Skip to product information
1 of 5

Other Websites

ထောင်မှုးကြီးသိန်းဝင်း - မြန်မာနိုင်ငံအကျဉ်ထောင်များ၏နောက်ခံသမိုင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
အခန်း(၁)
အင်းစိန်ဗဟိုအကျဉ်းထောင်သမိုင်း

           ၁၈၅၂ ခုနှစ်မှ ၁၈၅၃ ခုနှစ်အတွင်း ပုဂံမင်းလက်ထက်၌ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲ ဖြစ်ပွားပြီးနောက် ရန်ကုန်မြို့အပါအဝင် မြန်မာပြည် အလယ်ပိုင်းသည် နယ်ချဲ့ဗြိတိသျှအရင်းရှင်တို့၏ လက်အောက်သို့ ကျရောက် သွားခဲ့ပါသည်။

          ဗြိတိသျှအရင်းရှင်တို့သည် မြန်မာပြည်အလယ်ပိုင်းကို သိမ်းပိုက်ပြီး နောက်ပိုင်းတွင် အင်အားနည်း၍ ကွက်ကွက်ကလေးသာကျန်ခဲ့သော အထက် မြန်မာပြည်ကို အခွင့်ရရှိသည်နှင့်တစ်ပြိုင်တည်း သိမ်းပိုက်ရန် ရည်ရွယ်ပြီး | ရန်ကုန်မြို့ကို ဆိပ်ကမ်းမြို့ကြီးအဖြစ် တိုးချဲ့၍ အုပ်ချုပ်ရေးကို စနစ်တကျ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သည်။

          နယ်ချဲ့ အင်္ဂလိပ်တို့သည် မြန်မာပြည်အား မတရားသိမ်းပိုက်ထား သဖြင့် သူ့ကျွန်မခံလိုသော မြန်မာနိုင်ငံသား တိုင်းရင်းသားတို့၏ လက်နက်ဖြင့်လည်းကောင်း၊ မျိုးချစ်စိတ်ဓာတ်ဖြင့်လည်းကောင်း၊ ခုခံတိုက်ခိုက်လာခဲ့ မှာ တိုက်ပွဲများ မကြာခဏ ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။

          ထိုအခါ အင်္ဂလိပ်တို့သည် အုပ်ချုပ်ရေးကို ငြိမ်ဝပ်ပိပြားစေရန် အတွက် မြန်မာပြည်သားတိုင်းရင်းသားတို့အား ပုဒ်မအမျိုးမျိုးထုတ်၍ ဖမ်း ပြီး ထောင်တွင်းအကျဉ်းချထားကာ ဖိနှိပ်ချုပ်ချယ် အုပ်ချုပ်ခဲ့သည်။

          ထိုမှတစ်ဆင့် အုပ်ချုပ်ရေးစနစ်ကို ခိုင်မာတောင့်တင်းပြီး အခြေချ န်အလို့ငှာ ဂါတ်များ၊ ရုံးများ၊ ထောင်များကို စတင်တည်ထောင်ခဲ့သည်။ ဗြိတိသျှတို့ကျင့်သုံးခဲ့သော “သွေးဖြင့် အင်္ဂတေကိုင်သော ဗြိတိသျှတို့၏ စစ်ဦးစီး ' က သက်သေအခိုင်အမာပြုလျက်ရှိသည်။ ထိုစစ်ဦးစီးဝါဒကား ...

(က) မြန်မာတစ်ပြည်လုံးသိမ်းယူ၍ မြန်မာဘုရင်အား ပြည်နှင်ဒဏ်ခတ်ရန်။

( ခ) မြန်မာပြည်နှင့် မြန်မာတစ်မျိုးသားလုံးပါ ပျက်သုဉ်းစေရန်။

( ဂ) မြန်မာနိုင်ငံတိုင်းရင်းသားအားလုံး ဗြိတိသျှတို့အပေါ်တွင်ပျပ်ဝပ်ကျိုးနွံစေရန်ဟူ၍ ရည်ရွယ်ချက်ထားပြီး ကျင့်သုံးခဲ့သည်။

          ထိုရည်ရွယ်ချက်များကို အကောင်အထည်ဖော်သည့်အနေဖြင့် ၆၄ ခုနှစ်တွင် အကျဉ်းထောင်ဌာနကို စတင်ဖွင့်လှစ်၍ ဆေးမင်းကြီး၏ က်အောက်တွင် ထားရှိအုပ်ချုပ်စေသည့်အပြင် မြို့ရွာသန့်ရှင်းရေးနှင့် ဘ်ဆေးထိုးဌာနကိုလည်း တစ်ချိန်တည်း ကြီးကြပ်စေခဲ့သည်။

          ၁၈၇၂ ခုနှစ်တွင် ယခင်ဆေးမင်းကြီးအုပ်ချုပ်နေရာမှ အကျဉ်း တင်ဌာနကို ထောင်မင်းကြီး သီးခြားခန့်ထား၍ အုပ်ချုပ်စေခဲ့ပါသည်။ ဤကဲ့သို့ အကျဉ်းထောင်များကို တဖြည်းဖြည်း တိုးချဲ့တည်ထောင်လာခဲ့ရာ ၁၆၁ ခုနှစ်တွင် ရန်ကုန်ထောင်ကို တည်ဆောက်ခဲ့ပြီးနောက် မြန်မာသာမကရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်သော အင်းစိန်ထောင်ကြီးကို အ၀၉ နှစ်တွင် စတင်တည်ဆောက်ခဲ့သည်။

အကျဉ်းထောင် မတည်ဆောက်မီ အင်းစိန်မြို့ အခြေအနေ

          အကျဉ်းထောင်မတည်ဆောက်မီ အင်းစိန်မြို့နေရာသည် ရွာငယ် တလေးသာ ဖြစ်သည်။ အင်းစိန်မြို့ကို စတင်တည်ဆောက်ခဲ့သည့်နေရာမှာ ယခု ရွာမရွာကြီးနေရာဖြစ်သည်၊ ရွာမရွာကြီးတစ်ဝိုက်တွင် သစ်တောကြီးဖုံးလွှမ်းနေပြီး မင်္ဂလာဒုံတောနှင့် ဆက်စပ်လျက်ရှိသည်။ ယခုလက်ရှိ မင်္ဂလာဒုံကို အထက်မင်္ဂလာဒုံဟုလည်းကောင်း၊ ယခု အင်းစိန်မြို့နေရာကို အောက်မင်္ဂလာဒုံဟူ၍လည်းကောင်း ခေါ်ဝေါ်ခဲ့ကြသည်။

အင်းစိန်အကျဉ်းထောင် တည်ဆောက်ခြင်း

          အင်းစိန်အကျဉ်းထောင်ကို ၁၈၈၉ ခုနှစ်က စတင်တည်ဆောက် ခဲ့ပြီး ၁၈၉၂ ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ အကျဉ်းထောင်မတည်ဆောက်မီက ယခု အင်းစိန်ထောင်ဝင်းကြီးတည်ရှိသော မြေနေရာသည် သရက်ခြံ၊ ကနစိုးခြံ၊ ပိန္နဲခြံကြီးများ အုပ်ဆိုင်းနေ ပြီး ဗြိတိသျှအစိုးရက လျှော်ကြေးများပေး၍ သိမ်းယူပြီး အကျဉ်းထောင် ရိယာကို သတ်မှတ်သည်။

          အင်းစိန်ထောင်ကို အုတ်ရိုးနှစ်ထပ်တည်ဆောက်ပြီးနောက် ထောင် အတွင်း မြေများကိုညှိပြီး အိပ်ဆောင်များဆောက်လုပ်ရန် ပြင်ဆင်သည်။ ထိုအချိန်က ရန်ကုန်ထောင်ကြီးကို တည်ဆောက်၍ ဖွင့်လှစ်အသုံးပြုနေပြီ ဖြစ်သဖြင့် ရန်ကုန်ထောင်မှ (၆) လအောက် အပြစ်ကျသော အကျဉ်းသား များကို ခေါ်ယူပြီး အင်းစိန်ထောင်ဆောက်လုပ်ရေးတွင် ခိုင်းစေခဲ့သည်။ အလုပ်သမားအကျဉ်းသား (ထ၀) ခန့်ရှိသည်ဟု သိရသည်။

          ထိုအချိန်က အုတ်ရိုးကြီးနှစ်ထပ်အတွင်းတွင် အဆောက်အဦများ ဆောက်လုပ်ပြီးစီးခြင်းမရှိသေး၍ အလုပ်သမား အကျဉ်းသားများကို အုတ်ရိုး ကြီးအတွင်း၌ပင် ညအိပ်ချိန်တွင် မြေကြီးပေါ်၌ အိပ်စေခဲ့သည်။

          အိပ်ဆောင် (၆)လုံး တည်ဆောက်ရာတွင် အကျဉ်းသားများအငြင် ပြင်ပမှ အင်ဂျင်နီယာများ၊ ဗိသုကာပညာရှင်များဦးစီး၍ ဆောက်လုပ်ခဲ့ကြ ခြင်းဖြစ်သည်။ ထောင်၏လုံခြုံရေးနှင့် အကျဉ်းသားများလုံခြုံရေးအတွက် အင်းစိန်ထောင်ကြီး၏ အရှေ့ဘက်ရှိနေရာကို အဆောက်အဦးတန်းလျား များဆောက်လုပ်၍ စစ်ပုလိပ်များကိုထားရှိပြီး စောင့်ကြပ်စေခဲ့ပါသည်။

          ထိုအချိန်က တွဲဘက်ထောင်ခေါ် ယခု သီးသန့်ထောင်သည် ဆောက်ရသေးဘဲ ယင်းနေရာတွင် အလုပ်သမားအကျဉ်းသားများနှင့် လုံခြုံ စစ်ပုလိပ်များအတွက် သီးနှံစိုက်ပျိုးသော တောင်ယာခင်းသာဖြစ်သည်။ ထောင်အုတ်ရိုးနှစ်ထပ်နှင့် အိပ်ဆောင်များကို ဆောက်လုပ်သည်မှာ (၄)နှစ် ကြာသည်။ အုတ်ရိုးကြီးတည်ဆောက်ပြီးသောအခါ အုတ်ရိုးနံရံကြီးကို နီရောင် ဆေးသုတ်ထားသည်။

အင်းစိန်ထောင်တည်ရှိဝံနှင့် အကျယ်အဝန်း

          အင်းစိန်ဗဟို အကျဉ်းထောင်ကြီးသည် အင်းစိန်လှိုင်မြစ်သွား ကမ်း လမ်းပေါ်တွင် တည်ရှိသည်။ ထောင်ဝင်းတစ်ခုလုံး စုစုပေါင်းအကျယ် ဆန်း မြေဧရိယာမှာ (၁၆၅ - ၆၈) ဧရိယာ ဧကရှိသည်။ ထိုအကျယ်အဝန်း တွင် တွဲဘက်ဧရိယာ အကျယ်အဝန်း (၁၄. ရ၂၉) ဧကရှိပြီး အမှုထမ်း နေအိမ်များ၊ မြေယာတွင် စိုက်ပျိုးခင်းများ၏ မြေဧရိယာမှာ (၄၆•၂၉) ဘီသာရှိသဖြင့် ၎င်းတို့အားလုံးအား ထုတ်နုတ်လိုက်ပါက အင်းစိန်ထောင်ကြီး ၏ မြေငရိယာ အကျယ်အဝန်းမှာ (၁ဝ၄. ရ၄၆) ဧက ရှိပါသည်။ အင်းစိနု ထောင်တည်ရှိပုံမှာ အင်းစိန်၊ လှိုင်မြစ်ကမ်းနားလမ်းကို မျက်နှာပြု၍ တည် ဆောက်ထားပြီး လမ်းဘေး၌ ထောင်ခြံစည်းရိုးမှာ ကပ်လျက်ရှိပြီး လမ်းမ အတွင်းထောင်ဘူးဝ မျက်နှာစာအထိ ပေပေါင်း (၁၁၆၀) ပေ ကွာဝေးပါ ။

ထောင်တည်ဆောက်သည့် ပုံသဏ္ဌာန်

          ဗြိတိသျှအစိုးရသည် အင်းစိန်ထောင်တည်ဆောက်သော အချိန်တွင် မြန်မာပြည်တစ်ပြည်လုံး၏ အချို့သောမြို့များတွင် အကျဉ်းထောင်အချို့ ကို တည်ဆောက်ပြီးဖြစ်သောကြောင့် အင်းစိန်ထောင်ကြီးကို ၎င်းတို့၏စိတ် တိုင်းကျ စနစ်တကျပုံစံရေးဆွဲ တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။

          အင်းစိန်ထောင်ကို အပေါ်အမြင်မှ စီး၍ကြည့်လျှင် ရှေးဟောင်း တိုင်ကပ်နာရိပုံသဏ္ဌာန်ရှိသည်ကို တွေ့ရသည်။ အုတ်ရိုးနှစ်ထပ်ရှိပြီး အပြင် အုတ်ရိုးမှာ (၁၈)ပေမြင့်သည်။ အတွင်းအုတ်ရိုးမှာ (ရ)ပေမြင့်သည်။ အတွင်း အုတ်ရိုးနှင့် အပြင်အုတ်ရိုးကြားတွင် (၁၉ဝ)ပေ ကွာခြားသည်း

          နာရီအတိုင်းအကွက်တွင် ထောင့် (၁၆) ထောင့် ပါရှိသည်ကို တွေ့ရသည်။ နာရီဒိုင်ခွက်ပုံသဏ္ဌာန်အတွင်းတွင် အကျဉ်းသားအိပ်ဆောင်း အဆောက်အဦများကို အကွက်ချ၍ နှစ်ထပ်ပုံစံ စနစ်တကျတည်ဆောက်ထားသည်။ အိပ်ဆောင်များအလယ်ကွက်လပ်ဗဟိုတွင် (၆၃) ပေမြင့်သော ဗဟိုမျှော်စင်တစ်ခုရှိပြီး ထိုမျှော်စင်ကို ပတ်၍ စားဖိုဆောင်ကြီးကို ဆောက် လုပ်ထားသည်။

          ထိုမျှော်စင်ကို ဗဟိုပြုပြီး နှစ်ထပ်အိပ်ဆောင်များကို နာရီလက်တံ သဖွယ် ပတ်ဝိုင်း၍ ဆောက်လုပ်ထားသည်။ ရည်ရွက်ချက်မှာ အကျဉ်းသား၊ အချုပ်သားများ ထမင်းစားသောက်ချိန်တွင် အိပ်ဆောင်များမှ တစ်ဆောင် ချင်း အကျဉ်းသား၊ အချုပ်သားများ တန်းစီထွက်ပြီး ဖိုဝိုင်းကြီးတွင် ထမင်း ပုံစံများကို အလွယ်တကူယူနိုင်စေရန် ဖြစ်ပေသည်။

          နှောက်ရည်ရွယ်ချက်တစ်ခုမှာ အိပ်ဆောင်များ၌ ခိုက်ရန်ဖြစ်ပွား ခြင်း၊ အုတ်ရိုးကိုကျော်၍ ထွက်ပြေးရန်ကြံစည်ခြင်း စသော လုံခြုံရေးနှင့် ပတ်သက်သည့် ကိစ္စများကို မျှော်စင်အပေါ်မှ တာဝန်ကျအစောင့်က အားလုံး ကို မြင်နိုင်စေရန်ဖြစ်သည်။

          ထောင်အရှေ့ဘူး တံခါးကြီးမှာနေ၍ ဖိုကြီးဗဟိုမျှော်စင်အထိ ဗစ်ဖြောင့်တည်း လမ်းဖောက်ထားပြီး ထိုမျှော်စင်ကြီးကို ပတ်၍ ထောင်နောက်ပေါက်ဝတံခါးအထိ လမ်းကို တောင်ဘက်မှမြောက်ဘက်အထိ တစ် န်းတည်း ဖောက်လုပ်ထားသည်။

          လမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင်လည်း (၉)ပေမြင့်သော အုတ် ထိုင်းကာရံထားပြီး အုတ်တံတိုင်းအရှေ့ခြမ်းတစ်လျှောက်တွင် အဆောက် ဆီ (၄) ခုရှိပြီး တစ်ခုနှင့်တစ်ခုကြားတွင် (ပေ၊ အုတ်နံရံများကန့်၍ အရံထားသည်။

အကျဉ်းထောင် အုပ်ချုပ်ရေး

          အင်းစိန်ထောင် တည်ဆောက်သောအချိန်တွင် ဗြိတိသျှတို့သည် တို့သိမ်းပိုက်ထားသော မြန်မာပြည်အောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် သိကမ်းမြို့ကြီးများဖြစ်ကြသော စစ်တွေ၊ မော်လမြိုင်၊ မြိတ်၊ ပုသိမ်နှင့် ကုန် စသည့်မြို့ကြီးများတွင် ထောင်များကို တည်ဆောက်ခဲ့ပြီးဖြစ်ရာ ဘုန်မြို့နှင့် (၁၂) မိုင်မျှကွာဝေးသော အင်းစိန်မြို့တွင် ထောင်ကြီးတစ်ခုဖွင့်ထားရှိပြီး အကျင့်စာရိတ္တပြုပြင်ရေး (REFORMATION) အတွက်ပါ ည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သည်ဟုယူဆရသည်။ ထို့ကြောင့် အင်းစိန် အော်ကြီးကို ၁၈၉၂ ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွင့်လှစ်အသုံးပြုခဲ့သည်။

          ထိုစဉ်က အင်းစိန်ထောင်ကြီးတွင် ထားရှိသော အကျဉ်းသားများ ဝတ်မူ တစ်ကြိမ်တစ်ခါကျူးလွန်သော အကျဉ်းသားများ (CASUAL RISONERS)၊ ရာဇဝတ်မှုကို တစ်ကြိမ်ထက်ပို၍ ကျူးလွန်သောအကျဉ်းသား ( HABITUAL PRISONERS) နှင့် တရားမ အကျဥ်းသားများ (CIVIL  PRISONERS) တို့ကို ထားရှိသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)