Skip to product information
1 of 3

Other Websites

ဒဂုန်ရွှေမျှား - စကားပြောသောလက်နှိပ်စက်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out


အနောက်နိုင်ငံဝတ္ထုရေးဆရာကြီးများသည်နန်းတွင်းရေး အချစ်ဇတ်လမ်းများနှင့်ပတ်သက်၍ မိမိစိတ်ကူးဉာဏ်သက်သက်ဖြင့်သော်လည်းကောင်း၊ တစ်စုံတစ်ခုသောအကြောင်းကို နောက်ခံထား၍သော်လည်းကောင်အမျိုး မျိုး အဖုံ ဖုံ ရေး သောကြ၏။ သို့သော်ဝတ္ထုမှာဝတ္ထုမည်ကာမတ္တမျှပင်ဖြစ်၍ဇတ်ရှုရာတွင် အရသာတွေ့မည်မှန်သော်လည်း၊ တကယ်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တစ်ခု နှင့်နှိုင်းစာလျှင်တကယ့်အဖြစ်အပျက်ကိုဖတ်ရသည်ကပို၍အရသာတွေ့ကောင်း တွေ့ပေမည်။အဘယ်ကြောင့်ဆိုသော်တကယ်ဖြစ်ပျက်ခဲ့သောအတ္ထုပ္ပတ္တိတို့မှာ တစ်ခါတစ်ရံစိတ်ကူးဖြင့်ရေးထားသောဝတ္ထုများထက်ပင် ဇာတ်လမ်းဇာတ်ကွက် ကောင်းသောကြောင့်ပေတည်း။

အောက်တွင်ရေးသား ဖော်ပြမည့်အဖြစ်အပျက်မှာဩစတြေးလျပြည်တွင်ကား(လ်)” ဘုရင်ကြီးအုပ်စိုးစဉ်ကဖြစ်ပျက်ခဲ့သောအကြောင်းအရာများဖြစ်ရာ အဖြစ်အပျက်မှန်ကို မည်သူတစ်ဦးတစ်ယောက်မျှ မသိပဲ၊ နှစ်ပေါင်းများစွာ ကြာရှိခဲ့လေသည်။ထိုအဖြစ်အပျက်မှန်ကိုသိရှိသူမှာမိဖုရားနှင့် အလွန်ချစ်ခင်ရင်းနှီးသည့် အပျိုတော်ကြီးတစ်ဦးဖြစ်၍ ဖြစ်ပျက်ပြီးနောက် နှစ်ပေါင်၄၀ကြားသော အခါမှ ဟုတ်မှန်သည့်အတိုင်းအောက်ပါအတ္ထုပ္ပတ္တိကိုထုတ်ဖော်ပြောခဲ့၏။ထိုအခါ အရှုပ်အထွေးဝတ္ထုဇာတ်လမ်းများကို စုဆောင်းရေးသားသူ ကမ္ဘာကျော်စာရေး ဆရာကြီး"ဝီလျံလီကိုး(Willian Le Quetes)က ထိုမိန်းမကြီးထံမှတစ်ဆင့် အဖြစ်အပျက်မှန်များကို တစ်စတစ်စ စုဆောင်းခဲ့ပြီးနောက် အလိုက်သင့် သီကုံး ကာကမ္ဘာကို ဖောက်သည်ရခဲ့လေသည် ။

ဇာတ်လမ်းအဖြစ်အပျက်ကားအောက်ပါအတိုင်းဖြစ်ပေသည်။

ကား(လ်)ဘုရင်ကြီးမှာ နန်းတွင်းမိဖုရားအပျိုတော်များသာမက တိတ်တိတ်ပုန်းအပျော်မိဖုရားများလည်းထားရှိသူဖြစ်၍သားသမီးမြောက်များစွာ ရှိသူဖြစ်၏။ သားသမီးများအနက် “ဒေါ့ဖရန်စစ်ချာလ(စ)ဂျိုးဇက်” (Rudolf fancis Charies Joseph) မှာ ထီးနန်းအမွေအနှစ်ကို ဆက်ခံမည့် အိပ်ရှေ့ ဥပရာဇာပင်ဖြစ်လေသည်။ အတိုကောက်အားဖြင့် သူ့အား ရှုဒေါ့မင်းသာ ဟုခေါ်ဝေါ်ကြ၏။

မင်းသားမှာအရပ်အမောင်းမြင့်မားလျက်တင့်တယ်ခန့်ငြားသော ရုပ်ဆင်းအင်္ဂါကြန်အင်လက္ခဏာနှင့် ပြည့်စုံပြီးလျှင် နောင်ဩစတြေးလပြည်ရှင် ဘုရင်ဖြစ်မည့်သူလည်းဖြစ်ပြန်ရကား သွားလေရာအရပ်တွင် မျက်နှာပွင့်လန်း လျှက်နေရာတကာတွင် အချစ်ပန်း အရက်စက်ကလေးတို့ဖြင့် ဝိုင်းရံလျက်ရှိ၏။ သို့နှင့်လန်ဒန်မြို့ ပါရစ်ပြီး ဘာလင်မြို့များတွင် မိန်းမချော မိန်းမလှများနှင့် ရောနှော ရှပ်ဖွေကာ ရှိနေတတ်၏။ သို့သော် သူ၏ မြို့တော်ဖြစ်သော “ဗီအာနာ" မြို့၌မူ ခမည်းတော်နှင့် မယ်တော်များက အချစ်ကိစ္စနှင့်ပတ် သက်၍ ကျပ်တည်းစွာ ပညတ်ထားသဖြင့် "ဗီအာနာ” မြို့ကို တတ်နိုင်သမျှ ရှောင်ရှားခဲ့လေသည်။

အသက် ၂၀ အရွယ်တွင် ဤကိစ္စများနှင့်ပက်သက်၍သူ၏ခမည်းတော် နှင့်မယ်တော်ကိုကလန်ကဆန်လုပ်ခဲ့၏။ ခမည်းတော်နှင့် မယ်တော်တို့ကိုယ်တိုင် လည်း လျှို့ဝှက်သောအချစ်ကိစ္စများနှင့် ပတ်သက်သည့်နေရာတွင် များစွာကျပ် တည်းခြင်းမရှိပဲလျော့လျော့ရဲရဲရှိနေကြလေသည်။ သို့သော်ထိုကိစ္စများမှာသူတို့ ကွယ်လွန်ပြီးနောက်မှ ပေါ်ပေါက်လာလေသည်။

တစ်နေ့တွင် ရှုဒေါ့သည် မယ်တော်အား ဤကိစ္စများနှင့်ပတ်သက်၍ အတိုက်အခံ‌ပြောရာမယ်တော်သည် သူ့အား ဗီအာနာမြို့ ဟုဖတ်နန်းတော်ဆောင် မှနောင်သူ့ရှေ့သို့မလာရန်တစ်ခါတည်းနှင်ထုတ်ပစ်လိုက်၏။

 နောက် ၁၀ရက်ခန့်ကြာသောအခါ ခမည်းတော်ဘုရင်ကြီး၏ အမည် ဖြင့် လက်မှတ်များကိုလိမ်၍ထိုးပြီးလျှင် ငွေအမြောက်အများသုံးစွဲပစ်ပြန်၏။ ထိုအခါဘုရင်ကြီးသည် ရှုဒေါ့အား သူ၏ ရှေ့တော်သို့ခေါ်ပြီးလျှင်" ရူဒေါ့၊သင်သည် ကျွန်ုပ်၏သား အိပ်မရှေ့စံမင်းသားတစ်ပါးပင်ဖြစ်လင့်ကစား ဤကဲ့သို့မိုက်မဲသော အမှုများကိုပြုသဖြင့် နောင်သင်၏မျက်နှာကိုကျွန်ုပ်မကြည့်လို၊ကျွန်ုပ်ရှေ့တော်သို့ မည်သည့်အခါမျှ မလာရောက်တော့နှင့်"ဟု တောက်တောက် ခါးခါး ပြောဆိုကာ ရှေ့တော်မှနှင်ထုတ်လိုက်ပြန်လေ၏။

သို့သော် ဘုရင်နှင့်မိဖုရားကား သားတော်ကို တာရှည်စွာပစ်၍မထား နိုင်ရချ။ အရွယ်ရောက်၍လာသောမင်းသားအား သင့်လျော်သောမင်းသမီးတစ်ပါး နှင့် နေရာချထား လက်ထပ်ထိမ်းမြားမှသာ သင့်လျော်ချေမည်ဟု သဘောရ သည့်အတိုင်း ဘယ်လ်ဂျီယံပြည်ရှင် ဒုတိယမြောက်လီယိုဘုရင်၏သမီးတော် အသက် ၂၇နှစ်သာရှိသေးသော”စတီဖိန် " မင်းသမီးကလေးကို ရွေးချယ်ကြ ကုန်၏။

 စတီဖိန်မင်းသမီးကလေးသည်လည်ပင်းရှည်၍အတန်ငယ်အရုပ်ဆိုး သူဖြစ်ရကားရှုသည်မင်းသမီးအပေါ်တွင် စိုးစဉ်းမျှ မေတ္တာသက်ဝင်ခြင်းမရှိချေ။ လက်မထပ်မီ လီယိုပိုဘုရင်နှင့်တကွ အကြာမှူးကြီးမတ်ကြီး မင်းညီမင်းသားများ အစုံအညီတက်ရောက်သည့်လက်တင်မြို့ညစာစားပွဲတွင် မိန်းမများချောပုံလှပုံများ နှင့်ပတ်သက်၍ ရယ်စရာမောစရာပြောကြ သောစကားပွဲတွင် ရူးဒေါ့က မိမိသည် " မိန်းမများထဲတွင် လည်တန်ရှည်သော မိန်းမများကို အလွန်မုန်းတီးကြောင်းဖြင့် ပြောပြရာ ပရိသတ်များမှာလွန်စွာအံ့အားသင့်လျက်ရှိကြဒလသည်။

‌ယောက္ခ လီယိုပိုဘုရင်နှင့်တကွ ခမည်တော်မယ်တော်များဖြစ်ကြ သောဩစတြေးလျဘုရင်ကြီးနှင့်မိဖုရားပါ ဤအကြောင်းများကို သိ၏၊ ရှုဒေါ့ ကလည်း ထိုကျော့ကွင်းမှလွတ်အောင် တတ်နိုင်သမျှ ရုန်းထွက်ခဲ့၏။ သို့သော် ကံကြမ္မာတို့မည်သည် မရှောင်လွှဲနိုင်သည့်အတိုင်း ဘယ်လ်ဂျီယံဘုရင်၏ သမီးတော် စတီဒိန်အား အနည်းငယ်မျှ မချစ် စတီဖိန်ကလည်း ရူဒါ့အပေါ်တွင် ထိုနည်းအတူ အချစ်စိတ်အနည်းငယ်မျှမရှိပဲ ၁၈၈၁ ခုနှစ်၊ မေလ ၁၀ရက်နေ့၌ မင်္ဂလာအခါတော်ရွေးချယ်ပြီးလျှင် တိုင်းသူပြည်သားများနှင့်တကွမှူးကြီးမတ်ရာ သေနာပတိများရှေ့တွင် ကြီးကျယ်ခမ်းနားစွာ စုလျားရစ်ပတ်လက်ထပ်သဘင်ဆင်ယင်ကျင်းပလိုက်လေသည်။

သို့နှင့် နောက်တစ်နေ့ ၁၈၈၁ခု၊ မလ၁၀ရက်နေ့ထုတ်သတင်းစာများ တွင်ရှုဒေါ့ မင်းသားနှင့်စတီဖိန်မင်းသမီးကလေးတို့မှာနေနှင့်လကဲ့သို့ လွန်စွာလိုက် လျောကြောင်း၊ မင်းသားကလေးသည် မင်းသမီးကလေးကို ယုယစွာချစ်မြတ်နိုး လျက်၊ မင်းဆမီးကလေးကလည်း မင်းသားအပေါ်တွင် လွန်စွာချစ်ခင်စုံမက်ကြောင်း၊ မင်းသားမင်းသမီးဓာတ်ပုံများကိုပူးတွဲကာမြှောက်ပင့်ရေးသားကြကုန်။ သို့သော် အတွင်းသိ နန်းတွင်းသူ နန်းတွင်းသားများနှင့်တကွ မှူးကြီးမတ်ကြီး၊ အချို့တို့ကမူထိုမြှောက်ပင့်ရေးသားချက်များကို ရယ်မောကြလေသကြီး။

ဤသို့ဖြင့် အချိန်သည်တဖြည်းဖြည်း ကုန်လွန်ခဲ့ရာ ရှုဒေါ့မင်းသား လက်ထပ်ခဲ့သည်မှာ၇နှစ်ကျော်၊ ၈နစ်မျှပင်ကြောရှိခဲ့လေပြီ။

“ကား” ဘုရင်ကြီးသည် မိဖုရားတစ်ပါးသာမက နန်းတွင်းအပျိုတော် ကိုယ်လုပ်မောင်မများနှင့်လည်းကောင်း၊ အမတ်ကတော်များနှင့်လည်းကောင်း၊ တစ်ခါတစ်ရံဂုဏ်သရရှိသူဌေးသူကြွယ်ကတော်များနှင့်လည်ကောင်း ရှုပ်ထွေး လက်ရှိခဲ့၏။ မိဖုရားကြီးကလည်း ဘုရင်ကြီးအပါတွင်မေတ္တာမမျှလှပဲအခါအခွင့် ရတိုင်း တိုင်းပြည်မှထွက်ကာမိမိအလိုဆန္ဒအတိုင်းအပျော်အပါး လိုက်စားလေ့ရှိ၏။

ဤကြောင်းများကိုအတွင်းသိ သိသူမှာ ယခုအတ္ထုပ္ပတ္တိကိုဖော်သူ မြို့စား ကတော် ကောင့်တက်လာရစ်(ရှ) (Counticss Larisch) ဖြစ်၍ထိုအခါက မြို့စား ကတော်အဖြစ်သို့ မရောက်သေးပဲအပျိုဘဝနှင့်နေပြီးလျှင် အသက်၂၈နှစ်မျှသာရှိသေးရာမိဖုရာကြီးအနီး၌လူယုံတော်အပျိုတော်ကြီးအဖြစ်ဖြင့် အမြဲခစားခဲ့ ရသူဖြစ်လေသည်။

မြို့စားကတော်မှာ မိဖုရားကြီးနှင့် တူမတော်စပ်၍အရွယ်ရောက်လာ သည်နှင့်တစ်ပြိုင်နက် မိဖုရားကြီးထံ အပျိုတော်အဖြစ်ခစားခဲ့ရ၏။ နန်းတော်သို့ ရောက်သောအခါ သူသည်မောင်တစ်ဝမ်းကွဲတော်စပ်သူရှုဒေါ့ မင်းသားကိုတွေ့ရ ရာ၊ ရှုဒေါ့ကပင် သူ့အား ချစ်ကြိုက်သလိုပြု မှု လိုက်သေး၏။ သို့သော် မြို့စား ကတော်သည် မိမိနှင့်မောင်တစ်ဝမ်းကွဲတော်သော ရှုဒေါ့အား ချစ်ခင်သော မျက်လုံးနှင့်ပင်မကြည့်ဖူးခဲ့ချေ။

ထို့နောက်မှရှုဒေါ့သည် ခမည်တော်နှင့်မယ်တော်တို့သဘောအတိုင်း စတီဖိန်မင်းသမီးကိုလက်ထပ်ခဲ့လိုက်ခြင်းဖြစ်လေသည်။

သူ၏နာမည်ရင်းမှာမာရီဖြစ်၍ နောင်အခါ ကောင့်ဘွဲ့ခံ မြို့စားကြီး လာရစ်(ရှ)ကိုလက်ထပ်ခဲ့ရာ “ကောင့်တက် -လာရစ်(ရှေ့)" ဖြစ်လာ၍အသက် အတိုင်းနေခဲ့ပြီးနောက် အသက် ၆၀ကျော်ရှိလာသောအခါမှ ဤလျှို့ဝှက်သော နန်းတွင်းရေးအချစ်ဇာတ်လမ်းကို ဟုတ်မှန်သည့်အတိုင်း မကွယ်မဝှက်မထောင့် ဖွင့်လှစ်ပြောဆိုခဲ့လေသတည်။

၁၈၈၀ ခုနှစ်၊ စက်တင်ဘာလဆန်းခလောက်၌ မြို့စားကတော်`ကောင့် တက်လာရစ်(ရှ)” သည် မိမိ၏ခင်ပွန်းမြို့စားကြီးရှိသော ဗိုဟီးမီးယားနယ်မှ

ဝီအာနာမြို့တော်သို့ပြန်ခဲ့ပြီးလျှင် ဝီအာနာရှိဂရင်ဟော်တယ်တွင် ခေတ္တတည်းခို နေထိုင်လျက်ရှိပေ၏၊

တစ်နေ့သ၌စျေးဝယ်ရန်တိုက်ဆိုင်များဆီသို့ထွက်ခဲ့ရာ ဆိုင်တစ်ဆိုင်၌ စျေးဝယ်လျက်ရှိစဉ် နောက်မှ မိမိနာမည်ကို တစ်စုံတစ်ယောက်က ခေါ်လိုက်သံ  ကြားသဖြင့် လှည့်ကြည့်လိုက်ရာ စွန်အမတ်ကတော် “ဝက်ဆီရာ”ဆိုသူနှင့် ပက်ပင်းပါတွေ့ရလေသည်။

“အို အမတ်ကြီးကတော် ဝက်ထီရာပါကလာအားလုံးမာကြရဲ့နော်

“ဟုတ်ကဲ့ ကျန်းမာကြပါတယ်၊ မြို့စားကတော် ကျွန်မကို မတွေ့ကာ ကြာပြီနော်”

"ဟုတ်ကဲ့"

“အခုဘယ်ကလာတာလဲ”

“ဗိုဟီးမီးယားက ပြန်လာတယ်ဟိုမှာကျွန်မယောက်ျား မြို့စားကြီးဆီ တို့ ခဏအလည်သွားပါတယ်”

“ဪ  ဒါထက်မြို့စားကတော်ရွှေနန်းတော်ကြီးမှာပဲအမှုထမ်း သေး တယ်မဟုတ်လား”

“ဟုတ်ပါတယ်ဟိုမှာပါပဲ”

“နေပါဦး၊ မြို့စားကတော် အခုတွေ့တဲ့အခါ ဖိတ်စမ်းပါရစေ။ ညနေစာ စားချိန်လည်းနီးနေလို့ အိမ်ကိုလိုက်ပြီးညနေစာသုံးဆောင်လှည့်ပါ"

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)