Skip to product information
1 of 4

Other Websites

ထောင်မှုးကြီးသိန်ဝင်း - ဣထ္ထိရူပံ ဗာလံနှင့် ထောင်တွင်းဝတ္ထုတိုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          အကျဉ်းထောင်အတွင်း၌ ခါးအောင်ပုဆိုလျှင် လူတကာ သိကြ သည်။ အကြံအဖန်လုပ်ရာ၌လည်း နံမည်ကြီးသူတစ်ယောက်ဖြစ်၍ အကြံအဖန်အောင်ပုဟုလည်း ခေါ်ကြသည်။ လူက အသားဖြူဖြူ သေးသေး လူဖလံလေးဖြစ်သည်။ ရုပ်ချော၍အပြောလည်းကောင်းလှ သည်။ အပြင်၌ခါးပိုက်နှိုက်ခေါင်းဆောင်ဖြစ်၍ လူဆိုးစာရင်းဝင် ဖြစ်သော် လည်း ထောင်းတွင်း၌ လူချစ်လူခင်များသည်။ တပည့်တပန်းလည်း ပေါများလှသည်။ သူကဆရာကြီး ထောင်ဝင်စာပေါများသူဖြစ်၍ အနီး၌ အချုပ်သား၊ အကျဉ်းသားများ ဝိုင်းဝိုင်းလည်နေတတ်သည်။

          ဝန်ထမ်းများနှင့် ပေါင်းသင်းရာ၌လည်း အောင့်ဘုကညက်သည်။ ဘယ်ဝန်ထမ်း၊ ဘယ်အထာဆိုသည်ကိုသိသည်။ ထောင်အရာရှိများကို လည်းခင်အောင်ပေါင်းတတ်သည်။ ဖင်ပေါ့သည်။ လက်မှုပညာည်း မျိုးစုံအောင်တတ်သည်။ ထောင်သို့မကြာခဏရောက်တတ်သူဖြစ်၍ထောင်ဆိုသည်မှာ သူ့အတွက် အမေ့အိမ် ခြင်ထောင်သဖွယ်ပင်း၊ ဝင်လိုက်ထွက်လိုက်နှင့် ထောင်သို့ရောက်သည့်ကာလသည် အောင်ဘု အတွက်အနားယူ အပမ်းဖြေချိန်ဖြစ်သည်။

          တစ်နေ့ နေ့လည်စာ၊ စားပြီး၍ ကျွန်ုပ်ထောင်တွင်းရုံးသို့ ပြန်ဝင် လာရာ၊ ခေတ္တအမောဖြေပြီးသည်နှင့် အချုပ်သုံးဝန်ထမ်းတပ်သား ဂျမ်းဇော်နှင့် တပ်ကြပ်စံသိန်းတို့က `လာ၍သတင်းပို့ကြသည်။

          “လူသစ်ကြည့်ဖို့အဆင်သင့်ဖြစ်ပြီဆရာ” -

          “ဒီနေ့လူများသလားကွ”

          တပ်ကြပ်စံသိန်းက “များတယ်ဆရာ၊ 'တနင်္လာနေ့ဆိုတော့ ပိတ်ရက် တွေခံနေလို့ ရဲစခန်းတွေက အချုပ်သားတွေကို သောကြာနေ့ညနကထဲ က- ပို့ထားကြတာ”

          “အေးပေါ့လေ၊ သူတို့စခန်းမှာက နေရာကျဉ်းလို့ ထောင်ကိုပို့ ကြတော့နေမှာပေါ့ ထူးခြားတာရှိသေးသလား" . •

          “ထူး၊ မထူးတော့မသိဘူးဆရာ ခါးအောင်သူတို့အဖွဲ့ တော့ ပြန်ဝင်လာကြပြန်ပြီ၊ ဒီတစ်ခါ (၅)ယောက်တောင်ဆရာ

          “စီမံချက်ဖြစ်မှာပေါ့ကွာ၊ ဒီကောင်တွေကလည်း အခုတစ်လော အတော်သောင်းကျန်းနေတယ်ကြားတယ်”

          “ဟုတ်တယ်ဆရာ၊ ကျောင်းသားကို ခါးပိုက်နှိုက်ပြီး ဓါးနဲ့ထိုး ထွက်ပြေးသွားတာ၊ ကျောင်းသားက သေသွားတယ်”

          “ဟာ-အဲဒါဆိုရင် ဆူးလေဘုရားနားက ကြေးနန်းရုံးကြီးရှေ့မှာ ဖြစ်တာဘဲ”

          “ဆရာ ဘယ်လိုလုပ်သိတာလဲ၊ ဒီကောင်တွေကို ဖမ်းမိတာ မကြာသေးဘူး”

          “ပြီးခဲ့တဲ့အပါတ်၊ ဗုဒ္ဓဟူးနေ့ကကွာ၊ အဲ့ဒီနေ့က ပိတ်ရက် ကဆုန်လပြည့်နေ့ကွ၊ ငါကညနေပိုင်းအားလို့ ဗိုလ်တောင်က ငါ့ အစ်ကိုကြီး ဦးကြည်ဆီကို အမှတ် (၈)လိုင်း ဟီးနိုးကားကြီးစီးသွားတာ၊ ကြေးနန်းရုံးကြီးရှေ့မီးပွိုင့်မှာ မီးနီနေလို့ ကားအရပ် ကျောင်းသားလေးကို ဓါးနဲ့ထိုးပြီးဆင်းပြေးသွားကြတာ၊ ဒီကောင်တွေအဖွဲ့ကိုး၊ တော်တော် ရက်စက်တဲ့ကောင်တွေပဲ၊ ပစ္စည်းလည်းနှိုက်သေး၊ လူသိတော့ ဓါးနဲ့ ၊ ထိုးသွားတာနေမှာပေါ့” .. ။

          “ဒါနဲ့ ဒီကောင်တွေက ဝန်ခံသလား စံသိန်း” .

          “ဝန်မခံသေးဘူး ဆရာ၊ ရုံးတော်မှာ စစ်ဆေးမှပေါ်မယ်ထင် တယ် ဆရာ"

          “ဝန်မခံရင်တော့ ငါသက်သေလိုက်မယ်ကွာ၊ အဲဒီနေ့က အောင်ဘုနဲ့တူပါတယ်လို့ကြည့်နေတာ ဒီကောင်က ဦးထုပ်ဆောင်းပြီး မျက်မှန်တပ်ထားတော့ ရုတ်တရက်မမှတ်မိဘူး၊ ခါးပိုက်နှိုက်တွေကို ငါကမုန်းလို့ အရောမဝင်တာ၊ မင်းလည်အသိသားဘဲ၊ ကဲလာ လူသစ် ကြည့်ရင်း ဒီကောင်တွေနဲ့ တွေ့ကြတာပေါ့”

          အိပ်ဆောင် (၂) အောက် (ခ) ခန်းမှာ လူသစ်ခန်းဖြစ်သည်။ အကျဉ်းထောင်စည်းကမ်းဥပဒေများအား သင်ပေးရာနေရာလည်းဖြစ်၍ ဖုံစခန်းဟုလည်းခေါ်သည်။ ကျွန်ုပ်ရောက်သွားတော့ အချုပ်သား (၁၀၀)ကျော်ခန့်ပုံစံထိုင်နေကြသည်။ ပုံစံထိုင်သည်ဆိုသည်မှာ ထောင်အရာရှိ တစ်ဦးဦးလာလျှင် တင်ပျဉ်ခွေချိတ်၊ ခါးကော့၍ လက်နှစ်ဘက်အား ဒူးပေါ်တွင်တင်၍ ခေါင်းမတ်ထားရသော အနေအထားဖြစ်သည်။ ကျွန်တော် စားပွဲနောက်ထိုင်ခုံတွင်ထိုင်သည်နှင့် အခန်းလူကြီးမြင့်ဦးက အော်သည်။

           "နေမြဲ "

          အချုပ်သားအားလုံး ပုံစံလျှော့၍သက်သာစွာပြင်ထိုင်ကြသည်။ ခန္ဓာကိုယ်မှ အမှတ်အသားများအားကြည့်၍ မှတ်ပုံတင်စာအုပ်တွင် မှတ်တမ်းတင်ရမည်ဖြစ်သည်။

          ကျွန်ုပ်မှ“ မြင့်ဦးရေ ဒီနေ့လူဘယ်လောက်ရှိသလဲကွ”

          “လူသစ် (၁၂) ဦးဆရာ”

          “ အင်း ညနေစောင်း အာမခံလွတ်လူကလည်း တနင်္လာနေ့ဆို တော့များအုံးမှာ၊ အလုပ်ကတော့ ဆက်သွားတော့မှာဘဲ၊ ညကြတော့ လည်း တာဝန်မှူးကြီးကျတယ်ကွ”

          ကျွန်ုပ်တို့ လူသစ်ကြည့်ခြင်းကို စကြသည်။ မြင့်ဦးကစ၍ခေါ် သည်။ အစီအစဉ်အတိုင်းထိုင်နေသူများအနက်မှ

          “တစ်ယောက်လာ”

          အစွန်ဆုံး၊ အစ၊ အချုပ်သားတစ်ဦးလာ၍ ကျွန်ုပ်ရှေ့တွင် ပုံစံရပ်သည်။ ပုံစံရပ်သည်ဆိုသည်မှာ သတိအနေအထားဖြင့် လက်နှစ် ဘက်အား ဆန့်တန်းကာရှေ့တွင်စု၍ ဆုပ်ထားရခြင်းဖြစ်သည်။

          အခန်းလူကြီးမြင့်ဦးကမေးသည်။

 “နာမည်”

“အဘအမည်-ဦးမောင်ကြိုင်”

“အသက် - ရ၀ နှစ်”

“ဟေ့ကောင် မင်းအဖေအသက်ကိုမေးတာမဟုတ်ဘူး မင်း အသက်ကိုမေးတာ”

“၃၂ နှစ်”

“အမိနာမ်မည်-ဒေါ်နှင်းစိန်"

 “ကျား/မ အလုပ်အကိုင်”

“မ လယ်စိုက်”

မြင့်ဦး - “မင်းအမေကိုပြောတာမဟုတ်ဘူး မင်းကိုပြောနေတာ မင်းက မိန်းမလား၊ ယောက်ျားလား ငါ - တယ် လုပ်လိုက်ရ  "

“ဘုန်း..”

          ကြိမ်းမောင်းသောစကားမပြီးမီ လက်ကပါသွားသည် အချိန်ကုန်မခံရ စေရန် ထောင်တွင်း၌လိုရှင်းတိုရင်းကိုသာ ပြောကြသည်။ အချို့ အချုပ် သား အကျဉ်းသားများမှာ အတော်ဒုန်းဝေးကြသည်။ တိုတိုမေး၍မရ ရှည်ရှည်ရှင်းပြမှနားလည် သဘောပေါက်ကြသဖြင့် အရာရှိလုပ်သူက စိတ်ရှည်ရသည်။ အရာရှိလုပ်သူကပါ ဟောက်ငမ်းဆဲဆိုလျှင်တော့ ထိုအချုပ်သား အကျဉ်းသားဝိုင်းသမခံရတော့မည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့စိတ်ရှည်ရပါသည်။ မြင့်ဦးက ဆက်မေးသည်။

    “ကျား/မ” အလုပ်အကိုင်”

 “ကျား၊ လယ်ထွန်”

“နေရပ်လိပ်စာ”

“အမှတ်မရှိ၊ လမ်းမရှိ၊ စဉ့်ငူကျေးရွာ၊ အင်းစိန်မြို့နယ်”

“ဘာမှု့လဲ”

" ခိုးမှု "

“ဘယ်တရားရုံးလဲ”

“အင်းစိန်မြို့နယ်တရားရုံး”

“ရုံးချိန်း”

“၁၈-၅-ရရ”.

          မြင့်ဦး- ““ကိုယ့်ရုံးချိန်းကို မှတ်ထားကြပါ။ ရုံးချိန်းရက်မှာ လိုက်မခေါ် ရစေနဲ့ မနက်ထောင်ဖွင့်ပြီးတာနဲ့ အချုပ်ရုံးမှာသတင်းပို့ပြီးမှ ကိုယ့်ကိစ္စ ကိုယ်လုပ်ပါ၊ ရုံးထွက်အချိန်မှီမရောက်ရင်နာမယ်” ,

           အားလုံး  “ဟုတ်”

          ဆက်လက်၍ အချုပ်သား၏ကိုယ်ပေါ်မှ ထင်ရှားသည့်အသံ အသားများအား အခန်းလူကြီးမြင့်ဦးကို လက်ထောက်၍အော်သည်။ ၊

           “ဝဲရင်အုံမဲ့နက် (၁)”

          “ယာနဖူးစောင်းအမာရွတ် (၁)”

          “လည်တိုင်ရင်းမဲ့နက် (၁)”

          “ထောင်မှာအပ်နှံထားတဲ့ပစ္စည်းရှိသလား”

          " မရှိ "

          “သွားတော့ ဟိုဘက်မှာအေးအေးနေ၊ အားလုံးပြီးရင် ရေချိုး ရမယ်၊ ပြီး ညနေစာစားရမယ်၊ စကားမပြောရ၊ ဆေးလိပ်မသောက်ရ”

          သို့နှင့် လူသစ်ကြည့်လာကြရာမှ (၅၀)ကျော်တော့ ကျွန်ုပ်အတော် ပင်ပမ်းလာသည်။ ခေတ္တနား၍ ရေနွေးကြမ်းသောက်ရင်း အပမ်းဖြေရ သည်။ လူတစ်ယောက်ကို (၁)မိနစ်နှုန်းဖြင့် လူ (၁၂၁)ယောက်အတွက် (၂) နာရီကျော်ကြာပေမည်။ အသေးစိပ်လိုက်ရေးရလျှင်တော့ လွယ်မည် မထင်။ သျှတပ်ကြပ်စံသိန်းနှင့် မှတ်ပုံတင်အဖွဲ့က စစ်ဆေးရေးသွင်းထားခြင်းကို ကျွန်ုပ်က လူနှင့်တိုက်ဆိုင် စစ်ဆေးမေးမြန်းရုံသာဖြစ်သည်။ အနားယူပြီး ဆက်၍မေးရပြန်သည်။

           “နာမည်”

“အောင်ဘု”

ကျွန်ုပ်အိပ်ငိုက်နေရာမှာ မျက်လုံးပြူးသွားသည်။

 “အလို-မင်း ခါးအောင်ဘုမဟုတ်လား”

“ဟုတ် ဆရာ”

“ဟိုနေ့က ကြေးနန်းရုံးကြီးရှေ့မှာဖြစ်တာ၊ မင်းတို့အဖွဲ့မဟုတ် လား၊ မှန်မှန်ပြော၊ “အဲဒီဟီးနိုးကားကြီးပေါ်မှာ ငါလည်းပါတယ် "

 ‘အောင်ဘု အတန်ကြာစဉ်းစားပြီး “ဟုတ်ဆရာ"

“အေးအေး ညကျငါတာဝန်မှူးကြီးကျတယ် မင်းကိုလာတွေ့မယ် ဆက်မေးမြင့်ဦး”

“အဘအမည် - ဦးတုတ်ကြီး”

“အမိအမည် - ဒေါ်မိန်းကလေး" .

 “အသက် - ၃၅ နှစ်” ,

“ကျား/မ အလုပ်အကိုင်”

“ကျား၊ လက်သမား”

နေရပ်လိပ်စာ - ၂၉/ဘီ၊ ကျားလမ်း၊ ကျားကွက်သစ်၊ တွံတေးမြို့” . ,

“ဘာမှု့ဖြစ်သလဲ - ခါးပိုက်နှိုက်လူသတ်မှု"

“ဘယ်တရားရုံးလဲ”

“ကျောက်တံတားမြို့နယ်တရားရုံး”

" ရုံးချိန်း   ၁၂ - ၅ - ၇၇ "

“အမှတ်အသား “ဝဲပါးပြင်မှဲ့နက် (၁)” .

. “အောက်မေးရိုး မဲ့နီ (၁)”

“ယားနား မှဲ့နက် (၁)”

“ထောင်မှာအပ်နှံပစ္စည်းရှိသလား”

" မရှိ "

“သွားကော”

. “ဟုတ်”

          နေ့လယ် (၉) နာရီခန်းက လူသစ်ကြည့်လိုက်သည်မှာ ညနေ (၃) နာရီကျော်မှ ပြီးတော့သည်။ ပြီးတော့လည်း အနားမရ၊ အာမခံ လွတ်လူ လွှတ်ဝရမ်းများ တဖွဲဖွဲဝင်လာနေပြီဖြစ်၍ တစ်ယောက်ချင်း စစ်ဆေးရတော့သည်။ .

           ညနေ (၅) နာရီတွင် လွတ်လူများအား ထောင်ပိုင်ရုံးခေါ်၍ ပြပြီးလွှတ်ရသည်။ ပြီးတော့အချုပ်သားရုံးပြန်လည်ခံပြီးနောက် ပိတ်ရတော့သည်။

          ည (၈) နာရီတွင် ကံကောင်းထောက်မစွာဖြင့် အမှားအယွင်း - မရှိ တောင်ပိတ်၍ရသည်။ ထောင်ဆိုသည်မှာ “လူဘဏ်တိုက်ကြီး"

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)