နောက် သူသည် ဖွိုနစ်မြို့သို့ လာရောက်ပြီးလျှင် အိမ်ကလေးတစ်ဆောင်နှင့် ခြံမြေတစ်ခုကို ဝယ်ယူကာ ကြက် ငှက်များ မွေးမြူပြီးလျှင် စဗျစ်ပင်များ စိုက်ပျိုး၍ အေးချမ်းစွာ နေထိုင်ခဲ့လေသည်။ မုတ်ဆိတ်ဖြူကြီးသည် သူတူးဖော်ခဲ့သော ရွှေတွင်းနေရာသို့ အရက်မမူးသော အချိန်၌သော်လည်းကောင်း၊ မူးသော်အချိန်၌သော်လည်းကောင်း လေသံမျှ မဟဘဲ ဝမ်းထဲ၌သာ မျိုသိပ်ထားခဲ့လေသည်။

အသက်အရွယ် ကြီးရင့်ပြီဖြစ်သော်လည်း အချစ်နှင့် မကင်းနိုင်သော လူတို့၏သဘာဝအတိုင်း တစ်နေ့တွင် ဂျူလီယာ' ဆိုသူ မိန်းမပျိုလေးတစ်ဦးနှင့် ချစ်ကျွမ်းဝင်ကာ နောက်ဆုံး လက်ထပ်လိုက်လေသည်။ သို့နှင့် ဂျူလီယာသည်

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)