Skip to product information
1 of 3

Other Websites

ထောင်မှုးကြီးသိန်းဝင်း - ဘွားသက်ရှည်နှင့် ဝိဇ္ဇာရွာသားများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

အခန်း (၁)

          ကျွန်ုပ်သည် ရှေးဟောင်းပစ္စည်းများ စုဆောင်းသည်ကို ဝါသနာ ထုံသည်။ ကျွန်ုပ်နေထိုင်သည့် ‘ထောင်ခြံဝင်းအတွင်းနေအိမ်၌ ရှေး ဟောင်းပစ္စည်းအတော်များများ စုဆောင်းထားရှိခဲ့ဖူးသည်။ ။

          ကျွန်ုပ်တွင် အနှစ်နှစ်အလလက စုဆောင်းသိမ်းဆည်းထား သော ပျူခေတ်၏ မြေဆေးတံမြေလက်ကောက်၊ အိုးခြမ်းပဲ့များ၊ ရှေး ဟောင်းတိုင်ကပ်နာရီနှင့် ရုပ်တုအမျိုးမျိုးအပြင် ရှေးဟောင်းဗီရိုကြီး နှင့် စာအုပ်များ၊ ပေပုရပိုက်များ အတော်စုံလင်စွာ စုဆောင်းထားပါ သည်။

          ထို့အပြင် လက်ပတ်နာရီများအနေဖြင့်လည်း ဆွစ်ဇာလန်နိုင်ငံ P& ROAMER, PARGO, OMEGA, ROLEX, RADO. TITONI.OGEBAL စသော နာရီများကိုလည်း သိမ်းဆည်းစုဆောင်းထားသေး သည်။ ရှေးဟောင်းဖောင်တိန်အမျိုးမျိုးဖြစ်ကြသော အမေရိကန်နိုင်ငံ လုပ် PARKER (21), (17) တို့အပြင် ကနေဒါနိုင်ငံလုပ် ဖောင်တိန် အမျိုးမျိုးလည်းရှိသေးသည်။

          ယခင်ကာလက ဖောင်တိန်အကောင်းစားကိုင်နိုင်မှ လူရာဝင် သည်ဟု ဆိုကြသည်။ ရှပ်လည်ခေါင်းတုံးအင်္ကျီလက်ရှည်၊ ဝဲဘက်အိတ်ထောင်အတွင်း မြားသဏ္ဌာန် ရွှေရောင် သို့မဟုတ် ငွေရောင် PARKER ဖောင်တိန်ထိုးထားမှ လူတင့်တယ်သည်ဟု ယူဆကြသည် ရှပ်အင်္ကျီ၌ လည်း (L.PARKER) အမဲရောင်တိုက်ပုံအင်္ကျီဝတ်ထားပါမှ ခန့်ညား သပ်ရပ် လူရာဝင်ပေသည်။ မြန်မာဝတ်စုံနှင့် မြန်မာလူမျိုး လိုက်ဖက်လှပေသည်။

          ပုဆိုးအနေဖြင့်လည်း ယခင်က ဘန်ကောက်ခေတ်ဖြစ်သော် လည်း ကျွန်ုပ်တို့ခေတ်တွင်တော့ ရခိုင်ပုဆိုးခေတ်ဖြစ်သည်။ ထူထဲပြီး ခိုင်ခန့်သည်။ အကွက်လှသည် အရောင်မျိုးစုံရှိသည်။ ပွဲနေပွဲထိုင်တင့် တယ်သည်။ ယခုခေတ်တွင်တော့ ချည်ထည်ပုဆိုး အသင့်ချုပ်ပြီးခေတ် သို့ ရောက်သွားပြန်သည်။ လူကြီးပိုင်းမှလွဲ၍ တိုက်ပုံအင်္ကျီဝတ်သူ မရှိ သလောက် ရှားပါးသွားပြီဖြစ်သည်။

          ကျွန်ုပ်ဝါသနာမှာ ရှေးဟောင်းပစ္စည်းအမျိုးမျိုးအပြင် ကား အမျိုးမျိုး လဲလှယ်စီးခြင်းကိုလည်း ဝါသနာပါသည်။ ထို့ကြောင့် ကျွန်ုပ် FAMILIA ကားမှစတင်ပြီး NISSAN CEDRIFORDကားအမျိုးမျိုးနှင့် ဂျပန်ကားအမျိုးမျိုးစီးခဲ့သည့်အပြင် နောက်ဆုံးဝီလီဂျစ်နှင့် MORRIS MINNOR ကားကလေးသာ ကျွန်ုပ်ထံတွင် သောင်တင်နေတော့သည်။

          “ တစ်ခါ ဝီလီဂျစ်က ဆီစားသဖြင့် သိမ်းဆည်းထားရာမှ မိတ် ဆွေတစ်ဦးက အတင်းတောင်းဝယ်သွားပြန်သည်။ MORRIS MINNOR (1952) ခုနှစ် မော်ဒယ်ကားဟောင်းကလေးသာ ကျန်တော့သည်။

          ထိုကားကလေးကိုလည်း အောင်ဆန်းကွင်းအနောက်ဘက် တွင် နေထိုင်သော ဂျူးဂျာမန်ကပြား MR. DICKMEN ဆိုသည့် အဘိုး ကြီးထံမှ ဝယ်ယူထားခြင်းဖြစ်သည်။ အဘိုးကြီးက ကျွန်ုပ်နှင့်တွေ့တော့ အသက် (၉၀) ခန့်ရှိပြီး ကျွန်ုပ်အား အတော်ခင်သည်။

          သူ့မှတ်ပုံတင်ကတ် ပျောက်ဆုံးရာမှ ကျွန်ုပ်က ကူညီသဖြင့် အသစ်ပြန်ရသောကြောင့် ခင်မင်နေခြင်းဖြစ်သည်။ သူ့အိမ်တွင် ကျွန်ုပ် အားဖိတ်၍ မကြာခဏ ထမင်းကျွေးပြီး အရက်တိုက်တတ်သည်။ အရက်သောက်ရာတွင်လည်း အလွန်စည်းကမ်းကြီးသည်။ သူနှစ်ကြိမ်သောက်ရာ တစ်ကြိမ်သောက်လျှင် တစ်ပတ်ထက်မပိုပါ။ ထို့ကြောင့် လည်း အသက်ရှည်ကျန်းမာဟန်တူပါသည်။ ။ . သူ့အိမ်တွင် ရှေးဟောင်း (GEC) ရေခဲသေတ္တာကြီးနှင့် RECORD CHANGER ခေါ် ဓာတ်ပြားကြီးဖြင့်ဖွင့်ရသည့် ဓာတ်စက်၊ (EKĆO) acon RADIO SIGUME:03: MORRIS MINNOR ကားအဟောင်းကလေးရှိပေသည်။ ကားကိုလည်း သူမမောင်းနိုင်တော့ ၍ ကျွန်ုပ်အား ခင်မင်မှုဖြင့် သက်သာစွာ ရောင်းချပေးခြင်းဖြစ်သည်။ ကားအပိုပစ္စည်းများကိုလည်း လက်ဆောင်ပေးသေးသည်။

          ကားကလေးမှာ ဆင်ဆွယ်ရောင် ဝါကျင်ကျင်ကလေး။ ကား - မိုင်ခွက်၊ ရေသုတ်တံ၊ အချက်ပြမီး၊ ဆီဒိုင်ခွက်ကအစ ကောင်းသေးသည်။ ဘယ်ညာအချက်ပြလျှင် ကားဘော်ဒီအလယ်မှ မီးအချက်ပြလက်တံကလေးက ထွက်လာပြီး အချက်ပြတတ်သည်။ အတော်ပြည့်စုံ - ကောင်းမွန်သော အင်္ဂလိပ်ကားကလေးတစ်စီးဖြစ်သည်။

          ပိုင်ရှင် MR. DICKMEN က အင်္ဂလန်ပြန်စဉ် ဝယ်လာခြင်း ဖြစ်ပြီး (1952) ခုနှစ် မော်ဒယ်ဖြစ်၍ အနှစ်(၄၀)ကျော်ပေပြီ။ ပိုင်ရှင်ကဲ့ သို့ ကားကလေးလည်း အိုပေးပြီး သို့သော် အတော်ကောင်းပါသေး သည်။ ထိုကားကလေးကို ကျွန်ုပ်နှစ်သက်စွာစီးစဉ် လူတကာက ဝိုင်း ကြည့်ကြသည်။

          ထိုကားကလေးကို ကျွန်ုပ် (၃)နှစ်ခန့်စီးပြီးတော့ ရှေးဟောင်း ကားကလေးပီပီ တစ်ခုပြီးတစ်ခု ဖောက်လာသည်။ MR. DICKMEN က သံယောဇဉ်ကြီးစွာဖြင့် ရှေးဟောင်းကားပြင်သည့် ကြည့်မြင်တိုင်မှ ဦးဘင်မောင်၊ ကမာရွတ်လမ်းမှ ကားဆရာ ဦးကြီးအောင်တို့ဖြင့် ဆက် သွယ်ပြီး အပိုပစ္စည်းများအား ထည့်ပေးသည်။ .

          MOTOR HOUSE OF WOEM FIVE STAR Woobase အနီးတွင် တည်ရှိပြီး ပုဇွန်တောင်၊ လင်းစဒေါင်းတွင် ပြောင်းရွှေ့ထား ည်း ကားအပိုပစ္စည်းဂိုဒေါင်ရုံနှင့်လည်း မိတ်ဆက်ပေးပါသည်။ ကျွန်ုပ်လည်း လိုအပ်မည်ထင်သည့် ပစ္စည်းမှန်သမျှကို ဝယ်ပါသည်။ ဒိုင်ခံ ပြင်သည်ကတော့ ကမာရွတ်လမ်းမှ စက်ဆရာ ဦးကြီးအောင်ဖြစ်သည်။

.           ကားကလေးကို ပြင်ရသည်မှာ တစ်စီးလုံးနှီးနီးဖြစ်သည်။ ဆေး မှုတ်ရသည်း အောက်ကြမ်းပြင်များ ဖာထေးရသည်။ WIRING လိုက် ရသည်။ မီးလုံးနှင့် ဒိုင်နမိုမှာ (6) volts ဖြစ်၍ (12) volts သို့ ပြောင်း ရသည်။ ရှော့ဘာမှ ယခုခေတ်ကဲ့သို့ ပိုက်တန်း (SPRING) မဟုတ်။ - PISTON (၂) လုံးနှင့် အတက်အကျ မောင်းတက်ပုံစံဖြစ်၍ ဆီအိုးတွင်း အင်ဂျင်ဝိုင်ထည့်ရသည်။ မေ့နေပါက ဆီအိုးကွဲပြီး အသစ်မရနိုင်တော့၍ အဟောင်းသတ္တုအိမ်ကိုပင် ဖာထေးရတော့သည်။ တာ ယာ၊ သံခွေများလည်း ဆွေးမြေ့လာသဖြင့် FIAT ကားသံခွေများဖြင့် အစားထိုးလဲလှယ်ရသည်။ ရေသုတ်တံကိုလည်း ပြင်ရသည်။

          အင်ဂျင်မှာ ကောင်းသော်လည်း ရေလည်အုံပန်ကာအတိုင်၊ ရေတိုင်ကီစသဖြင့် တစ်စီးလုံးနီးနီး ပစ္စည်းဟောင်းများအား ဘုရင့် နောင်ဈေးတွင် မူးနောက်အောင်ရှာဖွေ၍ လဲလှယ်ရတော့သည်။ နှစ် ကြာသည်နှင့်အမျှ ပစ္စည်းဟောင်းများက ဈေးကြီးပြီး ရှားပါးလှသည်။

          ကားကလေးကို သံယောဇဉ်ရှိသော်လည်း ဆင်ဖိုးထက် ချွန်း ဒိုက ပိုကုန်နေပြီဖြစ်သည်။ ကားဟောင်းကလေးအား ဝယ်မည့်သူများ , ရှိပါသည်။ သို့သော် ကျွန်ုပ် မရောင်းရက်၍ မရောင်းခဲ့ပါ။ ကားကလေးအား မည်မျှပြင်ရသနည်းဆိုမူ မကြာခဏပြင်ဆင်ရတတ်၍ စက်ပြင် ဆရာ ဦးကြီးအောင်နှင့်ပင် ကျွန်ုပ် ညီအစ်ကိုအရင်းပမာ ဖြစ်နေတော့ သည်။ " . ကြာတော့ ဆရာက ကားပြင်ခပင်မယူတော့၍ ကျွန်ုပ် ငွေ့ကြေးအစား ပစ္စည်းများဝယ်၍ ကန်တော့ရသည်။ ဆရာ့အိမ်သည်လည်း ကျွန်ုပ်၏ စားအိမ်၊ သောက်အိမ်ပင် ဖြစ်တော့သည်။ ဆရာ့မိသားစု သည်လည်း ကျွန်ုပ်၏မိသားစုပမာ ဖြစ်တော့သည်။ ဆရာ့အိမ် သာရေး နာရေးကိစ္စများတွင် ကျွန်ုပ်မပါလျှင် မဖြစ်တော့သည်။ ,

          MORRIS MINNOR ကားကလေးအား (၅) နှစ်ကျော်စီးလာ ခဲ့ပြီးနောက် ကျွန်ုပ်လိုပင် ရှေးဟောင်းကား CRAZY ဖြစ်သော ဆရာမ ဒေါ်သိန်းသန်းဌေးဦးက `ဝယ်ရန်ကမ်းလှမ်းလာသဖြင့် ကျပ်ငွေငါးသိန်း ဖြင့် အရောင်းအဝယ်ဖြစ်သည်။

          ထိုစဉ်က ထဆင်တူးနံပါတ် SUNNY PICK-UP ပန့်ကား တစ်စီးကိုဝယ်နိုင်သော ငွေကြေးဖြစ်သည်။ ကျွန်ုပ်တို့ငွေဖြင့် လှိုင်သာ ယာမြို့၊ (၁၂) ရပ်ကွက်ရှိ တိုက်သစ်ကလေးတစ်လုံးကို ဝယ်လိုက်နိုင် သည်။ ကားအကျိုးမပေးဟုထင်ကာ အိမ်ခြံမြေဘက်သို့ လှည့်ခြင်းဖြစ် သည်။ '' ထိုစဉ်က အင်းစိန်မှ လှိုင်သာယာကူးသည့် အောင်ဇေယျ တံတားကြီးက မဆောက်ရသေး၊ လှိုင်သာယာသို့ ဇက်ရေယာဉ် (သို့ မဟုတ်) စက်သမ္ဗန်ဖြင့် ကူးနေရသောအချိန်ပင်ဖြစ်သည်။

          အောင်ဇေယျတံတားကြီးပြီး၍ ရန်ကုန်-ပုသိမ်လမ်းမကြီး ဖောက်တော့ ကျွန်ုပ်ဝယ်ထားသောအိမ်က လမ်းမကြီးနှင့် ဝေး၍သွား သည်။ ထို့ကြောင့် အရောင်းအဝယ်မရသဖြင့် မရောင်းတော့။ အိမ်ငှား - တင်၍ပင် ထားလိုက်ပါတော့သည်။ ထိုစဉ် အိမ်ကလေးမှာ မီးဖိုချောင်ရေချိုးခန်း၊ အိမ်သာမပါသဖြင့် ထပ်မံပြင်ဆင်တိုးချဲ့ ဆောက်လုပ်လိုက် ( ရာ (၁၀) သိန်းကျော် ကုန်သွားတော့သည်။

          ကားဝယ်သော ဆရာမမိသားစုမှာ အုတ်ကျင်းဘူတာရုံလမ်း တွင် နေထိုင်ကြသည်။ ကားတစ်ခုပျက်သည်နှင့် ကျွန်ုပ်ထံပြေးလာ ကြစမြဲပင်။ ထို့ကြောင့် ကျွန်ုပ်ကားရောင်းလိုက်သော်လည်း စက်ဆရာ - ဦးကြီးအောင်နှင့် မကင်းပါ။

          ရှေးဟောင်းအင်္ဂလိပ်ကားအား ပြင်ဆင်နိုင်သော ကားဝပ်ရှော့ ဆရာကား အလွန်ရှားသွားလေပြီ။ ခေတ်လူငယ်များမှာ ကျွန်ုပ်တို့၏ ရှေးဟောင်းအင်္ဂလိပ်ကားအား မမောင်းချင်ကြပါ။ ထို့ကြောင့် ကား ကလေးကို ဆရာမတို့တိုက်ခန်းရှေ့တွင် ရပ်ထားသည်ကများသည်။

          ကျွန်ုပ် တစ်ခါတစ်ရံရောက်မှ ကားကလေးအား သန့်ရှင်း ရေးလုပ်ပြီး သူတို့မိသားစုသွားလာရန် ကျွန်ုပ်က မောင်းပေးရသည်။ ကားကလေးမှာ ကျွန်ုပ်မောင်းတော့လည်း အကောင်းပင်။ သူတို့မိသားစု သွားတတ်သော ရန်ကုန်မြို့အတွင်း နေရာအနှံ့သို့ ချောချောချူချေ။ လိုက် ပို့ပေးနိုင်ပါသည်။

          ထို့ကြောင့်ပင် ဆရာမ၏ယောက်ျား ဦးမြင့်ဦးက ကားကလေး ကို ကျွန်ုပ်လက်တွင်းအပ်၍ ပေးထားတော့သည်။ ကျွန်ုပ်ကလည်း ကျွန်ုပ် ၏မိသားစုအတွက် အသုံးပြုသလို သူတို့မိသားစုအတွက်လည်း မောင်း ပေးရပါသည်။ သူတို့မိသားစုတွင် ဆရာမ၏မိခင် ဒေါ်သန်းသန်းနုဆို သော အဘွားကြီးမှာ ကားအသုံးများဆုံးဖြစ်သည်။

          ကန်တော်ကလေးရှိ သူတို့အမျိုးများအိမ်နှင့် သိမ်ဖြူအကြော ပြင်ဌာနသို့ မကြာခဏသွားတတ်၍ မကြာခဏ ကျွန်တော်ကလိုက်ပို့ ပေးရသည်။ အဘွားမှာ (လ.ဝ., က) ရုံးချုပ်မှ ပင်စင်ယူထားသော ရုံးအုပ်စာရေးကြီးဖြစ်၍ လက်ဖက်ရည်ကြိုက်သည်။ .

          ကျွန်ုပ်နှင့်တွေ့ဆုံစဉ်က အသက် (၅) နှစ်ခန့်ရှိသော်လည်း အလွန်ဖျတ်လတ်သန်မာသည်။ သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထားတတ် ပြီး လုံးချောဘယ်လ်ဂျီယန် စိန်နားကပ်ကြီးပန်၍ လည်ပင်းတွင်(စဓဗ၀)လော့ကတ်သီးပါ ရွှေဆွဲကြိုးကြီးကို ဆွဲထားတတ်သည်။ ထိုစဉ်က ဆရာမ တွင် လသားအရွယ် 'ခွန်းဆင့်သံသာ' ဟု ခေါ်တွင်သော မိန်းကလေး တစ်ဦးရှိပေသည်။ လွန်စွာချစ်စရာကောင်းသော သမီးကလေးဖြစ်သည်။

          အမေဒေါ်သန်းသန်းနုမှာ ဆရာမတို့နှင့် အတူနေသူမဟုတ်။ `သမိုင်းကသွယ်ချောင်းအနီး မဟာဗန္ဓုလလမ်းတွင် သားအငယ်မောင် သိုက်ဝန်းဆိုသူနှင့် အတူနေသူဖြစ်သည်။ ဝိဇ္ဇာလိုင်းလုပ်သူဖြစ်၍ ဘယ်

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)