Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဒဂုန်တာရာ - ရုပ်ပုံလွှာခြယ်သခြင်း၊ဝထ္ထုဖွင့်ဆိုချက်နှင့်အနုပညာခံစားမှု

Regular price 3,300 MMK
Regular price Sale price 3,300 MMK
Sale Sold out
အတ္ထုပ္ပတ္တိ
(က)

          လွန်ခဲ့သော အနှစ် ၄ဝ ခန့်က စာရေးဆရာအသင်းတွင် စာရေး ဆရာဟူသော အသင်းဝင် စာရေးဆရာတို့၏အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် အငြင်းပွားခဲ့ကြသည်။ နောက်ဆုံး၌ စာရေးဆရာအသင်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခဲ့ရသည်။ စာရေးဆရာသည် ရသစာပေကို ရေးသားသူဖြစ်သည်ဟု စတင်ခဲ့သည်။

          ထိုအခါက စာရေးဆရာ အသင်းဝင်များထဲတွင် သတင်းစာ ဆရာ နှင့် စာရေးဆရာ အရောရော အထွေထွေ မရှင်းမလင်းဖြစ်နေ၍ ဖွဲ့စည်း ပုံကို ပြင်ဆင်ရခြင်း ဖြစ်သည်။ မည်သည့်နိုင်ငံတွင်ပင်ဖြစ်စေ သမိုင်း အဖြစ်အပျက်နှင့် ဘဝပုံသဏ္ဌာန်များ တိုးပွားကျယ်ပြန့်စွာ ဖြစ်ပေါ်လာ သည်အလျောက် ယင်း၏အုပ်ချုပ်ပုံအခြေခံဥပဒေတို့ကိုလည်း ပြင်ဆင် တိုးချဲ့ရသည်ဖြစ်သည်မှာ သဘာဝတ္တတရားပင် ဖြစ်သည်။

          ယင်းရသစာပေထဲတွင် ဝတ္ထုကဗျာအပြင် အတ္ထုပ္ပတ္တိစာပေ၊ သမိုင်း မှတ်တမ်းစာပေ စသည်ဖြင့် တိုးချဲ့ ထည့်သွင်းလိုက်ကြသည်။ ယခင်အခါ များကတော့ ရသစာပေထဲတွင် ဝတ္ထု၊ ကဗျာ၊ ပြဇာတ် စာပေပုံသဏ္ဌာန်များကိုသာ ထည့်သွင်းထားကြသည်။ ထို့နောက် ယနေ့ခေတ်တွင် ဘာကြောင့် အတ္ထုပ္ပတ္တိစာပေကို ရသစာပေအဖြစ် သတ်မှတ်ကြသလဲ။

(ခ)

          အတ္ထုပ္ပတ္တိစာပေသည် ရှေးအခါတည်းကပင် ရှိခဲ့၏။ သို့သော် စာပေသမိုင်းခေတ်များ ပြောင်းလဲလာသည့်အခါ အတ္ထုပ္ပတ္တိရေးသား သော အဖွဲ့အနွဲ့ ပုံသဏ္ဌာန်သည် ပြောင်းလဲလာရသည်။

          ရသအဖွဲ့အနွဲ့ ၊ ဝတ္ထုဟန်အဖွဲ့ အနွဲ့ များ ပါလာသည်ကို တွေ့ကြရ သည်။ အတ္ထုပ္ပတ္တိရေးဖွဲ့ သူများကတော့ သိပ်များလှသည်မဟုတ်၊ ကျွန်တော်ကတော့ ရုပ်ပုံလွှာအဖွဲ့အနွဲ့ ဟု ဆိုချင်သည်။ အတ္ထုပ္ပတ္တိရေးဖွဲ့ ရာတွင် အဖွဲ့ အမျိုးမျိုးရှိနိုင်သည်။ ရှိလည်း ရှိအပ်ပေမည်။ ကျွန်တော် သည် ၁၉၄ဝ က “ကိုအောင်ကျော် အကြောင်းစဉ်” ဟူသော စာအုပ်ငယ် လေး တစ်အုပ် ရေးခဲ့ဖူးသည်။ ထိုနှစ်က ဗိုလ်အောင်ကျော်ကြေးရုပ်ဖွင့်ပွဲ အခမ်းအနားတွင် ထုတ်ဝေခဲ့သည်။ ထိုအခါက ကျွန်တော်သည် တက္ကသိုလ်သမဂ္ဂဝါဒ ဖြန့်ချိရေးမှူးဖြစ်သည်။ ကျွန်တော်က အတ္ထုပ္ပတ္တိကို အကြောင်းစဉ်ဟု ဝေါဟာရတစ်မျိုးဖြင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ တကယ် ကတော့ ကျွန်တော် ကိုအောင်ကျော်နှင့် ခင်မင်ရင်းနှီးသူတော့ မဟုတ်ပေ။ သိရုံမျှသာ။ သူက ဂျပ်ဆင်ကောလိပ်တွင် နေသည်။ ကျွန်တော်က ယူနီဗာ စီတီကောလိပ်က။

           စာအုပ်တွင် ရသဟန် အဖွဲ့အနွဲ့ နည်းနည်းတော့ ပါသွားသည်။ ကျွန်တော်တစ်ခါမျှ ရေးဖူးသည်မဟုတ်။ ထိုအခါက ကိုအောင်ကျော် ကျဆုံးရသည့်နေ့ကို အာဇာနည်နေ့ဟူ၍ ကျွန်တော်တို့က သတ်မှတ် ကျင်းပခဲ့သည်။

          စစ်ပြီးခေတ်တွင်တော့ ကျွန်တော် ရုပ်ပုံလွှာအဖွဲ့ အနွဲ့ နည်းနည်းပါးပါး ရေးဖြစ်သွားသည်။ ရုပ်ပုံလွှာအဖွဲ့အနွဲ့ ကို ကျွန်တော်က ခံစားမှုနှင့် ရေးလိုက် သည်။ ခံစားမှု၊ ပုဂ္ဂိုလ်ရေး ခင်မင်ခြင်း ခံစားမှု၊ အနုပညာရေး ခံစားမှု စသည် စသည်။

          သမိုင်းဝင် ပုဂ္ဂိုလ်များကို ကျွန်တော် ရေးဖွဲ့တတ်သည်။ သမိုင်းဝင် ဆိုသည်ကလည်း ကျွန်တော်သတ်မှတ်သော သမိုင်းဝင်သာလျှင် ဖြစ် သည်။ ပြည်သူတို့က သတ်မှတ်သော သမိုင်းဝင်နှင့်လည်း တူညီနိုင် သည်။ နိုင်ငံရေးခေါင်းဆောင်များ၏ ရုပ်ပုံလွှာကို ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဘဆွေတို့ကို ကျွန်တော်ဖွဲ့ ဖြစ်သည်။ ကျွန်တော်နှင့် ခင်မင် ရင်းနှီးသူများက များသည်။ နိုင်ငံရေးခေါင်းဆောင်များအပြင် စာပေအနု ပညာနယ်မှ ပုဂ္ဂိုလ်များပါသည်။ ပန်းချီဆရာထဲက ဦးအုန်းလွင်၊ ကိုအောင်စိုး။ စာရေးဆရာများထဲမှ မဟာဆွေ၊ သိန်းဖေမြင့်၊ ရဲထွတ်၊ ဗန်းမောင်တင်အောင်၊ တင့်တယ်၊ ဘုန်းကြွယ်။ အယ်ဒီတာထဲမှာ ရှုမဝ ဦးကျော်။ ဂီတပညာရှင်ထဲမှ ဟေမာနေဝင်း စသည် စသည်။

          ဖျတ်ခန် ရုပ်ပုံလွှာကားချပ်များဟူသော ခေါင်းစဉ်ဖြင့်တော့ နည်းနည်းပါးပါး ရေးဖြစ်သည်။ ယင်းအဖွဲ့ အနွဲ့ မျိုးကတော့ ရုပ်ပုံလွှာ အဖွဲ့အနွဲ့ ကဲ့သို့ တစ်ယောက်ချင်း မိမိခံစားရသည့်ပုံ အပြည့်အဝ မဟုတ် ပေ။ ကျွန်တော်နှင့် ဖြတ်သန်းတိုးဝှေ့သွားရင်း တွေ့ရသူတို့၏ ရုပ်ပုံလွှာ ကားချပ်ကို ရေးခြင်း ဖြစ်သည်။ တစ်ပုဒ်ထဲတွင် တစ်ယောက်တည်း ဟုတ်ချင်မှဟုတ်မည်။ နှစ်ယောက် သုံးယောက်ပေါင်း ရေးဖွဲ့ ၍ ရေးချင် ရေးမည်။

( ခ )

          ကျွန်တော် ရေးခြယ်သည့် ရုပ်ပုံလွှာကားချပ်များတွင် နောက်ခံ သမိုင်းခေတ်က ပါမြဲဖြစ်နေသည်။ ကျွန်တော် ဖြတ်သန်းလာသောသမိုင်းခေတ်တွင် ထိတွေ့ရသောသူများဖြစ်သည်။ သမိုင်းနောက်ခံကား ကို ကျွန်တော် မေ့၍လည်းမရ။ ကျွန်တော်က တကယ်ရှိနေသော အဖြစ် အပျက်ကို သရုပ်ဖော်ရမည်ဟူသော အယူအဆ စွဲနေခဲ့သည်။ ထို့ကြောင့် ပင်လျှင် လူပုဂ္ဂိုလ်များကို ရေးခြယ်သောအခါ သူလှုပ်ရှားနေသော၊ သူ့ ရုပ်ပုံကို မြင်နေရသော သမိုင်းနောက်ခံကားကိုပါ ခြယ်ရေးလေ့ရှိသည်။ ကျွန်တော်၏ရုပ်ပုံလွှာ အဖွဲ့အနွဲ့ အယူအဆဟု ပြောလျှင်လည်း ရမည် ထင်သည်။ နိုင်ငံရေးပုဂ္ဂိုလ်များ ရေးဖွဲ့သောအခါ သူ၏သမိုင်းနောက်ခံ ကားသည် အရေးကြီးသည်ဟု ဆိုနိုင်သည်။

          နိုင်ငံရေးခေါင်းဆောင်တစ်ဦးသည် သူ့ခေတ်နှင့်သူသာလျှင် ထင်ပေါ် တည်ရှိစမြဲဖြစ်သည်ဟု ကျွန်တော်က ယူဆသည်။ ထို့ကြောင့် ကျွန်တော်နိုင်ငံရေးခေါင်းဆောင်များကိုဖွဲ့လျှင် သူ့သမိုင်းခေတ်ကို ပီပီ သသပင် ဖွဲ့ နွဲ့ တတ်သည်။

        စာရေးဆရာ ဖွဲ့ ရာတွင်လည်း သမိုင်းခေတ်သည် အရေးမကြီး မဟုတ်၊ အရေးကြီးသည်။ သူ၏စာပေခေတ်သမိုင်း နောက်ခံကားနှင့် ဆက်စပ်နေသည်ကို တွေ့နေရသည်။ ဆရာကြီး မဟာဆွေ၏ရုပ်ပုံ ကားချပ်ကို ဖွဲ့ သောအခါ ကျွန်တော်စစ်ပြီးခေတ်တွင်မှ ဖွဲ့ ဖြစ်သည်။ တကယ်က ဆရာကြီးသည် စစ်မဖြစ်မီခေတ် ကိုလိုနီဆန့်ကျင်ရေး လှုံ့ဆော်သောအခန်းတွင် ပါဝင်သူဖြစ်သည်။ စစ်ပြီးခေတ်ရောက်သော အခါ ဆရာကြီး၏နိုင်ငံရေးရာ အယူအဆများကို ကျွန်တော် ဝေဖန်စော ကြော မိသွားသည်။ မတတ်နိုင်။

      ဝတ္ထုရေးဆရာ ရဲထွတ်ဖွဲ့စဉ်က ရဲထွတ်၏ စစ်မဖြစ်မီက ဝတ္ထုအဖွဲ့ အနွဲ့ များကို ကျွန်တော် သတိရမိ၍ ရေးဖွဲ့လိုက်သည်။ ပန်းချီဆရာ ဦးအုန်းလွင်အကြောင်း ရေးဖွဲ့ သောအခါ သူ၏အမျိုးသားဟန်ပါသော၊ မြန်မာမှုဟန်ပါသော ပန်းချီရေးဖွဲ့ ခံစားနေစဉ်က ဖြစ်သည်။

         ပန်းချီ ကိုအောင်စိုးနှင့်ကား သူပန်းချီဆရာပေါက်စ၊ ငယ်စဉ်ကပင် ခင်မင်ရင်းနှီးခဲ့သည်။ ထိုအခါက သူသည် ပန်းချီဟန် ပီပီသသ မရှိသေး။ သို့သော် နောက်၌ သူ၏စိတ္တဇပန်းချီဟု ကျွန်တော်တို့က နာမည်ပေးကြသော ဆန်းသစ်ခေတ်ပေါ် ပန်းချီအဖွဲ့အနွဲ့များ ဖြစ်သည်။ လူငယ်ပိုင်းက နှစ်သက်စွဲလမ်းကြသည်။ သူဆုံးသွားသောအခါ ကျွန်တော်မရေးဖွဲ့ဘဲ မနေနိုင်တော့။ သူနှင့်ခင်မင်ရင်းနှီးသော ဇာတ်လမ်းကလေးများကလည်း ကျွန်တော့်ကို ကိုင်လှုပ်နှိုးဆွပေးခဲ့သည်။

        အများအားဖြင့်ကတော့ ကျွန်တော်သည် အသက်ရှင်စဉ်က ပုဂ္ဂိုလ် များကို ရေးဖွဲ့ တတ်သည်။ တချို့လည်း ကွယ်လွန်ပြီးမှရေးသည်။ အကြောင်းကြောင်းကြောင့် အသက်ရှင်စဉ်တွင် သို့မဟုတ် ဆုံးပြီးမှသော် လည်းကောင်း ရေးခြယ်သော်လည်း မရေးရသည်များလည်း ရှိတတ် သည်။ မတတ်နိုင် မတတ်နိုင်။

စာပေဂျာနယ်၊ ၂၁၊ စက်တင်ဘာ၊ ၁၉၉၄။