Skip to product information
1 of 2

Other Websites

ဒဂုန်ရွှေမျှား - မနုဿတိရစ္ဆာန်ကျွန်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မူလဝတ္ထုရေးသူ၏ စကားချီး

 ၁၈၈၇ ခု၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ "လေဒီဝိန်း "ခေါ်ပင် လယ်ကူး သင်္ဘောတစ်စင်းသည် လတ္တီတွဒ် တစ်ဒီဂရီ (တောင်ဘက်) နှင့် လောင်ဂျီတွဒ် " ၁၇ ဒီဂရီ (အနောက်) နေရာလောက်တွင် သင်္ဘောပျက်တစ်ခုနှင့် မတော်တဆတိုက်မိသဖြင့် နစ်မြုပ်သွားခဲ့၏။ = ထိုသင်္ဘော နစ်မြုပ်စဉ်က ကျွန်ုပ်၏ ဦးလေးဖြစ်သူ 'အက်ဒွပ်ပရင်းဒစ် ( ပါသွားရာ၊ ကျွန်ုပ်တို့ ဆွေမျိုးဉာတိများနှင့်တကွ အလုံ၊ မိတ်ဆွေသင်္ဂဟ

များကပါ ရေနစ်သေဆုံးပြီဟု ယုံကြည်ကြ၏။ သို့သော် ထူးဆန်းပုံမှာ သင်္ဘော ပျက်ပြီးနောက် ၁၁ လခန့်မျှအကြာ (၁၈၈၈ ခု၊ ဇန်နဝါရီလ ၅ ရက်နေ့) တွင် လတ္တီတွဒ် ၅ ဒီဂရီ၊ ၃ ဒီဂရီ (တောင်) နှင့် လောင်ဂျီတွဒ် ၁၀၁ ဒီဂရီ (အနောက်) ရှိ ပင်လယ်ပြင်တွင် ဦးလေးအား လှေငယ်တစ်စင်းပေါ်၌ တစ်ယောက်တည်း - မျောပါလျက်ရှိသည်ကို အံ့သြဖွယ်ကောင်းစွာ တွေ့ရှိရ၏။ ယင်းကဲ့သို့ တွေ့ရှိရ

သော အချိန်မှာ သူလိုက်ပါသွားသော လေဒီဗိန်း နစ်မြုပ်ပြီးနောက် ၁၁ လနှင့် ၄ ရက်မျှပင် ကြာရှိခဲ့လေပြီ။ . ကျွန်ုပ်၏ ဦးလေးမှာ ကာလိုမြို့ တွင် သင်္ဘောဆိုက်စဉ်က လေဒီဒိန်း သင်္ဘောပေါ်သို့ တက်ရောက်ကာ စီးနင်းလိုက်ပါလာခဲ့သူ ခရီးသည်တစ်ယောက် ဖြစ်၍ လူတိုင်းကပင် ၎င်းအား လေဒီဗိန်း နစ်မြုပ်စဉ်က ပါသွားလေပြီဟု တွေး ထင်ခဲ့ကြ၏။ သင်္ဘောပျက်ပြီးနေဖက် ၁၁ ရက်ခန့်မျှ အကြာတွင် သူ့အား ပြန် လည်တွေ့ရှိရသော လှေကလေး၏ အမည်မှာ ဆေးများ ပျက်နေသဖြင့် ဖတ်၍ မရသော်လည်း ပျောက်ဆုံးနေသော အင်ပီကာ အန်ဟာ'သင်္ဘောမှ လှေငယ် ဖြစ်သည်ဟု ယူဆရ၏။

- ဦးလေးသည် သူ၏ အဖြစ်အပျက်များကို ကျွန်ုပ်အား ပြန်ပြောရာ သူ ပြောသော အချက်များမှာ မယုံကြည်နိုင်လောက်အောင်ပင် ဆန်းကြယ်လှ သဖြင့် ၎င်းမှာ စိတ်မနှံ့၍ နေလေပြီလောဟုပင် မှတ်ထင်ရ၏။ ထို့ပြင်လည်း

သူသည် နစ်မြုပ်သွားသော လေဒီဖိန်း သင်္ဘောမှ အသက်ရှင်လျက် လွတ်မြောက် - လာသည့် အချိန်မှစ၍ သူ၏ စိတ်များမှာ မမှတ်မိသကဲ့သို့ ရှိနေခဲ့သည်။

ဤကဲ့သို့ ဖြစ်ရခြင်းအကြောင်းကို ထိုအခါက ရှိနေသော လောကပညာ ဆရာကြီးများနှင့် စိတ်ပညာပါရဂူများတို့သည် အထပ်ထပ် အပြင်ပြန် ဆွေးနွေး ကြရာ၊ ဦးလေးမှာ အချိန်အတော်ကြာမျှ စိတ်နှလုံး တုန်လှုပ်ချောက်ချားဖွယ်

ကောင်းသော အဖြစ်အပျက်များနှင့် တွေ့ပြီးလျှင် ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်း - ဖြစ်ခဲ့ရသောကြောင့် ဤကဲ့သို့ ဖြစ်ရခြင်းဖြစ်သည်ဟု နောက်ဆုံး ဆုံးဖြတ်ကြ၏။

ယခု အောက်တွင်ရေးသားဖော်ပြအံ့သော အတ္ထုပ္ပတ္တိမှာ သူ၏စာ ရွက်စာတမ်းများထဲသို့ တွေ့ရသောအကြောင်းအရာများ ဖြစ်၏။ ကျွန်ုပ်သည် သူ၏ တစ်ယောက်တည်းသော အမွေစား အမွေခံ တူအရင်း ဖြစ်သောကြောင့် တိုင်းပြည်လူထုသို့ တင်ပြရန် ဦးလေး၏ ဆန္ဒကို စာရွက်များထဲတွင် အတီ • အလင်း ဖော်ပြမထားသော်လည်း ထုတ်ဝေလိုဟန် တူသောကြောင့် ကျွန်ုပ်၏ • သဘောအရ ယခုတင်ပြခြင်း ဖြစ်ပါကြောင်း။

. သူ့အား ပင်လယ်ပြင်တွင် အမိုးအကာမပါသော လှေငယ်ကလေး တစ်စင်းဖြင့် မျောပါနေသည်ကို တွေ့ရသော နေရာတစ်ဝိုက်တွင် နိုဘယ်ကျွန်း - ဟူ၍ ကျွန်းကလေး တစ်ကျွန်းသာရှိ၏။ ထိုကျွန်းကလေးမှာ မီးကောင်များရှိ - သည့် ကျွန်းကလေးဖြစ်၍ လူများ နေထိုင်ခြင်း မရှိချေ။ ထိုကျွန်းသို့ ၁၈၉၁ - ခုနှစ်တွင် ' ကော့ပိယွန်” (H.M.S. SCORPION)# သင်္ဘောတစ်စင်း ရောက် ရှိသွားပြီးနောက် သင်္ဘောသားအချို့ သည် ကုန်းပေါ်သို့ တက်ရောက်ကြည့်ရှုကြရာ အလွန်ထူးဆန်း၍ အဖြူရောင်ရှိသော ပိုးဖလံ တောဝက်များ၊ ယုန်ကလေး - များနှင့် အသွင်အပြင် အမျိုးမျိုးအဖုံဖုံ ရှိနေသည့် ကြွက်များမှတစ်ပါး အခြားထူးထူးခြားခြား မတွေ့ရချေ။ သို့သော် ယင်းတို့အား သက်သေခံအဖြစ်ဖြင့် ပြသ - ရန် ယူဆောင်မလာခဲ့ကြသဖြင့် ယခု ကျွန်ုပ် ရေးသားအံ့သော အတ္ထုပ္ပတ္တိမှာ = သက်သေခံမပြည့်စုံဟု ဆိုက ဆိုနိုင်ပါပေသည်။ မည်သို့ပင်ဖြစ်စေ ဦးလေး တွေ့ ကြုံရသည့် အဖြစ်အပျက်ကို လူထုရှေ့သို့ ကျွန်ုပ် တင်ပြပါအံ့။

ထူးဆန်းပုံတစ်ခုမှာလည်း ကျွန်ုပ်၏ ဦးလေးမှာ လတ္တီတွဒ် ၅ - (တောင်) နှင့် လောင်ဂျီတွဒ် ၁ဝ၅ (အနောက်) စပ်ကြားတွင် လူစိတ်များ ..'ပျောက်ကွယ်ကာ သတိကင်းလွတ်သွားပြီးနောက်၊ နောက် ၁၁ လအကြာတွင်မှထိုနေရာ အနီးတစ်ဝိုက် ပင်လယ်ရေပြင်၌ပင် ပြန်၍ တွေ့ရခြင်း ဖြစ်၏။ မည်သို့ပင် ဖြစ်သော သူသည် ထိုအချိန်များအတွင်း အသက်ရှင်လျက် ရှိနေခဲ့သည်မှာ ထင်ရှား လေသည်။

သို့နှင့် 'အင်ပီတာကျူးအန်ဟာ ခေါ် သင်္ဘောသည် ၁၈၈၇ ခုနှစ်၊ ဇန်နဝါရီလတွင် အာဖရိကတိုက်မှ ကျားသစ်တစ်ကောင်နှင့် အခြားတိရစ္ဆာန်အချို့ ကို တင်ဆောင်ပြီးလျှင် ပစိဖိတ် သမုဒ္ဒရာတောင်ပိုင်းရှိ မြို့ အသီးသီးသို့ ဆိုက်ကပ် ကာ ထွက်ခဲ့ပြီးနောက် မည်ကဲ့သို့ ဖြစ်သည်မသိ။ တစ်ခါတည်း ပျောက်ကွယ်သွား” ခဲ့လေသည်။ ထိုသင်္ဘောကို မောင်းနှင်အုပ်ချုပ်သည့် ကပ္ပတိန်မှာ ဂျွန်ဒေးဗစ်ဆိုသူ - ' ဖြစ်၍ အရက်ကို အလွန်အကျွံသောက်သော ကပ္ပတိန်တစ်ယောက် ဖြစ်၏။

၎င်းသည် ထိုအင်ကာကျူအန်ဟာ သင်္ဘောကို မောင်းနှင်အုပ်ချုပ်ပြီးလျှင် သင်္ဘောပေါ်၌ အုန်းသီးဆံများတင်၍ ဗန်ယာ'မြို့မှ ၁၈၈၇ ခုနှစ်၊ ဒီဇင်ဘာလ တွင် ထွက်ခဲ့ပြီးနောက် ထိုအချိန်မှစ၍ တစ်ခါတည်း ပျောက်ကွယ်သွားရာ ထိုနေရာတို့မှာ ဦးလေး၏ စာရွက်စာတမ်းများတွင် ပါရှိသော အတ္ထုပ္ပတ္တိနှင့် တသွေမတိမ်း ကိုက်ညီလျက် ရှိလေသည်။

          လော်စိန်းသင်္ဘောမှ အသက်ကယ်လှေကလေး "

          လေဒီဝိန်းသည် ကာလိုမြို့မှ ထွက်ခဲ့ပြီးနောက် ဆယ်ရက်အကြာတွင် သင်္ဘောပျက်တစ်စင်းနှင့် မတော်တဆ ဝင်ရောက်တိုက်ခိုက်မိသဖြင့် ပျက်စီးသွားရာ ထိုသင်္ဘောပျက်ခြင်းအကြောင်းကို လူတိုင်းသိပြီးဖြစ်သဖြင့် ကျွန်ုပ် အထူး - ထွင် ရေးသားရန် လိုအပ်မည် မထင်ပေ။ ထိုသင်္ဘောပျက်ပြီးနောက်၁၈ ရက်အကြာတွင် သင်္ဘောသား ၇ ထောက်ကို "မာတယ်”ခေါ် အမြောက်တင် သင်္ဘော က ကယ်ဆယ်လိုက်၏။ လေဒီဝိန်းသင်္ဘောပျက်ခြင်းအကြောင်းကို သတင်းစာ - များက ရေးသားပြီး ဖြစ်သော်လည်း ကျွန်ုပ်က ထပ်မံဖြည့်စွက်လို၏။ ကျွန်ုပ်ဖြည့်စွက်လိုသည့် အကြောင်းမှာ ပို၍ ကြောက်မယ်ဖွယ်ကောင်းပြီးလျှင် ပို၍ - လည်း ထူးဆန်းပေ၏။ ထိုလှေငယ်တွင်ပါသည့် လူ ၄ ယောက် သေဆုံးသွား

သည်ဆိုခြင်းမှာ မမှန်ပေ။ ဤကဲ့သို့ ကျွန်ုပ်ပြောခြင်းမှာ မှန်ကန်၍ သက်သေခံလည်း လုံလောက်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ထို ၄ ယောက်ထဲတွင် ကျွန်ုပ်ကိုယ်တိုင်တစ်ယောက် အပါအဝင်ဖြစ်ပေသည်။

သို့သော် ပထမဦးစွာ ကျွန်ုပ်ပြောလိုသည်မှာ လှေငယ်တွင် လူ ၄ ယောက်ပါသည်ဆိုခြင်း မဟုတ်ပေ။ ၃ယောက်သာပါရှိ၏။ 'ကွန်စတန်” ဆိုသူမှာ * လှေထဲသို့ ခုန်ချလိုက်သည်ကို ကပ္ပတိန်က မြင်လိုက်ရသည်ဆို၏။ (ဤအကြောင်းကို ၁၉၈၇ ခုနှစ် မတ်လ ၁၇ ရက်နေ့ ထုတ် 'ဒေးလီးနယူး” တင်းစာတွင် ပါရှိ၏။) ကျွန်ုပ်တို့နှင့် အတူ သူပါမလာခြင်းမှာ ကျွန်ုပ်တို့ တွက် ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သော်လည်း သူ့အတွက်မှာမူ ကံဆိုးသူ၊ သူသည် သင်္ဘောပေါ်မှ ခုန်ချလိုက်သော်လည်း လှေထဲသို့ မရောက်ဘဲ - ခြေထောက်မှာ ကြိုးများဖြင့်ငြိကာ တစ်ခဏမျှ တွဲလျှက်ရှိပြီးနောက် ရေနက်ထဲ

လွင့်စင်ကျသွားရှာ၏။ ကျွန်ုပ်တို့သည် သူ့အား ကယ်တင်ရန် လှေကို သူ့စီသို့ လှော်ခတ်သွားသော်လည်း သူသည် ရေနက်ထဲမှ ပြန်၍ ပေါ်မလာတော့ ကျွန်ုပ်တို့ သင်္ဘောကြီး နစ်မြုပ်သွားသည်မှာ အလွန်လျင်မြန်လှသည့်ပြင် ဤကဲ့သို့ ဘေးဒုက္ခမျိုးနှင့်လည်း တွေ့ကြုံလိမ့်မည်ဟု မည်သည့်အခါကမျှ မထင်မိခဲ့သောကြောင့် ကျွန်ုပ်တို့မှာ တစ်စုံတစ်ရာ ကြိုတင်ပြင်ဆင်မှု မရှိချေ။ သို့ဖြင့် ကျွန်ုပ်တို့ အသက်ကယ်လှေထဲတွင် အနည်းငယ် စိုစွတ်နေသည့် အီ ထွတ်မုန့် အနည်းငယ်နှင့် ရေကရား တစ်လုံးသာ ပါရှိ၏။ အခြားလှေကြီးတစ်စီး ၌မှု စားရေရိက္ခာများ အတော်ပင် ပါရှိမည်ဟု ကျွန်ုပ်တို့ တွေးထင်မိသော် ည်း အမှန်မှာ မပါရှိချေ။ ကျွန်ုပ်တို့သည် ၎င်းတို့အား အော်ဟစ်ခေါ်ငင်လျက် အကျွန်ုပ်တို့၏ ခေါ်သံကို ကြားဟန်မတူဘဲ နောက်တစ်နေ့ နံနက်လင်း၍ နေမွန်းတည့်အချိန် ဆီးနှင်းများ ကွဲသွားသောအခါ ၎င်းတို့အား အရိပ်အယောင်မျှ

တွေ့ရတော့ချေ။ လှေကလည်း ကောင်းစွာ မငြိမ်မသက်ဘဲ လူး၍နေသဖြင့် ထွန်ပ်တို့လည်း မတ်တပ်ရပ်၍ မကြည့်ဝံ့ချေ။

ပင်လယ်ပြင်မှာ လှိုင်းထမ်းပိုးဖြင့် မောက်ကြွလျက်ရှိရာ ကျွန်ုပ်တို့သည် လှိုင်းလုံးများကို လှေဦးဖြင့် ခွဲ၍ကျော်ဖြတ်လျှက် ရှိကြ၏။ ကျွန်ုပ်နှင့်အတူ လွတ်မြောက်လာသော လူနှစ်ယောက်အနက်

တစ်ယောက်မှာ " ဟယ်လမာ" ဆိုသူဖြစ်၏။ ကျွန်ုပ်ကဲ့သို့ပင် သင်္ဘောစီး ခရီးသည် တစ်ယောက်ဖြစ်၏။ အခြားတစ်ယောက်၏ အမည်ကိုမူ ကျွန်ုပ်မသိရချေ။ ၎င်းမှာ အရပ်နိမ့်၍ တုတ်ခိုင်သော လူတစ်ယောက် ဖြစ်ပြီးလျှင် စကားပြောသောအခါမှာ ခပ်ထစ်ထစ် ပြောတတ်လေသည်။

ဤသို့ဖြင့် ကျွန်ုပ်တို့သည် လှေပေါ်တွင် ပါလာသော ရေကရားမှ များကုန်ပြီးနောက် ( ၈ ) ရက်တိုင်တိုင် အစားစား ရေငတ်ဘေးဒုက္ခကို ခံစားကြ ကုန်၏။ ဒုတိယနေ့၌ လှိုင်းထမ်းပိုးများသည် ကံအားလျော်စွာ ငြိမ်သက်သွား နောက် ပင်လယ်ပြင်သည် မှန်ချပ်၏ မျက်နှာပြင်ကဲ့သို့ ပြေပြစ်ညီညွှတ်လျက်ရှိ၏ ။

ဤကဲ့သို့ ပင်လယ်ပြင်တွင် လှေငယ်တစ်စင်းပေါ်၌ ၈ ရက်လုံးလုံးစာ အငတ်ပြတ်လျက် ရှိနေသည့် ဒုက္ခကို သာမန် စာဖတ်သူတစ်ယောက်အမြင့် တွေကြည့်နိုင်မည် မဟုတ်။ လက်တွေ့ ခံစားရသောသူသာလျှင် ထိုဘေးဒုက္ခ မျိုးကို သိရှိနိုင်မည်ဖြစ်၏။ ပထမနေ့ ကုန်လွန်ပြီးနောက် ကျွန်ပ်တို့သည်

တစ်ယောက်နှင့်တစ်ယောက် စကားအနည်းငယ်မျှသာ ပြော၍လှေကလေးပေါ် ကိုယ့်နေရာတွင် ကိုယ်ထိုင်၍ မိုးကုတ်စက်ဝိုင်းဆီသို့သာ စောင့်မျှော်ကြည့်ရှုလျက်ရှိကြ၏။ အစာရေစာ မစားသောက်ရသဖြင့် အားအင်များလည်း တဖြည်းဖြည်း , ကုန်ခမ်းလာ၏။ သင်္ဘောတစ်စင်းကို မြင်လိုမြင် စောင့်မျှော်ကြည့်ရှုနေကြသဖြင့် ကျွန်ုပ်တို့ မျက်လုံးများမှာလည်း ထွက်၍ ကျလုမတတ် ပြူးကျယ်၍သာ လာတော့၏။ ကောင်းကင်မှ နေမင်းကလည်း ကျွန်ုပ်တို့ ဦးခေါင်းပေါ်သို့ အပူရှိန် ' ကို မညှာမတာ ကျရောက်စေလျက် ရှိ၏.

စတုတ္ထမြောက်သောနေ့တွင် ကျွန်ုပ်တို့ သောက်ရေမှာ တစ်စက်မျှပင် မကျန်ရှိတော့။ သို့ဖြင့် ထိုအချိန်မှစ၍ ရေငတ်သည့်ဘေး နှင့် တေ့တေ့ဆိုင်ဆိုင်  ရင်ဆိုင်ရတော့၏။လျှာပေါ်မှ တံတွေးများပင် ခမ်းခြောက်လာရာ၊ လျှာမှာ တစ် နာရီထက် တစ်နာရီ မာကြော၍လာတော့၏။ ၆ ရက်မြောက်သောနေ့သို့ ရောက်သောအခါ လျှာမှာ တောင့်တင်းနေသဖြင့် လှုပ်ရှား၍ မရသလောက် ဖြစ်ပြီးလျှင် အသံထွက်၍ စကားပြောရန် မတတ်နိုင်သကဲ့သို့ ရှိ၏။ သို့သော် နှုတ်ဖြင့်ပင် စကားမပြောနိုင်ကြသော်လည်း မျက်လုံးချင်း ပြောနိုင်ကြသေးရာ၊ တစ်ယောက် အလိုကို တစ်ယောက်က သိသကဲ့သို့ ရှိနေ၏။ ထိုအချိန်၌ ကျွန်ုပ်၏ စိတ်ထဲတွင် ထူးဆန်းသော အရာများကို အမျိုးမျိုး အဖုံဖုံ တွေးတောလျက်ရှိရာ 'ဟယ်လမာ နှင့် အမည်မသိ သင်္ဘောသားမှာ ကျွန်ုပ်ကဲ့သို့ပင် ရောက်တတ်ရာရာ တွေးတော နေကြလိမ့်မည်ဟု ထင်မိ၏။ ကြီး တစ်ချိန်၌ ဟယ်လမာသည် ကျွန်ုပ်ကိုယ်နှင့် နီးကပ်နိုင်သမျှ နီးကပ်

အောင် တဖြည်းဖြည်း ရွှေ့၍လာပြီးနောက် သူ၏ ကိုယ်ကို ကျွန်ုပ်ဘက်သို့ ညွှတ်လျက် -

 "ခင်ဗျား ရေသောက်မလား ။

ဘာပြောတယ်။ ဘာ ဘာ” 'သောက်မယ် - သောက်မယ်။ ဘယ်မှာလဲ ရေ”

'ရေငတ်ပြေရင် ပြီးရော မဟုတ်လား"

“ခင်ဗျား ပြောတာ ဘာလဲ။ ကျပ် နားမလည်ဘူး ။

“သောက်တော့ သောက်ရမယ်။ ရေတော့ မဟုတ်ဘူး” 'ဒါဖြင့် ဘာလဲ" "

" သွေးလေ၊ လူ့သွေးဟာ ရေပဲ။ ဘာပဲဖြစ်ဖြစ် ရေငတ်ပြေရင် ပြီးတာပဲ မဟုတ်လား။

ဟိုအကောင်ကို ကျုပ်တို့ သတ်မယ်။ သတ်ပြီးရင် သူ့ သွေးကို သောက်မယ်” ။

“ဒါဖြင့် မဲချမယ်။ ခင်ဗျား သဘောတူလား”

'ဟင့်အင်း။ ဒါလည်း သဘောမတူဘူး”

ဟယ်လမာသည် လှေပဲ့ပိုင်းဘက်ဆီသို့ ပြန်၍ တဖြည်းဖြည်း ရွှေ့ သွားလေ၏ ။

''ဟယ်လမာ'၏ အကြံမှာ ကျွန်ုပ်တို့သုံးယောက်အနက် မဲကျရာ သူကို သတ်ပြီးလျှင် ကျန်လူနှစ်ယောက်က ၎င်း၏ သွေးများကို စုတ်ယူသောက် ရန်ဖြစ်၏။ သုံးယောက်စလုံး-ရေငတ်၍ သေရခြင်းထက် တစ်ယောက်သာ သေခံပြီးလျှင် ကျန်နှစ်ယောက်က သေသူ၏ သွေးကိုစုတ်၍ တတ်နိုင်သမျှ အသက်ရှင်နေရန် ဖြစ်လေသည်။ သို့သော် မိမိအသက်ရှင်ရေးအတွက် အခြားသူ စ်ယောက်ကို သတ်ဖြတ်ရန်မှာ ရက်စက်လွန်းရာ ကျသောကြောင့် ကျွန်ုပ်က - သဘောမတူခြင်း ဖြစ်လေသည်။

ထိုညဉ့်တစ်ညဉ့်လုံး သင်္ဘောသားသည် ဟယ်လမာအနီးသို့ ကပ်ပြီးလျှင် တစ်စုံတစ်ရာကို မကြာခဏ တီးတိုးပြောဆိုလျက်ရှိရာ ၎င်းမှာ ဟယ်လမာနှင့်ပေါင်း၍ ကျွန်ုပ်အား သတ်ဖြတ်ရန် ကြံစည်ခြင်းပင်ဖြစ်ပေလိမ့်မည်။ သို့ဖြင့် ကျွန်ုပ်သည် အရေးအကြောင်းရှိက အသင့်ခုခံနိုင်ရန် မောင်းချဓားကို လက်ထဲတွင် ဆုက်၍ကိုင်ကာ လှေဦးတွင် သတိနှင့် ထိုင်လျက်ရှိ၏။ ဤကဲ့သို့ လက်နက်ကိုကိုင် " ထားရသော်လည်း အကယ်၍ အရေးကြီးက ခုခံနိုင်ရန် ကျွန်ုပ်ကိုယ်၌ အင်အား ရှိပါလေဦးမည်လောဟု သံသယ ဖြစ်မိ၏။ ' '

နောက်တစ်နေ့နံနက်သို့ ရောက်သောအခါ ကျွန်ုပ်တို့မှာ ဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်၍ ကျွန်ုပ်သည် ဟယ်လမာ၏ အကြံကို  မလွှဲသာပဲ သဘောတူလိုက်ရတော့၏။

သို့နှင့် ကျွန်ုပ်တို့သည် ပဲနိ့ ပြားတစ်ပြားကို ယူပြီးလျှင် ခေါင်းပန်း ရာ နောက်ဆုံးတွင် သင်္ဘောသားကို သတ်ရန် မဲကျလေ၏၊

သို့သော် သင်္ဘောသားမှာ ကျွန်ုပ်တို့ ၃ ယောက်အနက် အသန်စွမ်းဆုံး - သူသည် လက်ထဲတွင် လက်နက်တစ်စုံတစ်ရာ မပါဘဲ ဟယ်လမာအား တိုက်ခိုက်လေတော့၏။ သို့နှင့် သူတို့သည် တစ်ယောက်၏ လည်မျိုးကို တစ်ယောက်  ဖျစ်ညှစ်ရန် ကြိုးစားလျက်ရှိရာ ပထမ ထိုင်လျက်ရှိရာမှ မတ်တတ်ရပ်လျှက် တစ်ယောက်နှင့်တစ်ယောက် ထွေးလုံးသတ်ပုတ်လျက်ရှိသဖြင့် ကျွန်ုပ်လည်း ဟယ်လမာအား ကူညီရန် လှေပဲ့ပိုင်းကို တရွေ့ရွေ့ ထွားလာခဲ့၏။ ကျွန်ုပ် သင်္ဘောသား၏ ခြေထောက်တစ်ဘက်ကို လှမ်းဆွဲလိုက်သည်တွင် သင်္ဘောသားသည် ရုတ်တရက် ထလိုက်သဖြင့် သူ၏ ခြေထောက်သည် ကျွနုပ်၏ ထဲမှ လွတ်ထွက်သွား၏။ ထိုခဏ၌ သူတို့နှစ်ယောက်စလုံးသည် မတ်တက်ရပ်ရင်း ထွေးလုံးရစ်ပတ်ဖြစ်ကာ လှေနံပေါ်သို့ နှစ်ယောက်လုံး ယိုင်၍ကျသွားပြီးလျှင် တစ်ခါတည်း နစ်မြုပ်၍ သွားတော့၏။ ထိုခဏ၌ လှေကလေးသည်။ လည်း လှုပ်ရှားလျက်ရှိရာမှ တဖြည်းဖြည်း ငြိမ်သံက်သွားလေတော့၏။ ထိုအင် တွင် ကျွန်ုပ်မှာ ဝမ်းနည်း၍ပေလော၊ သို့မဟုတ် ဝမ်းမြောက်၍ပေလောမသိ ဟက်ဟက်ပက်ပက် ရယ်မောကာ လှေထဲတွင် မိမိကိုယ်ကို နောက်သို့ ပစ်လှဲ လိုက်မိလေသည်။

`ကျွန်ုပ်သည် လဲလျောင်းရန် ကန့်လန့်ဖြတ် ပြုလုပ်ထားသည့် ခုံ တွင် ပက်လက်လှန်ကာ တခိခိ ရယ်မောနေသည်ကို သတိပြုမိ၏။ သို့သော် ရယ်သံမှာ ကျွန်ုပ်၏ ကိုယ်ထဲမှ မလာဘဲ အပြင်မှ ကြားရသည်ဟုလည်း ထင်၏။ သို့ရှိစဉ် အကယ်၍ ကျွန်ုပ်တွင် လှေနံပေါ်မှကျော်၍ ပင်လယ်ရေကို သောက် နိုင်မည်ဆိုက သောက်ပြီးလျှင် အမြန်ဆုံး သေလိုသော စိတ်များ ဖြစ်ပေါ်လာသည်ကိုလည်း ပြန်၍ သတိရမိ၏။ ဤကဲ့သို့ လှေဝမ်းထဲတွင် မလှုပ်မယှက် ငြိမ်သက်လျက် ရှိနေသည့်အချိန်၌ပင် မိုးကုတ်စက်ဝိုင်းအဆုံးဆီမှ သင်္ဘောတ စင်း၏ ဖြူဖွေးသော ရွက်တစ်ခုကို မြင်ရသကဲ့သို့ ထင်မိ၏။ လှေကလေးသည် , လှိုင်းလေ များကြောင့် အတန်ငယ် လှုပ်ရှားလျက်ရှိရာ ကျွန်ုပ်၏ ဦးခေါင်း လည်း လှေလှုပ်ရှားသည်နှင့်အမျှ ပိတ်ခန် ညိတ်ခနဲ ညိတ်ခနဲ လှုပ်ရှားသွားသည်ကို ပြန်၍သတိရမိ၏။ ရွက်ဖွင့်၍ လွှင့်လာသော သင်္ဘောသည် တဖြည်းဖြည်း နီးလာရာ၊ ကျွန်ုပ်မှာ သေဖို့ရန်သာ စိတ်စောနေသဖြင့် သူတို့သည် ငါ့အား အရှင်လျက် မတွေ့ရတော့ဘဲ ငါ၏ အလောင်းကိုသာ တွေ့ရပေတော့မည်”  စိတ်ကူးမိသည်ကိုလည်း သတိရလိုက်မိ၏။

အချိန်သည် မည်မျှလောက်ကုန်၍ သွားသည်မသိ။ ကျွန်ုပ်၏ စိတ်တွင် ရွက်သင်္ဘောတစ်စင်းကို မြင်ရပြီးလျှင် ၎င်းသည်လည်း ကျွန်ုပ်၏ လှေရှိရာသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို တွေ့မြင်ရ၏။ သို့နှင့်ပင် ကျွန်ုပ်အား ကယ်ဆယ်ရန် အထိမ်းအမှတ် တစ်စုံတစ်ရာ မပြဘဲ နေမိသည်ကိုလည်း သတိရမိ ။

ထို့နောက် ကျွန်ုပ်မှာ အိပ်ပျော်သွားသကဲ့သို့လည်းကောင်း၊ သို့မဟုတ် မိန်း တွေဝေသွားသကဲ့သို့လည်းကောင်း ဖြစ်သွားပြီးနောက် သင်္ဘောခန်း တစ်ခုထဲသို့ ရောက်နေသည့်အချိန်တွင်မှ ကျွန်ုပ်မှာ ကောင်းစွာ သတိရလာ၏။ သို့သော် ကျွန်ုပ်အား လှေကလေးထဲမှ ပွေ့ချီ၍ သင်္ဘောလှေကားပေါ် ယူဆောင်သွားသည်ကိုလည်းကောင်း၊ မျက်နှာတွင် ဝက်ခြံများ ပြည့်နေသည်။ ဆံပင်နီနီနှင့် လူတစ်ယောက်က သင်္ဘောလက်ရန်းပေါ်မှ အောက်သို့ ငုံ့ကြည့် သည်ကိုလည်းကောင်း ကျွန်ုပ်၏ မှတ်ဉာဏ်ထဲတွင် သတိမရတစ်ချက်၊ ရတချက် ဖြစ်နေ၏။ ထို့ပြင် ကျွန်ုပ်သည် ထူးခြားသော မျက်လုံးကြီးများရှိသည့်  မျက်နှာမည်းမည်းကြီးတစ်ခုကိုလည်း မြင်လိုက်ရသည်ဟု ထင်မိ၏။

ပထမ ထိုမျက်နှာကြီးမှာ ကျွန်ုပ် သတိလစ်နေသကဲ့သို့ ရှိနေစဉ် ထမင်းလုံးတစ္ဆေချောက် သကဲ့သို့ ချောက်ခြားဖြစ်သည်ဟု ထင်မိ၏။ ထို့နောက် ကျွန်ုပ်၏ ပါးစပ်ကို ဟကာ တစ်စုံတစ်ရာ လောင်းထည့်သည်ကိုလည်း နောက်ဆုံး သတိရလိုက်မိ၏ ။

သူစိမ်းတစ်ယောက်နှင့် ပထမ မိတ်ဆွေဖြစ်ခြင်း

' ကျွန်ုပ် ရောက်ရှိနေသော အခန်းကလေးမှာ ကျဉ်းမြောင်း၍ သပ်သပ်ရပ်ရပ်လည်း မရှိပေ။ ကျွန်ုပ်သတိပြန်ရသည့်အချိန်၌ အသက် ခပ်ရွယ်ရွယ်လူတစ် ယောက်သည် ကျွန်ုပ်၏ လက်ကောက်ဝတ်ကို ကိုင်လျက်ရှိ၏။ ထိုသူမှာ ဂုံလျှော် မျှင်ကဲ့သို့ ကြမ်းတမ်းသော ဆံပင်နှင့် ကောက်ရိုးရောင်ကဲ့သို့ မုတ်ဆိတ်မွေး ရှိ ပြီးလျှင် နှုတ်ခမ်းမှာလည်း ခပ်တွဲတွဲရှိနေ၏။ သူသည် ကျွန်ုပ်ကို စိုက်ကြည့်လျက် ရှိရာ ကျွန်ုပ်ကလည်း သူ့အား စိမ်းစိမ်းကြည့်၍ နေမိ၏။ သို့သော် မည်သူကမျှ  စကားစ၍ မပြောချေ။ သူ၏ အညိုရောင် မျက်လုံးများမှာ အေးစက်စက်နိုင်လှ၍ ဟန်အမူအရာလည်း ကင်းမဲ့နေလေသည်။

ထိုအချိန်တွင် ကျွန်ုပ်၏ ခေါင်းရင်းဘက်မှ ကျွန်ုပ် အိပ်နေသော ခုတင်ကို လှုပ်ကိုင်သကဲ့သို့ အတန်ငယ် လှုပ်သွားပြီးလျှင် တိရစ္ဆာန်တစ်ကောင် ဟိန်း ဟောက်လိုက်သည့် အသံမျိုးကဲ့သို့ အသံတစ်သံကိုလည်း ကြားလိုက်ရ၏။ ထိုအချိန်လောက်၌ပင် ကျွန်ုပ်နှံဘေး၌ ထိုင်နေသူလည်း ကျွန်ုပ်အား စ၍မေးမြန်း ,

“ခင်ဗျား အခု့ဘယ့်နှယ်နေသေးသလဲ' ', “ကျုပ် နေကောင်းပါတယ်" ,

ဤကဲ့သို့ပင် ပြန်၍ဖြေလိုက်သည်ဟု ကျွန်ုပ်ထင်မိ၏။ ဤနေရာသို့ " ကျွန်ုပ် မည်ကဲ့သို့ ရောက်လာသည်ကို ကျွန်ုပ် မသိချေ။ ထိုမေးခွန်းကို ကျွန်ုပ်က

မေးလိုသော်လည်း ကောင်းစွာ အသံမထွက်သဖြင့် မမေးနိုင်ချေ။ သို့သော် သူ သည် ကျွန်ုပ်၏ မျက်နှာကို အကဲခတ်၍ ကျွန်ုပ်၏ ဆန္ဒကို သိသည့်ဟန်ဖြင့် ကျွန်ုပ်က အသံထွက်၍ မမေးနိုင်သော်လည်း ကျွန်ုပ်အား အောက်ပါအတိုင်း ပြောဆိုလျက်ရှိ၏။

“ခင်ဗျားဟာ ပင်လယ်ပြင်မှာ လှေကလေး တစ်စင်းနဲ့ အစာငတ်  ၊ ရေငတ်ဖြစ်ပြီး မျောနေတယ်။ ဘယ်လောက်ကြာအောင် ရေငတ်နေတယ်ဆိုတာတော့ မသိဘူး။ နှုတ်ခမ်းတွေဟာ ခြောက်ကပ်ပြီး လျှာဟာလည်း သစ်သားလောက် နီးနီး မာနေတာပဲ။ သတိလည်း မရတစ်ချက် ရတစ်ချက် ဖြစ်နေတယ်။ ခင်ဗျား' ပါလာတဲ့ လှေကလေးရဲ့ နာမည်က လေဒီစိန်းလို့ ပါတယ်။ ပြီးတော့ လှေနံရံ ပေါ်မှာ သွေးကွက်တွေလည်း တွေ့ရတယ်”

ထိုအချိန်၌ ကျွန်ုပ်သည် မိမိလက်များကို ပြန်၍ ကြည့်မိရာ အရိုးပေါ် တွင် အရေတင် ဖြစ်နေရုံမျှမက စက္ကူပါးတစ်အိတ်တွင် အရိုးများကို ထည့်ထား , - သကဲ့သို့ ကျွန်ုပ်၏ အရိုးနှင့် အရေပြားတို့မှာ ကပ်၍နေသည်ကို တွေ့ရ၏။ ထို့နောက် ကျွန်ုပ်လည်း အဖြစ်အပျက်များကို ပြန်လည်စဉ်းစားလျက် ရှိလေ, - သည်။

* “ကဲ .. ဒီဟာကလေး တစ်ဆိတ်သောက်လိုက်ဦး၊ အားရှိအောင်"

သူသည် ဖန်ခွက်ငယ်တစ်ခုဖြင့် အနီရောင်ရှိသော ရေအနည်းငယ်ကို ၊ ကျွန်ုပ်အား တိုက်လိုက်၏။ ထိုအရည်မှာ ရေခဲစိမ်ထားဟန်ဖြင့် အေးမြပြီးလျှင် ချိုမြမြ၊ ညှိဟောက်ဟောက် အနံ့အရသာရှိ၍ ကျွန်ုပ်အား လန်းဆန်းလတ်ဆတ် ၍သွားစေ၏။ ထို့နောက် ထိုသူက ဆက်လက်၍ - -

“ကျုပ်တို့ သင်္ဘောပေါ်မှာ ဆရာဝန်တစ်ယောက် ပါလာတာ ခင်ဗျား ကံကောင်းတယ်ဗျား၊ နို့မဟုတ်ရင် ကျုပ်တို့ ဘယ်လိုမှ မတတ်နိုင်ဘူး”

သူသည် စကားကို ခပ်မြန်မြန် ပြောရာ ကောင်းစွာပင် ပီသမှု မရှိချေ။ ' “ဒီသင်္ဘောက ဘာသင်္ဘောလဲဗျ"

ကျွန်ုပ်က အသံထွက်သည်ထက် ထွက်အောင် အားယူ၍ မေးလိုက် ၏။ သို့သော် အချိန်ကြာမြင့်စွာ နှုတ်ခမ်းများခြောက်သွေ့၍ စကားမပြောဘဲ နေခဲ့ရသောကြောင့် အသံမှာ ကွဲအက်စူးရှလျက်ရှိလေသည်။

သင်္ဘောကတော့ ကုန်သင်္ဘောပဲ ဆိုပါတော့ဗျာ။ အာဖရိကနဲ့ ကာလို ၁ ထွက်လာတယ်။ ဘယ်နေရာက စပြီး ထွက်လာတယ်ဆိုတော့ ကျုပ် လည်း မသိဘူး။ မေးလည်း မမေးမိဘူး။ ကျုပ်လည်း ခင်းလို ခရီးသွား '......

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)