ဒဂုန်ရွှေမျှား - ဒိဗ္ဗသောတနားကြပ်
ဆန်းကြယ်သော ပန်းချီစုတ်တံတစ်ချောင်း
ရေကျော်ရပ် ၄၇ လမ်း ရှိသုံးထပ်တိုက်တစ်တိုက်၏ပထမထပ်တွင်ပန်းချီ ဆရာ ဦးအုံးဖေဆိုသူသည် ၂၅ ဧပကျယ်ဝန်းသော အခန်းကလေးကို ပန်းချီ မျက်စိဖြင့် တန်ဆာဆင်ကာ သပ်ရပ်စွာ နေထိုင်ခဲ့သည်။ ကြမ်းများကို အရောင် တဖိတ်ဖိတ်တောက်အောင်ပွတ်တိုက်ထားခြင်း၊ခေါင်းရင်းခန်းတွင် ဆီဆေးဖြင့် ရေးဆွဲသာ ကားကြီးနှစ်ချပ်ကို ခုံညားသော ရွှေပေါင်ဖြင့် ဆွဲချိတ်ထားရှိ ခြင်း၊ အခန်းပေါင်းရင်းဘက်၌ စုတ်တံများကို လှပသော ဖန်ခွက်တစ်ခု၌ထည့် ၊ ကာယွန်းစားပွဲပေါ်၌ တင်ထားခြင်း၊ ဧည့်ခန်းရှိ ကုလားထိုင်ခုံများ အလယ်စား ပွဲတွင် စိမ်းလန်းသော ကျောက်ခက်ပန်းအိုးကလေး တစ်လုံးဖြင့် ဝေဝေဆာဆာ ရှိနေခြင်း၊ အိမ်ရှေ့ မှန်ပြတင်းပေါက်များတွင် ခရမ်းရောင်ဇော်ထားသည့် ခန်းဆီးများကို တပ်ဆင်ထားခြင်းတို့မှာ နေထိုင်သူ၏ အနုပညာ ဝါသနာထုံမှုကို သရုပ်ဆောင်လျက် ရှိလေသည်။
တစ်နေ့သောနံနက်ခင်း၌ ဦးအုံးဖေသည် ခေါင်းရင်းဝန်းရှိ ကြိမ် ပက် | လက်ကုလားထိုင်ကြီးပေါ်တွင် ထိုင်ကာ ဇနီးသည် ဇော်၍ပေးသော ကော်ဖီကိုမသောက်မီ ကြက်ဥတစ်လုံးနှင့် ပေါင်မုန့်မီးကင်၊ ထောပတ်သုတ်နှစ်ရပ်ကို မြိန်ရှက်စွာစားလျက်ရှိသည်။
အချိန်မှာ၇နာရီခွဲသာသာရှိနေပြီဖြစ်သော်လည်းဇူလိုင်လနံနက်ခင်း သည်အံ့မှိုင်းသောအသွင်ကိုဆောင်ပြီးလျှင်မီးခဲ့ကလေးများပင်က၀က်ခြောက် ကျလျက်ရှိ၏။ . ကော်ဖီကို သောက်လိုက်ပြီးနောက် ဦးအုံးဖေသည် လက်ယာဘက် စားပွဲကလေးမှဆေးတံကိုလှမ်းယူလိုက်ပြီးလျှင်ကပ်စတန်နေဝီကပ်ဘူး ထဲမှ ဆေးများကို ခပ်ဖွဖွေထည့်လေ၏။ ဦးအုံးဖေမှာ မည်သည့်နေရာတွင်မဆို လွန်စွာ သပ်ရပ် တိကျသူဖြစ်သည်။ ထို့နောက် သစ်သားမီးခြစ်ဖြင့် မီးခြစ်ဆံ ကုန်သည့်တိုင်အောင် ညီညာစွာ မီးညှိလေသည်။
ထိုအခိုက်ဆရာကတော်လေးမမြနွဲ့သည်နောက်ပြန်မှအိပ်ပရှူး ထွက်လာပြီးလျှင် ဧည့်ခန်းစားပွဲပေါ်၌ တင်ထားသော ဂိုးလ်ဇလိတ် စီးကရက် - ဘူးထဲမှ စီးကရက်တစ်လိပ်ကိုထုတ်၍သောက်၏။ ထို့နောက် ကြိမ်ကုလား ထိုင်တစ်လုံးပေါ်၌ထိုင်ကာ သတင်းစာကို ဆွဲယူလိုက်လေသည်။
ဦးအုံးဖေသည် ကြေးတံကိုခဲရင်းမမြနွဲ့ကိုလှမ်းကြည့်ကာ သက်ပြင်း တစ်ချက်ချလိုက်မိ၏။ အလှအပ အလွန်ကြိုက်သဖြင့် မိမိကဲ့ သို့ပင် အနပညာက်စိရှိမသာ ဇနီးသည်အား ဦးအုံးဖေသည် များစွာ အလိုလိုက်ခဲ့၏။ အသက် '' အရွယ် ငယ်ရွယ်နပျို့ခြင်းထက် လင်အပေါ်တွင် အလိုက်သိမှုကို ပို၍ကျေနပ်ခဲ့လေ၏။အနပညာသမားလူအေးကြီးတစ်ယောက်ဖြစ်သည့် အတိုင်း ဦးအုံးဖေ သည် မမြနွဲ့အား အစားအသောက်တွင်လည်းကောင်း၊ အဝတ်အစားတွင် လည်းကောင်းမည်သည့်အတွန့်တိုခြင်းမရှိဘဲလိုက်လျောခဲ့လေသည်။
“ဒီကနေ့နွဲ့သွားဦးမယ်နော် အစ်ကိုကြီး “
" သွားလေ ” . .
" သွားဆိုပေမဲ့နွဲ့လက်ထဲမှာ ပိုက်ဆံမရှိတော့ဘူး”
“တစ်နေ့ကအစ်ကိုကြီးပေးလိုက်တဲ့ငွေတစ်ရာစကာ”
“လဦး ဆိုတော့အခြောက်အခြမ်းဝယ်ရတယ်။ကြွေးကလေးမြို့ကလေး နည်းနည်းပါးပါး ဆပ်ရတယ်။ ထန်ဝယ်ရတယ်။ ပြီးတော့”
“ဒါဖြင့် အိပ်လလည်း မပေးရသေးဘူးပေါ့”
“ ဘယ်ပေးနိုင်ဦးမှာလဲအစ်ကိုကြီးရဲ့မနက်ကသွေးသောက်တိုက်က ယ်လောက်လာပေးသလဲဟင်"
“၃ဝ ထဲပါကွယ်”
"အဲဒီထဲက နွဲ့သုံးဖို့ နှစ်ဆယ်ပေး။ အစ်ကိုကြီး တစ်ထယ်ယူထား
ဦးအုံးဖေသည် သူ၏ ရုပ်အင်္ကျီအိတ်ထဲမှ ငွေစက္ကူတစ်ဆယ်တန် နှစ်အုပ်ကို မမြနွဲ့အားထုတ်ပေးလိုက်လေသည်။
“ ဪဒါထက် အစ်ကိုကြီးတို တစ်စုအပြာရဦးမယ်”
“ဘာလဲ”
“ မအေးသန်း မနေ့က အစ်ကိုကြီး အပြင်ထွက်သွားတုန်လာတယ် အစ်တိုကြီးရဲ့တန်တဲ့ပိုက်ဆံကလေးရမလားလို့ မေးတယ် -
“ ဘယ်လောက်ကုန်သေးသလို”
“၃၅ဝကျန်သေးတယ်”
လွန်ခဲ့သော သုံးလခန့်က ဦးအုံးဖေသည် မမြနဲ့ပူဆာသဖြင့် ဘယတ် ထစ်တိုလဆိုင်းနှင့်စိန်ပွဲစားမအေးသန်းထံမှအဖိုးအ၇၅ဝပေး၍ဝယ်ယူခဲ့ရာ ထဝ”ကျပ် ပေးဆပ်ပြီးဖြစ်လေသည်။
“ ဒီတော့ နို့ကဘယ်လိုပြောလိုက်သလဲ”
“ ဒီလတော့ အလုပ်နည်းနည်းပါးတာနဲ့ နောက်လကျမှ တစ်ပါတည်း ဒေါင်းယူပါတော့မအေးသန်းရယ်လို့ ပြောလိုက်တယ်”
"အေးကွယ် နောက်လကျတော့ ရခရာပေါ့။ ဒီလမှာ အလုပ်ပါးလူက ကောင်းကောင်းကောင်းတာနဲ့”
“ဟုတ်ပါရဲ့ အလုပ်ကလည်း ပါးလိုက်တာ၊ အခုတစ်လော ပုံတူတဲ့မင် တဲ့လူတွမလာပြန်ဘူးနော် အစ်ကိုကြီး”
ပုံဆွဲခြင်းမှာ ၃၀၀ ၄၀၀၅၀၀ ရတတ်သဖြင့် မန့်သည်ဘလက် အကြွေကို ပေးဆပ်ဖို့ မျှော်မှန်းနေဟန်တူ၏။ ဦးအုံးကမသိမသာ သက်ပြင်း တစ်ရက်လိုက်လေသည်။ '
ပန်းချီဆရာတို့မည်သည် ပုံများရေးဆွဲ၌ မိမိတို့ အခကြေးငွေ | အဆက်မိမိတို့၏လက်ရာကောင်းမွန်သက်ဝင်သော ကားလုပ်တစ်ခုဖြစ်မြောက်ရေးကိုလိုလားအပ်သည့်အတိုင်းဦးအုံးဖေသည်မည်သည့်ကားကိုမဆို ကူးဆွဲရာ၌အသက်ဝင်နိုင်မှုပ်အစရန်ရေးဆွဲသည်သာဖြစ်လသည်။ထိုအခါ ၌အရုပ်လှလှ ဖြစ်ရုံမှုရေးဆွဲသော ပန်းချီဆရာများလောက် ဝင်ငွေမကောင်းခဲ့ချေ။ ဤသို့ဖြင့် အကောင်းကိုလည်းသာ ကြိုက်နှစ်သက်တတ်သော ဇနီးမောင် မှာ အဝင်နှင့်အထွက်အောင်ရှိခဲ့လေသည်။
အိပ်ခန်းကိုတစ်လလျှင် ခုနစ်ဆယ့်ငါးကျပ်၍နရခြင်းဧည့်ဝတ် စောင်ဝတ်၊ သာရေးနာရေးတို့တွင် သူများနည်းတူ ထည့်ဝင်နိုင်ခြင်း၊ မင်္ဂလာ “ဆောင် အလှူအတန်းတို့၌ သူများနည်းတူ ဝတ်စား သွားလာရခြင်း၊ ဥယျာဉ် ပွဲ၊ လက်ဖက်ရည်ပွဲ၊ မွေးနေ့ပွဲ စသည့် ဆိုရှယ်ကိစ္စတို့နှင့်လည်း မမြနွဲ့မှာ ရွေ့ တန်းမှ ပါဝင်ဆောင်ရွက်ခြင်း၊ တစ်နေ့ကို ဓဇိုနစ်ကျပ်၊ ဓာတ်မီးမီတာများ ဒိုဘီးများ၊ နေ့စဉ် စားသောက်သည့် နွားနို့နှင့် ကြက်ဥဇိုးများ၊ ထောပတ်၊ ဒိန် စီနှင့် ပေါင်မုန့်ဖိုးများ၊ ဦးအုံး မှန်မှန်သောက်သည့် အဖိုးထိုက်တန်လှသော စကီဖိုးများ၊ ဆေးတံသောက်ဆေးနှင့် စီးကရက်ဖိုးများမှာ တစ်လလျှင် မနည်း လှဓပ။ ထိုအခက်အခဲများကို မထုံရင်ကန် ရင်ထိုင်လျက် ရှိနေရသည် အတွင်း၌ ပင် မမြနွဲ့သည် လွန်ခဲ့သော သုံးလအတွင်းတွင် လက်ဝတ်လက်စား ၁၅၀၀ န့်ဝယ်လိုက်ပြန်သဖြင့် ပိုမိုကျပ်တည်းသွားပြန်လေသည်။
ထို့ပြင် ယခုခေတ် ပန်းချီဆရာများမှာလက်ရှိအလုပ်တစ်ခု ရှိနေသူ နှင့်အစိုးရရိက္ခာတော်ရ ပန်းချီဆရာများမှတစ်ပါးဝင်ငွေအချိန်မှန်ကန်စွာ ရရှိသူ များမဟုတ်။ သတင်းစာတိုက်များ၊ မဂ္ဂဇင်းနှင့် ဂျာနယ်တိုက်များ ဝတ္ထုတိုက် များကိုသာ အားထားနေရသူများဖြစ်ရာ ၎င်းတို့ထံမှလည်း ကို လုံးလုံးမိမိ နိုင်ရန် ခဲယဉ်းခလသည်။
ဦးအုံးဖေသည် မိမိ၏ မမျှတသော ဝင်ငွေနှင့် ထွက်ငွေများကို လည်းကောင်း၊ နိုင်ငံခြားကုန်ပစ္စည်းများ၏ ဈေးနှုန်း တိုးတက်လာပုံကို လည်းကောင်း၊ မြန့်၏သုံးစွဲပုံများကိုလည်းကောင်း စဉ်းစားကာဆေးတံကိုသာလျက်ရှိလေ၏။ - ထိုစကတွင် လှေကားမှ တက်လာသောဓသံတစ်သံကို ကြားရပြီးနောက်လှပသပ်ရပ်စွာဝတ်ဆင်ထားသောအသက်၃၀ ခန့်ရှိမိန်းမတစ်ယောက်သည်လက်မအိတ်အဖြူကလေးတစ်လုံးကိုကိုင်ကာ ဆိပ်ရှေ့ဧည့်ခန်းသို့ဝင်လာ လေသည်။ ,
မမြနွဲ့သည် ပြုံးရွှင်စွာဆီးကြိုလျက် မိန်းမအား နေရာထိုင်ခင်းများ ပေးလေ၏။
မ.. "ပန်းချီဆရာကြီး ဦးအုံးဖေ နဲ့တွေ့ရင်လို့ပါရှင်၊ အလုပ်ကလေးတစ်ခု အပ်ချင်လို့ပါ ။
ဦးအုံးဖေက နေရာမှထကာ ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်လျှက်
“ဟုတ်ကဲ့၊ ဘယ်လိုအလုပ်မျိုးပါလဲခင်ဗျာ”
“ပုံတူကလေးတစ်ခု ဆွဲချင်လို့ပါရှင်”
“ပုံက ဘယ်အရွယ်လောက်ပါပြီ”
"ဒီဟာကတော့ ဆရာတို့ဆွဲရိုးဆွဲစဉ်အရွယ်အစားလောက်ပါပဲ။ အတိ . အကျတော့ကျွန်မမပြောတတ်ဘူး”
“ ပုံတတစ်ကိုယ်လုံးမဟုတ်ဘူးနော်။ ခေါင်းပုံသာသာ ဆိုပါတော့”
“ဟုတ်ပါတယ်ရှင်”
“ဆွဲရိုးဆွဲစဉ်အရွယ်ပေါင်းပုံသာသာတင်ပဲဆိုရင်စလက်မ၁၂လက်မ သလောက်ပါပြီ။ ဟိုပုံလောက်ပါပဲ”
ဦးအုန်းဖေ သည် မမြနွဲ့၏ပုံကြီးချဲ့ထားသော ၈x ၃၂ ဓာတ်ပုံကိုလက်သီး ထိုး၍ပြလိုက်လေသည်။
“ကာလာသွင်းပုံကလေးကိုဖြင့် သဘောကျပါပေရဲ့ရှင်”
ထိုအခါ မမြနွဲ့က“ဓာတ်ပုံဆရာက ပုံကြီးချဲ့၍ချဲ့ပေးပြီး ကာလာသွင်း တာကအစ်ကိုကြီး သွင်းတာပါ”
“ဒါကြောင့် ကျွန်မစိတ်ကလည်းအထင်သားပဲ။ ဓာတ်ပုံဆရာဆိုရင် ဒီလောက် အရောင်တင်မယ်မဟုတ်ဘူးလို့”
ထိုအခါ ဦးအုံးကကြားဖြတ်၍- .
“ဘယ်ပုံကို ဆွဲရမှာပါလဲခင်ဗျာ”
လှပသော မိန်းမသည် လက်ဆွဲအိတ်ထဲမှ ၂ ၃အရွယ်ရှိ မိန်းမ တစ်ယောက်၏ ဓာတ်ပုံကလေးတစ်ပုံကို ထုတ်ယူကာ ဦးအုံးဇလက်သို့ ' ပေးလိုက်လေသည်။ ပုံမှာ အတန်ငယ် ဓဟောင်းနွမ်းနေသော်လည်း ထင်ရှားစွာမြင်နိုင်၍ အလွန်လှပသော မိန်းမပျိုတစ်ယောက်၏ပုံ ဖြစ်လေသည်။ အရွယ် အာဖြင့် အသက် ၂၀ ခန့်ဟု ခန့်မှန်းပြီးလျှင် နိုင်လွန်အင်္ကျီလက်ပြတ်ကိုဝတ် ကကျစ်ဆံမြီးနှစ်ဇတ် ချထားပြီးလျှင် ကြည်လင်အမြဆာ မျက်နာ နှာတံပေါ်ပုံ၊ မျက်လုံးကောင်းပုံ၊ က်တောင်ကော့ပုံ၊ မျက်လုံးမျက်ခုံ ပြတ်သား ပုံတို့မှာဇာတ်လိုက်များအား စာရေးဆရာတို့တ ကွဲနွဲ့ ချီးကျူးသည့် အရာများ စုပေါင်းနေသကဲ့သို့ ရှိလေသည်။ ဗြူးဇူးသော လည်တိုင် နွဲ့နွဲ့ကလေးတွင် ပုတီးတစ်ကုံး ဆွဲထားရကား လည်တိုင်နှင့် ကိုယ်ဆက်ပုံမှာသာမန် လှပခြင်း ထက် အမျိုးအစားကျခြင်းနှင့် ပြတ်သားခြင်း လက္ခဏာကို ပို၍ထောင်လျက် ရှိလေသည်။
မမြနွဲ့ ပင် ဓာတ်ပုံကဓလကိုအတန်ကြာအမာကြည့်ရှုလျက်ရှိကြ
နွဲ့- “ဘယ်သူ့ပုံလဲဟင်၊ အစ်မကြီးနဲ့ ဘာတော်သလဲ။ သိပ်ချစ်စရာ ကောင်းတာပဲနော်။ ကျွန်မညီမကလေးပဲ ဖြစ်ပါတော့” ,
မ - "ကျွန်မရဲ့ညီမဝမ်းကွဲကလေးပါ
နွဲ့ -“ဪ အရင်းမဟုတ်ဘူးလား။ မျက်နှာရင်းခပ်ဆင်ဆင်မို့ကျွန်မက . အရင်းလားလို့”
(အလုပ်အပ်သူမိန်းမတရယ်မောလျတ်) “အိုမတူပါဘူး။ သူကသိပ်လှ ဘဲ။ကျွန်မက ဒီလောက်လှလို့လား”
နွဲ့ -“လှပြီးလားအစ်မကြီးရယ်။ အစ်မကြီးကမျက်နှာဓရာ၊ ကိုယ်လုံး ပေါက်ရော။ ဟန်အမူအရာ”
မ-အိုတော်ပါညီမကလဲ။ အစ်မကြီးတို့ကရွက်ကြမ်းဝရထဲကပါ။ တော် (ဦးအုံးဘက်သို့လှည့်၍) ဒီပုံပါပဲ ဆရာရယ်။ အဖိုးစားနားသော”ေေေ
ဇ -“ဆီဆုံးနဲ့တွဲရမှာမဟုတ်လား” မ - “ဆီဆေးက ပိုပြီးအဆိုးများသလား ဆရာ”
ဇေ -"ဟုတ်ပါတယ်။ ဆီဆေးက တာရှည်လည်းခံတယ်။ ပြီးတော့ =ဆေးဆိုတာက ပုံတူမှာမသုံးကြပါဘူး
။ မ-ဖြင့် ဆီဆေးပဲအပ်ရမှာပေါ့ဆရာရယ်။အဇိုးအကဆရာဘယ် ဆောက်လုပ်သလဲ”
ဇေ -“ငါးရာပေးပါ့မယ်” ။
မ -"unရတာပါဆရာရယ်။ရာကောင်းတာကိုတွန်မပြောင်းဘူး။ ဆမဲ့ ကျွန်မတောင်းပန်ချင်တဲ့ အချက်တစ်ချက် ရှိပါတယ်ရှင်။ ဒီဟာကို လိုက်နာဖို့ ရှေးဦးစွာမေတ္တာရပ်ခံချင်ပါတယ်” “ဟုတ်ကဲ့ ဘယ်လိုအရက်ပါလိမ့်ဝင်ငှာ၊ အမိန့်ရှိပါဦး”
“ကျွန်မသိသလောက်တော့ပန်းချီဆရာတွေကဓာတ်ပုံကိုကြည့်ပြီးပုံ ထူထဲကြတယ်ဆိုတာ မျက်လုံးနေရာကို ဓာက်ပုံထဲက မျက်လုံးနဲ့တူအောင်၊ အပေါင်းကို ဓာတ်ပုံထဲက နှာခေါင်းနဲ့တူအောင်၊ ပါးစပ်ကိုလည်း ထိုနည်းအတူပဲ ဆီးလို ဆွဲတယ်လို့ သိရပါတယ်။ ကျွန်မ ဖြစ်ရတာက တူအောင်လွဲတာ ခဲ့တာပါ။ ဒါပေမဲ့ လူကိုယ်တိုင် ကိုယ့်ရှေ့မှာ ထိုင်နေသလို သဘောထားပြီး၊ တယ် အသက်ဝင်တဲ့ပုံတူ ဖြစ်စေချင်တယ်။ လူကိုယ်တိုင်ကို ကားချပ် ၊ ရွှေထားတဲ့သဘောမျိုး အသက်ဝင်နေစေချင်တယ်။ မဂ္ဂဇင်းတွေက အရုပ်တွေ ကျွန်မမြင်ရတာက တကယ် ဖြစ်ပျက်နေတယ်လို့ ထင်ရတဲ့ အရုပ်တနည်းပြီး၊ အလုပ်ကို အရုပ်တွေကများနေတယ်။ ဒီဟာက အပြစ်တင်ဖို့တော့မကောင်း//
ဘူးပါအလမဂ္ဂဇင်းပိုင်ရှင်အတွကပေးတာကလည်း ထ၁၅၊ ၂၀၂၅ကျပ်အလွန် - ဆုံး ၅၀ ဆိုတော့ ဒီလောက်ပဲ ဖြစ်မှာပေါ့။အနောက်နိုင်ငံ မဂ္ဂဇင်းအတွက အရုပ် “ တွေနဲ့ ကျွန်မ နည်းနည်း နှိုင်းစာကြည့်မိတယ်။ ကျွန်မပြောတာ ကျွန်မ ပညာ | တတ်လှလို့ မဟုတ်ပါဘူး။ သူတို့ဟာ အရုပ်နဲ့မတူဘူး။ တကယ်ဖြစ်တုန်း ဓာတ်
ရိုက်ထားသလိုထင်ရတယ်။ဒီလိုထင်ရတာကို အမှန်တော့အသက်ဝင်တယ် ဆိုတဲ့သဘောသက်ရောက်တယ်လို့ဆိုရမှာပဲ”
-“ခင်ဗျားက အနုပညာဘက်မှာ အတော်သဘောပေါက်တာပဲ”
“သဘောပေါက်တယ်လို့တော့မဟုတ်ပါဘူးဆရာရယ်။ကျွန်မစိတ်ထဲ ကသူထက်တွေကိုပြောပြတာပါပဲ။ မှန်မမှန်တော့ကျွန်မမသိပါဘူး”
အုံး-"ဟုတ်ကဲ့ပြောပါဦး”
“ပုံတူဆွဲတဲ့နေရာမှာ အရုပ်လိုများ ဆွဲထားရင် ပြီးပါလဓရာ၊ ဆရာ့ လက်ရာတွေကိုတော့ မဆိုလိုပါဘူး။ ဆရာ့လက်ရာတွေက မဂ္ဂဇင်းတွေထဲမှာ
တောင်အင်မတန်အသက်ဝင်တာပဲ။ ဒါကြောင့်လည်း နာမည်ကျော်တစ်ယောက် ဖြစ်လာတယ်ဆိုတာကျွန်မယုံကြည်ပါတယ်။ ဒီတော့ကျွန်မထိုလိုတာက ဒီမိန်း (ကလေးဓာတ်ပုံကို ပုံတူဆွဲတဲ့အခါမှာ အသက်ဝင်နိုင်သမျှဝင်အောင် တစ်
ယောက်တည်းမှာ နေတဲ့အခါ စေ့စေ့ကြည့်လိုက်ရင် ဒီပုံတူက စကားပဲပြော
တော့မယောင်ယောင် ထင်လောက်အောင် အသက်ဝင်းစလုပ်ပါတယ်။ အဆုံး မှာတော့ ဆရာရယ်၊ ဒီမိန်းကလေးရဲ့ ဝိညာဉ်ဟာ ဒီအရုပ်ထဲမှာကို လုံးလုံးဝင် | နေစေချင်တာပါပဲ။ ဒီထက်ပိုပြီး နားလည်အောင်လည်း ဆရာ့ကို ကျွန်မ အစီရင် မခံနိုင်တော့ပါဘူး ။
အုံး -`ဟုတ်ကဲ့။ကျွန်တော်နားလည်ပြီးပန်းအတတ်နဲ့အနပညာ အဆီအနစ်ဟာခင်ပြောတဲ့အတ်မှာတည်တာပါပဲ ။
ဦးအုံးဖေသည်အထက်ပါစကားများကိုကြားရသောအခါအတော်ပင် | အံ့အားသင့်၍နေမိ၏။ ပန်းချီအတတ်၌ ထိုမိန်းမ၏ စိတ်ဝင်စားပုံနှင့် သဘာ
ပေါက်ပုံကို ချီးကျူးမိ၏။ အလုပ်အပ်သူသည် ပုံအနေအထားကိုလည်းကောင်း၊ `ခဆေးရောင်ကို လည်းကောင်း၊ အဖိုးစားနားကိုလည်းကောင်း၊ ရှေးဦးစွာ//
ပြောဆိုတတ်စမြဲ ဖြစ်သော်လည်း ၎င်းမိန်းမမှာ အဖိုးစားနားကိုပင် မဆစ်ဘဲ ဦးအုံးဖေတောင်းဆိုသမှုကို ပေး၏။ ပုံတူအပ်သူများအနက် မည်သူမျှ သူမ ကဲ့သို့ မပြောဖူးချေ။ သို့သော် ထိုထက်ပို၍ အံ့သြဖွယ်ကောင်းသော အချက် ကို ဦးအုံးဖေ တွေ့ရပဦးမည်။
မ -“ဟုတ်ကဲ့ ကျေးဇူးပါတယ်ဆရာရယ်” အုံး -"ကျွန်တော်အစွမ်းကုန်ကြိုးစားပါ့မယ်” “အဲဒါကပထမအရက် ဆရာရဲ့။ ဒုတိယအချက်က”
အလုပ်အပ်သူမိန်းမသည်စကားကိုခေတ္တရပ်ဆိုင်းလိုက်ပြီးနောက်သား ဓရအိတ်အတွင်းမှ ၁ဝ လက်မခန့်ရှိ စုတ်တံကလေးတစ်ချောင်းကို ထုတ်ယူ လိုက်ပြီးလျှင် လက်ထဲတွင် ကိုင်လျက် -
“ဟောဒီစုတ်တံနဲ့ဆရာထဲဝစရပ်တယ်။ အခုပြောတာတခြားစုတ်တံနဲ့ မဆွဲရဘူးလို့ ကျွန်မ ဆိုလိုတာမဟုတ်ပါဘူးနော်။ ဆရာဆွဲချင်တဲ့ စုတ်တံနဲ့ ဆွဲနိုင်ပါတယ်။ ဒီဟာကျွန်မပြောဖို့အလုပ်ဘာမျှမရှိပါဘူး။ ဒါပေမဲ့ပထမအချက် မှာကျွန်မ အစီအရင်ခံခဲ့ရတဲ့အတိုင်း ပုံတူကို အနစိတ် အသက်သွင်းတဲ့အခါ ဒီစုတ်ကလေးကို တစ်ရက်တစ်ရက် အသုံးပြုစေချင်ပါတယ်။ စုတ်တံက မျိုး
တောင်းကလေးပါ ဆရာရဲ့၊ ဆရာသုံးနိုင်ပါတယ်။ ဒီတော့ ပထမအချက်က • ဒီပုံတူကားကို ဆွဲတဲ့အခါမှာ အသက်ဝင်နိုင်သမျှဝင်အောင် ဆရာ အတတ်နိုင်
ဆုံး ကြိုးစားပြီး ဆရာရဲ့ အသက်ကို ဒီအရုပ်ထဲသွင်းပြီး ဆွဲစေချင်တယ်။ ဒုတိယအချက်က ကျွန်မပေးတဲ့ စုတ်တံကလေးကို ဒီကားဆွဲရာမှာ အသုံးပြု ဓစလုပ်တယ်။ အဲဒီအချက်နှစ်ချက်ကိုကျွန်မမေတ္တာရပ်ခံချင်တာပါရှင်”
ဦးထုံးအဇသည်ဆေးတံကိုကိုင်တာအလုပ်အပ်ခသာပိန်းပ၏စကားများ ကို နားထောင်လျက်ရှိလေ၏။ ပုံတူကား လူပကတိနှင့်တူအောင်၊ သို့မဟုတ် လူပကတိကို မြင်ရသကဲ့သို့ အသက်ဝင်အောင် ရေးဆွဲခြင်းဆိုသည်မှာအလုပ် အပ်သူ မပြောစကာမူ မိမိပြုလုပ်ရမည့် တာဝန်ဖြစ်သဖြင့် များစွာ အံ့ဩဖွား မရှိထားဘိဦး။ သူပေးသော စုတ်တံနှင့်ဆွဲရမည်၊ သို့မဟုတ် အနည်းင်း အန//
စိတ်ကိုင်သည့်အခါတွင် ထိုစုတ်တံကို အသုံးပြုရမည်ဟူသောအချက်မှာ ထူးဆန်းလှပေ၏။
ဦးအုံးဇသည်မတီကိုင်ကာမီးမညှိနိုင်သေးဘဲဧည့်ခန်းတွင်မိန်းမ | ချာ၏မျက်နှာကို ငေးမောကြည့်ရှုလျက် ရှိလေသည်။ မိန်းမက ဆက်လက်
“နောက်ဆုံးအစီရင်ခံချင်တာကဘာဖြစ်လို့ဒီစုတ်တံနဲ့ ဆွဲရမလဲဆိုတဲ့ ဓမေးခွန်းကိုလည်း ကျွန်မကို မပါစေချင်ဘူး။ အဲဒီအချက်သုံးချက်ပါပဲရှင်။ ကိုင်း ဆရာလက်ခံမယ်ဆိုရင် ကျွန်မစရန်ပေးဖို့ အသင့်ပါပဲ”
အလုပ်ကို ငါးရာနှင့် လက်ခံရမည်ဖြစ်၍ ဂရန်ပေးမည့်မငွေမှာ နှစ်ရာ့ ငါးဆယ်ဖြစ်ရာယင်းကဲ့သို့ လုံးဝန်ရမှသာမပြန့်၏ဘယက်ဖိုးမဂ္ဂကို ဓပေးဆပ်နိုင် စရာရှိကြောင်း ဦးအုံးဖေ စဉ်းစားမိ၏။ အခြားအလုပ်များကို ဓတ္တရပ်ထားကာ ဤအလုပ်ကို ၁၀ ရက်အတွင်း ပြီးစီးနိုင်၏။ ၁ဝ ရက်အတွင်း ငါးရာရနိုင်သော အခြားအလုပ်ကိုလည်း မျှော်လင့်ရန်မရှိချေ။
အုံး - "ဒီအရက် သုံးချက်ပါပဲဆိုပါတော့” “မှန်ပါတယ်ရှင်” - “ကောင်းပါပြီလက်ခံပါ့မယ်”
ဧည့်သည်မိန်းမသည် ရွှေကွပ်ထားသည့်လက်ပွေ့အိတ်အဖြူကလေး ကိုထောက်ခနဲဖွင့်လိုက်ပြီးလျှင် ငွေစက္ကူတစ်ရာတန်များကိုထုတ်ယူလေသည်။ ထို့နောက် သုံးချပ်ကို ဦးအုံးဖလက်ထဲသို့ထည့်လိုက်လေသည်။
“ကျန်တဲ့ငွေနှစ်ရာကိုတော့ ကျွန်မလာယူတဲ့နေ့မှမေ့ပါ့မယ်နော်” “ကောင်းပါပြီ။ကိစ္စမရှိပါဘူး။ ကျေးဇူးတင်ပါတယ်” "ဪဒါထက် ဘယ်နေ့လောက်ကျွန်မလာယူရပါမလဲခင်ဗျာ” အုံး -“နေပါဦး၊ ဒီကနေ့ဘယ်နှစ်ရက်လဲ ဇူလိုင်လ ၃ရက်” မ -“၁၀ ရက်လောက်နဲ့ ပြီးနိုင်ပါ့မလားဆရာ”//
အုံး - ပြီးတော့ပြီးနိုင်ပါတယ်။ နို့ပေမဲ့၁၅ရက်လောက်ထားပါ။ ဒီ ပုံကို ခင်ဗျားစိတ်တိုင်းကျဆွဲရအောင်။ ဒီတော့ ၁၈ ရက်၊ ၁၉ ရက်လောက်သာ ယူတာပေါ့”
မ-“ကောင်းပါပြီနော်။ကျေးဇူးတင်ပါတယ်။ကျွန်မပြောတဲ့စကားအပ် ကဒီပုံတူကို ဆရာလက်စွမ်းကုန်အသက်ဝင်နိုင်သမျှဝင်အောင်ဆွဲပြီး၊ ဒီစုတ်တံ ကလေးကိုလည်း အချေမှုန်းတဲ့နေရာ အသက်သွင်းတဲ့ နေရာမှာ အသုံးပြု
အုံး - “ကောင်းပါပြီခင်ဗျာ။ ကျွန်တော် နားလည်ပါပြီ”
ထိုအချိန်တွင်မမြနွဲ့သည် အဝန်ပြင်သို့ထွက်လာရာ၊ အစိမက သည် သူ့နောက်မှငွေလင်ပန်းပါတွင် ကော်ဖီပန်းကန်နှင့် မုန့်များကို ယူလာပြီး လျှင် ဧည့်သည် ရှေ့စားပွဲပိုင်းကလေး၌ချထားလေ၏။
ဦးအုံးအဇသည်ဧည့်သည်မိန်းမအားတစ်ကမှုအကဲခတ်ကာကြည့် လျက် ရှိရာမှ အလုပ်စားပွဲသို့ သွားပြီးလျှင် မိမိနာမည်နှင့် ရိုက်ထားသော စက္ကူကတ်ကို ထုတ်ယူလိုက်လေသည်။
အုံး- "ဒါထက်စရန်ငွေ ၃၀၀ရကြောင်းပြစာရေးပေးရဦးပယ်နာမည် ကိုတောင်”
"ဪ ဟုတ်ပါရဲ့၊ ကျွန်မနာမည်တောင် မပြောရသေးဘူး။ ကျွန်မ နာမည်ကမသီတဲ့ရှပ်၊ ကလောမှာနေတယ်။ အခုတော့ကမ္ဘောဇနန်းတော်မှာ တ္တတည်းနေပါတယ်”
ဖွဲ့ -"ကိုင်းအစ်မကြီး၊ ကော်ဖီပူပူကလေး သုံးဆောင်လိုက်ပါဦး”
ဦးအုံးဖေသည် ပန်းချီမျက်စိဖြင့်သာမက မိမိစိတ်ဓာတ်နှင့်လည်း ဧည့်သည်မိန်းမချောမသီဒါကားအက်ဇတ်လျက်ရှိ၏။
“မိန်းမတစ်ယောက်၏ ချောမောလှပပုံကို ပန်းချီဆရာများသည် သာမန်လူတို့ ထက် နက်နဲစွာ မြင်နိုင်၏။ ပုံတူရေးဆွဲသော ဆရာများက သာ၍ပင် မြင်နိုင်ရန် အ ကြောင်းရှိလေသည်။//
မသီဒါသည်တည်ခင်းသောကော်ဖီကိုပရစွာဆောက်ပြီးနောက် ယခုကဲ့သို့ ရန်ကုန်မြို့တွင် ထင်ရှားသည့် ပန်းချီဆရာကြီးတစ်ဦး၏လက်ရာကို ရရှိမည့်အတွက် များစွာ ဝမ်းမြောက်ကြောင်း၊ ရေးဆွဲ၌လည်း မိမိပြောသည့် " အပျက်များကို သတိမမေ့စရန် ထပ်လောင်း၍ မေတ္တာရပ်ခံကြောင်း ပြောဆို ပြီးလျှင် ဦးအုံးဓဇနှင့် မမြနွဲ့တို့အား နှုတ်ဆက်ပြီးနောက် တိုက်ပေါ်မှ ဆင်းသွား လေ၏။
| ထိုနေ့၌ပင်ဦးအုံးဓဇသည်ကားခပေါင်များကိုပြင်ဆင်ပြီးနောက်မသီဒါ ပေးခဲ့သောဓာတ်ပုံလေးကိုကြည့်ကာရွက်ရင်ပေါ်တွင် ခဲဖြင့် ပုံကြမ်းလောင်း”
| ၆ ရက်ကြာသောအခါ ပုံမှာ တိကျကိုက်ညီသော အမျိုးအစားဖြင့် အတော်ပင် ခရီးရောက်ခဲ့ပြီးလျှင် ၁၀ ရက်မျှ ကြာသောအခါ၌ အနစိတ် (Detail)များကို ခြယ်မှုန်းပေး၏။ ထိုနေရာ၌ကား မသီဒါပေးခဲ့ သော စုတ်တံကလေးကို အသုံးပြုရန် လိုအပ်ပြီဖြစ်ရာဦးအုံးဖသည်အလုပ်စားပွဲအံဆွဲ ထံတွင် သတင်းစာစက္ကူရွက်ကလေးဖြင့် သေသပ်စွာ လိပ်၍သိမ်းထားသော စုတ်တံကလေးကိုထုတ်ယူလေ၏။
pomocoyocessos pos (Windsor&Newtongring လုပ် အမှတ်စဉ် ၁၆၊ နံပါတ်၆ အရွယ် သာမန်ကုလားအုတ်မွေး စုတ်တံကလေး တစ်ချောင်းဖြစ်၍ အများအားဖြင့်ရေဆေးများ ရေးဆွဲရာတွင် အသုံးပြုကြ
သာစုတ်မျိုးဖြစ်၏။ (သို့သော်ဆီဆေးအရေးဆွဲရာ၌လည်းအသေးစိတ်ခြယ်မှုန်း ရာတွင်အသုံးပြုနိုင်လေသည်။)
ဦးအုံးဖေသည် မိန်းမပျိုကလေး၏ ပုံတူကို မှန်ဘီလူးဖြင့်ကြည့်တာ အသစိတ်ခြယ်မှုန်းနက်မှောင်သောက်လုံးကိုခြယ်မှုန်း၌သာမန် * မည်နက်မသာ ဆေးရောင်ကို သွင်းခြင်းထက် နက်ရှိုင်းခြင်း အဓိပ္ပာယ်ပါသော | ဆေးကို သရုပ်ပေါ်အောင် သွင်းရ၏။ သေ၍နေသော မျက်လုံးမဟတ် ရှင်၍ | နေအောင် ဇော်ရ၏။ ထို့အတူ နှာခေါင်းကိုလည်း အနံ့ခံသည့်နာမင်း၊ ပါးစပ်//
ကိုလည်း စကားပြောမည့်ပါးစပ် ဖြစ်စရ၏။ ဦးအုံးဖေသည် ထိုစုတ်တံကလေး ဖြင့် စိတ်ရောကိုယ်ပါ ခြယ်မှုန်းလ၏။ လက်ဖြင့်ပြယ်မှုန်း၏။ စိတ်ဓာတ်ဖြင့် အသက်သွင်းပ၏။ မည်သည့်အကြောင်းကြောင့်ဟူ၍ မသိ။ အခြားပုံတူကား များကို ရေးဆွဲရသည်ထက် ဦးအုံးဖေသည် ဤမိန်းမပျိုကလေး၏ ပုံတူကားကို ရေးဆွဲရာ၌ စိတ်ပါဝင်စားသည်ကို တွေ့ရ၏။
“ ၁၃ ရက်မြောက်သောနေ့၌ ပုံတူကားကလေးကား ကောင်းစွာ ပြီးစီးခဲ့ ဓလေပြီ။ အပြစ်အနာဆာမရှိသလောက်ပင် ဖြစ်တော့၏။ဘက်ဂရောင်း (Back Ground)edopodgo&sapS &fpeculooftfofaryo လက်အမှကြည့်လျှင်နောက်ခံကားခ၌ရေးဆွဲသည်နှင့်မတူ နောက်ခံကား ဓပေါ်တွင် ရုပ်လုံးတစ်ခုကို တင်ထားသည်နှင့်တူ၏။ မျက်လုံးသည် မိမိတို စူးစိုက်လျက်ကြည့်နေသကဲ့သို့လည်းကောင်း နှုတ်ခမ်းများသည် လှုပ်၍စကား မပြောတော့မည်ကဲ့သို့လည်းကောင်း၊ ဆံပင်၌ပန်ထားသော နှင်းဆီပွင့်ကလေး သည် ကြွေကျတော့မည်ကဲ့သို့လည်းကောင်း ပုလဲပုတီးမှ ပုလဲလုံးကလေးများ သည် တစ်လုံးစီသီ၍ထားသကဲ့သို့လည်းကောင်း ပြတ်သားလျက် အသက်ဝင် လှပေ၏။
ဦးအုံးဓဇသည် ပုံတူကားကို အတန်ကြာကြည့်၍အားမရနိုင်အောင် ရှိနေပြီးနောက် ဓရပါးစက္ကူတစ်ရုပ်ဖြင့် ဖုံးအုပ်ကာ အဝတ်တစ်ထည်ဖြင့် စည်းနှောင်ထားလိုက်လသည်။
ဇူလိုင်လ၁၈ရက်နေ့သို့ရောက်လတ်သော်နံနက်၁၁နာရီကျော်ကျော် ခန့်အချိန်တွင် ဦးအုံးဖေ၏တိုက်ခန်းသို့ မသီဒါ ရာက်လာရာ လင်မယားနှစ်
ယောက်စလုံးပင် ဝမ်းမြောက်စွာ ဧည့်ခံကြလ၏။ ပုံတူကားကို အဝတ်မှ၍ ပြသောအခါမသီဒါက - ,
“သိပ်ကောင်းတဲ့လက်ရာပဲဆရာ။ကျွန်မဖြင့် ဒီလောက်လူနဲ့တူအောင် အသက်ဝင်တဲ့ကား။ တစ်ခါမှမမြင်ဖူးဘူး။ ထူးတို့လက်ရာပါအပပဲရှင်”
"ဒီလောက်လည်း မမြှောက်ပါနဲ့ မသီဒါ။ ကျွန်တော် ဒီလောက်လည်း မတော်ပါဘူး ..