ဒဂုန်ရွှေမျှား - စုံထောက်ဦးထင်ကျော်
မနန်းစိန် သေဆုံးမှု
ယခုရေးသားဖော်ပြသော ဝတ္ထုမှာ ဦးထင်ကျော်နှင့် ကျွန်ုပ် မသိမီ၊ ဦးထင်ကျော် အလုပ်စ၍လုပ်စက တောင်ငူမြို့တွင် သူကိုယ် တိုင်တွေ့ကြုံခဲ့သော အမှုတစ်ခု ဖြစ်လေသည်။ ဦးထင်ကျော်သည် ထိုအဖြစ်အပျက်ကို နေ့ရက်၊ နေရာဌာန၊ အမှုသည်အမည်များနှင့် တကွ မိမိဒိုင်ယာရီမှတ်တမ်းတွင် အကျဉ်းချုပ်ရေးသားထားခဲ့ရာ ကျွန်ုပ် က ထို အဖြစ်အပျက် အလုံးစုံကို ကြားလိုသဖြင့် တောင်းပန်ရာ ဦးထင်ကျော်က ပြောပြသဖြင့် သူပြောပြသည့်အတိုင်း ယခု ရေးသာ ဖော်ပြခြင်း ဖြစ်ပါကြောင်း။
ထိုအဖြစ်အပျက်မှာ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ ခုနစ်နှစ် ခန့်က တောင်ငူမြို့တွင် ဖြစ်ပွားခဲ့ရာ အမှုဖြစ်ပွားစဉ်အချိန်က အင်္ဂလိပ် မြန်မာ သတင်းစာကြီးများတွင် အထင်အရှားရေးသားပါရှိခဲ့သည့် ထူ ဆန်းသော လူသတ်မှုတစ်ခုဖြစ်သဖြင့် လူများ စိတ်ဝင်စားခဲ့လေသည်။
( တစ် )
ကျွန်ုပ်သည် မိတ်ဆွေဆရာဝန်တစ်ဦး၏ ညွှန်ကြားချက်အရ အလုပ်မှ ခေတ္တအနားယူပြီးလျှင် မိတ္ထီလာမြို့တွင် ကျန်းမာရေးအတွက် ရက်သတ္တ နှစ်ပတ်ခန့် နေထိုင်ခဲ့ပြီးနောက် အပြန်တွင် တောင်ငူမြို့မှ မိတ်ဆွေ ရာဇဝတ်ဝန်ကလေးတစ်ဦး၏ဖိတ်ခေါ်ချက်အရ လာရောက်ခဲ့ 'ရာ ရန်ကုန်တွင် လက်စမသတ်သေးသော အမှုလည်း မရှိ။ ကျန်းမာရေး အတွက် ဆက်လက်အနားယူရန်လည်း လိုအပ်သေးသည်ဟု ထင်မြင် သဖြင့် တောင်ငူမြို့တွင် ရက်ပေါင်း နှစ်ဆယ် အစိတ်ခန့်မျှ ကြာခဲ့ရှိ ၏။ ယခု ကျွန်ုပ် ဒိုင်ယာရီတွင် “တောင်ငူ”ဟု ခေါင်းစဉ်တုပ်လျက် ရေးမှတ်ထားသောအမှုမှာ ယင်းကဲ့သို့ တောင်ငူမြို့တွင် ကျွန်ုပ် ခေတ္တ ရှိနေစဉ်က ကံအားလျော်စွာ အကြောင်းတိုက်ဆိုင်သဖြင့် တွေ့ကြုံခဲ့ရ သော အမှုတစ်ခု ဖြစ်လေသည်။
မြို့ကိုရောက်၍ ဆယ်ရက်ခန့်မျှ ကြာလတ်သော် တစ်နေ့ သောည၌ ၁၁နာရီကျော်ကျော်ခန့် အချိန်လောက်တွင် ကျွန်ုပ်သည် လည်ပတ်ပြန်လာရာမှ တည်းခိုသောအိမ်နှင့် မနီးမဝေး လက်ဖက်ရည် ဆိုင်တစ်ဆိုင်တွင် လက်ဖက်ရည် သောက်လျက်ရှိ၏။ လသာသောည တစ်ည ဖြစ်သော်လည်း ဆီးနှင်းများ ကျလျက်ရှိသဖြင့် အလင်းရောင် နည်းပါးလှ၏။ တောနယ်များတွင် ညဉ့် ၉နာရီကျော်လျှင် လူခြေတိတ်ပြီဖြစ်၍ ပတ်ဝန်းကျင်မှာ အတော်ပင် တိတ်ဆိတ်လျက်ရှိတတ်လေ - သည်။ အားလပ်သည့်အချိန်များ၌ ကျွန်ုပ်သည် လက်ဖက်ရည်ဆိုင် များတွင်ထိုင်ကာ လက်ဖက်ရည်ဆိုင်သို့လာသူများအား ကြည့်ရှုအကဲ ခတ်ခြင်း၊ အချို့ မိတ်ဆွေဖွဲ့လောက်သူများနှင့် မိတ်ဖွဲ့ခြင်း၊ မြို့ ၏အကြောင်းကို စနည်းနာခြင်းများကို ပြုလုပ်တတ်သော ဝါသန ရာ တစ်ခါတစ်ရံ ဝါသနာကပင် ကျွန်ုပ်၏အလုပ်ကို အတော်အဝ အထောက်အပံ့ အကူအညီပေးကြောင်း တွေ့ရဖူး၏။
ကျွန်ုပ်သည် လက်ဖက်ရည်ဆိုင်မှ ထွက်ခဲ့၍ အိမ်ဘက် ပြန်ခဲ့ရာ လမ်းကျယ်တစ်ခုကို ကျော်ပြီးနောက် အခြားလမ်းကျဉ်း လေးတစ်ခုအနီးသို့ ရောက်သောအခါ လမ်းကြားထဲမှ ပီစီမှုတ်သံကြ လိုက်ရပြီးလျှင် ပုလိပ်သားတစ်ယောက်သည် လမ်းမဘက်သို့ ထွက်လာသည်ကို မြင်ရ၏။
ထိုပုလိပ်သားသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း ရုတ်တရ၊မမှတ်မိသော်လည်း အနီးသို့ ချဉ်းကပ်လာသောအခါ ကျွန်ုပ်မှာ ပု၏ | အရာရှိ ဦးလွန်းမောင်၏အိမ်တွင် ခေတ္တတည်းခိုလျက်ရှိသော ရန်က မှ အလွတ်စုံထောက်တစ်ယောက်ဖြစ်သည်ကို သိရှိသွားလေသဥ ဦးလွန်းမောင်သည် သူ၏တပည့်တပန်းများဖြစ်သော ရာဇဝတ်များ၊ အချို့ အင်စပိတ်တော်များနှင့် မိတ်ဆက်ပေးဖူးရာ ကျွန်ုပ် ၊ | ကြောင်း ကိုလည်း အတော်အတန်သိရှိပြီး ဖြစ်ကြလေသည်။ သို့ ၍လည်း ထိုပုလိပ်သားက ကျွန်ုပ်အား သိရှိနိုင်ခြင်းဖြစ်၏။
ပုလိပ်သားသည် ဝီစီမှုတ်ရင်း မောကြီးပန်းကြီးပြေးလွှ လာရာမှ ကျွန်ုပ်အနီးသို့ ရောက်လျှင် ခေတ္တရပ်လိုက်၍
“ဆရာ၊ ဝန်ထောက်ဦးလွန်းမောင်အိမ်မှာတည်းနေတဲ့ ကုန်က ဦးထင်ကျော်ဆိုတာ မဟုတ်လား”
ကျွန်ုပ် ။ ။ “အေး။ ဟုတ်တယ်” ။
“အဆင်သင့်လိုက်လေဆရာရယ်”
“ဘာဖြစ်လို့လဲကွယ့်”
“လူသတ်မှုဆရာရေ၊ လူသတ်မှု။ လူသတ်မှု”
“ဘယ်မှာလဲကွယ့်”
“ဒီလမ်းကြားအဆုံးနားက အိမ်မှာဆရာ။ အခုတင်
ကပဲ သတ်သွားတယ်”
ပုလိပ်သားသည် ပီစီကို နှစ်ကြိမ် သုံးကြိမ်မျှ ဆက်လက် ၍ ကျယ်လောင်စွာမှုတ်ပြီးနောက် ကျွန်ုပ်အား လမ်းကြားထဲသို့ခေါ် သွားရာ၊ ကျွန်ုပ်လည်း ၄င်းနောက်သို့ ဘုမသိဘမသိ လိုက်ပါသွားရ လေ၏။ လမ်းတွင် ပုလိပ်သားက........
“ကျွန်တော့် နာမည် ဖိုးစတဲ့ ဆရာရဲ့။ ဦးလွန်းမောင်က ရာဇဝတ်အုပ် ကိုအုန်းလွင်နဲ့ ဆရာ့ကို မိတ်ဆက်ပေးတုန်းက ကျွန်တော် အနားမှာ ရှိတယ်လေ။ ဒါကြောင့် ဆရာ့ကို ကျွန်တော် ကောင်းကောင်း မှတ်မိတာပေါ့ ။ ဒီလိုဆရာရဲ့။ ကျွန်တော် ဟိုဘက်လမ်းကြားမှာ ပတ္တ ရောင်လှည့်လာတုန်း ဦးရွှေဗျိုင်းဆိုတဲ့ လူကြီးအိမ်နောက်ဖေးနားက အော်သံတစ်သံ ကြားလိုက်ရတယ်။ ဒါနဲ့ ကျွန်တော်လည်း အိမ်ကြား ကဖြတ်ပြီး ဒီဘက်လမ်းကြားကို ပြေးလာခဲ့တယ်။ ကျွန်တော်လာနေ တုန်းပဲ “အမယ်လေး လာကြပါဦး၊ ကျုပ်မယား သေပါပြီ”လို့ အော် ၊ လိုက်တဲ့အသံ ထပ်ကြားရတယ်။ အသံကတော့ ဦးရွှေဗျိုင်းအသံပဲ။ ဒီလူကြီးကို ကျွန်တော် ကောင်းကောင်းသိတယ်။ ဒါနဲ့ ကျွန်တော် | လည်း နောက်ဖေးပေါက်က လှည့်ဝင်၊ ဦးရွှေဗျိုင်းနာမည်ကို ခေါပြီးကျွန်တော်ဟာ ပုလိပ်သားဖိုးစ ဖြစ်တဲ့အကြောင်းပြောတော့ သူလည်း ကျွန်တော့်ကို တံခါးဖွင့်ပေးပြီး သူ့မယား မနန်းစိန်ကို ဘယ်သူက ဓားနဲ့ ထိုးသတ်သွားမှန်း မသိဘူးလို့ပြောတာကိုး ဆရာရဲ့။ ဒါနဲ့ ကျွန်တော်လည်း သက်သေ မြန်မြန်ရအောင်၊ အကူအညီလည်း မြန်မြန် ရအောင်ဆိုပြီး အိမ်အပြင်ထွက် ဝီစီမှုတ်ပြီး လမ်းကြားကလေးအတိုင်းပြေးလာခဲ့တာ အခု ဆရာနဲ့ တွေ့တာပဲ။ ဟော ရောက်လာပြီ။ ဒီ | အိမ်ပဲ ဆရာ”မှုခင်းဖြစ်ပွားသည်ဆိုသော အိမ်မှာ တိုက်ခံအိမ်ကလေးတစ် လုံးဖြစ်၍ ကျွန်ုပ်တို့လည်း အိမ်လေးတစ်ခုမှ နောက်ဖေးဘက်သို့ | လှည့်၍ သွားကြရ၏။ နောက်ဖေးဘက်တွင် တံခါးတစ်ချပ် ပွင့်နေသည်ကို တွေ့ရသဖြင့်၊ ကျွန်ုပ်တို့လည်း ထိုတံခါးမှဝင်သွားရာ အိမ် ပေါ်ထပ်သို့ ရောက်သောအခါ အသက် ၅၀ခန့်ရှိ ရုပ်ရည်သားများ သပ်ယပ်သော လူကြီးတစ်ယောက်သည် မိန်းကလေးတစ်ယောက် အလောင်းကို ပွေ့ဖက်ကာ ...
"လုပ်ရက်လေခြင်းကွယ့် စိန်စိန်ရယ်” ။
- ••စသည်ဖြင့် ဖွဲ့နွဲ့ ငိုကြွေးနေသည်ကို တွေ့ရလေ၏။ သေ "ဆုံးနေသူ မိန်းမမှာ အသက်၃ဝထက် မကြီးသေးဘဲ ကိုယ်လုံးကိုယ် ပေါက် အချိုးအစားကျသူ မိန်းမချောတစ်ယောက်ဖြစ်၍ ဖြူစင်သော အသားအရေရှိပြီးလျှင် မည်းနက်သောဆံပင်တို့မှာ မျက်နှာတစ်ခြမ်းကို ဖုံးအုပ်လုမတတ် ရှိနေ၏။ ကျွန်ုပ်သည် ငိုနေသူအား တတ်နိုင်သ ‘မျှ အားပေးစကားပြောကြားပြီးလျှင် အလောင်းကဒဏ်ရာကို ကြည့် ရှုလေရာ အဝမှာ ဗြက်တစ်လက်မခန့် ရှိပြီးလျှင် ရင်ညွန့်မှသည် ကျောဘက်သို့ ထုတ်ချင်းခတ်ပေါက်လျက် ရှိနေသည်ကို တွေ့ရ၏။
ဒဏ်ရာအဝ တစ်ဘက်တစ်ချက်တွင် တိရိစွာပြတ်နေသဖြင့် ( အသွားနှစ်ဘက်ရှိသည့် ချွန်ထက်သော `လက်နက်တစ်ခုဖြင့် ရှေ့မှ တအားထိုးစိုက်လိုက်ဟန် လက္ခဏာရှိ၏။
ထိုအချိန်၌ ကျွန်ုပ်တို့လည်း လမ်းထိပ်မှ လည်းကောင်း၊ လမ်းကြားမှ လည်းကောင်း လူသံများကို ကြားရလေရာ ကျွန်ုပ်လည်း မောင်ဖိုးစအား အိမ်ရှေ့နှင့် နောက်ဖေးအခန်းထဲမှ အပြင်ဘက်သို့ခေတ္တခေါ်သွားပြီးလျှင် အမှု ဖြစ်ပွားပုံ အကျိုးအကြောင်းကို အနည်း ငယ် စုံစမ်းမေးမြန်းလျက်ရှိလေ၏။
ကျွန်ုပ် ။ ။ “ဒီလူကြီးနာမည် ဘယ်သူကွယ့်”
စ ။ ။“ရွှေဗျိုင်းတဲ့ ဆရာ။ ကျွန်တော်နဲ့သိတာ တစ်နှစ် ကျော်လောက် ရှိပါပြီ။ လူသူတော်ကောင်းကြီးပါ ဆရာ။ နို့ပေမယ့် အရက်ကလေး ဘာကလေးတော့ နည်းနည်းပါးပါးသောက်တတ်တယ် ခင်ဗျာ” ..
“မင်းနဲ့ ဘယ်တုန်းက သိသလဲ”
“သူက ငွေတိုးကလေး ဘာကလေးဆိုသလို ပေးတတ်လေ တော့ တစ်ခါတုန်းက ကျွန်တော့်မှာ အင်မတန်အကြပ်အတည်းတွေ့ နေ၊ လခလည်း မထုတ်သေးတာနဲ့ သူ့ဆီကိုလာပြီး ငွေ၃၀လောက် လှည့်ရတာကိုး ခင်ဗျာ။ အင်မတန် သဘောကောင်းရှာပါတယ်ခင်ဗျာ။ နို့ပေမယ့် သူ့မိန်းမကတော့ သူ့ကို တော်တော်နိုင်ပုံရတယ်”
“ဪ ... ဟုတ်လား၊ ပြောစမ်းပါဦး”
“ ဦးရွှေဗျိုင်းက မုဆိုးဖိုကြီးဆိုပဲ ဆရာရဲ့။ သူ့မယားကြီး လက်ထက်က လယ်တို့၊ ချောင်းမြောင်းတို့နဲ့တကွ ပစ္စည်းအတော် အတန် ကျန်ရစ်ခဲ့တယ်။ ဒီသူငယ်မက ရန်ကုန်သူဆို ထင်ပါရဲ့ခင်ဗျာ။ ဒါနဲ့ မယားကြီးသေသွားတော့ အခုသေသွားတဲ့ မနန်းစိန်ဆိုတာနဲ့ အကြောင်းပါပြီး ဒီအိမ်ဟောင်းကိုပြင်ပြီး အောက်က တိုက်ခံဆောက် နေကြတာပါပဲ။ အလုပ်ကတော့ စပါးတွေ ကြိတ်စက်ငှားပြီး ရန်ကုန်ကို ဆန်ပို့တယ် ဆရာရဲ့။ သူ့ အလုပ်တိုက်နဲ့ ဂိုဒေါင်က ဘူတာရုံနားမှာ ရှိတယ်။ ဆရာသိတဲ့အတိုင်းပဲ ကောင်မကလေးကချောလည်း ချော ပြန်၊ အသက်လည်း ငယ်ပြန်၊ ရန်ကုန်သူလည်း ဖြစ်ပြန်၊ ပိုက်ဆံငွေ ကြေးလည်း ပြည့်စုံပြန်ဆိုတော့ အဘိုးကြီးအပေါ်မှာ နွဲ့ချင်တိုင်းနဲ့ဆိုးချင်တိုင်း ဆိုးနေတာပေါ့ ဆရာရယ်။ ကိုင်း ... ကျွန်တော်သိသ - လောက်တော့ ဒါပါပဲ ဆရာ” ,
မကြာမီ အိမ်နီးပါးချင်းများနှင့် အရပ်သားများပါ ရောက်ရှိ လာရာ မရှေးမနှောင်းပင် ရာဇဝတ်အုပ်ကိုအုံးလွင်သည် လက်နှိပ်ဓာတ် မီးတစ်လက်ကို ကိုင်ကာ ပုလိပ်သားနှစ်ယောက်နှင့်အတူ အိမ်ပေါ်သို့ ပြေးတက်လာ၏။ ကျွန်ုပ်ကို မြင်လျှင် ကိုအုံးလွင်သည် ပြုံး၍ နှုတ် ဆက်ပြီးနောက် အလောင်းဆီသို့ သွားရောက်ကြည့်ရှုလေရာ ပုလိပ် သားမောင်ဖိုးစက သူ သိရှိသမျှ အချက်အလက်များကို ပြန်ပြောပြလျက် ရှိလေ၏။ မောင်ဖိုးစပြောသော အကြောင်းအရာများမှာ ကျွန်ုပ်အာမောင်ဖိုးစက မူလပြောသည့် အချက်အလက်များပင် ဖြစ်လေသည် ထို့နောက် ကိုအုံးလွင်သည် သေသူ၏ယောက်ျား ဦးရွှေဗျိုင်းအာ စစ်ဆေးလေရာ ဦးရွှေဗျိုင်း၏အစစ်ခံချက်မှာ အောက်ပါအတိုင်းဖြစ်၏
“ကျွန်တော်သည် ညနေ ၆နာရီ အချိန်ခန့်တွင် ဂိုဒေါင် ပိတ်၍ အိမ်သို့ပြန်လာရာ လမ်း၌ ပွဲစားကိုဖိုးစိန်၊ ပန်းထိမ်ဆရာကိုလူ ဆိုသူတို့နှင့် တွေ့၍ ဟော်တယ်တစ်ခုသို့သွားပြီးနောက် အရက်အနည် ငယ်သောက်ကြပါသည်။ နောက် ၉နာရီအချိန်ခန့်လောက်တွင် ၊ စားမောင်ညွန့်ဟန်ဆိုသူတစ်ဦး ရောက်လာ၍ ကိုးမီးဖဲဝိုင်းများ စတင် ကစားကြပါသည်။ -
၁၀ နာရီလောက်တိုင်အောင် ဖဲကစားလျက် ရှိကြရာ မော ဖိုးစိန်နှင့် ပန်းထိမ်ဆရာတို့မှာ များစွာစိတ်မပါကြဘဲ အရက်ကိုသ ဆက်လက်၍ သောက်လျက်ရှိကြရာ ဟော်တယ်တွင်ပင် အိပ်ပျော်လျ ရှိကြပါသည်။ ကျွန်တော်နှင့် မောင်ညွန့်ဟန် နှစ်ယောက်သာ ဖဲ သဲသဲမဲမဲကစားလျက် ရှိကြရာ ပွဲစားမောင်ညွန့်ဟန်သည် လွန်စွာရှိ