Skip to product information
1 of 3

Other Websites

ထောင်မှုးကြီးသိန်ဝင်း - အီဒါးကျွန်း ဆလုံနတ်ဘုရား ရတနာသိုက်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
အခန်း(၁)
မရှိခကဝတ္ထုဇာတ်လမ်းအကျဉ်း

          ၂၀၁၀ ခုနှစ်ကျော်ကာလ တစ်ခုသော နွေဦးပေါက်ရာသီတွင် " ကျွန်တော်နှင့် တပည့်လက်သားစုံညီစွာ ကျောက်ချည်နှင့် မန္တလေးမြို့များသို့ ခရီးထွက်ကြရင်း လမ်းတွင် အဝေးပြေးကားကြီး ပျက်နေသဖြင့် ဒုက္ခရောက် နေသောမွေးဖွားလုဆဲဆဲ မွေးလူနာဖြင့် ဆုံသဖြင့် ကူညီပြီး နေပြည်တော် ဆေးရုံသစ်ကြီးသို့ အချိန်မီပို့ပေးနိုင်သဖြင့် ချောမောစွာ မွေးဖွားနိုင်ခဲ့ သည်။ '

          မွေးလူနာ၏ ညီမတော်သူ၊ ဆရာမလေး စန္ဒိနွယ်က ကျွန်တော် တို့အဖွဲ့အား ကျေးဇူးတင်သဖြင့် ကျောက်ဆည်မြို့၊ ခရီးကြုံတွင် သူတို့နေ ထိုင်ကြသည့် မိဘများအိမ်သို့ ဝင်လည်ရန် စာရေးပေးသောကြောင့် ဝင်လည်ကြရာမှ ဆရာမလေး စန္ဒီနွယ်၏ ဘခင်ဖြစ်သူ အငြိမ်းစားတောခေါင်းကြီး i က ကျေးဇူးဆပ်သောအနေဖြင့် ကြေးနီပုရပိုက် (ရတနာပုံ) တစ်ခုကိုပေးရာ အသုံးလုံးလုပ်အားပေး ကျောင်းဆရာလုပ်ခဲ့သော ကျေးရွာများနှင့် မြစိမ်းဘုရားအား ဖွံ့ဖြိုးရေးကိစ္စများလုပ်ပေးပြီးသည်နှင့် ကျွန်တော်တို့ပျဉ်းမနား သစ်တောကြိုးဝိုင်းအတွင်းရှိ “အိမ်ရှေ့မြှောင်စခန်း” အား သစ်တောအုပ် ဦးကျော်စိန်ဝင်းတို့ လက်နက်ကိုင်သစ်တောအဖွဲ့ နှင့် တောနင်းရှာဖွေစဉ်းသစ်ခိုးသမားများနှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပြီး ရတနာမြေပုံရှိသည့် သိုက်အား ရှာဖွေတွေ့ရှိသော်လည်း ထိုမြေပုံက မြိတ်ကျွန်းစုဘက်သို့ ညွှန်းပြန်သဖြင့် ခေတ္တရပ်နားကြရပြန်သည်။ . ။

          ကျေးရွာများ ဖွံ့ဖြိုးရေး၊ ဘုရားနှင့်လမ်း၊ လျှပ်စစ်မီးသွယ်တန်း၍ တပေါင်းလဘုရားပွဲအပြီး မန္တလေးမှ ကျွန်တော်၏ ငယ်ချစ်ဟောင်းမမကြီး ၏သမီး ယွန်းပွင့်စံနှင့် ဆရာဝန်ကလေး မောင်ဇော်တို့ 'မင်္ဂလာပွဲပြီးမှ ဟန်းနီးမွန်းထွက်ရင်း မြိတ်ကျွန်းစုတွင် ရတနာသိုက်ပါရှာဖွေရန် 'မရှိခဏ” လုံးချင်းဝတ္ထု၌ ရေးသားဖော်ပြခဲ့ပါသည်။

          မြစိမ်းဘုရားတပေါင်းပွဲတော်ကြီးကို (၅) ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။ ယခင်က လူသိနည်းသော တံတားဦးသွား ကားလမ်းအနီး ပန်းလောင်မြစ်ကမ်းဘေးမှ မြစိမ်းဘုရားနှင့် အုန်းလက်ကောက်ရွာ၊ နန္ဒီတောင်ရွာ၊ မြောက်ရွာ၊ နေပူရွာ၊ ကုန်းသာရွာတို့မှာ လျှပ် စစ်မီးတထိန်ထိန်၊ ပြန့်ပြူးသော အင်္ဂတေလမ်းကြီးကြောင့် ဘုရားပွဲတော် ရက်အတွင်း၌ပင် ထင်ရှား၍ လူသိများလာသည်။ အမရပူရလေယာဉ်ကွင်း ဖြင့်လည်း နီးပြီး ကျောက်ဆည်မြို့နယ်တွင် ထင်ရှားကျော်ဇောသော အုန်း လက်ကောက် ဆရာတော်ဘုရား၏ ဌာနေဖြစ်သဖြင့်လည်း မကြာမီ တောမြို့ ကလေးတစ်မြို့ ဖြစ်လာပေလိမ့်မည်။ . . .

          'ဘုရားပွဲပြီးတော့ ငွေစာရင်းရှင်းတမ်း လုပ်သည်။ လမ်းလုပ်ငန်း လျှပ်စစ်မီးတိုင်နှင့် မိုးကြိုးသွယ်တန်းခြင်း၊ ထရန်စဖော်မာဝယ်ယူခြင်း၊ ဇာတ် ပွဲအငြိမ့်ပွဲငှားခ၊ မြစိမ်းဘုရားအား ဘက်စုံမွမ်းမံပြင်ဆင်ခြင်း၊ ကျွေးမွေးစရိတ် နှင့် အထွေထွေ ကုန်ကျစရိတ်များ နုတ်ပြီးသော်လည်း သိန်း (၅၀၀) ကျော် ပိုနေသေးသည်။ အလှူရှင်များ လှူဒါန်းထားသော ရွှေငွေ၊ လက်ဝတ်လက် စားအဖိုးတန်ပစ္စည်းများမှာ ဘုရားဌာပနာတိုက်တွင် ထည့်သွင်းဒါန်းထားပြီးဖြစ်သော်လည်း ကျွန်တော်တို့ရရှိထားသော ချစ်တီးတိုက်ဝါကြီးများအထဲ မှ ရွှေဒင်္ဂါးများပါ ရတနာကွမ်းအစ်ကြီး ( ) လုံးကို ကျောက်ဆည်မြို့ မြန်မာ့စီးပွားရေးဘဏ် (SAFE BOX) ထဲမှ လုံးဝထုတ်သုံးခြင်း မပြုရသေး

          အုန်းလက်ကောက်ဆရာတော်က ...

          “ကဲ ... ဒကာကျောင်းဆရာ၊ ကောက်ခံရရှိငွေ၊ လှူဒါန်းငွေတွေ နဲ့ အသုံးစရိတ်ရှင်းတမ်းကို စေ့စပ်သေချာစွာ ရှင်းလင်းပြီးပါပြီး၊ နောင် ဆက် လုပ်ရမဲ့ တာဝန်တွေအတွက် ဂေါပကအဖွဲ့ ပြန်ဖွဲ့ဖို့ လိုပြီ။ အခု တစ်ထိုင် တည်း လူစုံတုန်း လုပ်လိုက်ကြရအောင်" .

          “မှန်ပါ့ဘုရား ... ဂေါပက ဥက္ကဋ္ဌကတော့ ဆရာတော်ဘုရားပဲ ဆက် လုပ်စေချင်ပါတယ်ဘုရား။ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေတော့ ပြန် ရွေးကြတာပေါ့ဘုရား”

          “အတွင်းရေးမှူးက ကျောင်းဆရာလုပ်မှ ဖြစ်မှာပေါ့"

          “တင့်ပါဘုရား ... အတွင်းရေးမှူးဆိုတာက ဥက္ကဋ္ဌနဲ့ အနီးကပ် နေမှ ဖြစ်မှာပါဘုရား။ တပည့်တော်ကို အဖွဲ့ဝင်တစ်ဦးနေရာလောက်ပဲ ပေး ပါ ဘုရား" . . ''ဖို့ ... အဲ့ဒါဆို ဘယ်လိုရွေးကြမလဲ” ၊

          “တပည့်တော် စီစဉ်ထားပါတယ် ဘုရား။ အများသဘောမတူရင် လည်း ပွင့်ပွင့်လင်းလင်း ကန့်ကွက်နိုင်ပါတယ်" ၊

          “အတွင်းရေးမှူးကတော့ အုန်းလက်ကောက်ရွာ ဥက္ကဋ္ဌ ဦးသာနိုး ကလုပ်ပြီး ဘဏ္ဍာရေးမှူးက နန္ဒတောင်ရွာသူကြီး ဦးဓာတ်မှီ၊ အဖွဲ့ဝင် (၁) က နန္ဒီမြောက်ရွာသူကြီး ဦးလှထွန်းက လုပ်ပါ။ အဖွဲ့ဝင် (၂) ကတော့ ကျွန်တော်လုပ်ချင်ပေမဲ့ ခရီးဝေးတာကြောင့် ကုန်းသာရွာက ဦးအောင်သန်းကလုပ်ပါ”

          “ဒါဖြင့် ကျောင်းဆရာလေးက ဘာလုပ်မှာလဲ"

          “တပည့်တော်က အဝေးရောက်မို့ အတိုင်ပင်ခံအကြံပေး လုပ် မယ်။ ငွေထုတ်၊ ငွေသွင်း ဘဏ်လုပ်ငန်းဆိုင်ရာကိုတော့ (JOINT) လုပ်ထား ပြီး ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး (၃) ဦးလက်မှတ်စုံမှထုတ်၊ သွင်း လို့ရတဲ့စနစ်ကို လုပ်စေချင်ပါတယ်” | ဆရာတော်က ... A, “ကဲ ... အားလုံး သဘောတူကြသလား”

          “တူပါတယ်ဘုရား” - “အေး သဘောတူရင်လည်း ဘုန်းကြီးမိန့်မယ်။ ငွေသွင်းတာ ကတော့ ကိစ္စမရှိဘူး။ ငွေထုတ်ရင်တော့ ဒကာကျောင်းဆရာလေးဆီ ဖုန်း ဆက် သူ သဘောတူမှလုပ်၊ တကယ်တော့ ဒီငွေတွေဟာ ကျောင်းဆရာ လေးရှာဖွေထားတာ။ သူ့အလှူငွေက အများစုပဲ၊ ကြားကြရဲ့လား"

          “တင်ပါ့ဘုရား”

          အစည်းအဝေးပြီးတော့ ဘုရားပွဲတော်ပိုငွေ သိန်း (၅၀၀) ကျော် . အား နောက်တစ်နေ့တွင် ဘဏ်အပ်ရန် ဆုံးဖြတ်ကြပြီး လျှပ်စစ်မီးသွယ်ရန် ငွေကြေးလိုအပ်သော အိမ်များအား (8) အတိုးနှုန်းဖြင့် ထုတ်ချေးရန်၊ကောက်ပဲသီးနှံပေါ်ချိန်ပြန်ဆပ်ရန်၊ သက်ဆိုင်ရာရွာသူကြီးနှင့် ဆယ်အိမ်ခေါင်း များက ထောက်ခံမှ ထုတ်ချေးရန် ဆုံးဖြတ်ကြသည်။

          ကိစ္စအဝဝပြီးတော့ နေ့လယ်စာ ဘုန်းတော်ကြီးကျောင်းတွင် စား ကြပြီး ကျွန်တော်တို့ ဆရာတော်နှင့် သက်ဆိုင်ရာ ရပ်မိရပ်ဖများအား နှုတ်ဆက်ကန်တော့၍ မန္တလေးသို့ ပြန်တက်ခဲ့ပါသည်။ သမီး ယွန်းပွင့်စံ နှင့် ဆရာဝန်ကလေးကိုဇော်တို့ မင်္ဂလာဆောင်ရန် ကိစ္စနှင့် ပြင်ဦးလွင်မြို့၊ မိုးမခစံအိမ်သစ်ဆောက်လုပ်ရန် ကိစ္စများက ရှိပါသေးသည်။ ။

          ထိုနေ့ညနေစောင်း၊ မန္တလေးအိမ်ပြန်ရောက်တော့ ကောင်းစွာ အနားယူကြရင်း မင်္ဂလာဆောင်ကိစ္စနှင့် မိုးမခစံအိမ်ဆောက်လုပ်ရန်ကိစ္စ၊ မြိတ်ကျွန်းစုသို့ခရီးထွက်ရန် ကိစ္စများအား၊ ကျွန်တော်မမကြီးနှင့် တိုင်ပင်ဆွေးနွေးကြသည်။ တပည့်များကတော့ ခြံတွင်းဆင်း၍ သရက်ပင်ရိပ် ခုံ ပိုင်းတွင် ဝိုင်းဖွဲ့စားသောက်ရင်း အပန်းဖြေနေကြသည်။ ယွန်းပွင့်စံနှင့် - ဆရာဝန်ကလေး မောင်ဇော်တို့ကတော့ မောင်ဇော်မိဘများ အိမ်သို့ လိုက် သွားကြသည်။

          “မောင်မောင် ... သမီးတို့ မင်္ဂလာကိစ္စကတော့ မန္တလေးဟိုတယ် မှာ စီစဉ်ထားတယ်။ မင်္ဂလာအခမ်းအနားအပြီး ညစာစားပွဲလည်း ပါတယ်။

          အဲ့ဒီဟိုတယ်မှာပဲ သမီးတို့ (၂) ရက်၊ (၃) ရက်နေကြလိမ့်မယ်။ မိုးမခစံအိမ် အ သစ် ဆောက်လုပ်ရေးကိစ္စကတော့ မောင်မောင့်သဘောကျ စီစဉ်ပါ”

          “အင်း ... အကုန်အကျနည်းအောင် တိုက်ပျက်ကြီးက အုတ်တွေ ကို စံအိမ်ကြီးဝင်း ပြန်ခတ်မယ်။ အရင်အဆောက်အဦက သံထည်တွေကတော့ အင်္ဂလန်လုပ်သံထည်တွေမို့ အလွန်ကောင်းပြီး ခိုင်ခန့်သေးတယ်။ အဲဒါမျိုးတွေ ပြန်ဝယ်ရဖို့ မလွယ်တော့ဘူး။ ကျွန်တော်အရင် တစ်ထပ်တိုက် ကလေးဘဲ ပြန်ဆောက်ဖို့ ကြံရွယ်ထားပေမဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာ က (ရ) ဆောင်မြိုင် အိမ်ကြီးဖျက်တော့ သံထည်တွေ အများအပြားရပြီး ပိုနေတာကြောင့် နှစ်ထပ်တိုက်ဆောက်ဖို့ အကြံပေးတယ်။

          အခုခေတ်မီ အဆောက်အဦတွေမှာ အုတ်တိုင်၊ သစ်တိုင်မသုံး တော့ဘဲ သံထည်တွေပဲ သုံးတယ်တဲ့။ ဒါကြောင့် ပိုခိုင်ပြီး ပိုမြန်မယ်လို့ ပြောပါတယ်။ အပေါ်ထပ်၊ အောက်ထပ် အလယ်မှာ ဧည့်ခန်းကျယ်ကြီးတစ်ခု စီပါမယ်။ အိပ်ခန်းတွေကတော့ စင်္ကြံပတ်လမ်းနဲ့ အရှေ့ဘက်လှည့်၊ အနောက်ဘက်လှည့် ကျောချင်းကပ်တစ်ဖက် (၅) ခန်းစီ (၁၀)ခန်း ပါမယ်။

          လှေခါးတစ်ဖက်မှာလည်း အဲဒီအတိုင်းပဲဆိုတော့ (၁၀)ခန်း အပေါ်ထပ်မှာ ချည်း အခန်းပေါင်း (၂၀)ပါတယ်။ ခေါင်းရင်းဘက်က အခန်းတွေကတော့ နည်းနည်းကျဉ်းတယ်။ သီးသန့် တစ်ယောက်အိပ်ခန်းလုပ်ထားတာ အခန်း တိုင်းဧည့်ခန်း၊ အိပ်ခန်း၊ ရေချိုးခန်း အိမ်သာပါတယ်။ အောက်ထပ်မှာ လည်း ဒီအတိုင်းပဲ ဧည့်ခန်းကျယ်ကြီးက စားသောက်ခန်းမကြီးပေါ့”

          မိုးမခဟိုတယ် ကိစ္စစိတ်အေးရပြီး မင်္ဂလာဆောင်ကိစ္စ ပြီးတာနဲ့ သမီးတို့ ဟန်းနီးမွန်းကိစ္စ ဆက်လုပ်ရမယ်။ မြိတ်မြို့မှာ ကျွန်တော့်သူငယ် ချင်း ရဲအုပ်ကြီး မောင်မောင်ဝင်းရှိတယ်။ တပည့်တွေရှိတဲ့ မြိတ်ထောင်ရှိ တယ်။ အကူအညီလိုအပ်ရင် ယူရအောင် ကြိုတင်ဆက်သွယ်ထားရမယ်”

          နောက်တစ်နေ့မှစ၍ ကျွန်တော်နှင့်တပည့်များ မန္တလေးမှ နာမည် ကြီးဆောက်လုပ်ရေးကုမ္ပဏီအား စာချုပ် ချုပ်၍ ပြင်ဦးလွင်သို့တက်ကာ လုပ်ငန်းကိစ္စအဝဝအား အပ်နှံသည်။ ကုမ္ပဏီကလည်း လျင်မြန်စွာ စတင်၍ အကောင်အထည်ဖော် လုပ်ဆောင်ပါတော့သည်။

          မကြာမတင် သမီးယွန်းပွင့်စံနှင့် ဆရာဝန်ကလေး မောင်ဇော်တို့ မင်္ဂလာပွဲအား မန္တလေးဟိုတယ်တွင် စည်စည်ကားကား ခမ်းနားသိုက်မြိုက် စွာ ကျင်းပပြုလုပ်ခဲ့သည်။ မမကြီးနှင့် မောင်ဇော်တို့မိသားစုများမှာ မန္တလေး မြို့မျက်နှာဖုံးများ ဖြစ်ကြ၍ မင်္ဂလာဆောင်က အလွန်ကြီးကျယ်စည်ကား သည်။ ကျွန်တော့်ဘက်ကတော့ ကျွန်တော်၏ ကျောက်ဆည်မြို့နှင့် ပတ် ဝန်းကျင်မှ မိတ်ဆွေသင်္ဂဟများ ဖြစ်ကြပေတော့သည်။ ဧည့်သည် (၁ဝဝဝ)ကျော်လာသဖြင့် ဝက်ဝက်ကွဲစည်ကားသော မင်္ဂလာဆောင်ဖြစ်ပေတော့ သည်။ အကျွေးအမွေးကလည်း အလွန်ပြည့်စုံသည့်အပြင် ညစာ စားသောက် ဧည့်ခံပွဲကလည်း ခြိမ့်ခြိမ့်သဲသဲ စည်ကားလွန်းလှသည်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)