ဒဂုန်ရွှေမျှား - စိမ်းခက်အလယ်ရုပ်လွှာ
စန္ဒရားခလုတ်ကလေးများပေါ်တွင် လျင်မြန်စွာ ရွေ့လျား လှုပ်ရှား နေသော သူ၏ လက်ချောင်းများကို စန္ဒရားဆရာ ကိုခင်မောင်လတ်သည် လုံးဝ သတိမထားသည့်ဟန်ဖြင့် စန္ဒရားကို ငြိမ့်ညောင်းသာယာစွာတီး လျက် ရှိ၏၊ သူ၏ လက်ချောင်းကလေးများသည် လက်ယာ (ညာသံ) ဘက်တွင် တီးနေရာမှ တစ်ခါတစ်ခါတွင် ဘယ်သံပြောင်းသည့် ခလုတ် များကို လက်ဝဲလက်ဖြင့် မထိတထိသွား၍ တို့လိုက်၏၊ ဤသို့ တို့လိုက် ခြင်းမှာ သီချင်း၏ နောက်ဆုံးပိုဒ်ကို ဘယ်သံဖြင့် အပြီးသတ်ရန် ဖြစ်လေသည်။
သီချင်းကြီး သီချင်း အဲအန်ဘောလယ်များတွင် အလွန်အဆွဲအငင် ကောင်းသူဖြစ်၍ ဤသို့သီချင်းကြီးများကို တီးရာတွင် အခြားသူများနှင့် မတူအောင် ပီပီသသ ကြွကြွရွရွ တီးတတ်သဖြင့်လည်း ချန် ပီယံဘွဲ့ကို ရခဲ့လေသည်။ ပရိသတ်များ၏ တောင်းဆိုချက်အရ ယခု တီးခတ်လျက်ရှိသော ဂန္ဓမာတောင်ပတ်ပျိုးမှာလည်း သူအကြိုက်နှစ်သက် ဆုံး အနိုင်နင်းဆုံး သီချင်းကြီးပင် ဖြစ်တော့၏။
ရုပ်ရည်အားဖြင့် ကိုခင်မောင်လတ်မှာ အရပ်ရှည်ရှည် ပိန်ပိန် ပါးပါးနှင့် ကျစ်လျစ်သိပ်သည်းသော ကိုယ်လုံးကိုယ်ပေါက်ရှိရာ စန္ဒရား ခလုတ်များကို တို့ကာ ထိကာ ကစားနေသော သူ၏ လက်ချောင်းကလေးများသည် ဖယောင်းတိုင်တမျှ သွယ်လျားပျော့ပျောင်း၍ နူးညံ့လှပေ ၏၊ အနုပညာသမားတစ်ယောက်၏ လက်ချောင်းများ ပါပေတည်း။
သူသည် ထိုင်ခုံပေါ်တွင် ထိုင်ရာမှ ကိုယ်ကို ရှေ့သို့အနည်းငယ် တိုးလိုက်၏၊ စန္ဒရားခလုတ်ကလေးများသည် နေ၏ အလင်းရောင်နှင့် အတူ မီးရောင်အောက်တွင် ဆင်စွယ်တမျှဖြူဆွတ်လျက် ရှိ၏၊ သူသည် စန္ဒရားခလုတ်များကို ငုံ၍မျှမကြည့်ပဲ သူ၏ လက်ချောင်းများသည် သီချင်း အလိုက် အလိုလို ရွေ့လျားနေသကဲ့သို့ ထင်ရသည်။ သူသည်လက်ဖြင့် မတီး စိတ်ဖြင့်သာ တီးနေသကဲ့သို့ သူ၏ စိတ်သွားတိုင်း လက်ချောင်း များက ပါ၍ နေတော့သည်။
. ကိုခင်မောင်လတ်မှာ မြန်မာသီချင်း တေးဂီတပညာရှင်ကြီးများ ထံမှလည်းကောင်း အနောက်တိုင်း ဂီတပညာရှင်ကြီးများထံမှလည်းကောင်း နှစ်ပေါင်း အတော်ကြာမျှလေ့လာဆည်းပူးခဲ့ရသည့် ဂီတပညာ အမွေအနှစ်ကို အောင်မြင်စွာ ရရှိသူဖြစ်၏။ ဤသို့ဖြင့် သည် ယခင်နှစ်က ကျင်းပခဲ့သည့် စန္ဒရား အတီးပြိုင်ပွဲ၌ ရွှေတံဆိပ်နှင့် ချန်ပီယံဆု ချီးမြှင့် ခြင်းခံရပြီးလျှင် အကျော် အမော်တစ်ယောက် ဖြစ်ခဲ့လေသည်။ -
ခန်းမဆောင်ကြီးတစ်ခုလုံးမှာ ချီးကျူးသော ထောမနာဩဘာပေး ကြသည့် လက်ခုပ်သံများဖြင့် ဆူညံသွားလေသည်။ “ဂန္ဓမာတောင်” ပတ်ပျိုး-အဆုံး၌ အနောက်တိုင်း တေးတစ်ပုဒ်ဖြစ်သော “မှိုက်ကောစကီး" ၏ Conce No. 1 ကို ဆက်လက်တိုးပြန်ရာ ထိုသီချင်းဆုံးသောအခါ၌မူ လက်ခုပ်ဩဘာသံများမှာ ယခင်ကထက် ဆူညံသွားတော့၏။
သူသည် စန္ဒရားထိုင်ခုံပေါ်မှ ဣရစွာဖြင့် ညင်သာစွာ ထလိုက် ပြီးနောက် ပရိသတ်ဘက်သို့ ဦးခေါင်းကို ညွတ်လိုက်၏၊ သူ၏ ဦးခေါင်း ထဲတွင် သူတီးခဲ့သော စန္ဒရားသံကလေးများသည် ပဲ့တင်ထပ်လျက်ပင် ရှိနေသေး၏။ တစ်ချိန်တည်းမှာပင်သူနှင့်နောက်တစ်နေ့လက်ထပ်တော့မည်ဖြစ်သော ဆရာဝန်မ ဒေါက်တာ စောကလျာ၏ မျက်နှာကိုလည်း စာရေး မြင်ယောင်နေမိ၏။
"အင်းသူကတော့ ဒီအချိန်လောက်ဆိုရင် လေဆိပ်ကိုလာကြိုဖို့ မြစ်တင်ခုံရှေ့မှာ အလှပြင်နေရော့မယ်။ အင်မတန်အလှအပကြိုက်တဲ့ မိန်းက လေး၊ ပွဲနေပွဲထိုင် တစ်ခါသွားရင် အဝတ်အစား ရွေးနေတာက တစ်နာရီ လောက်ကြာတယ် အင်း .......... အခုလည်း ငါ့ကို လာကြိုဖို့ ...”
သူသည် ဇနီးလောင်း၏ မျက်နှာကလေးကို မြင်ယောင်ကာ တွေ့၍ နေမိ၏၊ ပရိသတ်များထံမှ နောက်ဆုံးထွက်ပေါ်လာသော လက်ခုပ် သံများမှာ နားကွဲမတတ်ပင် ရှိတော့၏။ သူသည် လက်ပတ်နာရီအမှတ် ထောင်ကြည့်လိုက်မိ၏၊ လေယာဉ်ပျံထွက်မည့် အချိန်ကား အလွန်နီး ကပ် လျက်ရှိနေလေပြီ။
တီးဝိုင်းခေါင်းဆောင်တယောဆရာ ဦးဘသောင်းဘက်သို့ နောက် ဆုံး ဦးညွတ်လိုက်၏၊ ဦးဘသောင်းမှာ အရပ်ရှည်ရှည် အသားဖြူဖြူ ဖြစ်၍ အသက် ၅၀ နီးပါးရှိပြီဖြစ်ရာ သူ၏ ဆံစကလေးများပင် ဖြူစ ပြုနေလေပြီ။ သို့သော် မျက်နှာမှာ သိက္ခာသမာဓိနှင့် ပြည့်စုံသော မျက်နှာ ဖြစ်၍ ဖြူဆွတ်စပြုနေသည့် ဆံပင်ကလေးများသည် ရင့်ကျက်သော သူ၏ အတွေ့အကြုံများကို ဖော်ပြလျက် ရှိတော့၏။
. “ကဲ ... ဦးဘသောင်း ကျွန်တော်တို့ အခုသွားမှ ဖြစ်မယ် တော်တော်ကြာ မမီဘဲ နေရင်” .
“သွားတာပေါ့ဗျာ ....... ကားလည်း အသင့်ပဲ"
သို့နှင့်ဦးဘသောင်းသည် ကန့်လန့်ကာ နောက်သို့ဝင်သွားရာကို ခင်မောင်လတ်လည်း နောက်မှ ခပ်သုတ်သုတ်လိုက်လေခန်းမဆောင် အပြင်ဘက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက်
သည်။
, “ဆရာကြီးခင်ဗျာ”ဟုသော အသံတစ်သံကို ကြားလိုက်သဖြင့် နောက်သို့လှည့်ကြည့်စဉ် မိမိထံသို့လူရွယ် ၃ - ၄ ယောက် လိုက်လာသည်ကို မြင်ရ၏၊ ၎င်းတို့တွင် ကင်မရာကိုယ်စီလွယ်ထား၍ သတင်းထောက်များ ဖြစ်ဟန်တူ၏၊ ၎င်းတို့အနက်တစ်ယောက်က ...
“ဪ .... ကိုခင်မောင်လတ် နိုင်ငံခြားကို ထပ်သွားဦးမလို လို သတင်းကြားရတာ ဟုတ်ပါသလားခင်ဗျာ”
“ဟုတ်ကဲ့ .. နို့ပေမယ့် မသေချာသေးပါဘူး ခင်ဗျား”
သို့မေးနေစဉ် အခြားတစ်ယောက်က
“သော် .....ဒါထက် ဦးခင်မောင်လတ်ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ နည်းနည်းပါးပါး လောက် ကျွန်တော်တို့သိပါရစေလား ခင်ဗျား မေးရတာတော့ အားနာပါတယ်”
“မနက်ဖြန်ခါ လက်ထပ်ဖို့ပါပဲ ခင်ဗျာ အသေးစိတ်တော့ ရှင်း မပြပါရစေနဲ့ လေယာဉ်ပျံမီအောင် ကျွန်တော်က အခုသွားရမှာပါ၊ ဒါ တော့သည်းခံကြပါခင်ဗျာ ကျွန်တော့်အကြောင်းဦးဘသောင်း ကောင်း ကောင်းသိပါတယ်၊ သူကပြောပြ ပါလိမ့်မယ်”။
' ကိုခင်မောင်လတ်သည် ရှေ့မှ ဦးဆောင်သွားသော ဦးဘသောင်နောက်သို့ ခပ်သုတ်သုတ်လိုက်သွား ပြန်၏၊ သို့ ရှိစဉ် တဖျပ်ဖျပ် • ရိုက်နေသော ကင်မရာများမှ မီးရောင်များကိုလည်း မြင်လိုက်ရ၏။
“လာဗျို့ ... ကိုခင်မောင်လတ် ခပ်မြန်မြန်"
"ဟုတ်ကဲ့ .. လာပါပြီ” .
ကိုခင်မောင်လတ်သည်ကား နောက်ပိုင်းတွင် ဝင်၍ ထိုင်ပြီးနောက် ကားတံခါးကို လျင်မြန်စွာ ပိတ်လိုက်၏။
ထိုခဏ၌ လူငယ်နှစ်ယောက်နှင့် အသက် ၁၆ နှစ်၊ ၁၇ နှစ်မြီး ကောင်ပေါက်ကလေး ၃ ယောက်တို့သည် အပြေးအလွှား ရောက်လာပြီးနောက်ကားတံခါးကို လှမ်းကိုင်လိုက်ကာ လက်ထဲမှ စာအုပ်ကလေးများ ကို ကိုယ်စီထုတ်ရင်း “ခဏ နေပါဦး ဆရာ ... ခဏလေးပါ ကျွန်တော်တို့ “အော်တို”ထဲ နည်းနည်းကလေး ရေးပေးပါဦး”
မိန်းကလေး ၃ ယောက်ကလည်း စာအုပ်နှင့် မော်တိန်များကို ထုတ်ကာ အတင်းတောင်းပန်လျက် ရှိလေ၏။
ကိုခင်မောင်လတ်သည် အော်တိုစာအုပ် ၅ အုပ်တွင် လက်မှတ် ၅ ကြိမ်ထိုးခဲ့ရသေး၏၊ ထို့နောက် ကားလည်း အရှိန်ပြင်းစွာဖြင့် စူးခန် ထွက်ခွာ သွားလေသည်။
ကိုခင်မောင်လတ်သည် ၂ မိနစ်အတွင်း လက်ပတ်နာရီကို ၃ - ကြိမ်မျှ ကြည့်သဖြင့် ဒရိုင်ဘာက လှမ်း၍ .........
“စိတ်မပူပါနဲ့ဆရာ ....” - “လေယာဉ်ပျံက ၂ နာရီ ထွက်မှာကွယ် ၂ နာရီထိုးဖို့ မိနစ် ဝ ပဲလိုတော့တယ်” ။
“အေးအေးသာမှီပြီး ...... မိုးအုံးပေါ်မှာ ဆရာအိပ် လိုက်ခဲ့ပါ" { အနက်ရောင် မာစီဒီကားကြီးသည် တည်ငြိမ်စွာ ပြေးသွားလျက် ရှိ၏၊ မိုင် ၂၀ မှ ၃၀၊ ၃၀ မှ ၄၀ ကျော်ကျော်အထိ မိုင်နှုန်းမီတာလက်တံ မှာ တဖြည်းဖြည်း တက်လာ၏၊ တစ်နေရာတွင် ရှေ့မှလမ်းပိတ်ဆို့နေ သဖြင့် ကားကို အရှိန်အနည်းငယ်လျှော့လိုက်ရ၏၊ တစ်ကြိမ်လည်း မီးရထားလမ်းဂိတ်ပိတ်ထားသဖြင့် တစ်မိနစ် သာသာရပ်တန့်နေရ၏။
ထိုအခါများ၌ ကိုခင်မောင်လတ်သည် ရှေ့ပိုင်းနောက်မှီပေါ်သို့ လက် - ထောက်ကာ အားမလိုအားမရ ဖြစ်နေ၏။
ကားကြီးမှာ လျင်မြန်သော အဟုန်ဖြင့် ဆက်လက်ပြေးသွားလျက် ရှိလေ၏၊ မြို့ပြင်သို့ရောက်သောအခါ မော်တော်ကားများ အတော်ပင် ရှင်းသဖြင့် ကားကြီးသည် ယခင်ကထက် မြန်စွာ ပြေးလျက်
“ဆရာ့လက်သံဟာ ဒီကနေ့ သိပ်ကောင်းတာပဲ ဆရာ”
"ဘာကွယ့် ....... ငါတီးနေတုန်းက အခန်းထဲမှာ မင်းရှိနေ သလား” . .
“မရှိတော့ မရှိပါဘူး၊ နို့ပေမယ့် ကျွန်တော်ကားပေါ်မှာ”
ဒရိုင်ဘာ သည် ကားပေါ်မှ ရေဒီယိုကို လှမ်းကြည့်လိုက်ပြီးနောက်
"ကားပေါ်က ကျွန်တော်ကြားရတာပါ ဆရာ”
“သော် ........ ဟုတ်လား”
ကားကြီးသည် ချမ်းမြသာစည်လေဆိပ်သို့ တဖြည်းဖြည်း နီးကပ် • လာလေပြီ။ - ကိုခင်မောင်လတ်သည် မော်တော်ကား နောက်မှီတွင် မှီကာမျက်စိများကို ခပ်မှေးမှေးထားလိုက်၏၊ တစ်မိနစ်မျှသော အချိန်ကလေးအတွင်း သူ့စိတ်သည် ကားပေးနေသော မိုင်နှုန်းထက် အဆပေါင်း သိန်းသန်းမက ပြေးသွားလျက်ရှိ၏၊ စောကလျာ၏ အကြောင်းများသည် သူ၏ မျက်စိ ထဲတွင် တရေးရေ ပေါ်လာတော့၏။
ကျယ်ပြန့်သော အနက်ရောင် မာစီဒီးကားကြီးကို ယခုလောလော “ဆယ် စီးနင်းလိုက်ပါနေရသော်လည်း သူ၏ စိတ်မှာ စောကလျာ မောင်းသော ဖိယက်ဖြူကလေးပေါ်တွင် မိမိချစ်သူ၏ နံဘေးတွင် ထိုင်၍ လိုက် နေရသည်ဟု စိတ်ကူးယဉ်နေမိ၏။ ယခုရက်အတွင်း သူသည် စောကလျာ နှင့် အတူ မိမိတို့ဘဝကိုအတူ လက်တွဲ၍ လျှောက်ရတော့မည် မဟုတ် ပါလော။
ကားကြီးသည် ညီညာသော ကတ္တရာစေးလမ်းပေါ်မှ လေနဲ့ ကွင်းအတွင်းသို့ ချိုးဝင်လိုက်ရာကား ဆောင့်လိုက်သောအခါမှ ဖျတ်ခနဲ လန့်၍ သာလုံးများကို ဖွင့်ကြည့်လိုက်မိ၏၊ တစ်ချိန်တည်းမှာပင်
“ဆရာ့လက်သံဟာ ဒီကနေ့ သိပ်ကောင်းတာပဲ ဆရာ”
"ဘာကွယ့် ....... ငါတီးနေတုန်းက အခန်းထဲမှာ မင်းရှိနေ သလား” . .
“မရှိတော့ မရှိပါဘူး၊ နို့ပေမယ့် ကျွန်တော်ကားပေါ်မှာ” ဒရိုင်ဘာ သည် ကားပေါ်မှ ရေဒီယိုကို လှမ်းကြည့်လိုက်ပြီးနောက်
"ကားပေါ်က ကျွန်တော်ကြားရတာပါ ဆရာ”
“သော် ........ ဟုတ်လား”
ကားကြီးသည် ချမ်းမြသာစည်လေဆိပ်သို့ တဖြည်းဖြည်း နီးကပ် • လာလေပြီ။ -
ကိုခင်မောင်လတ်သည် မော်တော်ကား နောက်မှီတွင် မှီကာမျက်စိ များကို ခပ်မှေးမှေးထားလိုက်၏၊ တစ်မိနစ်မျှသော အချိန်ကလေးအတွင်း သူ့စိတ်သည် ကားပေးနေသော မိုင်နှုန်းထက် အဆပေါင်း သိန်းသန်းမက ပြေးသွားလျက်ရှိ၏၊ စောကလျာ၏ အကြောင်းများသည် သူ၏ မျက်စိ ထဲတွင် တရေးရေ ပေါ်လာတော့၏။
ကျယ်ပြန့်သော အနက်ရောင် မာစီဒီးကားကြီးကို ယခုလောလော “ဆယ် စီးနင်းလိုက်ပါနေရသော်လည်း သူ၏ စိတ်မှာ စောကလျာ မောင်းသော ဖိယက်ဖြူကလေးပေါ်တွင် မိမိချစ်သူ၏ နံဘေးတွင် ထိုင်၍ လိုက် နေရသည်ဟု စိတ်ကူးယဉ်နေမိ၏။ ယခုရက်အတွင်း သူသည် စောကလျာ နှင့် အတူ မိမိတို့ဘဝကိုအတူ လက်တွဲ၍ လျှောက်ရတော့မည် မဟုတ် ပါလော။
ကားကြီးသည် ညီညာသော ကတ္တရာစေးလမ်းပေါ်မှ လေနဲ့ ကွင်းအတွင်းသို့ ချိုးဝင်လိုက်ရာကား ဆောင့်လိုက်သောအခါမှ ဖျတ်ခနဲ လန့်၍ သာလုံးများကို ဖွင့်ကြည့်လိုက်မိ၏၊ တစ်ချိန်တည်းမှာပင်
“ရောက်ပြီဆရာ"ဟု ဒရိုင်ဘာ၏ အသံကို ကြားသောကြောင့် ပတ်ဝန်း ကျင်ကို ကြည့်ရှုလိုက်မိ၏ ။ "
ထိုနောက် ကိုခင်မောင်လတ်က ဒရိုင်ဘာအား ...
“ကျေးဇူးတင်ပါတယ်ဗျာ ခင်ဗျားဆရာကိုလည်း ပြောလိုက်ပါ။ ကျွန်တော်က နှုတ်ဆက်သွားတယ်လို့ ကဲ ... နောက်နှစ်ပြန်တွေ့ကြ သေးတာပေါ့”ဟု ပြောပြောဆိုဆိုနှင့်ပင် ကိုခင်မောင်လတ်သည် လက်ဆွဲ အိတ်ကို ဆွဲကာ ကားပေါ်မှ ဆင်းပြီး နောက်လေယာဉ်ရုံးခန်းအတွင်းသို့ ဝင်သွားလေသည်။
*** *,
“အစောမပါဘူးလား၊ ဟေ့ ... မောင်မြ"
ကိုခင်မောင်လတ်သည် မင်္ဂလာဒုံ လေဆိပ်သို့ ကားနှင့်လာသော သူ၏ တပည့်မောင်မြအား မလှမ်းမကမ်းမှ လှမ်း၍ မေးလိုက်၏။
“ဟုတ်ကဲ့ဆရာ ... ဆေးကျောင်းက ဟောပြောပွဲကို သွား လို့၊ ပါမလာဘူး ဆရာရေ့၊ မနေ့ကမှ နိုင်ငံခြားက ရောက်လာတဲ့ဆရာ ဝန်ကြီး ဟောပြောမယ်ဆိုထင်ပါရဲ့ ဒီဟောပြောပွဲကို မတက်ရင် မဖြစ်ဘူးလို့ ပြောပါတယ်"
“ဪ ... ဟုတ်လား”
“ဟုတ်တယ် ဆရာ အစကတော့ လိုက်ဖို့ သေသေချာချာ စီစဉ် ထားတာပဲ၊ နို့ပေမယ့် ဖြန်းခန် လာဖိတ်တော့ မလိုက်ရင်မကောင်းဘူး ဆိုပြီး လိုက်သွားတာပဲ ဆရာ၊ အဲဒီဆရာဝန်ကြီးကိုယ်တိုင် တယ်လီဖုန်း နဲ့လည်း ဆက်ပြီးခေါ်လို့ မသွားမကောင်းဘူးဆိုပြီး သွားတာပါပဲ”
“အေး ... အေး ....... ဒီလိုဆိုလည်း ပြီးပေါ့ကွာ "
ကဲလာ သွားကြမယ်"
မောင်မြက ကိုခင်မောင်လတ်၏ လက်ဆွဲအိတ်ကလေးကို လှမ်း ယူပြီးလျှင် - အဖြူရောင် ဖိယက်ကားကလေးရှိရာသို့ နှစ်ယောက်သား လျှောက်သွားကြလေသည်။
မိုးဖွဲကလေးများ တဖြည်းဖြည်းလျော့ကျလာ၏၊ လေယာဉ်ကွင်း ၏ တောင်ဘက်မှ မိုးသားများညိုမှိုင်းအုံ့ဆိုင်း၍လာရာ လေယာဉ်ကွင်းသူတို့ကားကလေး ထွက်လာသည်အချိန်တွင် မိုးမှာ အတော်ကလေး ပင်သ၍ လာလေပြီ။ ။
အချိန်မှာ ညနေစောင်းဖြစ်၍ တစ်ခဏမျှ မောင်းမိသောအခါ ပိုးများ အတော်ပင်သည်းထန်လာသဖြင့် ပတ်ဝန်းကျင်မှာ တဖြည်းဖြည်းမှောင်၍ လာတော့၏၊ မောင်မြသည်ကား မီးကိုဖွင့်၍ ခပ်မှန်မှန် မောင်း လျက်ရှိလေသည်။
"မောင်းလေကွယ် ဘာပြုလို့ အရှိန်ကို လျှော့ရတာလဲ” “အတော်သည်းလာတယ်ဆရာ ကျွန်တော်တို့ ရပ်ဦးမှ ထင်တယ်" *မောင်းသာမောင်းပါကွာ ကိစ္စမရှိပါဘူး”
“သစ်ပင်တစ်ပင်အောက်မှာကား ရပ်ပြီး မိုးစဲမှ ဆက်သွား ရရင် မကောင်းဘူးလားဆရာ"
“ဘာဖြစ်လို့လည်းကွယ့် ဒီလောက်မိုးကလေးများ မင်းကကြောက် နေရသေးသလား၊ ပေးလေ ငါမောင်းမယ် ငါ့လက်က စန္ဒရားတီးပေမယ့် ကားမောင်းနိုင်ပါတယ်ကွ"
“ကိစ္စမရှိပါဘူး ဆရာ ကျွန်တော်ပဲ မောင်းပါမယ့် ဆရာက သိပ်အရင်လိုတာပဲ”
“ဒီလိုကွယ် အချိန်မီရင် အစောတို့ရဲ့ ဟောပြောပွဲကို ငါလိုက် သွားချင်တယ် သူနဲ့လည်း ငါတွေ့ပြီး မနက်ဖြန်အတွက် အရေးကြီးတဲ့ကိစ္စကလေးတွေပြောချင်သေးတယ် က် ......... မောင်းသာမောင်းပါကွာ ကိစ္စမရှိပါဘူး၊ အရှိန်တော့ သိပ်မလျှော့နဲ့ဟု နို့မှ ဟောပြောပွဲမီမယ်"
ကားကလေးသည် မိုးရေထဲမှ လျင်မြန်သော အဟုန်ဖြင့် ဝုန်းခနဲ " ဆောင့်ထွက်သွား၏၊ မောင်မြမှာ မိမိဆရာကို ကြောက်သဖြင့်သာ ခပ် မြန်မြန် မောင်းရသော်လည်း ရင်ထဲ၌မူ လမ်းချော်မည်ကို စိုးရိမ်၍ တ ထိတ်ထိတ် ဖြစ်နေ၏။ စော်ဘွားကြီးကုန်းအလွန် ကိုးလောင်းကွေ့အရောက် တွင် ရန်ကုန်ဘက်မှ အရှိန်ဖြင့် မောင်းလာသော ကုန်တင်လော်ရီကား ကြီးတစ်စီးကို ရှောင်လိုက်ရ၏။
ထိုနေရာမှ လမ်းမှာ အတန်ငယ် ကျဉ်းသဖြင့် ဘေးတစ်ဖက်တစ် နက်၌ လည်းခြောက်လက်မခန့်မြေနိမ့်သဖြင့် ကိုမင်မောင်လတ်၏ ဖိယက် ကားကလေးမှ ဘီးနှစ်ဘီးစလုံး လက်ယာဘက်လမ်းပေါ်သို့ ကျသွား ကာ တစ်ခါတည်း တိမ်းမှောက်သွားလေသည်၊ ကံဆိုးသည်မှာကား ကား မှောက်သွားလျှင် သွားခြင်း ဓာတ်ဆီတိုင်ကီမှ မီးခိုးများထွက်၍ မီးများ တောက်လောင်လာတော့၏။
ကိုခင်မောင်လတ်သည် သူ၏ မျက်နှာကို ရှေ့ပိုင်းမှ လောင်လာ သော မီးတောက်များမှ ကာကွယ်ရန် လက်ဝါးနှစ်ဖက်ဖြင့် အုပ်လိုက်၏။ ထို့ကြောင့်လည်း မော်တော်ကားမှ လွင့်စင်လာသော မှန်ကွဲများနှင့် ကား အတွင်း၌ ကျိုးပဲ့လွင့်စင်သွားသည့် သံကျိုသံပဲ့များသည် သူ၏ မျက်နှာ ကို မထိဘဲ လက်ကိုသာလာ၍ ထိကြ၏၊ သို့ရှိစဉ် သူသည် ရှေ့သို့ အားလွန်သွားကာ ရှေ့ထိုင်ခုံ၏ နောက်မှီနှင့် သူ၏ မျက်နှာကို ဆောင့် ပြီးလျှင် သတိလစ်သွားတော့၏။
သတိပြန်ရလာသည့်အချိန်တွင် သူ၏ လက်နှစ်ဖက်မှာ မီးလောင် နေသော မော်တော်ကား ထိုင်ခုံ၏ အောက်တွင် နှစ်ဖက်စလုံးမှကြောင်း သိလိုက်ရ၏၊ ဦးခေါင်းမှလည်း သွေးများ စီးကျနေသည်ကိုသတိပြုမိ၏၊ ညပ်နေသော လက်နှစ်ဖက်မှ အလွန်နာကျင်သော လေ ကို ခံစားနေရ၏၊ ဒရိုင်ဘာ မောင်မြမှာ ကံကောင်းထောက်မသ လက်မောင်းနှစ်ဖက်တွင် အနည်းငယ် ပွန်းပဲ့သွားသည်မှတစ်ပါး ဒဏ် ၊ ဟူ၍ ပြင်းပြင်းထန်ထန် မရချေ။
လော်ရီကားပေါ်မှ လူများနှင့်နောက်ရောက်လာသော ကားတစ် မှ လူများစုရုံးရောက်လာပြီးလျှင် လက်ညပ်နေသော ခင်မောင်လတ် အတော်ပင်ကြိုးစား၍ ကားထဲမှ ဆွဲထုတ်ကြရ၏၊ ကိုခင်မောင်လတ်) သတိမရတစ်ချက်တစ်ချက် ရှိနေရာ သတိလစ်နေချိန်တွင် အိပ်မက်မက် သကဲ့သို့ စောကလျာကို သတိရလျက် သတိရသည့်အချိန်၌မူ မိမိကာ မှောက်သည့် အဖြစ်အပျက်ကို သတိရနေမိသည်။ နောက်ဆုံးတွင် မော မြက သူ၏ လက်နှစ်ဖက်ကို အသာအယာဆုပ်ကိုင်၍ အခြားသူများ မိမိအား တစ်နေရာသို့ ပွေ့ချီသွားသည်ကို သိလိုက်၏၊
သူနားထဲတွင်လည်း “မြန်မြန်လုပ်ကြ၅ ... မြန်မြန် မီးက သိပ်ပြင်းနေတယ် တော်တော်ကြာ ထပေါက်မှာ စိုးရတယ်” ဟု လူအုပ် ကြီးထဲမှ လူတစ်ယောက်၏ အသံကို ကြားလိုက်ရ၏။ ဖိယက်ကားကလေး မှာ တစ်စင်းလုံး လောင်လျက် ရှိနေ၏။
ကိုခင်မောင်လတ်မှာ သူ၏ လက်ဖျားကလေးမှ ဝေဒနာကို ပြင်း ထန်စွာ ခံစားနေရ၏၊ မောင်မြမှာလည်း လက်မောင်းဒဏ်ရာမှ သွေးများ ထွက်လျက်ရှိ၏၊ ထိုအချိန်တွင် မီးသတ်ကားတစ်စီးနှင့် အနီးအနားရှိ ရပ်ကွက်မှ လူများထပ်ရောက်လာ၍ မီးကို ဝိုင်းဝန်း သတ်ကြရာ ထိုအခါ မှ မီးများငြိမ်းသွားလေသည်။ "
မကြာမီပင် ထိုနေရာသို့ ကားကလေး တစ်စီးရောက်လာ၍ လှပစွာ ဝတ်စားထားသော အမျိုးသမီးတစ်ယောက်သည်ကားပေါ်မှ ခုန်ဆင်းကာ ကိုခင်မောင်လတ်ဆီသို့ အပြေးအလွှား သွားရောက်လေသည်။ အမျိုးသမီးမှာ အခြားသူမဟုတ် စောကလျာပင် ဖြစ်လေသည်။ စောကလျာ၏ မျက်နှာမှာ ထိတ်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ စိုးရိမ်ခြင်းတို့ဖြင့် တစ်ကိုယ် လုံး တုန်လှုပ်လျက် ရှိရှာလေသည်။
“အစော ...... ... ..... စော ။ "
ကိုခင်မောင်လတ်သည် စောကလျာ၏ နာမည်ကို အသံကုန်ဟစ် ၍ အော်ခေါ်လိုက်၏ သို့သော် အသံမထွက်ချေ၊ သူသည်အပြင်းအထန် စိတ်လှုပ်ရှားမှုကြောင့် မည်သည့်အသံမျှ ထွက်၍ မလာခြင်းဖြစ်၏။ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခု ချွတ်ယွင်းနေကြောင်းသိလိုက်၍ သူ၏ လက်ချောင်းကလေးများကို လှုပ်ရှားကြည့်မိ၏။
သူ၏အနီးသို့ ရောက်လာသော စောကလျာ၏ အလန့်တကြား အော်ဟစ်လိုက်သော အသံကြောင့် ဖျတ်ခနဲ လန့်သွား၏၊ စိတ်ထဲတွင် လက်ချောင်းကလေးများကို လှုပ်ရှား၍ ရသည်ဟု ထင်မိသော်လည်း ရုပ်ပိုင်းဆိုင်ရာလက်တွေ့၌မူ လှုပ်ရှား၍ မရချေ။ တစ်ကြိမ်ထပ်မံကြိုးစား သော်လည်း အနည်းမျှ မရွေ့လျားချေ။ “ဖြစ်ရလေ မောင်ရယ် ဖြစ်ရလေ”
စောကလျာသည် ကိုခင်မောင်လတ်၏ မျက်နှာကို ပါးပြင်ကလေး ဖြင့် ပွတ်သပ်ကာ အသံမထွက်တော့ဘဲ ရှိုက်ကြီးတငင်ငိုကြွေးလျက်ရှိ ရှာ၏၊ မောင်မြမှာလည်း မိမိဒဏ်ရာကိုမျှ သတိမရနိုင်ဘဲ ကိုခင်မောင် လတ်၏ နံဘေးတွင် ဒူးထောက်ချကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်၍ နေရှာ၏။
မကြာမီလူနာတင်ကားတစ်စီး ရောက်လာရာ အနီးရှိလူကြီးသုံး ယောက်နှင့်မောင်မြကပါ ပွေ့ချီပြီးလျှင် ကိုခင်မောင်လတ်အား လူနာတော် ကားပေါ်သို့ ညင်သာစွာ တင်ပေးကြ၏၊ ကားပေါ်သို့ ရောက်ခါ လူတစ်ယောက်က မိမိ၏ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်သို့ အသာအယာယှက်၍တင်ပေးလိုက်သည်ကို သတိပြုလိုက်မိ၏၊ လက်နှစ်ဖက်စလုံး မှ လက်ချောင်းကလေးများအားလုံးလိုလိုပင် ကြေမွလျက်ရှိနေ၏။ , စောကလျာသည် မိမိစီးလာသော ကားကလေးကို နောက်မှ လိုက်စေ၍ သူကိုယ်တိုင် လူနာတင်ကားပေါ်သို့တက်ကာ ကိုခင်မောင် လတ်၏ကိုယ်အထက်ပိုင်းကို မနိုင့်တနိုင် ပွေ့ချီထားမိ၏။
“အစော"
“မောင်ကံကောင်း ထောက်မလို့ အသက်မသေတာ တော်ပါ သေးတယ် မောင်ရယ်” ။
စောကလျာသည် ကိုခင်မောင်လတ်၏ ပါးနှစ်ဖက်ကို တယုတယ နမ်းလိုက်၏၊ ထိုအနမ်းသည်ပင် သူ့အား ထူးခြားသော အင်အားသစ် တစ်မျိုးကို ဖြစ်စေ၏။ ။
“ကဲ .......... ခပ်မြန်မြန်ကလေး မောင်းကြပါရှင့် ....."
ဟု စောကလျာက လူနာတင်ကား မောင်းသူအား လှမ်း၍ ပြောလိုက်၏။
ကိုခင်မောင်လတ်က “အစော”ဟု နောက်တစ်ကြိမ်ခေါ်လိုက် ၊ ပြန်၏။
"မောင် ..... အစော မောင့်အနားမှာ ရှိတယ်လေ၊ အစော မောင့်ကို ပွေ့ထားတယ် ငြိမ်ငြိမ်ကလေးနေနော် အခုပဲ ဆေးရုံရောက် တော့မယ်"
“အလယ် ..... လယ် ... လယ် ... လယ် ... လက်တွေ့ က သိပ်နာတာပဲ အစောရယ် ........... ကျွတ်.. ကျွတ် ....."
“အားတင်းထားမှပေါ့ မောင်ရယ် ခဏပါ၊ ဆေးထည့်ပြီးရင် ချက်ချင်းပျောက်သွားမှာပေါ့ စိတ်မစမ်းပါနဲ့”
လူနာတင်ကားကြီးသည် ခပ်မှန်မှန်မောင်းလျက်ရှိရာ စောကလျာ ၏ အားပေးစကားများသည် ကိုခင်မောင်လတ်၏ နားထဲတွင် ပဲ့တင်ထပ်မျှ ရိုက်ခတ်လျက်ရှိလေသည်။
မိုးသည် အတန်ငယ်စဲသွားသော်လည်း မတိတ်သေးချေ၊ စော - ကလျာ၏ စကားများကို သူပြန်၍ ပြောရန်အားယူသော်လည်း လည်ချောင်းမှာ ကွဲအက်တစ်ဆို့နေသဖြင့် အသံမထွက်ချေ၊ ဦးခေါင်းကိုသာ အနိုင်နိုင်အားယူ၍ ပိတ်လိုက်ရသည်။
"မောင့်လက်တွေကို ကြည့်စမ်းပါဦး အချစ်ရယ်” ဟူသော အဓိပ္ပာယ်ဖြင့် သူသည် စောကလျာအား မျက်လုံးများဖြင့် အရိပ်ပြလိုက် သဖြင့် ကိုခင်မောင်လတ်၏ လက်များကို လှမ်း၍ ကြည့်လိုက်၏၊ စောကလျာမှာ မျက်လုံးများပြူး၍ သွားကာ လန့်၍ မအော်မိစေရန် ၊ ပါးစပ်ကလေးကိုပင် လက်ဖြင့် ပိတ်လိုက်မိ၏။
“ဖြစ်မှ ဖြစ်ရလေ မောင်ရယ် ဒါလောက်တောင် ဘယ်လိုများ ဖြစ်ရပါလိမ့် မောင့်လက်ချောင်းကလေးတွေ” ၊
ရှေ့သို့ စကားမထွက်နိုင်မီ လူနာတင်ကားသည် ရုတ်တရက်ဆောင့်၍ ရပ်သွားသဖြင့် ကိုခင်မောင်လတ်သည် “အမယ် ..... အမယ်" ဟုညည်းညူလိုက်၏။ လက်နှစ်ဖက်စလုံး၏ လက်ဆစ်များဆီမှ ပြင်း ထန်သော ဝေဒနာကို ခံစားလိုက်ရ၏။ စောကလျာမှာ ယူကျုံးမရ ဖြစ် လျက်ရှိရာမှကား မောင်းသူအား “ဘာဖြစ်လို့ ရပ်ရပါသလဲရှင်”ဟု မေးရာ ဒရိုင်ဘာက “ကျွန်တော်ဆင်းပြီး ကြည့်လိုက်ပါဦးမယ်ခင်ဗျာ”ဟု ရိုသေစွာ ပြန်ပြောလေသည်။
ကား၏နံဘေး၌ကား တစ်ယောက်တစ်ခွန်း ပြောဆို ငြင်းခုံ - နေသော အသံများကို ကိုခင်မောင်လတ် ကြားနေရ၏၊ အသံတစ်သံမှာ ကား မောင်းသူ၏ အသံဖြစ်၍ အခြားအသံများမှာ လူနှစ်ယောက် ယောက်၏ အသံများဖြစ်လေသည်။
(ဒရိုင်ဘာ၏အသံ) “ကျွန်တော်ကားမှာ မီးလောင်ခံတဲ့ ဒဏ်ရာ