Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ဒဂုန်ခင်ခင်လေး - ကမ္ဘာ့ရန်သူ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
(၁၉၄ဝ ခု၊ မတ်)
အုပ်ရေ ၁ဝဝဝဝဝ၊ တန်ဖိုး - ၆ - ပဲ

          ဆရာမကြီး ဒဂုန်ခင်ခင်လေးက ဂျာမနီပြည် နာဇီတွေနဲ့ ပတ်သက်ပြီး အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်တွေ ဖတ်ကာ ဇာတ်လမ်းဆင်ရေးသားတဲ့ စာအုပ်ဖြစ်ပါတယ်။ စာ အုပ်ကို စာရေးသူ ရည်ရွယ်ချက် ၂ ခု ထားရှိထားပါသတဲ့..။ ပထမအချက်က နာဇီဝါဒ လွှမ်းမိုးစဉ်ကစပြီး ဂျာမနီပြည်မှာ ယနေ့တိုင် နာဇီဂိုဏ်းဝင်မဟုတ်တဲ့ ဂျာမန်အမျိုးသားတွေကို အမျိုးသားချင်းပင် ဖြစ်လင့်ကစားမည်မျှ ညှဉ်းပန်းနှိပ်စက်နေ သည်ကို မြန်မာများနားလည်စေချင်ပါသတဲ့။

          ဒုတိယအချက်ကတော့ လွတ်လပ်ရေးအတွက် မြန်မာ လူမျိုးတွေဟာ သခင်ပြောင်းလိုတဲ့ကိစ္စမျိုးနဲ့ သူတစ်ပါးကို အား ကိုးမျှော်မှန်း အားကိုးနေမယ့်အစား မိမိတို့ကိုယ်တိုင် ကိုယ့်ထူးကိုယ်ချွန်နဲ့ ကြိုးပမ်းအားထုတ်စေချင်ပါသတဲ့။

          စာအုပ်ကို အခန်း (၇)ခန်း ခွဲခြားရေးသားထားတယ်။ ဇာတ်လမ်းက စာရေးဆရာ လူပျိုကြီး အက်ဒလာက နှမလေး ဆိုဖီနဲ့ နေထိုင်နေတယ်..။ နာဇီတွေက အစစအရာရာ ပိတ်ပင် တားမြစ်ထားလို့ အက်ဒလာမှာ လွတ်လပ်မှုမရှိတဲ့အတွက် ဘာ စာမှ မရေးနိုင်ဘူး။ နှမလေး ဆိုဖီမှာလည်း ဆေးပညာသာ သင်ကြားထားပေမဲ့ နာဇီတွေက အမျိုးသမီးတွေကို ချိုးနှိမ်ထား လို့ ဘာအလုပ်မှမလုပ်ရဘဲ အိမ်တွင်းမှုအလုပ်တွေပဲ လုပ်နေ ကြရတယ်။ အက်ဒလာမှာ ဂိုးတလားဆိုတဲ့ ညီတစ်ယောက် လည်း ရှိသေးတယ်။ သူက အိမ်ထောင်သည်ဆိုတော့ အိမ်ခွဲနေ တယ်။ ဂိုးတလားရဲ့ ဇနီး ဖလေယာက နာဇီဝါဒကို လိုလားသူ ဖြစ်တယ်။ ဇနီးကြောင့် ဂိုးတလားဟာ ဂတ်စတာပိုစုံထောက် သူလျှိုလည်း ဖြစ်နေတယ်။

          သူတို့ ညီအစ်ကိုမှာ ဟာဇစ်ဆိုတဲ့သူငယ်ချင်းတစ်ဦး ရှိ တယ်။ ပါမောက္ခတစ်ဦးပါပဲ...။ ဟာဇစ်နဲ့ ဆိုဖီက ချစ်သူတွေ ဖြစ်နေကြတယ်...။ လက်ထပ်ဖို့ ဆိုဖီက ယောက်မဖြစ်တဲ့ ဖလေယာကို အစ်ကိုတွေဆီ ခွင့်တောင်းပေးဖို့ ပြောတယ်။ အဲဒါနဲ့ ဆိုဖီနဲ့ဟာဇစ်တို့ လက်ထပ်ဖို့ ဖြစ်လာရော။ လက်ထပ် ဖို့ ပြင်ကြဆင်ကြ။ အဲဒီမှာ အက်ဒလာ၊ ဟာဇစ်နဲ့ ဆိုဖီတို့ စကားပြောဆိုနေကြတယ်။ ဟာဇစ်က “ဒီနာဇီတွေ လုပ်ပုံကိုကျွန်တော်ဖြင့် စိတ်ပျက်မိပါရဲ့ဗျာ” လို့ ပြောတဲ့စကားကို ဂိုး တလားနဲ့ ဖလေယာတို့ အိမ်ဝင်မယ်လုပ်တော့ ကြားသွားတယ်။

          အဲဒီမှာ ဖလေယာက ဟာဇစ်ဟာ နာဇီတွေကို မလိုလား ဘူး။ ဂတ်စတာပိုကို တိုင်တန်းရမယ်ဆိုတာတွေ ဖြစ်လာရော။

          နာဇီတွေ အောင်မြင်လွှမ်းမိုးဖို့ မလိုလားတဲ့သူအားလုံးကို ရှင်း လင်းရမယ်လို့ ဖလေယာက ယူဆတယ်။ ဂိုးတလားက ယောက်ဖ လောင်းဖြစ်နေတာရော ဘာသိဘာသာနေလိုက်ချင်တယ်။ ဖလေ ယာက နာဇီဝါဒအောင်မြင်ဖို့အတွက် ဆွေမျိုးတွေ၊ ဘာတွေ ငဲ့ညှာနေစရာမလိုဘူး။ ရက်စက်မှကြေကွဲ...တဲ့။ တကယ်လို့.. မတိုင်တန်းရင် ဂိုးတလားပါ သစ္စာဖောက်ဖြစ်နေမယ်။ ဒါနဲ့ ဂိုးတလားက မင်္ဂလာဆောင်ပြီးမှ တိတ်တိတ်လေး ဖမ်းကြဖို့ သဘောတူပြီး ဂတ်စတာပိုကို တိုင်လိုက်ကြတယ်။

          မင်္ဂလာဆောင်ပြီးတဲ့အခါမှာတော့ဟာဇစ်ကိုဂတ်စတာပို တွေ တိတ်တိတ်လေး ဖမ်းဆီးသွားတယ်။ ဆိုဖီတစ်ယောက် ရင်ကွဲနာကျရှာတာပေါ့...။ ဂိုးတလားကတော့ ဖလေယာရဲ့ ကြိုး စားမှုနဲ့ ဂတ်စတာပို စုံထောက်ဘဝကနေ ထောင်ပိုင်ရာထူးကြီး ထိ တိုးမြှင့်ခံလိုက်ရတယ်။ အကျဉ်းသားတွေ နှိပ်စက်ရင်းကနေ ဂိုးတလားရဲ့ နှလုံးသားတွေ မာကျောလာတော့တယ်။ တစ်နေ့ မှာ... ခေါင်းမာတဲ့ အကျဉ်းသားတစ်ဦးကို “ဟိုင်း.. ဟစ်တလာ” လို့အော်ပြီး အသိအမှတ်ပြုခိုင်းတာကို မလုပ်လို့ သူကိုယ်တိုင် ဆူး လုံးကျာပွတ်နဲ့ဝင်ရိုက်တယ်။ အဲဒီအကျဉ်းသားဟာ သူငယ်ချင်း၊

          ယောက်ဖ ဟာဇစ်ဖြစ်နေတယ်။ အဲဒီမှာ ဂိုးတလား.. စိတ်ပျက်သွား တယ်။ နောင်တ တရားတွေလည်း ရမိတယ်။

          ဒါနဲ့ အစ်ကိုကြီး အက်ဒလာဆီ ရောက်သွားတယ်။ ဆိုဖီ ကတော့ အိပ်ရာထဲမှာ လဲနေတော့တယ်။ ဂိုးတလားက ဟာဇစ်ကို ခေါ်ပြီး ဘယ်လဂျီယံနိုင်ငံထဲ ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။ အစ်ကိုကြီး အက်ဒလာ၊ ဟာဇစ်၊ ဆိုဖီနဲ့ သူတို့...ချောချောမောမော ထွက်ပြေးနိုင်ခဲ့တယ်။ ဖလေယာကိုတော့ လင်တစ်ယောက်လုံးပျောက်ဆုံးသွားတာ မသိရကောင်းလားဆိုပြီး ဂတ်စတာပိုတွေက ဖမ်းဆီးပြီး နှိပ်စက်တော့တာပါပဲ။

          ဘယ်လဂျီယံနိုင်ငံမှ အက်ဒလာရဲ့ မိတ်ဆွေ ဂျော့ဖားအိမ်မှာ တော့ ဂိုးတလားတို့တစ်တွေ ဂျာမနီ နာဇီဝါဒကိုဘယ်လိုတော်လှန်၊ ခုခံကြမယ်ဆိုတဲ့ စိတ်ကူးတွေ ပြောနေကြလေရဲ့....။ ဂျာမနီ နာဇီ ကို မတော်လှန်လို့ မဖြစ်တော့ပါဘူး..။ ဘာလို့လဲဆိုတော့ နာဇီ တွေဟာ “ကမ္ဘာရန်သူ” ဖြစ်နေလို့ပါပဲ..။

          ဆရာမကြီး ဒဂုန်ခင်ခင်လေးရဲ့ ကမ္ဘာ့ရန်သူ စာအုပ်ဟာ နာဇီမျက်ကန်းမျိုးချစ်ဝါဒကို ရွံမုန်းတော်လှန်ချင်တဲ့စိတ်တွေ ဖြစ် ပေါ်လာအောင် လှုံ့ဆော်နိုင်စွမ်းရှိတဲ့ စာအုပ်လို့ ဆိုချင်ပါတယ်။