Skip to product information
1 of 3

Other Websites

ထောင်မှုးကြီးသိန်ဝင်း - လူဝင်စား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း ( ၁ )

          ကျွန်ုပ် အင်းစိန်ထောင်တွင် တာဝန်ထမ်းဆောင်နေရာမှ ၁၉၈၄ ခုနှစ်တွင် ကော့သောင်းဆီအုန်းစိုက်ခင်းစခန်းသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရသည်။ ပထမပါဆယ်ပါညန်းစခန်းတွင် ‘ထောက်ဌာန တာဝန်ခံအဖြစ် စခန်းတာဝန်ခံ၊ ထောင်ပိုင်ဦးယဉ်မောင်၏ လက်အောက် တွင် ထောက်ဂိုဒေါင်တာဝန်ခံ တပ်ကြပ်ဦးကုလားနှင့် တပ်သားသိန်းဦး တို့ရှိသည်။ ထောက်ဌာန၌ Hino (TE)ကားတစ်စီး၊ Hino (Ranger) တစ်စီးနှင့် ဇွဲလယ်ထွန်စက်ကြီးတစ်စီးရှိသည်။ ထို့ကြောင့် မော်တော် ယာဉ်နှင့်ဆီဂိုဒေါင်ကိုလည်း ကိုင်ရသည်။

          ကားများမှာ ရိက္ခာသယ်ရန်၊ ဆီအုန်းမျိုးစေ့သယ်ရန်၊ ရဲဘက်များအပြောင်းအရွှေ့တွင် သုံးရန်အတွက်သာဖြစ်သည်။ နေ့စဉ် အသုံး မပြုပါ။ နေ့စဉ်သုံးသည်က လယ်ထွန်စက်ကြီးဖြစ်သည်။ လမ်းမှာ မြေ လမ်း၊ တောင်ဆင်း၊ တောင်တက်လမ်းများဖြစ်ကြ၍ မိုးရွာသည်နှင့် ကားများကို သုံးမရတော့ပါ။ လမ်းကချော်သည်။ ထွန်စက်ကြီးကတော့ နွေနွေ၊ မိုးမိုး၊ ဆောင်းဆောင်း အသုံးတည့်သည်။ ဥတုသုံးပါးခံသည်။ ထွန်စက်ကြီးကိုလည်း နောက်တွဲယာဉ်တပ်ဆင်၍ မိုးရာသီ၌ အသုံးမပြု နိုင်ပါ။ ထို့ကြောင့် ထွန်းစက်ကြီးကို လူများများစီးနိုင်ရန်၊ ပစ္စည်းတင် နိုင်ရန် နောက်ဘီးနှစ်ဘီးကြားတွင်တန်းရိုက်၍ ပျဉ်ကာထားသည်။ ထွန် စက်ဆရာကတော့ ဂမ္ဘီရတွတ်ကြီးဖြစ်သည်။ ပွင့်လင်းရာသီ၌ Hino ကားကြီးများကိုလည်း မောင်းသည်။ အခြားကာလများ၌ ထွန်စက်ကြီး ကိုသာ မောင်းတော့သည်။ ထွန်စက်ကြီးက သူ့အတွက် ရာသီမရွေး ဝင်ငွေရှာပေးသောကြောင့်လည်း ဖြစ်ပေသည်။

          ဂမ္ဘီရတွတ်ကြီးဟု အမည်ပေးရသည်ကတော့ တွတ်ကြီးတွင် ထူးခြားမှုရှိသည်။ အရက်လည်းသောက်သည်။ ပယောဂကုဆရာလည်း ဖြစ်သည်။ လူမှုဝန်ထမ်းလုပ်ငန်းလည်း လုပ်သည်။ ထွန်စက်ကြီး (၃) ကြိမ်မှောက်သော်လည်း တွတ်ကြီးဘာမျှမဖြစ်။ လိုက်ပါလာသည့် ခရီး သည်များသာ ဆေးရုံပို့ရသည်။ သူ့တွင် အစောင့်ရှိသည်ဟု တွတ်ကြီး က အမြဲတမ်းကြွားတတ်သည်။

          ကျွန်ုပ်ကိုယ်တိုင်လည်း စခန်းရောက်ခါစက ကော့သောင်းသို့ ရုံးကိစ္စနှင့် ရိက္ခာဝယ်ဆင်းရာ၌ တွတ်ကြီးထွန်စက်ကိုပင် အားကိုးရ သည်။ ကျွန်ုပ်တစ်ဦးတည်းတော့မဟုတ်။ ကော့သောင်းဆင်းသည်နှင့် ဈေးဆိုင်ဖွင့်ထားသော တွတ်ကြီးမိန်းမအပြင် အခြားဝန်ထမ်းများလည်း ဈေးဝယ်ရန် လိုက်ပါကြသည်။ ထို့ကြောင့်ပင် ထွန်စက်ပေါ်၌ လူကအပြည့်။ ထွန်စက်ကြီး (၃)ကြိမ် မှောက်ဖူးသော်လည်း တွတ်ကြီးက သတ္တိတော့အတော်ကောင်းသည်။ ထွန်စက်ကြီးကိုတွယ်တာစွာ ဆက်မောင်းတုန်းပင်။

          ကျွန်ုပ် ထောက်ဌာန၌ တစ်လခန့်ကိုင်ပြီးနောက် အခြေကျ၍အားချိန်ရလာသည်။ စခန်းတွင် ကရင်လူမျိုး ရဲဘက်မုဆိုးတင်မောင် ရှိသည်။ သူက စခန်းရှိအရာရှိဖို့အတွက် သားကောင်များ ရှာပေးရ သည်။ လက်နက်ကိုင်ဆောင်ခွင့် မရှိ၍ ကိုင်းထောင်ပြီး ကြက်၊ ငှက်၊ ဝက်၊ ချေတို့ကို ဖမ်းဆီးပေးခြင်း ဖြစ်သည်။ ရိက္ခာဂိုဒေါင်ထဲ၌ မုဆိုး တင်မောင် မင်းကိုင်းထောင်၍ ပစ်ခတ်ရရှိထားသော ချေသားရေ၊ ဝက်ဝံသားရေနှင့် ကျားနက်သားရေများ ရှိသည်။ သူကလည်း နေ့စဉ် ရှာရသူဖြစ်၍ သားကောင်မရလျှင် ကြက်၊ ငှက်ကို လေးခွနှင့်ပစ်လာ သည်။ နောက်ဆုံး ဘာမျှမရလျှင် ဇရစ်ရိုးချိုးပြီး ငါးဖမ်းပြန်လာတတ်သည်။

          တစ်နေ့မနက် ကျွန်ုပ်၊ ထောင်မှူး ဦးမြင့်ဦးနှင့် ထောင်မှူး ဦးထွန်းအောင်လွင်တို့ မနက်စာ ထမင်းကြော်စားနေကြစဉ် မုဆိုးတင်မောင် အပြေးရောက်လာသည်။ , “ဆရာတို့ ကျွန်တော် ကိုင်းထောင်ထားတာ ဝက်သိုးကြီးမိ နေတယ်။ အဲဒါ လိုက်ပစ်ပေးပါဦး”

          ထိုစဉ် အခန်းထဲမှ ထောင်ပိုင်ဦးယဉ်မောင်ထွက်လာပြီး

          “ဘယ်နားမှာလဲတင်မောင်၊ အကောင်အတော်ကြီးသလား"

          “ကြီးတယ် ထောင်ပိုင်ကြီး။ အချိန် (၈၀)လောက်ရှိတယ်”

          “ကဲ ... ဘယ်သူသွားပစ်ကြမလဲ။ ကျွန်တော်က အရင်လိုက် ပစ်နေကျဆိုပေမဲ့ ဒီနေ့လည်း မွန်ကွပ်ကဲရေးရုံးမှာ အစည်းအဝေးရှိလို့အခုပဲ သွားရတော့မှာ။ ကိုသိန်းဝင်းက ပဲခူးရိုးမမှာ အမဲပစ်လာတော့ သွားမလား”

          “ကျွန်တော်သွားပါ့မယ် ထင်ပိုင်ကြီး၊ တင်မောင်ရေ အတော် ဝေးသလားကွ”

          “ပါဆယ်ပါညန်း ရွာနားမှာဆိုတော့ နည်းနည်းတော့လှမ်းတယ်

          “ကျွန်တော် တွတ်ကြီးထွန်စက်ကြီးနဲ့သွားမယ် ဆရာ၊ မြန် အောင်လို့ပါ” .

          “သွားပါခင်ဗျာ။ စိတ်ကြိုက်ရိုင်ဖယ်ကိုလည်း လက်နက်ခန်း ထဲက ရွေးယူသွားပါ။ သေနတ်တွေက အသစ်တွေပါ”

          “ဟုတ်ကဲ့ ဆရာ”

          ကျွန်ုပ်ဝက်ပစ်ရန်' ထွန်စက်ကြီးပါ ယူသွားမည်ဆိုသဖြင့် ထောင်မှူး ဦးမြင့်ဦးနှင့် ဦးထွန်းအောင်လွင်တို့က ခနဲ့ကြသည်။

          “ကိုသိန်းဝင်း ကျွန်တော်တို့ ငရုတ်သီးပါ ထောင်းထားမယ် "

          “ငရုတ်သီးတွင်မကဘူး ညနေ ဝက်ကလီစာနဲ့မြည်းဖို့ မဲခေါင် အရက်တစ်လုံးပါ ဝယ်ထား"

ထိုစဉ် ထောင်ပိုင်ဦးယဉ်မောင်က ဝင်ပြောသည်။

          “ ကိုမြင့်ဦးတို့က ကိုသိန်းဝင်းအကြောင်း မသိသေးလို့ပါ။ သူက ပဲခူးရိုးမမှာ နာမည်ကျော်မုဆိုးဗျ။ မရရအောင်ပစ်ခဲ့လိမ့်မယ်။ မယုံမရှိ

          " ဟုတ်ကဲ့ပါဆရာ။ ကျွန်တော်တို့ ညနေစာအတွက် အရက်ပါ ဝယ်ထားပါ့မယ်။ ဟဲ ... ဟဲ... ဟဲ”

နော်” မယ်သီးတွင်မကဘူး "

          “ဒီမှာကိုမြင့်ဦး ဝက်မရခဲ့ရင် ခင်ဗျားတို့အရက်ဖိုးကို ကျွန် တော်လျော်မယ်"

          ကျွန်ုပ် ယူနီဖောင်းလဲပြီး အသင့်မှာထားသော တွတ်ကြီး ထွန်စက်ဖြင့် မုဆိုးတင်မောင်ကိုပါခေါ်ကာ ထွက်လာကြသည်။ ပါဆယ် ညန်းဆီအုန်းခြံအဆုံးတွင် လက်ယာဘက်သို့ ချိုးဝင်ရသည်။ တော လမ်းဖြစ်သည်။ ဓနိတောအနီး ရိုးချောင်းရောက်တော့ ထွန်စက်ကြီး သွားမရတော့ (၄)ပေခန့်ကျယ်သော ရိုးပြတ်ကလေးဖြစ်သည်။ ဝါး တံတားလေးတော့ ခင်းထားသည်။ ကျွန်ုပ်တို့ လမ်းဆင်းလျှောက်ကြတော့သည်။ ဓနိတောကိုဖြတ်တော့ အင်တိုင်းတော၊ သစ်ပင်ငယ် ကလေးများနှင့် ထမင်းဆုပ်ချုံ၊ နဘူးချုံနှင့် အိုးပုတ်ပင် ချုံကလေးများသာရှိသည်။

          အင်တိုင်းတောကိုလွန်တော့ မြက်တောကကွင်းနှင့် ကိုင်းတော ပင်လယ်ကမ်းစပ်နှင့် နီးလာပြီဖြစ်သည်။ မြက်တောနှင့်ကိုင်းတောမှာ လည်း တောဝက်များသွားထားသဖြင့် လမ်းဖြစ်နေသည်။ မြက်ပင်ရှည် ကြီးများမှာ တောဝက်များ သွားလာပါများလွန်း၍ လိုဏ်ခေါင်းသဏ္ဌာန် အဝိုင်းအပေါက်ကြီးများ ဖြစ်နေသည်။ ရှေ့ဘက်၌ ဓနိတော၊ ဓနိတော အနီး၌ ညောင်ပင်ကြီးတစ်ပင် ရှိသည်။

          “တင်မောင်ရေ ဘယ်နားမှာလဲကွ”

           “ရှေ့က ဓနိတောစပ်မှာ ဆရာ”

          ကျွန်ုပ် -မုဆိုးတင်မောင်နှင့်တွတ်ကြီးအား လုံခြုံရာ၌ ထားခဲ့ ပြီး တစ်ဦးတည်းရှေ့တက်ခဲ့သည်။ ညောင်ပင်ကြီးအောက်ရောက်သည် နှင့် တောဝက်သိုးကြီးမှာ လူနံ့ရသည်ထင့်။ အတင်းရုန်းကန်နေသည်။ သို့မှသာ ကျွန်ုပ် သတိပြုမိခဲ့သည်။ ကျွန်ုပ်တို့က တောဝက်သိုးကြီး၏လေတင်အပေါ်က ကျနေသည်။ ထိုစဉ် “ထောင်း၊ “ဝုန်း' ဟူသော အသံ ကြားရပြီး နင်းကိုင်းကျိုး၍ တောဝက်သိုးကြီးက ကျွန်ုပ်အား ပြေးထိုး သည်။ သတိရှိသော ကျွန်ုပ်ကလည်း လျှပ်တစ်ပြက် ပစ်ခတ်လိုက်ရ တော့သည်။ သူ

          “ဒိုင်း”

          သို့သော် ထိချက်မှာ မကောင်းပါ။ ဝက်သိုးကြီး၏တင်ပဆုံ ကိုသာ မှန်ပုံရသည်။ အတင်းတက်လာပြီး ထိုးပြန်သည်။ ကံကောင်း သည်မှာ နင်းကိုင်းနှင့် ဓနိပင်ငြိနေ၍ ကျွန်ုပ်ထံသို့ ရောက်မလာ။ သို့သော် (၁၀)ပေခန့် အကွာအဝေးဖြစ်သည်။ ကျွန်ုပ် ကျည်သစ်လဲပြီး , ဝက်သိုးကြီးခေါင်းအား အနီးကပ် ပစ်ခတ်လိုက်ရတော့သည်။

          “ဒိုင်း”

          “အူး ••• ဗုန်း”

          နောက်ဘက်မှ လက်ခုပ်သံများကြားရသည်။ မုဆိုးတင်မောင် နှင့် ထွန်စက်ဆရာတွတ်ကြီးတို့က BRAVO လုပ်ခြင်းဖြစ်သည်။

          “ဆရာတော်ပါပေတယ်။ တခြား သေနတ်သမားဆိုရင် ပြေး တော့မှာ”

          “အေးကွ .. ငါလည်း ကံကောင်းပါတယ်၊ ဓနိပင်နဲ့ သုတ် ကိုင်းငြိနေလို့။ ကြိုးပြတ်သွားရင်တော့ ငါလည်းမလွယ်ဘူး။ ရှေ့က ကိုင်းနေတဲ့ ညောင်ကိုင်းကြီးကို ခုန်ဆွဲရတော့မှာ”

         "  ဟုတ်တယ် ဆရာ၊ တောဝက်က မလွယ်ဘူး။ အလွန်မာန် ကြီးတဲ့အကောင်မျိုး။ ဝက်သိုးဆိုတော့ ပိုဆိုးတာပေါ့” ။

          “ကဲ ... သယ်ဖို့ စီစဉ်ကြ” ၊ ကျွန်ုပ် အသင့်ပါလာသော ရေဘူးကိုမော့နေစဉ် မုဆိုးတင်မောင်နှင့် တွတ်ကြီးတို့ ဝက်သိုးကြီးအား သယ်ဆောင်ရန် စီစဉ်နေ ကြသည်။ ဝက်သိုးကြီးမှာ အချိန် (၈၀)ခန့်ရှိ၍ ဝက်တုပ်တုပ်ပြီး ကိုင်း လျှို့၍ထမ်းကြရာ မနိုင်မနင်းပင်။ ကျွန်ုပ် သူတို့နောက်မှ သေနတ် ထမ်း၍ လိုက်ခဲ့သည်။ ကျွန်ုပ်၏ ကော့သောင်းစခန်းရောက် ပထမဆုံးပွဲ ပင်ဖြစ်သည်။ ရိုးချောင်းဖြတ်ပြီး ထွန်စက်ပေါ်တင်တော့လည်း သူတို့ နှစ်ဦးတည်းမနိုင်၍ ကျွန်ုပ်ပါ ကူရသေးသည်။

          စခန်းသို့ ကျွန်ုပ်တို့အောင်ပွဲခံပြီး ပြန်လာကြသည်။ ထောင်မှူး ဦးမြင့်ဦးနှင့် ဦးထွန်းအောင်လွင်တို့ကလည်း ကတိအတိုင်းပင်။ မဲခေါင် အရက်ပုလင်းကြီးတစ်လုံး ဝယ်ထားသည်။

          “ကိုယ့်ဆရာက အပြောနဲ့အလုပ် ညီပါပေတယ်။ ကျွန်တော် တို့ကလည်း ကတိအတိုင်း အဆင်သင့်ပါဗျား၊ ငရုတ်သီးလည်း ထောင်း . ထားတယ်။ အရက်ပုလင်းလည်း ဝယ်ထားတယ်”

          ဦးမြင့်ဦးက ပြောလာသည်။

          “ဒါနဲ့ထောင်ပိုင်ရော၊ အစည်းအဝေးသွားပြီလား”

          “သွားပါပြီဗျာ သူက ခင်ဗျားလက်ကိုယုံလို့ အရက်ပုလင်း ဝယ်ဖို့ ပိုက်ဆံထုတ်ပေးသွားတာ”

          “ဒါဆိုရင်လည်း စောစောစီးစီးချကြတာပေါ့ဗျာ”

          “အဲဒီအတိုင်းပါပဲဗျား ထောင်ပိုင်ကြီး ခင်ဗျားကိုဂုဏ်ပြုတဲ့ အနေနဲ့ ဦးသိန်းဝင်းပြန်လာရင် ပင်ပန်းလာမှာ စောစောစီးစီး ဧည့်ခံ လိုက်လို့ ပြောသွားပါသဗျာ။ ဆရာ့စိတ်တိုင်းကျ သုံးဆောင်တော်မူပါ”

          “ခင်ဗျားတို့ကရော”

           “ဟဲ ...ဟဲ ... ပါရမှာပေါ့ဗျာ။ ဒီပွဲမျိုးက ရှားတယ်လေ”

          မုဆိုးတင်မောင်မှာ ကျွမ်းကျင်စွာဖြင့် တောဝက်ကြီး၏ သိုအုံကြီးအား ဝိုက်၍ လှီးနေသည်။

          ဦးမြင့်ဦး ။          “တင်မောင်ရေ၊ ငါတို့ အဲဒါကြီးကို မစားဘူးနော်”

          “စားဖို့ မဟုတ်ပါဘူး ဆရာရဲ့။ ပယ်ထုတ်ပစ်တာပါ။ ဒါကြီးကို ထုတ်မပစ်ရင် နာရီဝက်ကျော်တာနဲ့ တစ်ကောင်လုံး သိုနံ့ပျံ့သွားရော စားလို့ မကောင်းတော့ဘူး”

          မုဆိုးတင်မောင်၏ ကျွမ်းကျင်မှု၊ အရာရှိဖိုမှ ထမင်းချက်များ ၏မြန်ဆန်မှုကြောင့် ကျွန်ုပ်တို့ မနက်(၁၀)နာရီခန့်မှာပင် စားပွဲထိုင်၍ စားသောက်ကြသည်။ လတ်ဆတ်ပြီး ကိုယ်တိုင်ပစ်သောအသားဖြစ်၍ အတော်စားကောင်းသည်။ ဆောင်းဦးပေါက် စားပင်ပေါ၍ ထင်သည်။တောဝက်ကြီးမှာ အဆီကပ်နေသည်။ တောဝက်တို့ထုံးစံ ရန်သူများပြီး ပြေးလွှားနေကြသဖြင့် အဆီက အိမ်ဝက်တွေလို မထူပါ။ ကတ်ထူပြား တစ်ချပ်စာခန့်သာရှိသည်။

          ထိုနေ့ ထိုအချိန်မှစ၍ မုဆိုးတင်မောင်ကိုင်းထောင်၍ မိသော တောဝက်နှင့်ချေတို့အား ကျွန်ုပ်ပင် လိုက်လံပစ်ခတ်ပေးရသဖြင့် ကျွန်ုပ် လည်း မုဆိုးပြန်ဖြစ်လာသည်။ ဆီအုန်းစိုက်ကွင်းကြီး ပတ်ဝန်းကျင်နှင့် တနင်္သာရီရိုးမအခြေကို အတော်နှံ့စပ်လာသည်။

          ဆိုးတင်မောင်ကတော့ ည၊ မနက် တစ်ဦးတည်း တောဝင် သည်။ အကောင်ကြီးများ မမိသောနေ့တွင် ကျွန်ုပ်အားလာမခေါ်ပါ။ သူ့ဘာသာဖြေရှင်းပြီး တောကြက်၊ ရစ်ကြက်၊ ရေလှောင်၊ ဖွတ်၊ သင်း ခွေချပ်၊ ဖြူးတို့ကို နေ့စဉ်ပင် ဖမ်းဆီးမိလာသည်။ အရာရှိဖိုအတွက် ဟင်းစားကတော့ မပြတ်ပါ။ တင်မောင်ရှာပေးသဖြင့် ကျွန်ုပ်တို့အဖွဲ့ ဟင်းကောင်းစားရသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)