ဒဂုန်ရွှေမျှား - ကီန၀ါရဲတိုက်ကြီး
၁၈ ရာစုနှစ်အတွင်း အလစ်ဇဘက်ဘုရင်မကြီးလက်ထက်၌ အော့စဖို့ မြို့နှင့် ၃-၄ မိုင်ခန့်ဝေးသော “ကူးနား ရွာကလေးတွင် 'ဝက်ဝံ နက်” ခေါ် ထင်ရှားသော ထမင်းဆိုင်ကလေးတစ်ဆိုင်ရှိ၏ပိုင်ရှင်မှာ အသက်(၅၀)ကျော်ခန့်ရှိ “ဂျိုင်းဂိုစလင်း' ဆိုသူဖြစ်၍၊ ခေတ်မီသော အတွေးအခေါ်များရှိခြင်း၊ ငွေရေးကြေးရေးတွင် မှန်ကန်ခြင်း၊ အရက်ကောင်းများ သိုလှောင်ထားသည့် မြေတိုက်တစ်ခုရှိခြင်း၊ လတ်တလော ထိုးထွင်းဉာဏ်ကောင်းခြင်းနှင့် သမီးချောတစ်ယောက်ရှိခြင်း စသည့် ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသူ ဖြစ်လေသည်။
တစ်နေ့သော ညနေစောင်းတွင် ဝက်ဝံနက် ထမင်းဆိုင်ဝင်း အတွင်းသို့ ခရီးဝေးမှ လာခဲ့ဟန်တူသော ခရီးသည်တစ်ဦး ဆိုက်ရောက် လာပြီးလျှင် ထိုသူသည် မြင်းထိန်း၏လက်ထဲသို့ မြင်းကိုပေးအပ်လိုက် လေသည်။ ရောက်လာသော ဧည့်သည်မှာ ရုပ်လက္ခဏာအနေအား အားဖြင့်လည်းကောင်း၊ ဟန်အမူအရာအားဖြင့်လည်းကောင်း၊ ပြောဆိုပုံအားဖြင့်လည်းကောင်း၊ များစွာ နှစ်လိုဖွယ်မရှိသကဲ့သို့ ဖြစ်နေသော် ‘လည်း အလုံးစုံပေါင်းစပ်၍ ကြည့်သော် ယင်းတို့မှာ ရုပ်ရည်နှင့်မလိုက် သကဲ့သို့ရှိနေ၏။ - “အလို မိုက်၊ လူကလေး .. မင်း မိုက်မဟုတ်လားဟေ့"
ဟု ထမင်းဆိုင်ပိုင်ရှင်ဖြစ်သူက ဆီးကြိုနတ်ဆက်လိုက်၏။ | အကြောင်းသော်ကား ယခုရောက်လာသူမှာ အခြားမဟုတ်ဘဲ သူ၏ အစ်မသား မိုက်ကယ်လင်းဘုန်း' ဖြစ်သောကြောင့်ပေတည်း။ ။
'ကျွန်တော် ဆယ့်ရှစ်နှစ်လုံးလုံး ကမ္ဘာကို အနှံ့လှည့်ပတ်သွား - နေရာက ပြန်ရောက်လာတော့၊ ဦးလေးမျက်စိများ မှားနေမလားလို့”ဟု မိုက်က ပြန်ပြောလိုက်လေသည်။ဒီ ၁၈ နှစ်အတွင်းမှာ မင်းရဲ့ အမူအကျင့်တချို့ကို ပြုပြင် ပြောင်းလဲခဲ့လိမ့်မယ်လို့ ငါတော့ယုံကြည်တာပဲကွယ် .. မင်းကို မြင် ရတာနဲ့ ဟောဟိုက ရေငုံပြီးထိုင်နေတဲ့ ငါ့ဧည့်သည်ကိုတောင် သွားပြီး သတိရမိပြန်ပါပြီ၊ ဒီလူက သူ အခုရောက်နေတဲ့ ၂ ရက်အတောအတွင်း မှာ သူ အလိုရှိတာတွေ စားစရာတွေမှာတာကလွဲပြီး စကားတစ်လုံးမှ မပြောဘူးကွဲ .. စားသောက်သုံးစွဲလိုက်တာ မင်းညီမင်းသား တစ်ပါး ကျနေတာပဲ။ ပြီးတော့ ဘယ်နေ့ကျ ဒီကထွက်သွားမယ် ဆိုတာလည်း မသိရဘူး ..ထို့နောက် လက်ဝဲဘက် လက်မောင်းပေါ်၌ ဖြူဖွေးသော လက်သုတ်ပဝါကို ခန့်ငြားစွာတင်လျက်၊ လက်ယာလက်ထဲ၌ ငွေ အရက်ဘူးကို ကိုင်စွဲထားသော ထမင်းဆိုင်ရှင်သည် အထက်က သူ ပြောခဲ့သည့် ဧည့်သည်ရှိရာသို့ လျှောက်သွားလေရာ၊ ထမင်းဆိုင်ထဲ တွင်ရောက်ရှိ ၍နေကြသော ပရိသက်၏ မျက်လုံးများသည် ထိုသူ့ အပေါ်သို့ ပျံဝဲကျရောက်သွားလေသည်။ +
ထိုသူမှာ အသက် ၂၅ နှစ်နှင့် ၃၀ အတွင်းခန့်ဖြစ်လျက်၊ သင့်တင့်လျောက်ပတ်သော အဝတ်အစားများကို ရိုးသားစွာ ဝတ်ဆင် ထားသော်လည်း၊ ခန့်တည်ကြည်သော ကိုယ်ဟန်အမူအရာရှိသည် ဖြစ်ရာ သူ၏ အဆင့်အတန်းထက် သူ၏အပြုအပြင်ကို နှိမ့်ချထားဟန်ရှိ ၏။ မည်းနက်သော ဆံပင်၊ မည်းနက်သော မျက်လုံးများနှင့် သူ၏ မျက်နှာ ဟန်အမူအရာမှာ လေးလေးနက်နက် စဉ်းစားတွေးဆတတ် သည့် ဉာဏ်နှင့် ပြည့်စုံဟန်တူလေသည်။ - ဆိုင်ရှင် ဂျိုင်းက သူ၏တူတော်မောင် ပြန်လည်ရောက်ရှိ | လာသည့် အထိမ်းအမှတ်အဖြစ်ဖြင့် ကျင်းပမည့် စားသောက်ပွဲကလေး တွင် ကိုယ်တိုင်ပါဝင်စားသောက်ခြင်းဖြင့် ဏ်ပြုပါရန် ဧည့်သည် သူစိမ်းဖြစ်သူအား ရိုသေစွာ ဖိတ်မန္တကပြုလေသည်။ ပထမသော် ဧည့် သည်သည် ဖိတ်ကြားချက်ကို လက်မခံလိုသကဲ့သို့ သူ၏ဦးခေါင်းကို ယမ်းခါလိုက်၏။ သို့သော် ထမင်းဆိုင်ရှင်ကြီးက ယင်းကဲ့သို့ ငြင်းဆန် ခြင်းသည် လူထဲတွင် မဝင်ဆန့်သည့် ရိုင်းစိုင်းသော အပြုအမှုဟူ၍ 'ကူးနား” ရွာသားများက ယူဆလိမ့်မည် ဖြစ်ပါကြောင်းနှင့် သူ့အား , လည်စွာ ထပ်မံရှင်လင်းပြလေသည်။
ထိုအခါမှ သူသည် နေရာမှထပြီးလျှင် မိမိတို့၏ ငွေကလေး များဖြင့် အရက်ကို ခြိုးခြံစွာသောက်နေကြရာမှ ဆိုင်ရှင်ကြီး၏စေတနာ ဖြင့် အရက်ကောင်းများနှင့် အစားအသောက်ကောင်းများကို ဖောဖော သီသီဝဝလင်လင် စားသောက်ကြရဦးမည်ကိုမျှော်မှန်းလျက် အာဝခွန်း ရွှင်ကာ တသောသောဖြစ်နေကြသော ရပ်ရွာထဲမှ လူမထဲသို့ မိုက်ကယ် လင်းဘုန်းနည်းတူ ဝင်ရောက်ရောနှောထိုင်လိုက်တော့၏။
''ကိုင်း ကျုပ်ရဲ့ ဧည့်သည်တော်ကြီးကို ဘယ်လိုနည်းက မိတ်ဆွေတွေကို မိတ်ဆက်ပေးရပါ့မလဲ ..။
ကျွန်တော့်ကို ထရက်ဆီးလီးယန်းလို့ ခေါ်နိုင်ပါတယ် ဆိုင် ရှင်ကြီး ခင်ဗျာ ..”
သို့နှင့် သူသည် “မစ္စတာ ထရက်ဆီးလီးယန်း အား သူ့တူ၏ အပေါင်းအသင်းများနှင့် မိတ်ဆက်ပေးလေရာ သူတို့သည် မိမိတို့၏ မိတ်ဆွေသစ်အတွက် ကျန်းမာစေလိုကြောင်းနှင့် အရက်များကို သောက်ကာ ဆုမွန်ကောင်းများကို တောင်းဆိုကြပြီးနောက် ထွေရာ လေးပါးစကားများပြောကာ အသီးသီး စကားလက်ဆုံကျလျက်ရှိကြ လေ၏ ။
. နောက်ဆုံး၌ မိုက်ကယ် စုံစမ်း မေးမြန်းလျက် ရှိသည့် အကြောင်းအရာများထဲတွင် 'တော်နီဖော်စတာ' ဟူသော အမည်ပါလာ သဖြင့် “မင်း ပြောတာ ဘယ် တော်နီဖော်စတောလဲ” ဟု ထမင်းဆိုင်ရှင် ကြီးက လှမ်းမေးလိုက်လေသည်။
ဘုန်းတော်ကြီးလက်တီမာနဲ့ရစ်ဒလေးတို့ကို မီးရှို့ သတ်တုန်း က ပါးကွက်သား၍ မီးတုတ် လေတိုက်လို့ငြိမ်းသွားပြီး ဘယ်သူမှ မီးပေးမယ့်လူမရှိတော့ သူက မီးပုံကို မီးညှိဖို့ မီးယူပေးလို့ မီးတုတ် ဘော်နီလို့ အခေါ်ခံရတဲ့ လူဟာကောဗျာ ..”
အဲဒီ ကော်နီဖော်စတာတော့ စီးပွားတွေ ဘာတွေတက်လို့ ရှိပါ့ကွယ် .. နို့ပေမယ့် မင်းအောင် ဓားခုတ်မခံချင်ရင်၊ သူ့ကို မီး တုတ် တော်နီလို့ သွားမခေါ်လေနဲ့ မောင်ရင်ရေ .."
'ဘယ့်နှယ့်ကြောင့်လဲဗျ.. သူက ဒါကို ရှက်လို့တဲ့။ မီးကင်ထားတဲ့ စ္ဆာဒိဋ္ဌိတစ်ယောက်ကိုမြင်ရတာ နွားကင်တစ်ကောင်း ကို မြင်ရတာလိုပဲ သဘောကျတယ်လို့ သူပြောပြီး ကြွားဖို့ပဲရှိတယ် မဟုတ်လား”
“အေးလေ .. သူ့အဖေက အဗင်ဒန်မြို့က ဂိုဏ်းအုပ်ဘုန်း
တော်ကြီး၍ တရားသူကြီးလုပ်နေတဲ့ အချိန်တုန်းကတော့ ဟုတ်တော့ ပေါ့ပေမယ့် အဲဒီကတည်းက တော်နီဟာ စင်ကြယ်တဲ့မိန်းမတစ်
ယောက်ကို လက်ထပ်ပြီး ရေဖျန်းဂိုဏ်းသားတစ်ယောက်ဖြစ်လာခဲ့ တယ် ..။
ပြီးတော့ မျက်နှာထားတင်းရင်းနဲ့ ဦးခေါင်းကိုမော့ပြီး သူ့ မိတ်ဆွေဟောင်းတွေအပေါ်မှာလည်း မထီလေးစားလုပ်လာတယ်” ဟု အဗင်ဒန်မှ (လောရင့် ဂိုလ်သရက်)ဆိုသူ သိုးမွေးနှင့် အထည် ကုန်သည် ၊ တစ်ဦးက ဝင်၍ပြောလိုက်လေသည်။ ။
(လင်းဘုန်းက ဆက်လက်၍)
“ဒါဖြင့် သူက ချမ်းသာနေတာပေါ့ လေ .. လူဆိုတာ ဒီလိုပဲ၊ ကိုယ်ပိုင်ရွှေဒင်္ဂါးကလေး ဘာလေးနဲ့ဖြစ်လာရင်၊ ကိုယ့်ပိုက်ဆံအိတ် လာထိမယ့်လူတွေကို အဝေးက ရှောင်သွားလေ့ရှိတတ်တာဟာ ဓမ္မတာ
(သိုးမွေးကုန်သည်က ထ၍)
“ချမ်းသာတာမှ တကယ့်ကို ချမ်းသာနေတာပဲ။ ဟို ဘုရားရှိ ခိုးကျောင်းဝင်းဘေးက “ကူးပလေ့” စံအိမ်ကြီးကို ခင်ဗျား မှတ်မိ တယ် မဟုတ်လား”
“မှတ်မိပြီလားဗျာ .. အဲဒီက သစ်သီးခြံထဲကို ကျွန်တော် ၃ ခါတောင် ဝင်ခိုးဖူးသေးတယ်၊ အဲဒါ ဘာဖြစ်သလဲ၊ အိမ်ကြီးက အင် ဒန်မှာ ပလိပ်ရောဂါလား ဘာလားဖြစ်တုန်းက ဂိုဏ်းအုပ်ဘုန်းကြီး၍ အိမ်ဖြစ်လာခဲ့တာပဲ ..."
“အေး .. အဲဒါက ဟိုးတုန်းကကွ .. တော်နီဖော်စတာက ဒီအိမ်ထဲမှာ အခွင့်အရေးရှိနေလေတော့ ဝတ္တကမြေတွေကို နန်းက ရထားတဲ့ နန်းတွင်းအရာရှိကြီးတစ်ဦးဆီက အမိန့်နဲ့ အဲဒီအိမ်မှာ ခုနေ
တယ် .. အဲဒီ စံအိမ်ကြီးမှာနေပြီး ကူးနားရွာက ဘယ်ဆင်းရဲသားပါ မွှားနဲ့မှ အဖက်လုပ်စရာမလိုလေတော့၊ သူ့ကိုယ်သူ အာဘွဲ့ ရပြီးကား တဲ့ သူရဲကောင်းကြီးတစ်ယောက်လို အောက်မေ့ပြီး ဟန်ကြီး ပန်ကြီး လုပ်နေတာပေါ့ လေ”
“နေပါဦးဗျ ... တော်နီမှာ သွေးကြီးတာကြောင့်သာ မဟုတ် ဘူး၊ ဒီကိစ္စထဲမှာ မိန်းမချောကလေးတစ်ယောက်လည်း ပါနေသေး တယ်၊ တော်နီက ဒီမိန်းကလေးကို နေပြောက်ကလေးတစ်စက်တောင် မှ မထိုးရအောင် စောင့်ရှောက်ထားတယ် ။
ထိုအခါ တစ်ချိန်လုံး နှုတ်ဆိတ်လျက်ရှိနေခဲ့သော ထရက် ဆီးလီးယန်းက ပထမဆုံးအကြိမ် ဝင်ရောက်လျက် ..
'ဘယ့်နှယ့်ဗျ.. ဒီ ဖော်စတာဟာ လက်ထပ်ပြီးပြီလို့ ခုတင် က ခင်ဗျားတို့ပဲ ပြောခဲ့ကြတယ် မဟုတ်လား"
လက်ထပ်ခဲ့တာ မှန်ပါတယ် .. နို့ပေမယ့် အဲဒီမိန်းကလေး က သေသွားပြီ၊ ဘော်နီမှာ တိတ်တိတ်ပုန်းမွေးထားတဲ့ သမီးတစ်
ယောက် ရှိရင်ရှိမှာပဲ၊ အဲဒါကြောင့် တော်နီဟာ ဒီမျက်နှာစိမ်း ` မိန်း ကလေးကို လက်ထပ်ယူလိမ့်မယ်လို့ လူတွေက ထင်ကြေးပေးနေကြ တာပေါ့
“ဒီမိန်းကလေးအကြောင်းကို သူတို့က ဘာကြောင့် ဒီလောက် ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေရတာတဲ့လဲ”
“ဒီမိန်းကလေးဟာ နတ်သမီးလောက်ချောကယ်လို့ လူတွေ က ပြောနေကြတာရယ် .. သူဘယ်က ရောက်လာမှန်း ဘယ်သူမှမသိ တာရယ် .. သူ့ကို ဘာကြောင့် ဒီလိုလှောင်ချိုင့်ထဲမှာထည့်ပြီး ပိတ် ထားတယ်ဆိုတာ လူတိုင်းသိချင်နေကြတာရယ်။ အဲဒါတွေက လွဲပြီး ဘာကြောင့်ဆိုတာ ကျုပ်လည်းမသိဘူးဗျာ၊ ကျုပ်အဖို့တော့ ဒီမိန်း
ကလေးကို တစ်ခါမှလည်း မမြင်ဖူးပါဘူး၊ ခင်ဗျားတော့ မြင်ဖူးလိမ့်မယ် ထင်တယ် မစ္စတာဂိုလ်သရက် .. ။
မြင်ဖူးတာပေါ့ဗျာ .. ဒီလို တစ်နေ့တော့ ကျွန်တော်က အဗင်ဒန်က မြင်းစီးပြီးပြန်လာတယ်၊ စံအိမ်ကြီးရုံ ဆေးခြယ်ထားတဲ့ ပြတင်းပေါက်ကြီးအောက်က ကျွန်တော်ဖြတ်ပြီးလာတော့ ဇာခန်းဆီး ကို ဆွဲပြီးဖွင့်လိုက်တဲ့အသံ ကြားလိုက်ရတယ်၊ လား လား .. မော့ကြည့် လိုက်တော့ ကိုယ့်မျက်စိကိုတောင် မယုံမိဘူး၊ ပြတင်းပေါက်မှာ ရပ်နေ တဲ့ မိန်းမတစ်ယောက်ဟာ ချောလိုက်တာမှ ကျွန်တော့်တစ်သက်နဲ့တစ် ကိုယ် ဒီလိုချောပုံလှပုံမျိုး တကယ့်ကို တစ်ခါမှ မမြင်ဖူး မတွေ့ဖူးပါ ဘူးဗျာ..”
“သူ့ပုံပန်းသဏ္ဌာန်ကို တစ်ဆိတ်လောက် မသိရဘူးလားဗျာ"
“အိုဗျာ သူဝတ်ထားတာ ကတော့ဖြင့် ဘုရင်မှ ကိုယ်တိုင် တောင် အသုံးပြုလောက်တဲ့ ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ အဝတ်အစား အသစ်အဆန်းတွေပါပဲ၊ နို့ပေမယ့် သူ့ကို ကျွန်တော်မော့ကြည့်လိုက်ဖို့ အချိန် နည်းနည်းပဲ ရလိုက်တယ်၊ ဖြစ်ပုံက ဒီလိုဗျ.. ခုလို အခွင့်
ကောင်းကြုံတုန်း သူ့ကို ကျွန်တော်က ပြီးပြီး မိတ်ဖွဲ့ နှုတ်ဆက်တော့ မလို လုပ်နေတုန်းမှာ ..
(စကားမဆုံးမီ လင်းဘုန်းကဝင်၍)
“သစ်ကြားသီးကလေးကို မျောက်လွှဲကျော်ကြီးက သွားကြီးပြီး ပြီး ပြုံးနေတဲ့ပုံမျိုး ဖြစ်မှာပေါ့ လေ ,
လင်းဘုန်း၏ ပြောင်လှောင်ခြင်းကို ဂရုမစိုက်ဘဲ ဂိုလ်သရက် က ဆက်လက်၍ ... ။
ရုတ်တရက် တော်နီဖော်စတာ ကိုယ်တိုင် တုတ်ကြီးတင် ချောင်း ကိုင်လျက် ပေါ်လာပြီးတော့ .."
(စကားမဆုံးမီ ဆိုင်ရှင်ကြီးက ဝင်၍
“စော်ကားရမလားဆိုပြီး ခေါင်းကိုရိုက်ခွဲလိုက်ရော ဆိုပါ တော့”
(ဂိုလ်သရက်က ဒေါသဖြစ်လာဟန်ဖြင့် ဆက်၍)
“ဒါမျိုးကအပြောလောက် အလုပ်ကမလွယ်ပါဘူးဗျာ၊ မဟုတ် ပါဘူး၊ ခေါင်းတွေ ဘာတွေ ရိုက်ခွဲတာ မပါပါဘူး၊ တုတ်ကြီးကိုကိုင်ပြီး သူ ရှေ့တိုးလာတာတော့ မှန်ပါတယ်၊ ပြီးတော့ ကျွန်တော့်ကိုမေးတယ်။ လူအများနဲ့ဆိုင်တံလမ်းက ဘာကြောင့်မသွားတာလဲတဲ့။ မိန်းကလေး ရှေ့မှာမို့ပေါ့ဗျာ၊ နို့မဟုတ်ရင်တော့ ဒီလို စော်စော်ကားကား မေးရ မလားဆိုပြီး မုချသူ့ခေါင်းကြီးကို ကျွန်တော်ရိုက်ခွဲမိခဲ့ပြီးသားပဲ ...
အဲဒါတွေ ဘေးဖယ်ထားစမ်းပါဦး၊ စင်စစ်တော့ ခင်ဗျားမှာ အင်မတန်ကြုံရခဲတဲ့ လာဘ်ကြီးတစ်ခုနဲ့ လွဲသွားတာပဲ ..."
- “အဲဒီ လာဘ်ကြီးကို ခင်ဗျားကိုယ်တိုင်ပဲ ယူပါတော့ မိုက် ကယ်ရယ် ..."
“ပေါင်မုန့်တစ်အိတ်သာ ရမယ်ဆိုရင် ဘာကြောင့် ကျွန်တော် မယူရမှာလဲ၊ အော် .. နေဦး .. နေဦး .. ကျွန်တော့်မှာ ဖျင်စ လိုနေ တယ်၊ နက်ဖြန်ကာကျရင် ကျွန်တော် အဲဒီစံအိမ်ကြီးကိုသွားပြီး ကျွန်
တော့်ကို သူ့ဧည့်သည် အချောအလှကလေးနဲ့ မိတ်ဆက်ပေးဖို့ တော်နီ ဖော်စကာကို ပြောရဲ မပြောရဲ ဟောဒီ ရွှေဒင်္ဂါး ၅ ပြားနဲ့ ခင်ဗျားက ဟော်လန်စ (ဟော်လန်ပြည်တွင် စတင်ပြုလုပ်သော ဖျင်စမျိုး) တစ်စ ကြေး လောင်းမလား”
လောင်းမယ်ဗျာ၊ ဟောဒ်က ကျွန်တော်တို့ ထမင်းဆိုင်ရှင်ကြီး က လောင်းကြေးကို ဒိုင်အဖြစ်နဲ့ သိမ်းထားသိမ့်မယ် ... ကျွန်တော့်ဆီ က ဖျင်အယူလွှတ်ခိုင်းတဲ့ အချိန်အထိ ရွှေဒင်္ဂါးကို ကျွန်တော် ခု
လောင်းထားမယ်'
ခင်ဗျား ခွင့်ပြုမယ်ဆိုရင် အဖော်ရအောင် လောင်းကြေးထဲမှာ ကျွန်တော် တစ်ဝက်ဝင်ခံပါမယ်”
ဟု ထရက်ဆီးလီးယန်းက လင်းဘုန်းအား လှမ်းပြောလိုက်
သည်။
ဒီလိုလုပ်ရလို့ ခင်ဗျားအတွက် ဘယ်လိုများအကျိုးထူးမှာ
“ခင်ဗျားရဲ့ စွမ်းရည်သတ္တိကို အမှတ်တရ ဖြစ်ဖို့ကလွဲပြီး ကျွန် တော့်အတွက် ဘာမှတော့ အကျိုးမရှိဘူးပေါ့ဗျာ .. နို့ပေမယ့် ကျွန်တော်က ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေ စွန့်စားမှုတွေကို တမင် - လိုက်ပြီး ရှာဖွေနေတဲ့ ခရီးသည်တစ်ယောက်ပဲ .. ။ - “သိုက်တူးတာကို ခင်ဗျားလိုက်ပြီး ကြည့်ချင်သပဆိုရင်လည်း ( လိုက်ပေါ့ ဗျာ၊ ကျွန်တော်ကတော့ ကျွန်တော့်စွမ်းရည်သတ္တိအတွက် သက်သေ ဘယ်နှစ်ယောက်ပဲရှိရှိ ဂရုမစိုက်ပါဘူး၊ ဒါကြောင့် ဟောဒီ မှာ ကျွန်တော့်ရဲ့ စွန့်စားခြင်း အောင်မြင်မှုအတွက် ကျွန်တော်အရက် သောက်ပါတယ် ... ။
ထို့နောက် လူစုကွဲသွားကာ ဧည့်သည်များလည်း အသီးသီး ထွက်ခွာသွားကြလေသည်။
နောက်တစ် နံနက်၌ မိုက်ကယ် လင်းဘုန်းသည် မစ္စတာ ထရက်ဆီးလီးယန်းနှင့် ၊တူ အန်တော်နီဖော်စတာ၏ အိမ်ကြီးရှိရာသို့ သွားရောက်ကြလေ၏။ ရောက်ရှိကြသောအခါ ထောင်တစ်ခုထက်ပို၍ မိုင်ခန့်လုံခြုံသည်ကို သတိပြုရင်း၊ လင်းဘုန်းသည် စံအိမ်ကြီး၏ ကြီး မားသော တံခါးကြီးကို ရဲဝံ့စွာပင် ခပ်ပြင်းပြင်းခေါက်လိုက်လေသည်။ တစ်ချက်ထက်ပို၍ မခေါက်ရမီ အသက်ကြီးပြီး မျက်နှာထား ခပ်ဆိုး ဆိုးနှင့် အစေခံတစ်ယောက်သည် သံမင်းတုန်းကြီးများဖြင့် သေချာစွာ ပိတ်ဆို့ထားသော တံခါးကြီးမှ “ချောင်းကြည့်ပေါက်ကလေးကိုဖွင့်ကာ သူတို့အား ကြည့်ရှုပြီးလျှင် ကိစ္စကို မေးမြန်းလေသည်။
အရေးကြီးတဲ့နယ်ပယ်ကိစ္စနဲ့ပတ်သတ်ပြီး မစ္စတာဖော်စတာ နဲ့ စကားပြောစရာရှိလို့ပဲ”
ဟု မိုက်ကယ်လင်းဘုန်းက ပြန်ပြောလိုက်သဖြင့် အစေခံ လည်း သူ့သခင်ထံ သွားရောက်ပြောကြားရန်” ထွက်ခွာသွား၏။
မကြာမီ ထိုသူပြန်လာ၍ တံခါးကိုဖွင့်ပေးပြီးလျှင် သူတို့အား
အဆောက်အဦများ ပတ်လည်ဝိုင်းရံနေသော လေးထောင့်ကွက်လပ်
လေး တစ်ခုရှိရာသို့ ခုံးပေါက်ကြီးတစ်ခုအောက်မှ တစ်ဆင့်ခေါ်ဆောင် သွားလေသည်။ ခုံးပေါက်ကြီးနှင့် မျက်နှာချင်းဆိုင်တွင် အခြားတံခါး တစ်ခုရှိ၍ အစေခံသည် ထိုတံခါးကိုသော့ဖွင့်ပြီးလျှင် ကျောက်ပြားများ * ခင်းလျက် အိမ်ထောင်ပရိဘောဂ အနည်းငယ်မျှသာရှိသော ဧည့်ခန်း တစ်ခုထဲသို့ ခေါ်သွားကာ သူတို့အား နေရာထိုင်ခင်းပေးလေသည်။ အခန်းတွင်းရှိ အိမ်ထောင်ပရိဘောဂများကား အကြမ်းဆုံးနှင့် ရှေး အကျဆုံး ပုံစံများဖြစ်ကြသည်။
သူတို့သည် အတန်ကြာ စောင့်ဆိုင်းနေကြရလေ၏။ အိမ်ရှင် ရောက်လာသောအခါ အိမ်ရှင်သည် သူတို့အား တစ်ချက်မျှစိုက်၍ ကြည့်လိုက်ပြီးနောက်၊ ခြေလှမ်းကို ရေတွက်သကဲ့သို့ မျက်လွှာချကာ အခန်း အလယ်သို့ လျှောက်လာပြီးလျှင် ... ။
နာယ်လိုအကြောင်းနဲ့ ဒီကို အလည်အပတ်ရောက်လာကြ ကလဲ ခင်ဗျာ"
ဟု မေးလိုက်လေသည်။
ထိုအခါ မိုက်ကယ်သည် ခပ်အင်အင်ဖြစ်နေသော အိမ်ရှင်၏ မက်ကို အားပါးတရ ကိုင်ဆွဲလှုပ်ယမ်းလျက် ... ။
“ဘယ့်နှယ်လဲ မိတ်ဆွေကြီး တော်နီဖော်စတာ .. နှစ်ပေါင်း ဒီလောက်ကြာတဲ့အတွင်းမှာ ခင်ဗျားဘယ်လိုများ ရှိနေပါသလဲခင်ဗျား
နေပါအုံးဗျ.. ခင်ဗျားနဲ့ တွဲဘက်ဖြစ်တဲ့ မိတ်ဆွေရင်း မိုက်ကယ် ဂင်းဘုန်းကိုတောင် မမှတ်မိတော့ဘူးလား .."
“မိုက်ကယ်လင်းဘုန်း .. ဟုတ်' “ဟုတ်ပါတယ်ဗျာ .. မိုက်ကယ်လင်းဘုန်းမှ အစစ်ဝါ" 'ဒါဖြင့် ဒီကလူကြီးမင်းက ဘယ်သူလဲ၊ ခင်ဗျားလို သမား
တစ်ယောက်ပဲလား ...
“သူက မစ္စတာ ထရက်ဆီးလီးယန်းပါတဲ့ ဖော်စတာ၊ သူ့ကို ရိုသေလေးစားထိုက်တဲ့ ဂုဏ်အင်္ဂါအပေါင်းနဲ့ပြည့်စုံတဲ့ နစ်နယ် သား လူကြီး လူကောင်းတစ်ဦးအဖြစ်နဲ့ အသိအမှတ်ပြုစေလိုပါတယ်”
'ဒါဖြင့် မင်းနဲ့ တခြားအခန်းတစ်ခုထဲမှာ ငါစကားပြောချင် တယ် မိုက်ကယ်၊ ဘာကြောင့်လဲဆိုတော့ ငါပြောစရာရှိတဲ့စကားကို မင်းတစ်ယောက်တည်း ကြားစေချင်လို့ပဲ၊ လူကြီးမင်းခင်ဗျာ တစ်ဆိတ် ဒီအခန်းထဲက အပြင်ကိုမထွက်ဘဲ စောင့်ဆိုင်းနေစေချင်ပါတယ်၊ အပြင်
ကို မထွက်စေချင်တဲ့ အကြောင်းကတော့ သူစိမ်းတစ်ရံဆံ လူတစ် - ယောက်ကိုမြင်ရင် အထိတ်တလန့် ဖြစ်သွားမယ့်သူတွေ ဒီအိမ်ထဲမှာရှိ လို့ပါပဲ"
ထရက်ဆီးလီးယန်းက ငြင်းဆန်ခြင်း မပြုသဖြင့် မိတ်ဆွေ ဟောင်းနှစ်ယောက်တို့လည်း အခန်းထဲမှထွက်သွားကြရာ၊ သူသည် ဧည့်ခန်းတွင် တစ်ယောက်တည်းကျန်ရစ်ခဲ့လေသည်။
နှစ်ယောက်ချင်းရှိသောအခါတွင် အော်စတောကစ၍ ...
“ကိုင်း လိုရင်းကိစ္စကို စကားတစ်ခွန်းတည်းနဲ့ပြီးအောင် ကို ပြောစမ်း၊ မင်း ငါနဲ့ ဘာကိစ္စရှိလို့ ဘယ်လိုမျှော်လင့်ချက်နဲ့ ဒီကိုလာ ရတာလဲ.."
ကိစ္စကတော့ ကျွန်တော့်ရဲ့ ကြီးပွားရာ ကြီးပွားကြောင်းလည်း ပါတယ်ဆိုပါတော့လေ၊ နို့ပေမယ့် အကြောင်းရင်းကတော့ ခင်ဗျားမှာ အခု စီးပွားတိုးတက်ချမ်းသာနေလေတော့၊ ခင်ဗျားရဲ့ စည်းစိမ်ဥစ္စာတွေ ကို ကာကွယ်စောင့်ရှောက်ဖို့ အကောအကွယ်တွေလိုတယ်မဟုတ်လား။ အဲဒီ အကာအကွယ်တွေအတွက် ကျွန်တော်က မိတ်ဆွေကောင်းပီပီ အကူအညီပေးဖို့ စောင့်ရှောက်ဖို့ လာခဲ့တာပဲ”
“မင်းတို့ ငါတို့လိုလူမျိုးနှစ်ယောက်မဟုတ်ဘူး.. တစ်ရာ ကျော်မက အထောက်အပံ့ပေးနိုင်တဲ့ ပေထရွန်တစ်ယောက်ဆီမှာ သာ မင်းကိုအမှုထမ်းစေချင်တယ်၊ အဲဒီလိုပုဂ္ဂိုလ်မျိုးဆီမှာ အမှုထမ်းဖို့ အရည်အချင်း မင့်မှာကောင်းကောင်းပြည့်စုံနေတာပဲ"
ထိုအခိုက် တစ်ဘက်ခန်းမှ ရုတ်တရက် စူးရှစွာထွက်ပေါ်လာ ဆာ အော်သံတစ်ခုကြောင့် သူတို့သည် စကားပြောပျက်သွားကြ၏။ အန်တော်နီဖော်စတာသည် မိမိကိုယ်ကိုမိမိ ရေဖျန်းဂိုဏ်းဝင်တစ် ဆောက်ဖြစ်သည်ကိုမေ့လျော့ကာ ...
'အဗင်ဒန်လက်ဝါးကပ်တိုင်တော်ကြောင့် ကျုပ်တော့ ကိုယ် ကျိုးနည်းပါပြီ ..
ဟု ရုတ်တရက်ဟစ်အော်လိုက်ပြီးလျှင် အော်သံကြားရသော နေရာဆီသို့ တဟုန်ထိုးပြေးထွက်သွားလေရာ မိုက်ကယ်လင်းဘုန်း လည်း နောက်မှထက်ချပ် လိုက်ပါသွားလေသည်။
ဧည့်ခန်းထဲ၌ ကျန်ရစ်ခဲ့သော ထရက်ဆီးလီးယန်းသည် သူ၏ ကိုယ်ရေးကိုယ်တာထဲသို့ စိတ်ရောက်သွားကာ ...
‘သော် ... အေမီ .. အေမီ.. မင်းအခုလို မိုက်မိုက်မဲမဲလုပ် သွားတာကြောင့် ကျုပ်ကိုအထင်ကြီးနေတဲ့လူတွေနဲ့ တံတွေးခွက်ထဲမှာ ကျုပ်တော့ ပက်လက်မျောရတော့မယ်၊ နို့ပေမယ့် တစ်ခါက မင်းဟာ ကျုပ်ရဲ့ အချစ်မြတ်နိုးဆုံး ဖြစ်ခဲ့ဖူးတဲ့အတွက် မင်းနောက်ကို မတွေ့ မချင်းလိုက်ဖို့အရေးကို ဘယ်တော့မှ လက်မလျော့ .."
ညင်သာသော အသံကလေးတစ်သံကြောင့် သူသည် ဆက်ခနဲ လှည့်ကြည့်လိုက်ရာ လှပဆန်းကြယ်သော အဝတ်အစားကို ဝတ်ဆင်ထားကာ ဘေးတံခါးပေါက်မှ ဝင်လာသော အသက် ၁၈ နှစ်အရွယ်ခန့်ရှိ မိန်းမပျိုတစ်ယောက်ကို မြင်ရလေသည်။ မိန်းမပျိုမှာ သူရှာဖွေနေသူ...