Skip to product information
1 of 3

Other Websites

ဒဂုန်ရွှေမျှား - တာရာရှင်မ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

အဗီ ၏ အကြံ

          ရှေးနှစ်ပေါင်း ထောင်ပေါင်းများစွာအချိန်က အီဂျစ်ပြည် “မမ်းဖစ်(စ်)“မြို့တော် • နှင့်တကွ မြစ်ဝကျွန်းပေါ်နယ်များကို အုပ်စိုးသော ဘုရင်ခံ မင်းသားကြီး “အဗီ” သည် သာယာသောတစ်နေ့သော ညနေခင်း၌ နိုင်းလ်မြစ်ကမ်းပေါ်ရှိ မြို့တော်ကြီး၏ ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားသည့် မိမိ၏ လှေတော် ကြီးပေါ်တွင် ခန့်ညားစွာ ထိုင်လျက်ရှိ၏။

          မည်းနက်သော အသားအရေ ကြံ့ခိုင်ထွားကျိုင်းသော ကိုယ်ကာယ ရှိပြီးလျှင် ဘုရင်များ၏ သင်္ချိုင်းတော်များရှိရာ တောင်ပေါ်တွင် မေးတင်လျက် ရှိသော နေမင်းကို ကြည်နူးစွာ ကြည့်ရှုလျက် ရှိလေသည်။ သူ၏အနီးတွင်ကား အသားမည်း ကျွန်မကလေးနှစ်ယောက်တို့သည် သူ့အား ငှက်မွေးယပ်တောင် ဖြင့် အသာအယာ ခပ်လျက်ရှိ၏။

          သို့ရှိစဉ် ကျွန်မကလေးတစ်ယောက်သည် သာယာသော ရှုမျှော်ခင်း ကို ငေးမောကြည့်ရှုရင်း သူ့သခင်၏ ဦးခေါင်းကို ငှက်မွေးယပ်ဖျားဖြင့် မတော် တဆ အနည်းငယ်မျှ ထိခိုက်မိရာ “အ”သည် မီးထွက်မတတ်သော မျက်လုံးကြီးများဖြင့် ရုတ်တရက်ကြည့်ကာ မိန်းကလေး၏ နားသယ်ကို ပြင်းထန်စွာ ပုတ်လိုက်သဖြင့် မိန်းကလေးသည် ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွား ရှာလေ၏။

          “ ကြောင်မိုက်မ၊ နောက်တစ်ခါ ဒီလိုဖြစ်ရင် နှင့် အင်္ကျီနဲ့ ကျောကို ကပ်နေအောင် အရိုက်ခံရမယ်”

          " ချမ်းသာပေးပါအရှင်၊ လေကလေးက တိုက်လို့ ယပ်တောင်ဖျားနဲ့ မတော်တဆ ထိသွားခြင်းဖြစ်ပါတယ်”

 

          “ ကိုင်း ရှိစေတော့ မေထရာ၊ ငိုမနေနဲ့ တိတ်၊နက္ခတ်ဆရာကြီး ကာ ထူးကို သွားခေါ်ချေစမ်း”

          မေထရာဆိုသူ ကျွန်မကလေးသည် နေရာမှ လျင်မြန်စွာ ထပြီးလျှင် -လှေအလယ်ထပ်သို့ ဆင်းရာ လှေကားရှိရာသို့ သူ့ အဖော်နှင့် အတူ လျင်မြန် ဂျာ ပြေသွားကြလေ၏ ။

          မကြားလောက်သောနေရာသို့ ရောက်သောအခါ မေထရာက ...

          “သူက ငါ့ကို ကြောင်မအေ၊ ဒီလိုဆိုရင် ကြောင်ခေါင်းရှိတဲ့ နတ် သမီးဆီခက်'ဟာ အမေပေါ့။ ဒီလိုဆိုရင် ဆီခက်ဟာ လက်စားလည်း ချေ တဏ်တသ်အဲ့”ဟု သူ့ အဖော်အား ပြောရာ အဖော်ကျွန်မကလေးက ...

          " တို့ကိုများ သူက ပြောရသေးသတဲ့အေ၊ ငါတော့ ဒီဝက်မည်းကြီး ကို နတ်မိကျောင်းစာသာ ကျွေးလိုက်ချင်တာပဲ၊ တို့ကိုလည်း ဝယ်ရအောင် -ဘယ်သူမှ မလာဘူးအေ၊ ငါတော့ ဒီဘဝကို ငြီးငွေ့လှပြီး၊ ပြီးတော့..."

          “တိုးတိုးပြောအုံ၊ ဟိုမှာ နက္ခတ်ဆရာ အယုတ်တမာကောင်ကြီး ရှိနေတယ်။ သူကလည်း ဉာဏ်အတော်များတာ” ,

          ထို့နောက် ကျွန်မကလေးနှစ်ယောက်တို့သည် ကြုံလှီသေးကွေးသော ကိုယ်ရှိသည့် နက္ခတ်ဆရာကြီးရှေ့သို့ ရောက်ရှိကြလေ၏။မေထရာက ...

          “ကျွန်မတို့မှာ ပြောစရာ စကားများ ပါလာပါတယ် ဆရာကြီး” ဟု ပြောလိုက်ရာ နက္ခတ်ဆရာကြီးက.....

          “ဟဲ့ နင့်မျက်စိမှာလည်း မျက်ရည်စတွေနဲ့ပါလား၊ ပြီးတော့ နင့်ပါး မှာလည်း နီလို့”

          ထိုအခါ ကျွန်မကလေးနှစ်ယောက်တို့သည် အကျိုးအကြောင်းကို ပြန်ပြောကြလေသည်။

          သို့ရှိစဉ် အထက်ကုန်းပတ်ပေါ်မှ ... ။

          “ဟဲ့ ကျွန်မတွေ၊ ဒီအသေကောင် နက္ခတ်ဆရာက ခုထက်ထိ မလာ သေးဘူးလား”

          နောက်တစ်မိနစ်ခန့် ကြာလတ်သော် နက္ခတ်ဆရာကြီးသည်-အဗီ ရှေ့ သို့ ကောင်းစွာရောက်လျက်ရှိရာ အလေးပြုရလွန်းသဖြင့် သူ၏ ဦးထုပ် ကလေးသည် ခေါင်းပြောင်ကြီးပေါ်မှ ဖုတ်ခနဲ ကျ၍ သွားလေ၏။

          “ဆရာကြီးရဲ့ ၊ ဘာကြောင့်များ ဒီလောက်ကြာနေရသလဲ”

          “အရှင့် ကျွန်မတွေက ကျွန်ုပ်ကို ရှုတ်တရက် ရှာမတွေ့လို့ ဖြစ်ပါ တယ်၊နေမင်း၏ သားတော်အရှင်၊ ကျွန်ုပ်က အခန်းထဲမှာ အလုပ်လုပ်နေပါတယ်”

          “ ကျွန်ုပ်ကို ဘယ်လိုခေါ်လိုက်တာလဲ ဆရာကြီးရဲ့ ၊ ဘယ်လို မင်းရဲ့ သားတော်ဟုတ်စ၊ အဲဒါက ဖာရိုးဘုရင်များရဲ့ အမည်တော်ပါကလား၊ ကျွန်ုပ် နက္ခတ်တွေက ဒါလောက်တောင်ပဲ ကောင်းနေသလား ဆရာကြီးရဲ့”

          “ အသေအချာတော့ မပြောဝံ့သေးပါဘူးအရှင်၊ ယမန်နေ့ညက နက္ခတ်တာရာများ ကြည့်ပြီး တွက်ချက်စစ်ဆေးတဲ့ဟာ အခုအချိန်ထိ အပြီး မသတ်သေးပါဘူး၊ ဒါပေမဲ့ မေးလိုတာ မေးပါး ကျွန်ုပ်ဖြေပါ့မယ်”

          “ သင်က ဘာကိုဖြေမှာလဲ၊ အဖြေမှန်ကို ပြောနိုင်မယ့် လူကတော့ - သင်တစ်ယောက်ပဲရှိတယ် ဒါပေမဲ့ သင်က ကြောင်သူတော်ဆိုတော့ ဘယ် အဖြေမှန်ကို ပြောလိမ့်မယ်”

          ထို့နောက် အဗီသည် ဆက်လက်၍ ကြောက်မက်ဖွယ်ကောင်းသော အသံကြီးဖြင့် ... ။

          “ သင် ကျွန်ုပ်ကို လိမ်ဂုံရင်လိမ်စမ်း၊ သင့်ခေါင်းကို ဖြတ်ပြီး ဖာရိုး ရဲ့ ရှေ့တော်ကို သစ္စာဖောက်ရဲ့ ခေါင်းအဖြစ်နဲ့ ယူသွားမယ်၊ ပြီးတော့ သင့် ကိုယ်ကြီးကိုလည်း သင်လုပ်ထားတဲ့ သင်္ချိုင်းဂူထဲမှာမဟုတ်ဘဲ မိကျောင်းတစ် ကောင်ရဲ့ ဝမ်းဗိုက်ထဲမှာ ထည့်ထားလိုက်မယ်၊ သင် နားလည်ရဲ့လား”

          “ ကိုင်း ဆရာကြီး၊ ကျုပ်မေးတာကို မှန်မှန်ဟောစမ်း၊ ကျွန်ုပ်ဟာ အခု ဟောဒီက မြင်ရတဲ့ ဖာရိုးဘုရင်များ သင်္ချိုင်းများရှိတဲ့ တောင်ခြေမှာ သူ တို့လို အိပ်စက်ရမှာလား”

          “ ကျွန်ုပ် ဒီလိုထင်မိတာပါပဲ အရှင် ”

          ထို့နောက် နက္ခတ်ဆရာကြီးသည် ဝင်သွားသော နေမင်း၏ အနီ ပင်အစွန်း၌ရှိသော တာရာတစ်ခုကို လက်ညှိုးညွှန်လျက် ... ။

          “ အရှင့် နက္ခတ်ဟာ အသက်ပြန်ဝင်လာပြီး အရှင်၏ခန္ဓာအိမ်မှာ အနှောင့် အယှက်တစ်ခု ဝင်ရောက်နေပါတယ်၊ အရှင့်လမ်းကြောင်းမှာ အခြား နက္ခတ်တစ်ခု ထွက်ချီဝင်ချီဖြတ်သန်းနေပါတယ်၊ ဒီနက္ခတ်နဲ့ အတူ အခြား နက္ခတ်တစ်ခုလည်း ယှဉ်တွဲပြီး ရှိနေပါသေးတယ်”

          “ဘာနက္ခတ်တွေလဲ”

          “ အာမင်ခေါ်တဲ့ ဘုရားသခင်နက္ခတ်နဲ့ အချစ်ဘုရင်မဖြစ်တဲ့ ဟေသာ နက္ခတ်ဖြစ်ပါတယ်၊ သူတို့ချင်း ဒီလိုမယှဉ်တွဲတာ နှစ်ပေါင်း ထောင်သောင်းကြာပါပြီ၊ အခုလို နီးနီးကပ်ကပ် ယှဉ်တွဲပြီး အရှင့်တစ်သက်လုံး ဒီလိုပဲ နေ သွားကြပါလိမ့်မယ်”

          နက္ခတ်ဆရာကြီး ကာကူးသည် အနောက်ဘက်မှ အလင်းရောင် ဟပ်နေသေးသည့် အရှေ့ဘက် မိုးကုပ်စက်ဝိုင်းဆီသို့ ညွှန်ပြလေ၏။

          သူတို့ စောင့်ဆိုင်းကြည့်ရှုနေစဉ် အလင်းရောင် ပျောက်ကွယ်သွား ပြီးလျှင် လှပသော နက္ခတ်တစ်ခုသည် ထွန်းလင်းတောက်ပစွာ ကြည်လင်သော မိုးကောင်းကင်၌ ထွက်ပေါ်လာလေ၏။ ထိုနက္ခတ်နှင့်အတူ ယှဉ်ကပ် လျက် အခြားအခြာ နက္ခတ်တစ်ခုကိုလည်း သူတို့ တွေ့မြင်ရလေသည်။ ထို နက္ခတ်သည် မိနစ်အနည်းငယ်မျှသာ ထွက်ပေါ်လာပြီးနောက် မိုးကုပ်စက် အောက်တွင် နစ်မြုပ်ပျောက်ကွယ်သွားကြလေသည်။

          အဲဒါ အာမင်ရဲ့ မိုးသောက်နက္ခတ်နဲ့ အချစ်ဘုရင်မ ဟေသာရဲ့ နက္ခတ်ပါပဲအရှင်

          “ ဘာဖြစ်သလဲ အရူးရဲ့ "

          ' ဒါပေမဲ့ ပစ်နှစ်အတွင်းမှာ သူတို့ဟာ အရှင့်နက္ခတ်ကို ရှိသွား ကြလိမ့်မယ်၊ အာမင်နဲ့ ဟေသာဟာ အရှင့်ကို ဆန့်ကျင်နေတယ်၊ အနှစ် နှစ် ဆယ်ကျော်လောက်တော့ အရှင်တစ်ပါးတည်း ထွန်းလင်းတောက်ပနေတယ် ဆိုတဲ့ အချက်ကိုပဲထောက်ပြီး၊ အရှင့်ကိုယ်ကို နှစ်သိမ့်ပေတော့”

          ဟု ဆိုကာ အဆုံးသတ်ပြောဆိုကာ ဆရာကြီးသည် နက္ခတ်တာရာ ပုံများပါသော စာလိပ်ကို ဖြေလေ၏။

          အဗီသည် စာလိပ်ကို ဆွဲယူခြေမျှလိုက်ပြီးလျှင် သူ့မျက်နှာကို တည့် ၊ * တည့်ကြီး ပေါက်လိုက်လေ၏။

          " သင် လိမ်တာပဲ၊ ဒီနက္ခတ်တွေအကြောင်း မဟုတ်က ဟုတ်ကပြော ပြီး ကျွန်ုပ်ကို သက်သက် ခြောက်လှန့်မယ် ကြံသလား၊ ဟောဒီမှာ ကျွန်ုပ် နက္ခတ်က"

          ဤသို့ ပြောဆိုလျက် အဗီသည် သူ့နံဘေးမှ ဓားကို ဆွဲယူပြီးလျှင် ကာကူး၏ ဦးခေါင်းပေါ်တွင် ဝှေ့ရမ်းလျက် ...

          “ ဟောဒီ ထက်မြက်တဲ့ဓားဟာ ကျွန်ုပ်လိုက်နာမယ့် နက္ခတ်ပဲဒီဓား က သင့်ကို ဝါးမျိုသွားလိမ့်မယ်၊ သတိသာထားနေ”

          ကာကူးသည် မကြောက်ရွံ့ဘဲ ခန့်ညားတည်ကြည်သောအသံဖြင့်

          “ ကျွန်ုပ်ကတော့ ကျွန်ုပ်တွေ့မြင်သလောက် ဟောပြောရတာပါ။ ဒါ ပေမဲ့ အရှင်အလိုရှိတယ်ဆိုရင် ရှေ့ အဖို့မှာ အရှင်နှစ်သိမ့်မယ့်စကားတွေကို | ဟောရပေမယ်ပေါ့၊ ဒါတွေက လွယ်ပါတယ်၊ အနှစ် နှစ်ဆယ်တောင် ကောင်း စားပြီး ဘေးအန္တရာယ်တွေနဲ့ လမ်းဆုံးကိုရောက်မှာ ဘာဖြစ်ရဦးမှာလဲ”

          ထိုအခါ အဗီသည် ကျေနပ်၍သွားဟန်ဖြင့် ... ။

          “ ကျုပ်တောင်းပန်ပါတယ် ဆရာကြီး၊ ဒီကနေ့ ကျွန်ုပ် ဒေါသထွက် လက်စနဲ့ ဒေါသထွက်နေမိပါတယ်ရှေ့ကိုသာ ဆရာကြီးမြင်တဲ့အတိုင်း ဟောပါတော့၊ ဘယ်လိုမကောင်းတဲ့ ကံကြမ္မာဖြစ်ပေတဲ့ ကျွန်ုပ် ဂရုမစိုက်ပါဘူး၊ အခု ဟောပြောချက်အတွက်လည်း ဆရာကြီး ရွှေခွက်တစ်ခွက် ရပါစေ့မယ်”

          နက္ခတ်ဆရာကြီး ကာကူးသည် ဝမ်းမြောက်စွာ ဦးခေါင်းကို ငြိမ့် လျက် ကြေမွ၍နေသော စာလိပ်ကို ကောက်ယူ၍ ပြန်သွားတော့မည်ပြုစဉ်၊ မှုန်မွှားသောညဉ့်၏ အရောင်အောက်ဝယ် နိုင်းလ်မြစ်ကမ်း ရွှံ့နွံများကို ဖြတ် လျက် လှေကြီး ဆိုက်ကပ်ထားရာသို့ မြည်းများကို စီးနင်းလာနေကြသော လူအချို့ကို တွေ့မြင်ကြရလေသည်။ ။

          ထိုအခါ အမီက နက္ခတ်ဆရာကြီးအား ... '

          “ဒီလူတွေက တခြားသူမဟုတ်ပါဘူး၊ ကျုပ်နောင်တော် ဖာရိုးဆီကို စေလွှတ်တဲ့လူတွေပါ ဆရာကြီးရဲ့ ၊ ဘယ်လိုများ အဖြေပါလာမယ်ဆိုတာ မသိ သေးဘူး၊ သူတို့စကား နားထောင်ပြီး ဆရာကြီးရဲ့ အကြံဉာဏ်များလည်း ပေးစမ်းပါဦး”

          သို့နှင့် ဆရာကြီးသည် အဗီ၏အနီးတွင် စောင့် ဆိုင်းနေရလေ၏။ ထိုလူစုအနက်မှ ဗိုလ်မှူးသည် မကြာမီ အဗီအနီးသို့ ချဉ်းကပ်လာလေသည်။

          “နောင်တော်က ဘယ်လိုများ အမိန့်ရှိလိုက်သလဲ ဗိုလ်မှူးရဲ့"

          “မှန်လှပါ၊ဘုရင်မင်းမြတ်က အရှင်ဟာ သဲကန္တာရသား ဗာဗေရီယန်တွေကို တိုက်ခိုက်အောင်မြင်တဲ့အကြောင်း သိပြီးဖြစ်လေတော့ သူက အခေါ် မလွှတ်ပေမဲ့ လက်ခံတွေ့ဆုံမယ့်အကြောင်း အမိန့်ရှိလိုက်ပါတယ်၊ ဒါပေမဲ့ | အရှင်ယူဆောင်လာတဲ့ ဆားစိမ်ထားတဲ့ ရန်သူအရာရှိ ခေါင်းပြတ်တွေ ကိုတော့ ယူချင်မယ့်လက္ခဏာ မရှိဘူး”

          “ဘုရင်ကလည်း မိန်းမသာသာပါပဲကလား၊ စစ်ကို ဘယ်လိုတိုက် ရမယ်၊ တိုင်းပြည်ကို ဘယ်လိုကာကွယ်ရမယ်၊ ရန်သူတွေရဲ့ ခေါင်းကို ဘယ် လိုဖြတ်ရမယ်ဆိုတာ သိတဲ့ စစ်သေနာပတိတွေ သူ့မှာ ရှိတာပဲ ကျေးဇူးတင် ‘ပါဦးကွယ်”

          “ဒီဟာ သူ့ရဲ့ အမိန့်အားလုံး မဟုတ်သေးပါဘူးအရှင်၊ အရှင့်မှာ ကိုယ်ရံတော်တပ်သားပေါင်း ၃၀၀ ကျော်ပါတာ သူ့ဆီ သတင်းရောက်ပြီးဖြစ်တော့ တပ်သားအားလုံး မြို့တွင်းကို ဝင်ခွင့်မပြုဘဲ ၅ ယောက်သာ အရှင့်ကို ခြံရံပြီး ဝင်ဖို့ အမိန့်တော်မြတ်လည်း ပါပါတယ်အရှင်” .

          အဗီသည် ပြောင်လှောင်ရယ်မောလျက် ... ။

          “ကျွန်ုပ် စစ်သား ၃ဝဝ နဲ့ သူ့စစ်တပ်တွေရော မြို့တော်ကိုပါ ဖမ်းဆီး သိမ်းပိုက်မယ်လို့ စိုးရိမ်နေတယ်ထင်ပါရဲ့ ဗိုလ်မှူးရဲ့ ဟား ဟား ဟား၊ ဒါ ထက် နန်းတော်မှာ ကလေးသားမြေး မရှိသေးဘူးထင်တယ်”

          “တစ်ယောက်မှ မရှိပါ အရှင်း မိန်းမတကာတို့ရဲ့ အလှဘုရင်မ မိဖုရားခေါင်ကြီး 'အဟူရာ'နဲ့ တခြား မိဖုရားငယ်တွေ၊ ကျွန်မိန်းမငယ်တွေ များကြီးရှိပေမဲ့ ကလေးမြေးငယ်ဆို၍ တစ်ယောက်တလေကိုမှ ကျွန်ုပ် မတွေ့ မမြင်ခဲ့ပေါဖာရိုးမှာ ထီးညွန့်နန်းလျာ ကင်းမဲ့နေပါတယ်”

          အဗီသည် စဉ်းစားသည့်ဟန်ဖြင့် အဆောင်ထဲမှ ထွက်ကာ၊ လှေဦး

          ညဉ့်နက်လာပြီဖြစ်သဖြင့် လမင်းလည်း ထွက်ပေါ်လာပြီးလျှင် သစ် ဝင်များနှင့်တကွ တောတောင်ရေမြေများပေါ်တွင် မိမိ၏ရောင်ခြည်ကို အစွမ်း ကုန် ကွန့်မြူးစေ၏။ နိုင်း(လ်)မြစ်၏ ရေပြင်ကြီးသည်လည်း ကျယ်ပြန့်သောကမ္ဗလာကြီးကို ဖြန့်၍ ခင်းထားသကဲ့သို့ ရှိဘိ၍၊ သီးဗီးစ်မြို့တော်ကြီး အတွင်းမှ လေးမြှောင်ကျောက်တိုင်ကြီးများဖြင့် ပြီးသော အဆောက်အဦကြီး များသည် ကောင်းကင်သို့ ထိုးထွက်ပြီးလျှင် ကြေးနီရောင်နှင့် ရွှေရောင်များ ‘ရောယှက်ကာ တပြောင်ပြောင် တလက်လက် တောက်ပလျက် ရှိနေကြလေ သည်။ ။

          နန်းတော်ဆောင်များနှင့် နေအိမ်ပြတင်းများမှ ထိုးထွက်လျက်ရှိကြ သော မီးရောင်များသည်လည်း ကြယ်ပွင့်များကဲ့သို့ ဝင်းလက်တောက်ပကာ ရှိကြလေသည်။ ဥယျာဉ်များ၊ လမ်းကြီးလမ်းငယ် အသွယ်သွယ်များနှင့် ဘုရားကျောင်းများမှ သာယာသော ဂီတသံများသည် ဖြည်းညင်းစွာ ထွက်ပေါ်လျက် ရှိရာ၊ မြို့ရိုးများပေါ်မှ ညဉ့်စောင့်လူများသည် အချိန်နာရီကို အလှည့်ကျဟစ် အော်လျက် ရှိကြကုန်၏။

          မြို့တော်၏ သာယာသော ရှုမျှော်ခင်းများကို မြင်ရပြီးလျှင် နောင် တော် ဖာရိုဘုရင် မရှိသည့်နောက် ဆက်ခံစိုးစံမည့် နန်းညွန့်ဟူ၍ မရှိသေးကြောင်း စဉ်းစားမိသောအခါ အဝီ၏ စိတ်နှလုံးသည် လောဘစိတ်၊ မစ္ဆေယျ စိတ်တို့ဖြင့် မွန်ကာ ရင်ထဲတွင် တဒိတ်ဒိတ်ရှိနေ၏။

          သို့ဖြစ်က ထီးညွန့်နန်းလျာတစ်ယောက်ကို ရှာဖွေကြရပေမည်။ သို့ ပင်ဖြစ်လင့်ကစား တိုင်းသူပြည်သားများသည် လူရိုင်းသွေး ရောစပ်လျက်ရှိ သော အဗီကို မကြည်ညိုရုံမျှမက ရွံရှာမုန်းတီးကြသေး၏။

          သို့သော် သူကား လက်ရုံးရည် စွမ်းပကား သတ္တိနှင့် ပြည့်စုံသူဖြစ်

          “ငါသည် အဘယ်ကြောင့် စောင့်ဆိုင်း၍ နေရဦးမည်နည်း၊ ပင်လယ် နှင့်တကွ သဲကန္တာရများတွင် ကျွမ်းကျင်လိမ္မာ၍ အား သစ္စာခံထားသော " လက်ရွေးစင်စစ်သား ၃၀၀ ၌ အသင့်ရှိနေ၏။ ထို့ပြင် ယခုအချိန်မှာ ပွဲတော်ချိန်ဖြစ်သဖြင့်လည်း မြို့တံခါးများတွင် အစောင့်အကြပ်များ အနည်း ငယ်သာ ရှိနေ၏။

          သို့ဖြစ်ရကား နောင်တော်ဇာရိုးအား သူ၏ ဘိုးဘေးများ နောက်သို့ | လိုက်စေပြီးလျှင် အရုဏ်တက်သည်နှင့် တစ်ပြိုင်နက် သူ၏ ရာဇပလ္လင် ပေါ်တွင် ထိုင်ပြီးသား အသင့်ရှိစေရန် အဘယ်ကြောင့် အကောလညဉ့်အချိန် တွင် နန်းတော်ရောက် ထိုးဖောက်ဝင်ရောက်ခြင်း မပြုနိုင်ရမည်နည်း” စသည် ဖြင့် ထိုအကြံများကို တွေးတောမိသည်နှင့်တစ်ပြိုင်နက် သူ၏နှလုံးသားသည် ရင်ဝသို့ ခုန်တက်လာဘိသကဲ့သို့လည်းကောင်း၊ သူ၏ဦးခေါင်းပေါ်တွင် သရဖူ ကြီးကို ဆောင်းလိုက်သဖြင့် လေးခနဲ ဖြစ်သွားသကဲ့သို့လည်းကောင်း ထင်မိ ၏။

          ထို့နောက် သူ၏ အဆောင်ကလေးရှိရာသို့ ပြန်၍ လျှောက်ခဲ့ပြန်လေ သည်း

          ထို့နောက် ဗိုလ်မှူးနှင့် နက္ခတ်ဆရာကြီးတို့ဘက်သို့ လှည့်၍ ...

          “ ကျွန်ုပ်တော့ ဘာပဲဖြစ်ဖြစ် စွန့်စွန့်စားစား အလုပ်တစ်ခု လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး ဗိုလ်မှူးရဲ့၊ ဒီညအဖို့ သေလည်းမြေကြီး၊ ရှင်လည်း ရွှေထီး ဆိုတာလို သင်နဲ့ သင့်စစ်သားတွေဟာ ဟိုရှေ့ကမြင်ရတဲ့မြို့ထဲကို ကျွန်ုပ်ရဲ့ နောက်က လိုက်နိုင်ကြပါ့မလား၊ ဒီအကြံအောင်မြင်ရင်တော့ သင်ဟာ ကျွန်ုပ် စစ်တပ်အားလုံးကို အုပ်ချုပ်ရမယ့် ဗိုလ်ချုပ်ကြီးဖြစ်ရစေမယ်ပေါ့ ၊ သင် နက္ခတ် ဆရာကြီးလည်း မင်းဆရာ ပုရောဟိတ်ကြီး ဖြစ်လာမယ်၊ ဘယ့်နှယ်လဲ ဆို " ကြစမ်းပါဦး ”

          သူတို့နှစ်ဦးလုံးပင် မင်းသားကြီးအား တစ်ပြိုင်နက် လှမ်း၍ ကြည့် ကြလေသည်။

          “ အတော်ပဲ စွန့်စားရမယ့် အလုပ်ဖြစ်ပါတယ်အရှင်၊ ဤမျှလောက် ကြီးကျယ်တဲ့ ဆုလာဘ်ရာထူးကို ရမယ်ဆိုရင် မလုပ်ဝံ့စရာအကြောင်း မရှိ ပါဘူး၊ သို့သော် စစ်သားများအတွက်တော့ ကျွန်ုပ် မပြောဝံ့ပါ၊ သူတို့ကိုလည်း ရရှိမယ့် အခွင့်အရေးများကို ပြောထားသင့်ပါတယ်။ ဤမျှလောက် များပြား တဲ့လူတွေထဲက သစ္စာဖောက်တစ်ယောက်ရှိရင် သူ့နှုတ်ကစကားတစ်လုံးထွက် တာနဲ့ တစ်ပြိုင်နက် အရှင်နဲ့ ကျွန်ုပ်တို့မှာ နက်ဖြန်ည ဒီအချိန်မှာ မြေခွေးစာ ဖြစ်ရပါလိမ့်မယ်”

          ထို့နောက် နက္ခတ်ဆရာကြီးဘက်သို့ လှည့်၍ ကြည့်ပြန်လေသည်။

          “ စိတ်ကူးမျိုးတွေကို စိတ်ထဲက မြန်မြန်မောင်းထုတ်လိုက်ပါ အရှင်၊ နောက်ထပ် မစဉ်းစားပါနဲ့၊ ယခုအတိုင်းနေရင် အရှင် နှစ်ပေါင်းများစွာ နေထိုင်ရပါလိမ့်မယ်။ ဒါမှ မဟုတ်ရင်တော့ အမည်မရှိတဲ့ သင်္ချိုင်းမှာ ကျိန်စာ အမြဲသင့်ပြီး နေရပါလိမ့်မယ်”

          စကားပြောနေစဉ် အဗီသည် ဆရာကြီး၏မျက်နှာကို အကဲခတ် လျက်ရှိရာမှ လိမ်လည်လုပ်ကြံခြင်းမရှိဘဲ ရိုးသားစွာ ပြောဆိုကြောင်း ယုံကြည် လေသည်။

          “ ဒီလိုဆိုရင် ရှိစေတော့ ဆရာကြီး၊ သင့်အကြံပေးချက်ကို ကျွန်ုပ် လက်ခံပြီး ကျွန်ုပ်ရဲ့ ကုသိုလ်ကံကိုပဲ စောင့်ဆိုင်းတော့မယ်။ နောင်တော်ဖာရိုး ဘုရင်လည်း အသက်ရှင်မြဲတိုင်း ရှင်ပါစေတော့ ဒါပေမဲ့ နက်ဖြန်ကိုတော့ ကျွန်ုပ်ကို ထီးညွန့်နန်းလျာအဖြစ်နဲ့ သတ်မှတ်ပေးဖို့ ကြိုးစားရတော့မှာပဲ”

          ထိုအခါမှ ဗိုလ်မှူးနှင့် နက္ခတ်ဆရာကြီးတို့မှာ အတော်အတန် စိတ် သက်သာရာ ရကြလေသည်။

          ထို့နောက် ဗိုလ်မှူးက... ။

          “ မှန်ပါတယ်အရှင်၊ ပညာဉာဏ်ဟာ ရဲစွမ်း၁တ္တိထက် ပိုပြီး မြင့်မြတ် တဲ့ အချိန်ရောက်တော့မှာ ယုံမှားစရာ မရှိပါဘူး။ ချမ်းသာစွာသာ အိပ်စက် ပါတော့နက်ဖြန်နေထွက်ပြီး ၂ နာရီကြာရင် အရှင့်ကို ဖာရိုးဘုရင်က တွေ့ . ဆုံတော်မူပါလိမ့်မယ်။ အခု ကျွန်ုပ်တို့ အရှင့် အပါးက ထွက်ခွာသွားနိုင်ကြပါ ပြီလား အရှင်"

          မိမိ၏ ဓားရိုးကို ဆုပ်ကိုင်ပြီးမှ ပြန်၍လွှတ်လိုက်ပြီးလျှင် ...

          “ သွားနိုင်ကြပါပြီ။ သို့သော် အမှန်တော့ သင်တို့ကို ရှေးဦးစွာ သစ္စာ ခံစေပြီးမှသာ ဒီစကားကို ကျွန်ုပ် ပြောဖို့သင့်ပေတယ်။ ကိုင်း သင်တို့ရဲ့ နှုတ်က ဘယ်အခါမှ မကျိုးပေါက်အောင် အခု ကျမ်းသစ္စာပြုကြရမယ်”

          သို့ဖြစ်၍ သူတို့နှစ်ဦးစလုံးသည် နိုင်းလ်မြစ်စောင့်နတ်မင်း “အိုဆီ ရစ်” အား တိုင်တည်လျက် ကျမ်းသစ္စာ ဆိုကြလေ၏။

          အသင် ဗိုလ်မှူးဟာ ကျွန်ုပ်ကို ကောင်းစွာ အမှုထမ်းခဲ့တဲ့အတွက် ကျွန်ုပ် အထွတ်အထိပ်ရောက်တဲ့အခါ ကျွန်ုပ်ရဲ့ စစ်သေနာပတိကြီး ခန့်အပ် ပါ့မယ်"

          ဗိုလ်မှူးသည် ကျေးဇူးတင်စွာဖြင့် ဦးညွတ်လျက် ရှိလေ၏။ - နက္ခတ်ဆရာကြီးဘက်သို့ လှည့်လျက် ..

          အသင် နက္ခတ်ဘုရင် ဆရာကြီး၊ ကျွန်ုပ်၏ ရွှေခွက်ကို ယူပါတော့ အခြား ဘာများ အလိုရှိပါသေးသလဲ”

          “ ကျွန်ုပ် လိုချင်တာကတော့ တခြားမဟုတ်ပါဘူး၊ သင်ရိုက်နှက် လွှတ်လိုက်တဲ့ သင့်ရဲ့ ကျွန်မကလေး “မေထရာ” ပါပဲ”

          အဗီက အံ့သြစွာဖြင့် ... .

          “ကျွန်ုပ် ရိုက်လွှတ်လိုက်တာ သင် ဘယ့်နှယ်လုပ်သိသလဲ၊ နက္ခတ် များ ကြည့်လို့ သိတာလား၊ ဒီအကျင့်ယုတ်တဲ့ မိန်းကလေးကို ကျွန်ုပ်လည်း ငြီးငွေ့လှပါပြီ၊ ကိုင်း ယူတော့၊ မကြာခင် သင့်နားအုံကို သူကများ ပြန်ရိုက် ဦးမလား မပြောတတ်ဘူး”

          ကာကူးသည် မေထရာအား သတင်းကောင်းပြောရန် လိုက်၍ ရှာဖွေ သောအခါ မေထရာကို မတွေ့ရတော့ချေ။ မေထရာကား ပျောက်ကွယ်၍ သွား ခဲ့ချေပြီ။

          ဘုရားသခင်၏ ကတိတော်

          နောက်တစ်နေ့နံနက်ခင်း၌ကား ကျယ်ဝန်းသော “သီခ်မြို့တော်ကြီးသည် ထွက်သစ်စနေရောင်ခြည်တွင် ထွန်းလင်းတောက်ပလျက် ရှိလေ၏။ ထိုအချိန်၌ မင်းသားကြီး မဗီသည် မင်းလှေတစ်စင်းပေါ်တွင် သူ၏ နက္ခတ်ဆရာကြီး ကိုယ်ရံတော် ဗိုလ်မှ၊ အခြား စစ်သားသုံးယောက် စသည်တို့နှင့် တဲ့ နံသားခွာ ရှိနေ၏နောက်လှေတစ်စင်းပေါ်၌ကား စစ်ပွဲတွင် ဖမ်းဆီး ရမ်း၌သာ အကြီးအမှူး နှစ်ယောက်နှင့် လှပသော မိန်းမအချို့ကို ကျွန်များက ခေါင်းဆောင်လျက်ဖာရိုးဘုရင် အား ဆက်သရန်၊ စိမ်ထားသော လက် များ၊ ဦးခေါင်း ထည့်သွင်းထားသည့် သေတ္တာကြီးများနှင့်အတူ ရှိကြလေ သည်။

          နိုင်းလ်မြစ်ကို ဆန်တက်ကြပြီးနောက် မြင်းစီးသမားများသည် အစု လို အအုပ်လိုက် ဖွဲ့၍လည်းကောင်း၊ မြို့ရိုးပေါ်၌လည်း ရာထောင်မကသော လက်နက်ကိုင် စစ်သားများလည်းကောင်း ရှိနေသော ကျောက်တံတားဆိပ် သို့ ရောက်သောအခါ အဝီသည် သံတံတိုင်းပမာ အထပ်ထပ် စောင့်ကြပ်လျက် ရှိကြသော စစ်သားများကို မဖြစ်စလောက်သော မိမိ၏ လူစုကလေးနှင့် တိုက် နိုက်ခဲ့ပါလျှင် မည်ကဲ့သို့ ဖြစ်မည်ကို ထိုအခါမှ တွေးမိပြီးလျှင် နက္ခတ်ဆရာ ကြီး အကြံပေးချက်သည် ကောင်းလေစွဟု အောက်မေ့မိ၏။

          လှေကားထစ်များပေါ်တွင် သံချပ်အင်္ကျီများ ဝယ်ထားသော စစ်ဗိုလ် များနှင့် ဝတ်လုံအင်္ကျီရှည်ကြီးများ ဝတ်ထားသော ဘုန်းတော်ကြီးများသည် သူ့အား ရိုသေစွာ ဦးညွတ်တွေ့ဆုံကြလေ၏။ သို့ဖြင့် အသည် မင်းခမ်းမင်း နားဖြင့် ကြိုဆိုခြင်းကို ခံယူလျက် မြို့တံခါးကြီးမှ ဝင်ရောကာ ခမ်းနားသော ဘုန်းကြီးများ၊ မြင့်မားသော တိုက်တာအိမ်ယာများ၊ ဥယျာဉ်များကို ဖြတ်သန်းလျက်၊ နန်းတော်အရောက် သွားလေရာ နောက်ဆုံး ဧည့်ခန်းဆောင် ရှိရာသို့ သူ့အား ခေါ်ဆောင်သွားကြလေသည်း

          မျက်နှာကျက်မှ ထွင်းဖောက်ဝင်ရောက်လာနေသော နေရောင်ဖြင့် လင်းလျက်ရှိသော ခန်းမဆောင်ကြီးထဲတွင် ဖာရိုးဘုရင်နှင့် သူ၏ မိဖုရားတို့ သည် ရွှေကွပ်ထားသော ဆင်စွယ်သလွန်များထက်တွင် ထိုင်လျက်ရှိကြ၏။ သူတို့၏ နံဘေးပတ်ဝန်းကျင်၌ကား၊ ကျမ်းပြုဆရာများ၊ မှူးမတ်သေနာပတိ များနှင့် စစ်ဗိုလ်မှူးများသည်လည်းမကောင်း၊ သူတို့အခြွေအရံများနှင့် မိဖုရား ငယ်များသည်လည်းကောင်း အသီးသီး ဝန်းရံစားလျက်ရှိကြကုန်၏။ ထို့ပြင် ဘုရင်၏ ၂၀၀ ခန့်မျှသော 'ယံ”ကိုယ်ရံတော်သားများသည်လည်း သလွန် များနှင့် ခန်းမဆောင်ကြီး၏ အကန့်များအကြား၌ မားမားမော် စောင့်ကြပ် လျက်ရှိကုန်၏၊ "

          ဖာရိုးဘုရင်သည် အသက် ၄၀ ခန့်ရှိ၍ အတန်ငယ် ပိန်လှီသေးကွေး သော လူတစ်ယောက်ဖြစ်သော်လည်း သူ၏မျက်နှာ၌ကား တည်ကြည်ခန့် သွားခြင်း၊ သနားကြင်နာခြင်းနှင့် စိတ်အားထက်သန်ခြင်းများ ရောယှက်လျက် ရှိသော အမူအရာရှိ၏။သူ၏ နဖူးပြင်ကား ရိုးရာအလိုက် ဆင်ဖြန်းရသော မြွေတစ်ကောင် ပါးပြင်းထောင်နေဟန်ပြလူးထားသည့် သရဖူအောက်တွင် မမြုပ်လျက်ရှိ၏။

          အဝီသည် မည်းနက်သော အသားအရေး ယောက်ျားပီပီ ရဲစွမ်းသတ္တိ • ပြည့်စုံထွားကျိုင်းသော မိမိ၏ ကိုယ်ကာယနှင့် နှိုင်းယှဉ်ကာ အားနည်း ပျော့ပျောင်းဟန်ရှိသော မိမိ၏ အဖေတူ အမေကွဲဖြစ်သူ နောင်တော်အား အံ့သောမျက်နှာနှင့် စိုက်ကြည့်ရှုနေမိလေသည်။ သူတို့ကား အချင်းချင်း စွာန်ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ ကိုယ်ကာယအားဖြင့် ညံ့ပျော့ပျောင်းလျက် ရှိသော်လည်း အတွင်း၌ ဘိုးဘေးအစဉ်အဆက်မှ အမွေလာခဲ့သည့် ဇာတိမာန်များဖြင့် ပြည့်တော်ရှိသော သူ၏ရှေ့မှောက်တွင် အတိအားဖြင့် ကြမ်းတမ်းခက်ထန်သော သူသည် ဦးညွှတ်လျက် ရောက်ရှိနေချေပြီ ။

          ထို့နောက် အဝီသည် သလွန်သို့တက်ရာ လှေကားထစ်များရှိရာသို့ စီး၍သွားလျက်။ ရှေ့တော်တွင် ဒူးထောက်လိုက်သောအခါ ဖာရိုးသည် မိမိ ။ ဓားကောက်ကြီးကို ဆွဲထုတ်လိုက်ပြီးလျှင် သူ့အား နမ်းရှုံ့ရန် ကမ်းပေးပါ။ သည်။

          ထို့နောက် လေးနက်ခြင်းမရှိလှသောအသံဖြင့် ... နှစ်

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)