Skip to product information
1 of 5

Other Websites

ဒဂုန်ရွှေမျှား - စောရသက်ပြင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

စောရ သက်ပြင်း

          ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီ ၅ နှစ် ၆ နှစ်ခန့်အချိန်သည်ကား မြန်မာပြည်တွင် ဗြူရိုကရက်တို့ တန်ဖိုးအရှိန်အဝါ အကောင်းဆုံးအချိန်ပင် ဖြစ်၏။

          ထိုအခါက မြန်မာအရာရှိများသည် အစိုးရအရှိန်အဝါလွှမ်းမိုးကာ 'ငါမှငါ” ဟူသော သဘောဖြင့် ဆင်းရဲသားတိုင်းရင်းသားများအပေါ်တွင် မော်မောက်ဝါကြွားကာ ရှိကြကုန်ရာ မင်းပြောင်စိုးမြှောင်တို့သည်လည်း ထိုမင်းတို့ကို “ကပ်ပါး ယပ်ပါး' ခြုံလျက် စားသောက်နေထိုင်ကြ၏။

          “ထိုအခါက ပုလိပ်ဘက်နှင့် နယ်အုပ်ချုပ်ရေးဘက်တို့မှာ ယခု ခေတ်ကဲ့သို့ နှီးနှောတိုင်ပင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဟူ၍ မရှိလှတ် ကိုယ့်မာနနှင့်ကိုယ်၊ ကိုယ့်တန်ခိုးအာဏာနှင့်ကိုယ် ရှိနေကြပြီးလျှင် တစ်ခါ တစ်ရံ တစ်ဘက်နှင့်တစ်ဘက် စောင်'လျက်ပင် ရှိနေတတ်ကြ၏။

          ဥပမာအားဖြင့် ပုလိပ်ဘက်မှ အရေးယူသောအမှုတစ်မှုကို တရား သူကြီးက မျက်စိ မှိတ်၍ လွှတ်ပစ်တတ်၏။ ထို့အတူ တရားသူကြီးတစ်ဦးက အပြစ်မရှိဟု ယူဆကာ ရွတ်ပစ်သောအမှုကိုလည်း ပုလိပ်ဘက်မှ ကုတ် ကုတ်ကပ်ကပ် သက်သေခံရှာပြီးလျှင် ကိစ္စတို့သည်လည်။ 'လက်သိပ်ထိုး' ရှိနေကြကုန်ရာ အချို့အရာရှိများမှာ အစိုးရလထက် လာဘ်သပ်ပကာကို ပို၍မျှော်လင့်ကြလေသည်။

          တစ်နေ့သော ညနေ ၇ နာရီအချိန်လောက်တွင် တောင်ဒရီလမ်း၌ ပုလိပ်မင်းကြီး၊ (....)၏ အိမ် ဆင်ဝင်အောက်၌ ရာဇဝတ်ဝန်ကလေ။ ဦးစိန်လှိုင်သည် ကားထွက်ခါနီးဆဲဆဲတွင် မင်းကြီးအား အရိုအသေပြု၍ နှုတ်ဆက်လိုက်၏။ သို့သော် မင်းကြီးက လက်မြှောက်၍ တားဆီးလိုက် သဖြင့် ကားကလေးသည် နောက်သို့ အတန်ငယ်ပြန်၍ ဆုတ်လာပြီးနောက် ဦးစိန်လှိုင်သည် ကားပေါ်မှ ပြန်၍ ဆင်းလာလေသည်။ မင်းကြီးသည် အောက်ဆုံးလှေခါးထစ်ရောက်အောင် ဆင်းလာပြီးနောက် ...

          " ဒီမှာ မောင်စိန်လှိုင် တရားခံကို အာမခံရအောင်တော့ စီစဉ်ပေး လိုက်ပါကွယ် ... .

          " ဟုတ်ကဲ့ အစ်ကို ..."

          ပြီးတော့ သူက တရားသူကြီးဆိုတော့ သူ့ဂုဏ်သိက္ခာကိုလဲ ထောက်ရသေးတယ်မဟုတ်လား ...'

          ' ဟုတ်ပါတယ်အစ်ကို ..."

          " ၃၀၀၀ တန် ၂ ယောက်ဆိုရင် တော်လောက်ပါပြီကွယ် ... ပြီ။ တော့ မင်းက ရွာနအုပ်ကိုလဲ သတိပေးခဲ့ ...ကြားလားမမောင်စိန်လှိုင်"

          ' ဟုတ်ကဲ့ ကျွန်တော် ကြည့်ပြီး စီစဉ်ခဲ့ပါ့မယ်အစ်ကို ...”

          ဦးစိန်လှိုင်သည် ပုလိပ်မင်းကြီးအိမ်မှထွက်ခဲ့ပြီးလျှင် ကားကလေး။ ကို အနောက်ပိုင်းရှိ တရုတ်ဟိုတယ်တစ်ခုသို့ မောင်းသွားလေ၏။

          ထိုအခါက ရုပ်ရည်အတော်အတန် သနားကမားရှိ၍ ခေတ်ပညာ တတ်တစ်ယောက်ဖြစ်သော စောရသက်ပြင်း” ဆိုသူ၏သတင်းသည် ရန်ကုန် မြို့ပေါ်၌ အတော်ပင် ခေတ်စားလျက်ရှိရာ ၎င်းမှာ သာမန်ဆိုးစိုးတိုက်ခိုက် ရုံမျှမက နယ်ဘက်နှင့် ပုလိပ်ဘက်ကိုပင် မကြာခဏ တစ်ပတ်ရိုက်၍ သွား တတ်၏။ တစ်နေရာတွင် ခိုးယူ၍သွားသော်လည်း အခြားတစ်နေရာတွင် ကူညီတတ်၏။ဆင်းရဲသားများအပေါ်၌ ညှာတာပြီးလျှင် မောက်မာမော်ကြား သူများကို နှိမ်နင်းတတ်၏။ "

          သူသည် နေရာအနှံ့အပြား၌ နာမည်အမျိုးမျိုးဖြင့် ရုပ်ဖျောက် နေထိုင်တတ်ပြီးလျှင် ပေးကမ်းလှူဒါန်းရာ၌လည်း ရက်ရောစွာ ပေးကမ်း လှူဒါန်းတတ်၏။ သူဟုပင် ဆိုရသော်လည်း သက်ပြင်းသည် မည်သူ့အား မျှ မတရားနှိပ်စက်သည်ဟူ၍ မရှိဘဲ ကူညီသင့်သူများကိုလည်း အထိုက် အလိုက် ကူညီတတ်သေလည်။

          ဤသို့လျှင် သက်ပြင်းမှာ သူအိုတစ် ယောက်ပင်ဖြစ်လင့်ကစား ဂုဏ်သရေရှိ လူကြီးသူကောင်းတစ်ယောက်၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံသဖြင့် ၎င်းအား ဂုဏ်သရေရှိ သူခိုး” ဟူ၍ တိုင်းပြည်က အသိအမှတ် ခဲ့လေသည်။ ထို့ကြောင့်လည်း အမြတ်ကြီးစား ကုန်သည်ကြီးများ အတိုး ကြီးစားငွေရှင်များ သူတော်ကောင်းဟန်ဆောင်သူများမှစ၍ မတရားလုပ်သူ မှန်သမျှတို့သည် အစိုးရကို ကြောက်ရွံ့ သည်ထက် တစ်ဖက်တစ်လမ်းမှ သက်ပြင်းကို ပို၍ ကြောက်ကြလေသည်။

          “ ဝန်ကဓလ၊ဦးစိန်လှိုင်သည် ပုလိပ်မင်းကြီးအိမ်မှ ကားထွက်လာ သည်နှင့်တစ်ပြိုင်နက် ဦးထုပ်လျော့ကို မျက်နှာတစ်ဝက်နီးပါးမျှအုပ်၍ ထောင်း ထားသော လူတစ်ယောက်သည် သစ်ပင်ရိပ်တစ်ခုအောက်တွင် ရပ်ထားသော ကားတစ်စီးပေါ်သို့ ခုန်တက်ကာ ဦးစိန်လှိုင်၏ ကားနောက်သို့ ထပ်ရပ် မကွာ လိုက်ပါသွားလေ၏။

          ဦးစိန်လှိုင်သည် ဒါလ်ဟိုဇီလမ်မှ ၁၉ လမ်းထဲသို့ ကွေ့ဝင်ခဲ့ပြီ။ နောက် တရုတ်ဟိုတယ်တစ်ခုရှေ့တွင် ကားကိုရပ်၍ ဟိုတယ်ဆိုင်ထဲသို့ ဝင် သွား၏။ ထို့နောက် အထူးခန်းတစ်ခုအတွင်း သပ်ရပ်စွာ ခင်းကျင်းထား သော စားပွဲ၌ထိုင်ကာ ဘီယာတစ်ရွက်ကို သောက်လျက်ရှိလေသည်။ သူသည် ဘီယာသောက်ရင်း တစ်စုံတစ်ယောက်အား မျှော်လင့်စောင့်ဆိုင်၊ နေတိသကဲ့သို့ လက်ပတ်နာရီကို မကြာခဏ မြှောက်၍ကြည့်၏။

          ဦးစိန်လှိုင်သည် အရေးကြီးသော အမှုများကို ဖမ်းဆီးရန် မိမိ၏ တပည့်လက်သားများနှင့် လျှို့ဝှက်တိုင်ပင်ရန်လည်းကောင်း၊ အလွန်အရေး ကြီးသောသတင်းများကို ရယူရန်လည်းကောင်း၊ ဤတရုတ်ဟိုတယ်သို့ လာလေ့ရှိရာ တရုတ်များနှင့် မိတ်ဆွေဖြစ်၍နေသည့်ပြင် ၎င်းမှာလည်း ရာ။ ဝတ်ဝန်ကလေးတစ်ယောက်ဖြစ်ကြောင်း ဟိုတယ်ပိုင်ရှင်များ သိပြီးသဖြင့် ဦးစိန်လှိုင်ဝင်လာသည်နှင့်တစ်ပြိုင်နက် ထိုအခန်းကလေးကို အထူးပြင်ဆင် ပေတတ်လေသည်။ သို့သော် ထိုအခန်းနှင့်ကပ်လျက်ရှိသော အခြားအခန်း ဘက် ပျဉ်ထောင်လိုက်ကာ၌ ဆွဲချိတ်ထားသော ဓာတ်ပုံတစ်ပုံရောက်တွင် စရွေးကြီးနေခန့်ရှိ အပေါက်ကလေးတစ်ပေါက် ရှိသည်ကိုကား မည်သူမျှ သတိမပြုမိချေ။

          ဦးစိန်လှိုင်၏ ကားနောက်မှ မျက်ခြေမပြတ်လိုက်ပါလာသော ကား ကလေးသည် ဦးစိန်လှိုင်ကားနှင့် မနီးမဝေးတွင် ရပ်ပြီးနောက် တစ်ခဏမျှ ကြာသောအခါ ကားပေါ်မှလူသည် မျက်နှာတစ်ဝက်နီးပါး ဖုံးအုပ်လုမတတ် ဦးထုပ်ပျော့ကို ရှေ့သို့ဆွဲချကာ တရုတ်ဟိုတယ်အတွင်းသို့ ဝင်သွားလေ၏။ ထို့နောက် ဦးစိန်လှိုင်ရောက်ရှိနေသည့် အခန်းနှင့် ကပ်လျက်ရှိသော အခန်းလွတ်အတွင်းသို့ ဝင်ကာ ဝက်နံကင်တစ်ခွက်နှင့် ဘီယာကို မှာလိုက် လေသည်။

          ဦးစိန်လှိုင်သည် မြေပဲလှော်အနည်းငယ်ကို ဝါပြီးလျှင် ဘီယာ ကို စာတစ်ငုံစာမျှကျိုက်၍ ချည်တစ်ခါ စီးကရက်ကို ငှာရည်တစ်လှည့် ဖြင့် စောင့်ဆိုင်းလျက်ရှိရာမှ ၈ နာရီထိုးရန် ၁၄ မိနစ်ရှိသောအခါ ယူနီဖောင်း ကို သပ်ရပ်စွာဝတ်ထားသော လူတစ်ယောက်သည် ခြေလှမ်းခပ်ကျဲကျဲဖြင့် အခန်းတွင်းသို့ ဝင်လာပြီးနောက် ခြေထောက်ကို စုံရပ်ကာ ဦးစိန်လှိုင်အား အရိုအသေပေးလေသည်။

          ဦးစိန်လှိုင်က

          " ထိုင်ဟေ့ မောင်သန်းဖေ ... ထိုင်... မင်းနဲ့ကွာ စောင့်လိုက် ရတာ လာမှလာပါဦးမလားလို့ ငါ့မှာဖြင့် တထိတ်ထိတ်နဲ့...'

          ဟု ပြောလိုက်ရာ မောင်သန်းဝေက ..

          " ဟုတ်တယ်ဆရာ ကျွန်တော် တစ်မိနစ်နောက်ကျသွားတယ်... ကျွန်တော့်အပြစ်ပဲ ဆရာ သူငယ်ချင်းတစ်ယောက်က အတင်းဆွဲထားလို့ ဆရာရဲ့ "

          " အေးလေ ... တစ်မိနစ်နောက်ကျတာ တော်ပါသေးတယ် ... ဟု ပေါက်ဖေါ် ဘီယာတစ်ခွက် ထပ်ယူခဲ့ဦးဟေ့ ...'

          မောင်သန်းဖေဆိုသူမှာ ဦးစိန်လှိုင်၏ တပည့်ရင် ရာဇဝတ်အုပ် တစ်ယောက်ဖြစ်၍ ဘီယာတစ်ခွက်နှင့် ဝက်အူချောင်းများကို နောက်ထပ်မှာ ယူကာ ဆရာတပည့်နှစ်ယောက်တို့သည် ထိုည ၉ နာရီတွင် တရားသူကြီး ဖြစ်သူ ဝန်ထောက်ဦးလွန်းမောင်အား ဖမ်းဆီးရန် အသေးစိတ် ကြိုတင် ဆွေးနွေးတိုင်ပင်လျက် ရှိကြလေ၏။

          ဤနေရာ၌ တရားသူကြီး ဦးလွန်းမောင်အကြောင်းကို အနည်းငယ် မျှ ရေးသားဖော်ပြရပေဦးမည်။

          ထိုအချိန်က ဦးလွန်းမောင်၏ ရုံးတွင် တစ်မြို့လုံးက ဂရုစိုက်လျက် ရှိနေသော မိန်းမစိုးမှုတစ်ခုရှိရာ တရားခံမှာ ကုံလုံကြွယ်ဝသော မြေပိုင်ရှင် စက်သူဌေးတစ်ဦး၏ သားဖြစ်သဖြင့် ထိုအမှုတွင် အနည်းဆုံး ငွေတစ် သောင်းခန့် အကုန်အကျခံနိုင်သော အခြေအနေရှိ၏။ သို့နှင့် အမှုစစ်ဆေးသော တရားသူကြီးအား လာဘ်ပေး၍ လွတ်မြောက်ရန် ကြိုးစားလိမ့်မည်ဟု ကောလာဟလသတင်းဖြစ်လျက် ရှိ၏။ အထူးသဖြင့် တရားလိုဘက်မှ ထို အကြောင်းကို ထင်မြင်ချက်ပေးလျက်ရှိရာ အပြင်မှာလည်း ထိုကောလာဟလ သတင်းကို ယုံကြည်လျက် ရှိကြလေသည်။

          အမှုမှာ တရားလိုပြ သက်သေများကို စတင်စစ်ဆေးလျက်ရှိသော အချိန်ဖြစ်၍ တရားလိုသက်သေ နှစ်ယောက် သုံးယောက်မျှသာစစ်ဆေးပြီး သေး၏။ ဤသို့ ကောလာဟလသတင်းဖြစ်နေသည့်အချိန်အတွင်း၌ပင် တရားစီအား ကွင်းလုံးကျွတ် လွှတ်ပစ်ပါက ငွေ ၅၀၀၀ ပေးပါမည်ဟူသော စကားသည် ဦးလွန်းမောင်၏နားသို့ လာဘ်ပေးလာဘ်ယူ အောင်သွယ်ပွဲစား တစ်ဦးထံမှ ရောက်ရှိလာလေသည်။

          ထိုအခါက ရှေ့နေရှေ့ရပ်များထံသို့ အမှုသည်များကို ဆွယ်၍ခေါ် လာပြီးလျှင် ၁ဝ၊ ၁၅၊ ၂၀ ရာခိုင်နှုန်းမျှ ပွဲစယူလေ့ရှိသော 'တောက်” ခေါ် အမှုဆွယ်ပွဲစားများ ရှိကြ၏။ ထို့အတူ လာဘ်ယူသော တရားသူကြီးအချို့ ၌လည်း အိမ်သို့ ဝင်နိုင်ထွက်နိုင်သည့် သူများက ငွေရလောက်မည့် အမှု သည်များကို ဆွယ်ပြီးလျှင် လာဘ်ပေးလာဘ်ယူ တိတ်တိတ်ပုန်း၊ ပွဲစားလုပ် တတ်ကြလေသည်။

          - တရားသူကြီး ဦးလွန်းမောင်မှာ ပုလိပ်ဘက်၌လည်းကောင်း၊ နယ် ဘက်၌လည်းကောင်း အထက်အရာရှိကြီးများနှင့် အပေါင်းအသင်းတို့ရဲ့ မက မည်သည့်အသင်းတွင် ဥက္ကူဋ္ဌ၊ မည်သည့်အဖွဲ့၌ ငွေထိန်း၊ မည်သည့် ကလပ်တွင် အတွင်းရေးမှူး၊ မည်သည့်ဘုရား၌ ဘုရားလူကြီး စသည်ဖြင့် ရွေးကောက်တင်မြှောက်ခြင်းခံရသူတစ်ယောက်ဖြစ်၏။ ထို့ပြင် ဦးလွန်းမောင် မှာ ဘီအေနှင့် ဘိလပ်ပြန် ဝတ်လုံတစ်ယောက်ဖြစ်ပြီးလျှင် ပင်စင် အငြိမ်းစား စက်ရှင်မင်းကြီးတစ်ဦး၏ သမီး မြင့်” ဆိုသူနှင့် အကြောင်းပါခဲ့ရာ မိမိ၏ ပညာဂုဏ်၊ ရာထူးဂုဏ်တို့ဖြင့်လည်းကောင်း၊ ယောက္ခမ၏ အရှိန်အဝါဖြင့် လည်းကောင်း၊ မြို့ပေါ်ရှိ မင်းစိုးရာဇာ အထက်တန်းလွှာ နယ်ပယ်တွင် ထင် ရှားသူတစ်ယောက်ဖြစ်လာခဲ့၏။

          နိုအားဖြင့် ဦးလွန်းမောင်မှာ သဘောကောင်းပြီးလျှင် ထောက် ထားညှာတာတတ်သောစိတ် ရှိသူတစ်ယောက်လည်းဖြစ်၍အမှုများကို မှန် ကန်ရာရောက်အောင် စစ်ဆေးတတ်၏။ အပြစ်ပေးရမည့် အမှုကိုပင် သက် သွားနိုင်သမျှ သက်ညှာစွာ အပြစ်ပေးတတ်၏၊ လာဘ်သပ္ပကာ ယူရန်ကိုကား အိပ်မက်မျှပင် မမက်ခဲ့ချေ။ သို့နှင့် ဦးလွန်းမောင်၏ ဂုဏ်သတင်းမှာ အတော် ပင်မွှေး လျက်ရှိ၏။

           " မြင့် " မှာ စက်ရှင်မင်းကြီးတစ်ယောက်၏ သမီးဖြစ်သည်ဟု ဆိုရ ငြားသော်လည်း ဦးလွန်းမောင်နှင့် လက်ထပ်ခဲ့စဉ်က လက်ဝတ်လက်စားယူ ၍ လုံလောက်စွာ မရှိခဲ့ချေ။ သို့နှင့် အခြားသော မင်းကတော်များကဲ့သို့ ဝတ်ရင်စားရင် ပလွှားချင်သောအချိန်တွင် လက်ဝတ်လက်စားချို့တဲ့မှုသည် ရင်ထဲမှ ပေါက်ကွဲ၍ လာကာ မြင့်၏နှုတ်ဖျားမှ

          " ဒီပွဲတော့ မြင့်မသွားချင်တော့ဘူး။ လက်ဝတ်လက်စားလဲ မပြည့်စုံ ဘဲနဲ့ ရှက်စရာကြီး”

          စသည်ဖြင့် ဦးလွန်းမောင်၏နားသို့ မကြာခဏ ရောက်ရှိလာတတ် လေသည်။

          သို့ဖြစ်ရကား တရားသူကြီးဖြစ်စတွင် အလွန်သန့်ရှင်းစင်ကြယ်နဲ့ သော ဦးလွန်းမောင်သည် မြင့်၏ လက်ဝတ်လက်စား ဆင်ယင်ရေးအတွက် ရတက်မအေးနိုင်အောင် ရှိခဲ့၏။

          ဤသို့ ရှိနေစဉ် ဓာတ်သိမင်းကတော်ကြီးတစ်ဦး၏ ဖြူဆွယ်မှု ကြောင့် ငွေထွက်လောက်သော အမှုများတွင် တရားသည် မတရားသည်ကို ဆင်ခြင်နိုင်တော့ဘဲ လာဘ်ယူသော အတတ်ကို တစ်စတစ်စ သင်ကြား တတ်မြောက်လာခဲ့လေသည်။

          သို့သော် အကြိမ်ကား မများလှသေးဘဲ ၂ ကြိမ်သာ ရှိသေး၏။ ပထမ နားစိုးမှုတစ်ခုတွင် ငွေ ၅ဝဝ ရသဖြင့် တရားခံကို လွှတ်ပစ်ခဲ့ဖူး၏။ ဒုတိယအကြိမ်တွင် ငွေ ၂၀၀၀ ယူ၍ ဓားထိုးမှုတစ်စု၌ တရားခံအား သက်သေမလုံမလောက်ဘဲ မျက်စိမှိတ်၍ အပြစ်ပေးခဲ့၏။ ယခု လက်ရှိ စစ်ဆေးလျက်ရှိသောအမှုမှာ တတိယ အကြိမ်ဖြစ်၍ မြို့ပေါ်တွင် နာမည်ကြီး မိန်းမခိုမှုတစ်ခုဖြစ်ရာ မိန်းကလေး ၏ အရွယ်မရောက်ခြင်း၊ မိဘများ သဘောမတူခြင်း၊ မိန်းကလေးကိုယ်တိုင် သဘောမတူတဲ့ ၂ ရက်မျှ ခြံတစ်ခြံအတွင်းတွင် မတရား ချုပ်တည်းထားခြင်း စသည်တို့မှာ ကောင်းစွာ ပေါ်လွင်ထင်ရှားလျက်ရှိသော်လည်း တရားခံ ယောက်ကလေးမှာ ပိုက်ဆံကြေးငွေ ကုံလုံကြွယ်ဝသော လူကုံတံ စက်သူဌေးတစ်ယောက်၏ သားဖြစ်သဖြင့် လာဘ်ပွဲစားဖြစ်သူက တရားခံဘက် မှ အနည်းဆုံး ၅၀၀၀ ရရန် ဆွယ်လျက်ရှိသော အမှုဖြစ်လေသည်။

          သို့ဖြစ်၍ ထိုငွေ ၅ဝဝဝ ရရှိသောအခါ မြင့်” ပူဆာလျက်ရှိသော စိန်နားကပ်တစ်ရံနှင့် စိန်လည်တုံတစ်ခုကို ကောင်းစွာ ဝယ်ယူနိုင်မည်ဖြစ် သဖြင့် တရားခံကို လွှတ်ပစ်ပြီးနောက် အထက်လွှတ်တော်အထိ အယူခံရုံး များမှ အခြေအနေကိုကြည့်ပြီးလျှင် အလုပ်ပင် ထွက်ရသော အခြေအနေသို့ရောက်စေကာမူ 'နောင်ခါလာ နောင်ခါဈေး” ဟု သဘောထားကာ မျက်စိ မှိတ်၍ ယူလိုက်တော့မည်ဟု ဦးလွန်းမောင်သည် စိတ်ကို ပိုင်းဖြတ်လိုက်၏။ မယာ၏ လာဘရမ္မက်ဖြင့် သွေးဆောင်မှုကား လင်ယောက်ျား၏ တွေးတောဆင်ခြင်မှုကို လုံးဝ ဖုံးအုပ်သွားစေနိုင်၏။ သို့နှင့် ငွေ ၅ဝဝဝ ပေးလျှင် လက်ခံမည့်အကြောင်း လာဘ်ထွယ် ပွဲစားမိန်းမကြီးအား ဦးလွန်းမောင်က လျှို့ဝှက်စွာ ပြောကြားလိုက်လေသည်။

          အထက်တွင် ကျွန်ုပ်တို့ ရေးသားဖော်ပြခဲ့သော ညဉ်မှာ ဦးဇလွန်၊ မောင်အိမ်သို့ ထိုအမှုအတွက် မိန်းမကြီးက ငွေ ၅ဝဝဝ လာ၍ပေးရန် ချိန်းဆို ထားသည့် ည၌ ဖြစ်လေသည်။

          တရားသူကြီးအား တရားခံဘက်မှ လာဘ်ထိုးမည်ဆိုသောသတင်း၊ မှာ မည်မျှပင် လျှို့ဝှက်ထားသော်လည်း တရားလိုဘက်သို့ ပေါက်ကြားခဲ့ ရုံမျှမက မည်သည် မည်သည့်အချိန်လောက်တွင် မည်သူ၏ လက်မှ တစ်ဆင့်ပေးမည်ဆိုသော သတင်းကိုပါ တရားလိုဘက်က ရရှိသွားလေ သည်။

          တရားလို မိန်းကလေးဘက်မှာ ပိုက်ဆံကြေးငွေ မပြည့်စုံသော် လည်း မြို့ပေါ်တွင် အတော်အတန် သြဇာတိက္ကမ ရှိသူ လူငယ်တစ်စုက အုပ်စီဆောင်ရွက်လျက်ရှိလေရာ တရားစီဘက်မှ လာဘ်ပေးခြင်းကို တစ် နည်းနည်းအားဖြင့် မိအောင်ဖမ်းရန် ကြံစည်လျက်ရှိနေခဲ့လေသည်။ သို့ဖြစ် ၍ တရားလို မိန်းကလေးဘက်မှ “လူလည်" တစ်ယောက်သည် တရားခံဘက် က ငွေ ၅ဝဝဝ ကို တရားသူကြီးဦး။လွန်။မောင်အား ထိုည၌ ၈ နာရီခွဲအချိန် တွင်ပေးရန် ချိန်းထားကြောင်း အတိအကျ သိရသောအခါ စုံထောက်တက် နှင့် ပူးပေါင်းပြီးလျှင် ဦးလွန်းမောင်အား လက်ပူးလက်ကြပ် ဖမ်း၍ အပြုတ် ချရန်စီစဉ်လျက်ရှိလေ၏။

          ထိုသူသည် ဤကိစ္စကို ပထမဦးစွာ ၀န်ကလေး ဦးစိန်လှိုင်ထံသို့ သွားရောက်သတင်းပေးလေ၏။ ဦးစိန်လှိုင်မှာ တရားသူကြီးဦးလွန်းမောင် ဟူသော နာမည်ကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ယခင်က အနာဟောင်း ပေါ်၍လာကာဤအတိုင်းမှန်ခဲ့ပါက မိမိကိုယ်တိုင် သွားရောက် ဖမ်းဆီးမည်ဟု တာဝန်ယူလိုက်လေသည်။

          သို့နှင့် ဦးစိန်လှိုင်သည် ဤကိစ္စကို ပို၍ သေချာစေရန် အောက်ပါ အတိုင်း စဉ်လေ၏။

          ဦးစိန်လှိုင်သည် လာဘ်ပေးမည့်သူ မည်သူမည်ဝါဖြစ်သည်ကို | တရားလိုဘက်နှင့် ပူးပေါင်း၍ စုံစမ်းရာ စိန်ပွဲစားဖြစ်သူ ယခင်က မင်းကတော်ကြီး ဒေါ်ရှင်ဆိုသူ ယခုရက်အတွင်း တရားသူကြီးဦးလွန်းမောင်အိမ် သို့ ဝင်ထွက်သွားလာလျက်ရှိကြောင်း သတင်းရရှိသည့်ပြင် ဒေါ်ရှင့်အပေါ် ၌လည်း ဤကိစ္စနှင့် ပတ်သက်၍ ယခင်က သတင်းသန့်သန့်ရသော ကြောင့် ဒေါ်ရှင်ပင် ဖြစ်ရမည်ဟု တွက်ကိန်းချမိ၏။

          သို့နှင့် ဦးစိန်လှိုင် လွှတ်လိုက်သောသူသည် မင်းကတော်ကြီး ဒေါ် ရှင့်အိမ်တွင် နေသော အိမ်ဖေါ်မိန်းကလေးနှင့် ပူးပေါင်းပြီးလျှင် မိန်းကလေး သား လက်သိပ်ထိုးငွေ ၂၀၀ ၍ ရအောင် ကြံစည်လေသည်။ မိန်းကလေး သည် မင်းကတော်ကြီး ရေချိုးသနပ်ခါးလိမ်းနေခိုက်တွင် လက်ကိုင်ပုဝါတစ် ထည်ဖြင့် ထုပ်ထားသော လာဘ်ပေးမည့် ငွေစက္ကူများမှ နံပါတ်များကို နာရီ ဝက်ခန့် အချိန်အတွင်း ကောင်းစွာကူးယူနိုင်ခဲ့လေသည်။

          ငွေစက္ကူနံပါတ်များ ရသောအချိန်မှာ ၆ နာရီခွဲပင် ရှိနေပြီဖြစ်၍ ဦးစိန်လှိုင်သည် ရလျှင် ရရင်၊ ပုလိပ်မင်းကြီးထံမှ နောက်ထပ် အကြံဉာဏ်တောင်ပြီးလျှင် ည၌ ၉ နာရီတိတိ၌ ဦးလွန်းမောင်အိမ်သို့ သက်သေ အရပ် လူကြီးများနှင့် သွားရောက်ကာ လက်ပူးလက်ကြပ် ဖမ်းဆီးရန် စီစဉ်ခဲ့ခြင်းဦးစိန်လှိုင်သည် တရားသူကြီး ဦးလွန်းမောင်အား ဖမ်းဆီးရန် နေ နိုင် မထိုင်နိုင်ပင် ဖြစ်ကာ လွန်စွာ စိတ်အား ထက်သန်လျက်ရှိလေ၏။ ဤသို့ ထက်သန်ရခြင်းအကြောင်းမှာလည်း သာမန် အလုပ်ဝတ္တရားအတွက်ကြောင့်သာမဟုတ်ဘဲ ဦးလွန်းမောင်အပေါ်တွင် ယခင်က 'မျက်” ခဲ့ဖူးသော အသတစ်ခု ဖြစ်လေသည်။

          ဦးစိန်လှိုင်သည် ဦးလွန်းမောင်၏ ယောက္ခမများနှင့် အိမ်နီးချင်း ဖြစ်ခဲ့ရာ မြင့်လက်မထပ်မီက မြင့်အား အစွမ်းကုန် ပိုးပန်းခဲ့သူဖြစ်၏။ မြင့် ကလည်း ဦးစိန်လှိုင်၏အချစ်ကို လက်ခံတော့မည်ဆဲဆဲရှိစဉ် ကြားထဲမှ ဦး လွန်းမောင် ပေါ်ပေါက်လာ၏။ ထိုအခါက ဦးစိန်လှိုင်မှာ ရာဇဝတ်အုပ်က လေး ဘ၀နှင့်သာ ရှိနေသေး၍ ဦးလွန်းမောင်မှာလည်း မြို့အုပ်ဖြစ်စသာ ရှိသေး၏။

          ဤသို့ဖြင့် မြင့်အား နှစ်ယောက် ယှဉ်ပြိုင်ပိုးပန်းခဲ့လေရာ နောက် ဆုံး၌ မြင့်သည် ၁၀ တန်းမျှသာ အောင်မြင်သော ပုလိပ်အရာရှိကလေးအား မျက်နှာလွဲခဲ့ပြီးလျှင် ဘီ အေ ဝတ်လုံတော်ရ မြို့အုပ်နောက်သို့ ပါခဲ့လေ သည်။

          ထိုအခါမှစ၍ ဦးစိန်လှိုင်သည် ဦးလွန်းမောင်အပေါ်တွင် ကာ ဆုံသည့်တိုင်အောင် မနေနိုင်ဘဲ ရှိနေခဲ့ပြီးနောက် ယခုအခါ အရက်ကောင်းပေါ်လာပြီဟု သာမန် အလုပ်ဝတ္တရားသဘောထက် ပို၍ စိတ်အား ထက်သန် ခဲ့ခြင်းဖြစ်၏။

          - ဝန်ကလေ။ ဦးစိန်လှိုင်နှင့် တပည့်ဖြစ်သူ မောင်သန်းဖေတို့သည် အချိန်အနည်းငယ် ရှိသေးသည်နှင့် တရုတ်ဟိုတယ်ရှိ အခန်းထဲတွင် ဘီ ယားများသောက်ပြီးနောက် စီးကရက်ကို တစ်ယောက်တစ်လိပ်ခဲလျက် ရှိကြ သည်။

          ဦးစိန်လှိုင်က ...

          ဘယ့်နှယ်လဲဟေ့ မောင်သန်း၊ မြင့်ကို ငါ့လက်က လုသွားတဲ့ အကောင် ဒီကနေ့ညတော့ လှလှကြီး ဒုက္ခတွေ့တော့မယ် မဟုတ်လား"

          " ဒါပေါ့ ဆရာ လူဆိုတာ ဝဋ်လည်တတ်တာမျိုးပေါ့ ... သူ့ မင်းကတော်နဲ့ ဆရာနဲ့ ငယ်ရည်းစားဆိုတာ သတင်းစတော့ သန့်သန့်ကြား ဖူးပါ၍ ဆရာ၊ နိုပေမယ့် အားနာတာနဲ့ ဆရာ့ကို တစ်ခါမှ ဖွင့်မမေဇူးဘူး။ အစု ဆရာ ဖွင့်ပြောမှပဲ သိရတော့တယ် "

          ဒီအကောင် ဝင်မရှုပ်ရင် မြင့်ဟာ ဆရာ့လက်ထဲရောက်ပြီကွဲ၊ အခုလဲ ယောက်ျားဖမ်းပြီးတဲ့ နောက်တော့ မြင့်ကိုယ်တိုင် ရှေ့မှာ ဒူး ထောက်ရတော့ မဟုတ်လား'

          ဒါပေါ့ဆရာ၊ မိန်းမဆိုတာ ဂုဏ်ကို မက်တာကိုဆရာ...ဒါ ထက် ဂါတ်ရောက်တော့ ဒီညအာမခံမပေးဘဲ ညှင်းထားလိုက်ရရင် မကောင်း ဘူးလားဆရာ ... ဒီလိုဆိုရင် သူ မင်းကတော်ကိုယ်တိုင် ဆရာပြောတဲ့ အတိုင်း ဆရာရှေ့မှာလာပြီး ဒူးထောက်ရရော မဟုတ်လား”

          ဒီလိုလဲ မလုပ်နဲ့ဦး။ မောင်သန်းဖေ၊ သူ့မှာလဲ သူ့အသိုင်းအဝိုင်း နဲ့သူ ရှိသေးတယ်ကွဲ၊ သူ့ရာထူးလဲ မငယ်ဘူးဆိုတာ သိတယ်မဟုတ်လား။ ဒီတော့ ကိုယ်က သူ့ကို နှိပ်စက်ချင်တယ်ထားဦး၊ ကိုယ့်အပေါ်မှာ ပြန်လာ မယ့် တန်ပြန်အရေးကိုလဲ တွေးကြည့်ရသေးတယ် မောင်သန်းဝေနဲ့”

          "ဆရာပြောတာလဲ ဟုတ်ပါရဲ့၊ နို့ပေမယ့် ကျွန်တော်က ဘာဖြစ်ဖြစ် အကြွေးမထားချင်ဘူး၊ လုပ်စရာရှိရင် ချက်ချင်းလုပ်ရမှ ကြိုက်တယ်"

          'အေးလေ လုပ်တာလဲ လုပ်တာပေါ့၊ ဒီလောက်လဲ အရင်မလိုပါ နဲ့ဦး ... ပထမမိပြီးတဲ့နောက် အချိန်တွေ အများကြီး ရှိပါသေးတယ် ကွယ်

          ဒါထက် ဆရာ့ဆီမှာ နံပါတ်တွေ အသင့်ပါပြီနော်... ဦးစိန်လှိုင်က အကျီအိတ်ကို လက်ဖြင့် စမ်းသပ်လိုက်ပြီးနောက် ပါပါတယ်ကွယ်၊ ဒိုင်ယာရီထဲမှာ အသေအချာရေးပြီးသားပါ"

  • ၈ နာရီ ၂၀ တောင် ရှိနေပြီဆရာ ကျွန်တော်တို့ သွားကြဖို့ ...အရပ်လူကြီးနဲ့ သက်သေတွေလဲ ကျွန်တော်တို့ ခေါ်ရဦးမယ်"

 

          ပုလိပ်အရာရှိ ၂ ယောက် ထွက်သွားသည်နှင့်တစ်ပြိုင်နက် အခြား အခန်းဘက်မှလူသည် လိုက်ကာ၌ ဆွဲချိတ်ထားသော ဓာတ်ပုံကို နေသာ။ တကျပြန်၍ ထားလိုက်၏။ ထို့နောက် ဦးထုပ်ကို ယခင်ကထက် အောက်သို့ အတန်ငယ်ဆွဲချလျက် စုတ်ပြတ်နေသော ကုတ်အကျီအိတ်များထဲသို့ လက် နှစ်ဖက်နှိုက်ပြီးလျှင် စားပွဲသိမ်းသော တရုတ်ကလေးနှင့်အတူ အပြင်သို့ ထွက်သွားလေ၏။ လမ်းပေါ်သို့ ရောက်သောအခါ ယခင်က ကားပေါ်သို့ တက်ပြီးနောက် ဖရေဇာလမ်းဘက်မှ ထွက်ခဲ့ပြီးလျှင် အရှေ့ဘက်သို့ မောင်း နှင်သွားလေ၏။

          ထိုသူသည် မြို့၏ ဆင်ခြေဖုံးတစ်နေရာရှိ ဦးလွန်းမောင်အိမ်အနီး သို့ ရောက်သောအခါ ခြံ၏ နောက်ဖေးဘက် လမ်းကြားကလေးတစ်ခုမှ ဝင်ခဲ့ပြီးလျှင် ကားကလေးကို မှောင်ရိပ်ကောင်းသော နေရာတစ်ခု၌ ထိုး၍ ရပ်လိုက်၏။ ထို့နောက် ကားထိုင်ခုံအောက်မှ သားရေအိတ်ငယ်တစ်လုံးကို ထုတ်ယူပြီးလျှင် အဝတ်အစားများကို လျင်မြန်စွာ လဲလှယ်လျက်ရှိလေသည်။ ထိုနေရာမှာ လမ်းကြားဟုပင် ဆိုရသော်လည်း အခြားလမ်း၏ နောက်ဖေ။ ဘက် အမှိုက်သရိုက်များ စွန့်ပစ်ထားရာဖြစ်၍ လူသူ အသွားအလာမရှိချေ။

          ၁၀ မိနစ်ခန့်ကြာသောအခါ ထိုသူသည် ဦးလွန်းမောင် ခြံနောက် ဖေးဘက်တွင် ကာထားသော ခြံစည်းရိုးမှ သံဆူးကြိုး ၂ ချောင်းကို ကတ် ကြေးဖြင့် ကျင်လည်စွာဖြတ်တောက်ပြီးလျှင် ခြံတွင်းသို့ ဝင်သွားလေ၏။ အိမ်နောက်ဖေး မီးဖိုအနီးသို့ ရောက်သောအခါ မီးဖိုနှင့် နီးမဝေးရှိ မကျည်း ပင်ကြီးတစ်ပင်အရိပ်အောက်တွင် ပျောက်ကွယ်သွားလေသည်။ "

          - ထိုသို့ ဝင်သွားသောအချိန်နှင့် မရှေးမနှောင်းပင် အသက် ၅၀ ခန့်ရှိ ရုပ်ရည်သန့်ပြန့်သော မိန်းမကြီးတစ်ယောက်သည် ဦးလွန်းမောင်နှံ ထဲမှ ထွက်ခွာသွားပြီးလျှင် လမ်းပေါ်သို့ရောက်သောအခါ အသင့်စောင့်ဆိုင်၊ လျက်ရှိသော ကားတစ်စီးပေါ်သို့ တက်သွားပြီးနောက် ကားကလေးသည် မြို့ဘက်သို့ လျင်မြန်စွာ မောင်းသွားလေ၏။

          ထိုအချိန်၌ မင်းကတော် မြင့်” သည် အိမ်ရှေ့ဧည့်ခန်းတွင် ဧည့် သည်များအတွက် တည်ထားသော ကွမ်းအစ်ထဲမှ ဒေါ်ရှင်ထည့်ထားခဲ့သည့်စာအိတ်ကြီးတစ်လုံးကို နှိုက်ယူကာ ရွှင်ပြီးသော မျက်နှာဖြင့် အိပ်ခန်းထဲသို့ ဝင်ခဲ့လေ၏။ သူ၏မျက်စိထဲ၌ကား မဆိုလမ်မှ ကျောက်သံပတ္တမြားရောင်းသော ရွှေဆိုင်များ ဖိတ်ဖိတ်တောက် စိန်နားကပ်နှင့် စိန်လည်တုံများကို မြင်ရ၏။

          အိမ်ရှေ့ခန်းရှိ ကြိမ်ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်၍နေသော ဦးလွန်းမောင် မျက်စိထဲ၌မူ ရှေးဦးစွာ စိန်လက်ဝတ်လက်စား အပြည့်ဝတ် လာသော မြင့်ကို မြင်ရ၏။ ထို့နောက် မြင့်၏ ပြုံးရွှင်သော မျက်နှာကလေး ပျောက်ကွယ်သွားပြီးလျှင် ထိုနေရာ၌ ပုလိပ်များ လက်ထိပ်များ သံကြိုးများ နှင့် ထောင်နံရံကြီးများကို မြင်ရလေသည်။

          မြင့်သည် အခန်းတွင်းသို့ ရောက်သည်နှင့်တစ်ပြိုင်နက် နံရံကပ် ဓာတ်မီးခလုတ်ကို ဖွင့်လိုက်ပြီးလျှင် ငွေစက္ကူများပါသော စာအိတ်ကြီးကို အိပ်ရာခုတင်နံဘေးရှိ မီးခံသေတ္တာကြီးပေါ်တွင် ခေတ္တ တင်ထားလိုက်၏။ ထို့နောက် မွေ့ယာအောက်မှ သော့တွဲကို ယူပြီးလျှင် ငွေထုပ်ကို ထည့်ရန် သံသေတ္တာကို ဖွင့်လေသည်။

          ထိုခဏ၌ တစ်အိမ်လုံး ဓာတ်မီးများ ရုတ်တရက် ငြိမ်းသွားသဖြင့် မြင့်သည် ကြောက်ရွံ့ကာ 'ဟာ' ခန် တစ်ချက် အော်လိုက်၏။ သို့သော် ဓာတ်မီးများငြိမ်းသွားသည်မှာ အချိန်မကြာလှချေ။ ချက်ချင်းလိုပင် ပြန်၍ လင်းလာလေသည်။

          ဓာတ်မီးများ ပြန်၍လင်လာသည်နှင့် တစ်ပြိုင်နက် မိမိအား ခြောက်လုံးပြူးဖြင့် ချိန်ထားသော လူတစ်ယောက်ကိုမြင်ရသဖြင့် မြင့်သည် အံ့အားသင့်ကာ ကြက်သေသေလျက်ရှိလေ၏။ ထိုသူသည် ယောင်ယောင်မျှ အရပ်မြင့်သည်ဟု ထင်ရသော်လည်း ကျစ်လစ်ဖြောင့်စင်းသောကိုယ် ရှိ၏။ အသားမဖြူ မည် ဖြစ်ပြီးလျှင် မျက်နှာအောက်ပိုင်းကို အဝတ်မည်းတစ်ခုဖြင့် စည်းထားလျက် ဦးထုပ်ကိုလည်း မျက်လုံးများဖုံးအုပ်လုမတတ် ထောင်းထားလေသည်။ ထိုသူသည် အဝတ်နက်အောက်မှ ပါးကြားများ လှုပ်၍သွား အောင် ပြီးရယ်လိုက်ပြီးလျှင် မြင့်လက်တွင် ကိုင်ထားသော စာအိတ်ကြီးကို ဖျတ်နေ ဆွဲယူလိုက်၏။

          “ ထိုအချိန်တွင် သံသေတ္တာမှာ ဖွင့်ပြီးဖြစ်နေသဖြင့် မြင့်၏ လက် ဝတ်လက်စားများထားသော သံမဏိ သံသေတ္တာကလေးကိုလည်းကောင်း။ သားရေအိတ်ဖြင့် ထည့်ထားသော ဦးလွန်းမောင်၏ ပစ္စတိုသေနတ်ကလေး ကိုလည်းကောင်း၊ ငွေစက္ကူ အထပ်ထပ်ကိုလည်းကောင်း၊ ဓာတ်မီးရောင်ဖြင့် ကောင်းစွာ မြင်ရ၏။ သို့သော် ခြောက်လုံးပြူးကိုင်ထားသူကား ထိုပစ္စည်းများကို ပြန်စောင်းမျှ မကြည့်။ ငွေ ၅၀၀၀ ပါသော စာအိတ်ကြီးကိုသာ သူ၏ ဘောင်းဘီအိတ်ထဲသို့ ထိုးသွင်းလိုက်လေသည်။

          ထိုခဏတွင် ဓာတ်မီးများ တစ်ဖန် ငြိမ်သွားပြန်သဖြင့် မြင့်သည် အံမယ်လေး” ဟု လန့်၍ အော်လိုက်၏။ သို့သော် ၁ဝ စက္ကန့်မျှအကြာ၌ ဓာတ်မီးများ ပြန်၍လင်းလာပြန်ရာ ထိုအချိန်၌ကား လူဆိုးမှာ မရှိတော့ချေ။

          မြင့်သည် ဆံပင်များ ပြေလျက် အခန်းပြင်သို့ အမောတကော ပြေးထွက်လာပြီးလျှင် ဦးလွန်းမောင်အား အကျိုးအကြောင်းကို ကမန်း ကတန်း ပြောပြလေရာ ထိုအခါမှ ဦးလွန်းမောင်မှာ ပါးစပ်အဟောင်းသား ဖြင့် ရှိနေတော့၏။ ဒုတိယအကြိမ် ဓာတ်မီးများပိတ်သွားသောအချိန်နှင့် ပြန်လင်းလာသောအချိန်မှာ ၁၀ စက္ကန့်ထက် မပိုသည့်ပြင် အိမ်ရှေ့ဘက်မှ လည်း တံခါးပိတ်ထားသဖြင့် လူဆိုးသည် အိမ်ရှေ့ဘက်သို့ လာမည်မဟုတ် ပေ။ အိပ်ခန်းမှ နံဘေးဘက်တွင် ပြတင်းပေါက်တစ်ရုပ် ပွင့်နေသည်ကို တွေ့ရသဖြင့် ၎င်းပြတင်းပေါက်မှ ဝရန်တာဘက်သို့ ကျော်ကာ နောက်ဖေး လှေခါးမှ ဆင်းမည်ဆိုက ဆင်းနိုင်၏။

          ဦးလွန်းမောင်သည် ခြောက်လုံးပြူးသေနတ်ကို ကဗျာကယာ ဆွဲ ကာ အစေခံများနှင့်အတူ ၀ရန်တာကို ကျော်ပြီးလျှင် နောက်ဖေးလှေကား မှ ဆင်၊၍ လိုက်သွားလေ၏။ ခြံမှာ အတော်ကျယ်ဝန်းလေရာ နောက်ဖေး လှေခါးမှ ခြံစည်းရိုးအထိ ပေ ၅၀ ခန့်သွားရသဖြင့် အစေခံများသည် ခြံဝင်း အတွင်းအပြင် ရှာသော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရတော့ ချေ။ အစစ်တစ်ယောက်က ခြံစည်းရိုးကို လျှောက်၍ လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်သောအခါတွင်မှ ခြံစည်းရိုးတစ်နေရာတွင် အပေါ်ဆုံး သံဆူးကြိုး နှစ်တန်းကို ဖြတ်ထား၍ ပြတ်နေကြောင်း တွေ့ရလေသည်။

          ဤတွင်မှ ဦးလွန်းမောင်သည် အိမ်ပေါ်သို့ ပြန်တက်ခဲ့ပြီးလျှင် ခြေကုန်လက်ပန်းကျကာ အိမ်ရှေ့ခန်းရှိ ပက်လက်ကုလားထိုင်ပေါ်သို့ ကိုယ် ကို ပစ်လှဲလိုက်လေ၏။ မြင့်သည် ဝက်လက်ကုလားထိုင် လက်ရမ်းများပေါ် တွင် ခေါင်းငိုက်စိုက်ချကာ ကလေးငယ်တစ်ယောက်ကဲ့သို့ တရှုတ်ရှုတ် ငို ကြွေးလျက်ရှိလေရာ ယောကျာ်းဖြစ်သူက မိမိ၏ ဂုဏ်သိက္ခာကို စွန့်၍ ယူ လိုက်ရသော ဓဋ္ဌဖြစ်သောကြောင့် နှမြောဝမ်းနည်းလျက် မိန်းမဖြစ်သူက လည်း မိမိအိပ်မက်မက်ခဲ့သော စိန်တစ်လုံးနားကပ်နှင့် စိန်လည်တုံကလေး ကို မြင်ယောင်ကာ လင်မယားနှစ်ယောက်တို့သည် မိမိတို့အပေါ်တွင် လက် တစ်လုံးခြား 'ကျိတ်' ၍သွားသော လူဆိုးအား ကျိတ်မနိုင် ခဲမရဖြစ်နေကြ ကုန်၏၊

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)