Skip to product information
1 of 4

Other Websites

ထောင်မှုးကြီးသိန်ဝင်း - ဝိုင်းစိန်မ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          တောင်ငူနှင့်ဖြူးမြို့ကြား အနောက်ဘက်အလယ်ရိုးမနှင့်အနောက်ရိုးမတောင်ပေါ်တွင် မြသိန်းတန်ဘုရားရှိသည်။ မြသိန်းတန် ဘုရားမှာ ဦးသိန်း၊ ဒေါ်မြနှင့် သားဖြစ်သူ ကိုတန်တို့ ကုသိုလ်ပြု တည်ဆောက်ခဲ့ခြင်းဖြစ်၍ ““မြသိန်းတန်" ဘုရားဟု ကမ္ပည်းတင်ကြောင်း သိရသည်။ ဘုရားအောက်အဆင့် အလယ်ရိုးမတောင်စွယ်ပေါ်တွင် ရှေးဟောင်းဘုရားပျက်တစ်ဆူရှိသည်။ “အမင်မင်းနိုင်” ဘုရားဟု ဘွဲ့တော်ရှိသည်။ ဤဘုရားအားပြင်ဆင်ရန် ကြိုးစားကြသော အလှူရှင် - များ အထမြောက်၊ အောင်မြင်ခြင်းမရှိကြေး၊ အချို့ဆိုလျှင် ကျန်းမာရေး ညံ့ပြီး၊ သေဆုံးခြင်းသို့ပင် ရောက်ရသည်။ ထို့ကြောင့် အမင်းပေးနိုင် ဘုရားအား ပြင်ဆင်ရဲသူပင် မရှိတောဘုရား၊ တောင်ဘုရားအဖြစ်သာ နှစ်ပေါင်းများစွာ တောထဲ၌ ရပ်တည်ခဲ့ရသည်။

          အမင်းမင်းနိုင်ဘုရားအား တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့ ဟံသာဝတီသို့ဝင်တိုက်ရာတွင် ဖြူးချောင်းအနီး၌ တပ်ချနားရင်း တည် - ခဲ့သည်ဟုအဆိုရှိသည်။ မူလတည်ခဲ့စဉ်က သုံးတောင်ပြည့်ဘုရား အလေးသာဖြစ်သည်။ ဌာပနာပစ္စည်းအဖြစ် တပင်ရွှေထီးက သန်လျက်၊ ဘုရင့်နောင်က နဝရတ်လက်စွပ်။ မိဖုရားခင်ခင်ကြီးက လည်ဆွဲဘယက် လှူဒါန်းခဲ့သည့်အပြင် ဟံသာဝတီအားလုပ်ကြရာတွင် အောင်မြင်သဖြင့် ဓာတ်တော်(၄)ဆူ ပင့်ဆောင်ရရှိခဲ့သည်။

          - တစ်ဆူအား တောင်ငူရွှေဆံတော်၊ တစ်ဆူအား ဖြူးအရှေ့ ဆက်ရှိ အဘယမုနိဘုရား၊ နှစ်ဆူအား အမင်းမင်းနိုင်ဘုရားတွင် လှူဒါန်းခဲ့သည်။ အမင်းမင်းနိုင်ဘုရားမှာ ပြည်လုံးချမ်းသာဘုရား၊

          အောင်မြေဘုရား၊ မင်းလမ်းဘုရားဟူ၍ ဘွဲ့တော်လေးမည်ရှိသည်။ ကတ်တော်များ ကိန်းအောင်းမွေ့လျော်သဖြင့် နွေရာသီတပေါင်းလတော် ဇာတ်တော်ကွန့်မြူးတတ်သည်။

          ဓာတ်တော်ကွန့်မြူးရာတွင် အလယ်ရိုးမတောင်စွယ်ပေါ်မှ အဖြူ၊ အစိမ်း၊ နီ၊ ပြာ၊ ဝါ ရောင်စုံကွန့်မြူးသည်ကို ဖြူးနှင့်ဇေယျဝတီ မြို့စပ်မှ အတိုင်းသား မြင်တွေ့ဖူးမြော်နိုင်သည်။

.           ကျွန်ုပ်တို့ ကိုးကွယ်သောဆရာတော်မှာ ဖြူးချောင်းတစ်ဘက် တမ်းတွင် တောရဆောက်တည်နေပြီး တစ်ပါးတည်းကစာရီ ကျင့်သုံး နေထိုင်တော်မူသည်။ ပါတီကောင်စီခေတ်ကဖြစ်၍ တစ်နေ့တွင် ပါတီ သူနပ်ဥက္ကဋ္ဌ ဦးသောင်းရွှေနှင့် အတွင်းရေးမှူး ဦးကျော်မြင့်တို့ ဆရာတော် အား လာရောက်ဖူးမြော်ကြသည်။ မန္တလေးမှဒကာမကြီးတစ်ဦးလည်း အတူပါလာသည်။ အမင်းမင်းနိုင်ဘုရားအား ကိုးတောင်ပြည့်ဘုရား အဖြစ် ပြန်လည်ပြုပြင်ရန်နှင့် ထီးတော်သစ်တင်ပူဇော်ရန်ဖြစ်သည်။

          ဆရာတော်ဘုရားမှ မေးမြန်းရာ ...

          “နေပါဦး ဒကာတို့ရယ် တောဘုရား၊ တောင်ဘုရားကို ဘယ် `လိုပတ်သက် ဆက်နွယ်မှုနဲ့များ အခုလို ရောက်လာကြတာလဲ” . ။

          ဥက္ကဋ္ဌ ဦးသောင်းရွှေ “တပည့်တော်တို့နဲ့တော့ မပတ်သက် ပါဘူးဘုရား။ ဒီက ဒကာမကြီးက ဖြူးမြို့က အမျိုးထံလာလည်ရင်း - အိပ်မက်မက်လို့ သဒ္ဓါပေါက်ပြီး လှူဒါန်းလိုတာပါဘုရား။ အဲ့ဒါ တပည့်တော်တို့ထံကို အကူအညီတောင်းလို့ တပည့်တော်တို့ကလည်း ကကထ ပြုပြီး နိုင်သမျှကူညီဆောင်ရွက်ဖို့ လိုက်လာကြတာပါဘုရား”

          "အိမ်း... အိမ်း ... သာဓု ... သာဓု ... သာဓု"

          “ဒါနဲ့ .. ဒကာမကြီးအိပ်မက်ကို ပြောပါဦး”

          “တပည့်တော်မက မန္တလေးကပါဘုရား၊ ရွှေဆိုင်လုပ်ငန်း လုပ်ပါတယ်ဘုရား၊ ပြီးခဲ့တဲ့အပတ်က တပည့်တော်မရဲ့အမျိုးတစ်ယောက် မကျန်းမာတာနဲ့ ဖြူးမြို့ကိုရောက်ပါတယ်ဘုရား၊ ရောက်တဲ့နောက်တစ်ည မှာပဲ အလယ်ရိုးမပေါ်က စိမ်းဝါ၊ ဖြူပြာ အလင်းရောင်တွေမြင်ရလို့ မေးမြန်းကြည့်တဲ့အခါ ဒီက “အမင်းမင်းနိုင်” ရှေးဟောင်းဘုရားက ရောင်ခြည်တော်လွှတ်ကြောင်း သိရပါတယ်ဘုရား။ အဲ့ဒါကြောင့် အားရ ပါးရဖူးမြော်ပြီး ဘုရားကိုအနီးကပ်ဖူးမြော်ချင်စိတ် ပေါ်မိပါတယ်ဘုရား၊ ဘုရားကိုလာရာလမ်းက လယ်ကွင်းတွေကို ဖြတ်ကျော်ပြီး တောလမ်း - ခရီးဖြစ်လို့ လမ်းကြမ်းကြောင်းသိရတာကြောင့် မိန်းမသားမို့ စိတ်လျှော့ထားရပါတယ်ဘုရား။ အဲ ... မနေ့က အိပ်ပျော်နေစဉ် အိပ်မက်ထဲမှာ ဦးပြည်းခေါင်းတုံးကို ပန်းရောင်ပဝါပတ်။ အညာဖျင်ပင်နီအင်္ကျီဝတ်၊ ကွက်တုံးပုဆိုးစည်းထားတဲ့ ဗလကောင်းကောင်းလူကြီးဟစ်ယောက်ရောက်လာပြီး ..

          “နင် ဘုရားဒါယကာလုပ်ပါလား။ အလယ်ရိုးမပေါ်က ရှေး ဟောင်းဘုရားကို ပြင်ဆင်ပြီး ကိုးတောင်ပြည့်စေတီတည်ပါ။ ထီးတော် တင်ပါ။ နှင့်အမျိုးလည်း နေကောင်းသွားမယ်။ နင်လည်းလုပ်ငန်းတွေအောင်မြင်ပြီး ဆထက်တံပိုးချမ်းသာမယ်။ ဘုရားဒါယိကာမလည်း ဖြစ်မယ်”လို့ အိပ်မက်ပေးပါတယ်ဘုရား။ တပည့်တော်မက ဘယ်ဘုရား လည်းလို့မေးတော့ အဲ့ဒီအနားမှာ တောရဆောက်တည်နေတဲ့ ဆရာတော်တစ်ပါးရှိတယ်။ ဆရာတော်နဲ့ တိုင်ပင်ပြီးလုပ်ပါ။ ဘုရားကတော့ နှင်ရောက်စညက ရောင်ခြည်တော်ကွန့်မြူးပြီး ဖူးခဲ့ရတဲ့ဘုရားလို့ ပြောပါတယ်။ တပည့်တော်မလည်း အလွန်ဝမ်းသာသွားပါတယ်ဘုရား။ သေခင်၊ မအိုခင်၊ မနာခင်၊ ဘုရားဒါယိကာမဖြစ်ချင်တဲ့ ဆန္ဒပေါ်နေတာ ကြာပါပြီဘုရား။ အဲ့သည့်လူကြီးကို တပည့်တော်မက ဆရာကြီးကရော ဘယ်မှာနေပါသလဲလို့မေးတော့ ငါက ဘုရားခြေတော်ရင်း၊ ဖြူးချောင်းစပ် မှာနေတာတဲ့ ထင်ထင်ရှားရှားပါပဲဘုရား။ ဒါကြောင့် ဒီကသက်ဆိုင်ရာ လူကြီးတွေကို အကူအညီတောင်းပြီး ဆရာတော်ဘုရားကို လာရောက်ဖူး နော်တိုင်ပင်ရတာပါဘုရား”

,           ဆရာတော် ... .

           “ဪ ... ခွင့်ပြုပြီကိုး၊ ဒကာမကြီးနဲ့ ပဋ္ဌာန်းဆက်ထင် ဒါရဲ့။ အဲ့သည် ဦးကတုံးက လူထူးဆန်းကြီးကွဲ၊ ကြုံရခဲတယ်။

          အရင်က ဒီအမင်းမင်းနိုင်ဘုရားကို ပြုပြင်ချင်တဲ့သူတွေ ပေါ် ခဲ့ပါတယ်။ လမ်းခရီးက မိုးရာသီ၊ လာဖို့မလွယ် နွေရာသီလည်း လယ် ၁ တန်သင်းရိုးဖြတ်ပြီး လှည်းနဲ့သာလာနိုင်တာမို့ ကုန်ကျစရိတ်နဲ့ အကို ကို တွက်ပြီး လက်လျှော့သွားကြတာ များပါတယ်။ အုတ်၊ အတေ၊ ထုံး၊ ကျောက်တွေကို လှည်းနဲ့သာ သယ်ရမှာမို့ အချိန်ကုန်၊ ငွေကုန်မယ်...

           ဒကာမကြီး”

          “တပည့်တော် တတ်နိုင်ပါတယ်ဘုရား၊ အရှင်ဘုရားက ဦး - ဆောင်ပြီး စီစဉ်ပေးပါဘုရား။ ထီးတော်ကိုတော့ `တပည့်တော်မှ စိတ် တိုင်းကျ မန္တလေးကပဲ လုပ်ဆောင်ပြီး ယူလာပါ့မယ်ဘုရား” မှ ဥက္ကဋ္ဌ ဦးသောင်းရွှေ “တပည့်တော်တို့ဘက်ကလည်း ထို အပ်ရင် ဘူနိုဇာနဲ့မြေလမ်းထိုးပြီး လမ်းဖောက်ဖို့ အစီအစဉ်ရှိပါတယ်ဘုရား ”

          ဆရာတော် ...

,           “ဒကာကြီး ... , အဲ့ဒီကိစ္စကိုတော့ ́လက်လျှော့ပါ။ လမ်းဖြစ် . သွားလို့ ကောင်းပေမဲ့ အကုန်အကျများမယ်။ လယ်ယာတွေ ပျက်စီး . ကုန်ပြီး လယ်သမားတွေ ထိခိုက်မယ်၊ လှည်းနဲ့သာလုပ်ကြပါ”

           အတွင်းရေးမှူး ••• - - -

“အရှင်ဘုရား၊ တပည့်တော်တို့ ယခင်ကလည်း ရောက်ဖူးတဲ့ • အနေအထားကို သိပါတယ်ဘုရား။ ဘုရားရင်ပြင်တော်နဲ့ ချောင်းကင် ပါးကြားမှာ အက်ကွဲကြောင်းချောက်ကြီးရှိတယ်ဘုရား။ အဲ့ဒါကြီးကို မြေဖို့မှဘုရားရင်ပြင် ကျယ်ဝန်းမှာပါဘုရား၊ မြေဖို့မယ်ဆိုရင်တောင် မြေကား၊ လေးငါးဆယ်စီးလိုမယ်ထင်ပါတယ်ဘုရား၊ ဒါကြောင့် ကားလာ ဖောက်ဖို့ စိတ်ကူးမိတာပါဘုရား။ ကျောက်ခင်းလမ်းမဟုတ်ဘဲ ယာ မြေလမ်းဖောက်မှာပါဘုရား” .

           ဆရာတော် ...

           . “ဒကာကြီး သည်းခံပါ။ အကုန်အကျများမယ်။ အချို့ ကုန်မယ်။ အဲ့ဒီချောက်ကြီးကို မြေဖို့ဘို့ ဘုန်းကြီးတားခုံယူပါတယ် ဘုန်းကြီးနဲ့ဒကာတပည့်တွေ ရန်ကုန်ကလာကြလိမ့်မယ်။ ဘုန်းကြီးအဲ့ဒီကိစ္စကို တာဝန်ယူလိုက်မယ်"

          ဒကာမကြီး •••

          “တင်ပါ့ဘုရား၊ ကုန်ကျစရိတ်ကို တပည့်တော်မှ တာဝန်ထား ပါဘုရား”

          ဆရာတော် ...

.          “မကုန်ပါဘူး၊ ဘုန်းကြီးတာဝန်ယူနေမယ့်ဥစွာ ဒကာမကြီးနဲ့ ဒကာတို့ဘက်ကသာ ပစ္စည်းနဲ့ပန်းရန်ကိစ္စ တာဝန်ယူပါ။ ဒါနဲ့ဘယ်တော့လောက်စ,ကြမလဲ”

          ဒကာမကြီး... - , , ,

          “တပည့်တော်မကတော့ တပေါင်းလပြည့်အမီလုပ်ချင်တယ် ဘုရား၊ တစ်လလောက်တော့ အချိန်ရပါတယ်။ မနက်ဖြန်ကစပြီး အုတ်” သဲ၊ ဘိလပ်မြေနဲ့ လိုအပ်တာတွေကို ပို့မယ်ဘုရား ထီးတော်ကိုတော့ မန္တလေးပြန်မှာရမှာပါဘုရား။ အရှင်ဘုရားက အတိုင်းအထွာ မိန့်တော် မူပါဘုရား”

          ဆရာတော် ... ။

.           ကိုးတောင်ပြည့်ဘုရားဆိုတော့ ထီးတော်လုပ်တဲ့သူတွေ E အတိုင်းအထွာ သိပါတယ်။ အထူးမှာစရာ မလိုပါဘူး”

          ဥက္ကဋ္ဌ . . .

          “တင်ပါ့ဘုရား၊ တပည့်တော်တို့ ဘုရားတက်ဖူးရင်း အနေ အထား ကြည့်ချင်ပါတယ်ဘုရား”

          ဆရာတော် .. .

          "အိမ်း ... အိမ်း ... ကောင်းလေစွ၊ ကောင်းလေစွ၊ ကပ္ပိယကြီးဦးသီးကို ခေါ်သွားပြီး ကြည့်ကြကွဲ။ သူကလပ်ကျွမ်းတယ်”

          နောက် (၃)ပါတ်အကြာတွင် ဆရာတော်ဘုရားက လူကြုံဖြင့် . ရန်ကုန် (အင်းစိန်)တွင်နေသည့် ကျွန်တော်တို့အား လှမ်းမှာတော့သည်။ထူးဆန်းနေသည်မှာ ကျွန်တော်တို့ကလည်း ဆရာတော်ဘုရားအား မဖူးရ သည်မှာကြာပြီဖြစ်၍ နောက်တစ်နေ့ (စနေနေ့) တွင် သွားရောက်ဖူးမြော် ကြရန် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နှင့် ပဲအမျိုးမျိုးကို ဝယ်ယူ စုဆောင်းနေချိန်ဖြစ်၍ တိုက်ဆိုင်လှသည်။ ထို့ကြောင့် နောက်တစ်နေ့ မနက် (၅)နာရီခန့်တွင် ကျွန်ုပ်နှင့်တပည့် (၆)ဦး၊ ပေါင်း ()ဦး ရိက္ခာ ပစ္စည်းအစုံအလင်ယူ၍ Hilux ကားကလေးဖြင့် ခရီးထွက်ခဲ့ကြသည်။

          ဖြူးမြို့ကိုရောက်တော့ နေ့လယ် (၁၂) နာရီထိုးခါနီးပြီဖြစ်၍ . နီးစပ်ရာဆိုင်တစ်ဆိုင်တွင် နေ့လယ်စာစားကြသည်။ ပြီးနောက် Hilux ကားအား ရဲစခန်းတွင် အပ်ရာပစ္စည်းများအား ခွဲဝေပြီး တစ်ဦးချင်၊ ထမ်းပိုးသယ်ဆောင်ရန်အတွက် စီစဉ်ရတော့သည်။ ဆန်တစ်အိတ်အား သုံးယောက်ခွဲသည်။ ဆီတစ်ပုံးအား ဝါးလုံးလျှို၍ နှစ်ယောက်ထမ်းသည်။ ဤ ငရုတ်၊ ကြက်သွန်နှင့် အသုံးအဆောင်ပစ္စည်းများကိုတော့ ကျန် တပည့်နှစ်ဦးက ထမ်းကြသည်။

          မြို့နယ်ရဲစခန်းမှ အနောက်ဘက် အလယ်ရိုးမ တောင်ခြေ မင်းလမ်းရွာအထိ ()မိုင်ကျော်ခန့် လယ်ကွင်းများကို ဖြတ်၍သွားကြ ရမည်ဖြစ်သည်။ မတ်လလယ်ဖြစ်၍ နေမှာလည်း အလွန်ပူလှသည်။ လမ်းတွင်ရှိသည့် ကုလားရွာများအနီးတွင်သာ သစ်ပင်ရိပ်ရှိသည်။

          တစ်လမ်းလုံး တစ်မျှော်တစ်ခေါ်ကု ရိတ်သိမ်းပြီးစ လယ်ကွင်။ များသာဖြစ်သည်။ နေမင်းကြီးက ခေါင်းပေါ်မှာဖြစ်သော်လည်း အနောက် - အရပ်လှည့်၍ ညို့မှိုင်းနေသော ရိုးမတောင်တန်းကြီးများအား မျက်နှာမူ၍ သွားရသောကြောင့် မျက်စိတော့အေးပါသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)