Skip to product information
1 of 3

Other Websites

ထောင်မှုးကြီးသိန်းဝင်း - တုံငယ်ဝရတနာသိုက်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

          ကျွန်ုပ်ထောင်မှူးပေါက်စဘဝ ၁၉၅၆-ခုနှစ်က ကသာမြို့သို့ ပြောင်းရွှေ့အမှုထမ်းရသည်။ ရန်ကုန်မှ မန္တလေးသို့ ရထားစီးပြီး မန္တလေးထောင်(နန်းတွင်း)တွင် ညအိပ်တည်းခိုရသည်။

          . . မန္တလေးမှ ကသာသို့ မီးရထားလမ်းရှိသော်လည်း ထင်း၊ မီးသွေး စက်ခေါင်းကြီး များဖြစ်၍ စိတ်မချရသောကြောင့် ရေလမ်း ခရီးမှသွားရန် ဆရာသမား မိတ်ဆွေများက တိုက်တွန်းကြသဖြင့် ရေလမ်းခရီး အတွေ့အကြုံရစေရန် (P) အမျိုးအစား၊ အငယ်စားများ ဖြစ်ကြသည့် သင်္ဘောများ၊ ပပဝင်း၊ ပုဏ္ဏားပျံနှင့် ပဒုမ္မာတို့အနက်မှ အစောဆုံး ထွက်မည်ဖြစ်သည့် “ပပဝင်းသင်္ဘော”ကလေးကို ရွေးခဲ့သည်။

          မနက် (၆)နာရီတွင် ဂေါဝိန်ဆိပ်မှ သင်္ဘောထွက်မည်ဖြစ်၍ မနက်(၅)နာရီတွင်အိပ်ယာထရပြီး၊ ထောင်မှလိုက်ပို့သည့် Toyopet ကားလေးဖြင့် ဆိပ်ကမ်းသို့ ဆင်းရသည်။

          သင်္ဘောမထွက်သေး၍ ဆိပ်ကမ်းပေါ်တွင် မနက်စာ လက် ဖက်ရည်နှင့် ထမင်းကြော်စားသောက်ပြီးမှ ကျွန်ုပ်လိုက်ပို့သူများကို နှုတ်ဆက်ပြီး သင်္ဘောဆင်းခဲ့တော့သည်။ “ပပဝင်သင်္ဘော'မှာ အငယ် စားဖြစ်၍ မော်တော်ထက် အနည်းငယ်သာကြီးသော တစ်ထပ်သင်္ဘော ကလေးသာဖြစ်သည်။ ။

          ဤလမ်းခရီးတွင် ဗန်းမော်မြို့အထိ () အမျိုးအစား အကြီး များဖြစ်ကြသည့် ပွင့်ဖြူ၊ ပြည်သူ ပတ္တမြား၊ ပြဒါးပျံ၊ ပုညာနှင့် ပြဒါးရှင် သင်္ဘောကြီးများလည်း ရှိသည်။ ၎င်းသင်္ဘောကြီးများက လူနှင့်ကုန်ပါ တင်သဖြင့် အလွန်နှေးသည်။

          မန္တလေးမှ စဉ့်ကူ၊ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်ကို ကျော်ပြီး နှစ်ညအိပ် (၃)ရက်ကြာမှ ကသာသို့ ရောက်သည်။ ရေဆန် ခရီးဖြစ်၍ ကြာခြင်းဖြစ်သည်။ ရေလမ်းခရီးတွင် ဖေါင်မျှောလာခြင်းကို လည်း စောင့်စားရှောင်ရသေးသည်။

          ' သင်္ဘောကြီးများစီးလျှင်တော့ လေးငါးရက်ကြာသည်ဟု သိရ သည်။ ရထားလမ်းကတော့ ဤမျှကြာမည်မထင်။ စိတ်မချရသော စက်ခေါင်းကြီးများဖြစ်၍ ကျွန်ုပ်မစီးရဲခဲ့ပါ တစ်ကိုယ်တော် လူလွတ် ဖြစ်၍ ပြဿနာတော့ မရှိပါ။ ရောက်ချိန်တန်၍ ချောမောစွာ ရောက် ရန်သာ `အရေးကြီးပေသည်။ ... ။ - ကသာမြို့ကို ဖက်ဆွတ်တောင် စိမ်းညိုညိုကြီးက ကလနား သတ်ထားသည်။ ဧရာဝတီအနောက်ဘက်ကမ်းတွင် တည်ထားသည့် ကသာမြို့ကို မြင်ယံအတွင်းက မျှော်ကြည့်လိုက်မှ ပို၍လှမှန်၊ သတိပြု မိသည်။ • မြို့ပတ်ကမ်းနားတွင် မြစေတီတော်နှင့် တာဝတိသာ၊ မဟာ အဘယစေတီတို့ကို ကြည်နူးစွာ ဖူးတွေ့ရသည်။ ထို့အပြင် ဆိပ်ကမ်းတွင် မော်တော်များ၊ လှေများနှင့် ရေကြောင်းပြသင်္ဘောများ ဆိုက် ကပ်ထားသည်။

          ထို့ကြောင့်ပင် ရှေးအခါက ကသာကို “ကမ်းသာ”ဟု ခေါ် ဝေါ် သမုတ်ခဲ့ကြသည်ဟု သိရသည်။ ရှမ်းဘာသာစကားဖြင့်လည်း “ကပ်ဆာ”ဟု ခေါ်ခဲ့ကြဖူးသည်။ အဓိပ္ပါယ်မှာ “မိုင်းသာမြို့”ဟု အဓိပ္ပါယ်ရသည်။

          ထို့အတူ ကဒူးရာဇဝင်တွင် “ကဆာ"ပျူမြို့ဟုလည်း ခေါ် တွင်ခဲ့ကြောင်း သိရသည်။ မြန်မာသက္ကရာဇ် ၃၉၅-ခုနှစ်တွင် ပုဂံ အနော်ရထာမင်းစောတည်ခဲ့သည့် ကင်းမြို့ကြီး(၃)မြို့အနက် “ကသာ” သည်လည်း တစ်မြို့အပါအဝင်ဖြစ်သည်။

          ထိုစဉ်က ကင်းမြို့များဖြစ်ကြသည့် မိုးတားနှင့် ယင်းခဲတို့ သည်လည်း ဧရာဝတီ၏ အရှေ့ဘက်ကမ်းတွင် ရွာကြီးများအဖြစ် ယခု အချိန်အထိ တည်ရှိနေဆဲဖြစ်သည်။

          ကသာမြို့၏ မြောက်ဘက်တွင် ကချင်ပြည်နယ်၊ မိုးညှင်း မြို့နယ်၊ အရှေ့ဘက်တွင် ရွှေကူမြို့နယ်နှင့် ရှမ်းပြည်နယ်၊ မဘိန်း မြို့နယ်၊ တောင်ဘက်တွင် ထီးချိုင့်မြို့နယ်၊ အနောက်ဘက်တွင် အင်း တော်မြို့နယ်က ဝန်းရံနေသည်။

          ကသာမြို့အား မင်းဝံတောင်တန်းကြီး၊ ဖက်ဆွတ်တောင် တန်းကြီးနှင့် လွယ်ကူးတောင်တန်းကြီးတို့က ကာရံထားသည်။ ကသာမြို့ နယ်တွင် ကျွန်း၊ ပျဉ်းကတိုး၊ အင်၊ ကညင်၊ ယင်းမာ၊ ယမနေနှင့် ရုံးစသည့် အဖိုးတန်သစ်များအပြင် ကမ်းစပ်၌ မိုးမခ၊ ရေချင်းယား၊ ထရော်ပင်နှင့် တဇင်းပင်များလည်း အုံနှင့်ကျင်းနှင့် ပေါက်ရောက်နေ သည်။ မြို့နယ်တစ်ခုလုံး၏ လေးပုံသုံးပုံမှာ သစ်တောကြီးများဖြစ်၍ ကသာမြို့ ရာသီဥတုမှာ အေးချမ်းလှသည်။

          ကသာဆိပ်ကမ်းရောက်တော့ မွန်းတည့် (၁၂)နာရီကျော်ခန့် ရှိပြီဖြစ်၍ နီးစပ်ရာဆိုင်တွင် ထမင်းဝင်စားရာ သားငါးမျိုးစုံရသည်။ တောကောင်သားများသာမက ငါးဟင်းအမျိုးမျိုးရသည်။

          ထူးဆန်းသည်မှာ ငါးဖန်းမငါးများမှာ လက်ဖဝါးခန့်အရွယ် ရှိ၍ ကင်ထားသည်မှာ အဆီရွှဲရွှဲစိုပြီး ဝင်းဝါနေသည်။ လတ်ဆတ်သဖြင့် စား၍ အလွန်စိမ့်သည်။

          စားသောက်ပြီးနောက် ဆိုက်ကားငှား၍ ကသာထောင်သို့ ပို့ခိုင်းရသည်။ လမ်းမှာလည်း ကတ္တရာလမ်းမဟုတ်၊ ကျောက်ခင်းလမ်း သာဖြစ်သည်။ ကားအသွားအလာကို မမြင်ရ၊ မြို့လယ်ဈေးရောက်တော့ (GMC) သစ်တိုက်ကားကြီးများနှင့် ဂျစ်ကားအချို့ကိုသာ ရပ် ထားသည်ကို မြင်ရသည်။ . ။

          ဈေးတောင်ဘက်လမ်းအတိုင်း ဆိုက်ကားနင်းလာရာ မြို့စွန် ရောက်သည်နှင့် အုတ်ရိုးမဲမဲကြီး ကာရံထားသည့် ကသာထောင်လေး သို့ ရောက်တော့သည်။ အင်းစိန်ထောင်ကြီးနှင့် နှိုင်းဆာလျှင် ဆယ်ပုံ တစ်ပုံခန့်သာ ရှိပါလိမ့်မည်။ -

          ကသာထောင်တွင် ကျွန်ုပ်နှင့် အပတ်စဉ်တူ၊ သင်တန်းဆင်း ကိုမြင့်ဆွေကြီးရှိသည်။ ထောင်ပိုင်က ဦးအုန်းမောင်၊ အလွန်သဘောကောင်းသူ ဖြစ်သည်။ ထို့ကြောင့် ကသာထောင်တွင် ကျွန်ုပ်အတွက် ပူစရာမလိုချေ။

          ထောင်ဗူးဝရောက်သည်နှင့် ဝန်ထမ်းများက လာကြိုသည်။ ထောင်ပိုင်ဦးအုန်းမောင်နှင့် ထောင်မှူးကိုမြင့်ဆွေတို့လည်း ထွက်လာကြသည်။

ဦးအုန်းဝင် - ။           “လာဗျို့ ... ကိုသိန်းဝင်း အမိန့်စာရောက်ကတည်းက ကျွန်တော်တို့ မျှော်နေတာ။ လမ်းခရီးမှာ ကြန့်ကြာသွားတယ် ထင်တယ်”

ကျွန်ုင် ။           “မဟုတ်ပါဘူး ဆရာ၊ လမ်းခရီးမှာ အဆင်ပြေပါတယ်။ အင်းစိန်ထောင်အချုပ်ရုံးမှာ ဝါးရမ်းတွေလွှဲနေရလို့ ကြာသွားတာပါ။ ဟိုက ချုပ်ဝါရမ်းက (၂၀၀၀) ကျော် တယ်ဆရာ”

 ဦးအုန်းမောင် ။           “အေးဗျာ ... ကျုပ်တို့ ကသာမှာတော့ အချုပ်သား(၁၀၀)လောက်နဲ့ အကျဉ်းသား (၆၀) လောက်အမျိုးသမီးကျ/ချုပ် (၁၅)ယောက်လောက်ပဲရှိတယ် တာဝန်ပေါ့တာပေါ့ဗျာ” .

ကိုမြင့်ဆွေ။           “သူငယ်ချင်း ... ထမင်း စားပြီးပြီလား။ဒီမှာ အားနာစရာမရှိဘူး။ ချက်ချင်း စီစဉ်လို့ရတယ်"

ကျွန်ုပ်။           “စားပြီးပါပြီဗျာ။ ကသာဆိပ်ကမ်းရောက်တာနဲ့ နီးစပ်ရာဆိုင်မှာ စားခဲ့ပြီး သားငါး အလွန်ပေါတယ်ဗျနော်"

ဦးအုန်းမောင် -           “ဟုတ်ပါတယ်။ ကသာက အသား၊ ငါးအလွန်ပေါတယ်။ ဟင်းသီးဟင်းရွက်လည်း ပေါပါတယ်။ မိန်းမချောတွေလည်း ပါတယ်။ ခင်ဗျားတို့လိုလူပျိုထောင်မှူးတွေအတွက် အဆင်ပြေပါတယ်"

 ကိုမြင့်ဆွှေ ။           “စားဖို့သောက်ဖို့တော့ မပူနဲ့။ ချက်စားစရာဝယ်စားစရာ မလိုဘူး။ ရိက္ခာရုံးက ကျွန်တော် တို့ လူပျိုထောင်မှူးတွေအတွက် အမြဲတမ်းချက်ပေးပါတယ်။ စားချင်ရာတော့ မရဘူးပေါ့ဗျာ။အဆင်ပြေအောင်တော့ လုပ်ပေးပါတယ် ။

ကျွန်ုပ် ။           “ရပါတယ်ဗျာ။ အဆင်ပြေသလိုပေါ့။ စားမကောင်းတော့လည်း တစ်ခါတစ်ရံ အပြင်ထွက်စားကြ .တာပေါ့" . ။

ကိုမြင့်ဆွေ ။           “အပြင်က ဖိတ်ကျွေးတာလည်း အများကြီးပါဗျာ။ဒီမြို့မှာ အစိုးရဝန်ထမ်းကနည်းတော့ ဟိုကဖိတ် ကျွေး၊ ဒီကဖိတ်ကျွေးနဲ့ တစ်ပါတ်နှစ်ခါလောက်တော့ အပြင်မှာစားရတာ များပါတယ်" .

ကျွန်ပ်။           “ဒီမြို့မှာ ဘာလုပ်ငန်းတွေ များသလဲဗျ”

ဦးအုန်းမောင် ။           “သစ်လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းနဲ့ ကိုင်းလုပ်ငန်းတွေပဲရှိပါတယ်။ မိုးတွင်းဘက် “ကဇင်း”သီးပေါ်ချိန်မှာတော့ တဇင်းသီးကောက်တဲ့ လုပ်ငန်းရှိတယ်ဗျ'' .

ကျွန်ုပ် ။           - “တဇင်းသီးက ဘာလုပ်ရတာလဲဗျ”

ဦးအုန်းမောင် ။           “တဇင်းပင်က မရမ်းပင်လို အပင်မျိုးဗျ။ ချောင်းကမ်းစပ်မှာပေါက်တာ၊ အလေ့ကျ ပေါက်ပင်ပါ။ မိုးရာသီမှာ အသီးကြွေတယ်။ ရေထဲမှာ လှေတွေနဲ့ လိုက်ဆယ်ပြီး ကောက်ရတာ။

           အဲဒီ အသီးထဲက `အစေ့ထုတ်ပြီး ဆပ်ပြာချက်လုပ်ငန်း အတွက် မြို့နယ်သမဝါယမကို ရောင်းရတာ။ ပဒေသာပင်ပေါ့ဗျာ၊ အဲဒီ ၁ အချိန်မှာ ဆင်းရဲသား လက်လုပ်လက်စားတွေ ငွေရွှင်ကြတာပေါ့။ တဇင်းပင်ကလည်း ချောင်းကြို၊ ချောင်းကြား၊ လတာအနှံ့ပေါက်ကဗျ။ .

          “ဒီမြို့နယ်မှာ ထူးခြားတာကတော့ ယောက်ျားက အလုပ်သိပ်မလုပ်ကြဘူး။ မိန်းမနဲ့ ကလေးတွေက အောက်ခြေသိမ်းလုပ်ကြ တာများတယ်”

ကျွန်ုပ် ။           “ယောက်ျားတွေက ဘာကြောင့် အလုပ်လုပ်တာနည်းတာလဲဗျ"

ဦးအုန်းဓာဝ် ။           “ဒေသခံတွေက ဘိန်းနဲ့ နွယ်ပြီး ဇိမ်ခံနေကြတာများတယ်။ ဒီမှာ ကဒူး၊ ကနန်းနဲ့ ခန္တီးရှမ်းတွေ များတယ်၊ သစ်လုပ်ငန်း လုပ်ကြတယ်ပေါ့ဗျာ။ ဘိန်းကလည်းပေါတော့ ဇိမ်ခံကြတာပေါ့။ ဒီမြို့လောက် အလုပ်ပေါတာ ဒီမြို့ပဲရှိမယ် ထင်တယ်။ အရင်းအနှီးမရှိဘဲ သစ်ဝါး ဆယ်ပေးရုံနဲ့ ပိုက်ဆံရနိုင်တယ်"

ကျွန်ုပ် ။           “အမှုအခင်းတွေကရော ဘာတွေ အဖြစ်များသလဲ”

ဦးအုန်းမောင် ။           သစ်ခိုးမှု၊ သစ်လိမ်မှု နဲ့ ရန်ဖြစ်မှု၊ ဓါးခုတ်မှုလောက်ပါပဲ။ အဲ... ဘိန်းမှုလည်း ရှိတတ်တယ်။ တခြားအမှုကြီးတွေကတော့ ရှားပါတယ်။ ဓါးပြမှုနဲ့ လူသတ်မှုကတော့ ဖြစ်ခဲပါတယ်”

ကိုမြင့်ဆွေ ။.           “ကဲ ... သူငယ်ချင်းလည်း နားချင်ရောပေါ့။

          ဆရာဦးအုန်းမောင်က အရှေ့ဂါတ်ကြီးပေါ်မှာ နေတာ။ ကိုယ်က အနောက်ဂါတ်ကြီးပေါ်မှာ၊ အတူနေကြတာပေါ့။

          ရေမိုးချိုးအနားယူပြီး ညနေမြို့ထဲထွက် စားကြ၊ သောက်ကြ တာပေါ့။ အလုပ်လွှဲတာတော့ မနက်ဖြန်ပဲ လုပ်ကြမယ်"

ဦးအုန်းမောင် ။           “ ဦးသိန်းဝင်းက “ထောက်” ကိုင်ရမှာ ဆိုတော့သက်သာပါတယ်။ နေ့စဉ်ရိက္ခာ ထုတ်ပေးမှာက ထောက်ဌာနစာရေးကြီး ဦးလှအောင်နဲ့ဝန်ထမ်းတွေ ရှိပါတယ်။တစ်လ နှစ်ခါ သုံးခါလောက်ပဲ ကုန်သွယ်ရေးရုံးသွားပြီး ဆန်၊ ဆီ၊ ဆား၊ ပဲလိုက်ရုံပါပဲ"

ကျွန်ုပ်။           “ဟုတ်ကဲ့ ထောင်ပိုင်ကြီး”

          ထိုစဉ်က ထောင်ပိုင်လုပ်သူမှာ ထောင်မှူးကြီးအဆင့်သာရှိ ပါသည်။ ကျွန်ုပ်တို့ထက် တစ်ဆင့်သာမြင့်သည်။ သို့သော် အတွေ့အ ကြုံရှိသော စီနီယာသမားများ ဖြစ်ကြသည်။

          ကျွန်ုပ်နှင့် ကိုမြင့်ဆွေ အနောက်ပူးကြီးသို့ လာကြ၍ ကျွန်ုပ် ရေချိုးပြီး အဝတ်အစားလဲရန် အနားယူနေစဉ် ကိုမြင့်ဆွေ အလုပ် ပြန်ဝင်သွားသည်။ ကသာထောင်မှာ အင်္ဂလိပ်ခေတ်က ထောင်ဖြစ်၍ သက်တမ်းက တစ်ရာကျော်နေပြီး ခေတ်မမီတော့ပါ။

          သို့သော် သစ်ဝါးပေါသော ဒေသဖြစ်၍ အဆောက်အဦးများ မှာ ခိုင်ခံ့လှသည်။ ရေနံချေးပြီး မဲပြောင်နေသည်။

          ညနေအိပ်ယာထ ရေထပ်ချိုးပြီး ကျွန်ုပ်အဝတ်အစား လဲနေ စဉ် ကိုမြင့်ဆွေ ထောင်ပိတ်ပြီး၍ ပြန်လာသည်။ သူတို့ထောင်က လူ နည်း၍ ထောင်ပိတ်ရသည်က လွယ်ဟန်တူသည်။ ။

          အဝင်အထွက်ကလည်း အလွန်နည်းပေမည်။ ကျွန်ုပ်တို့ အင်းစိန်ထောင်မှာတော့ အဝင်အထွက်များလွန်း၍ ညနေ(၆)နာရီမှ ထောင်စပိတ်နိုင်ပြီး (ရ)နာရီကျော်မှ ထောင်ပိတ်ပြီးလေ့ရှိသည်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)