Skip to product information
1 of 2

Other Websites

ထောင်မှုးကြီးသိန်ဝင်း - ထောင်နှင့် အရေးအခင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

“ထောင်ဆိုသည်မှာ”

          ငရဲကြီး (၈)ထပ်သည် ကျွန်ုပ်တို့ နေထိုင်ကြသော `မဟာပထဝီ ကြီး၏အောက် အဆင့်ဆင့်တွင် တည်ရှိကြသည်။ အထူးသဖြင့် မဟာ အနိုင်ရဲသည် အရိုင်းဆုံး အောက်ထပ်တွင် တည်ရှိသည်ဟုဆိုသည်။

          ငရဲကြီး (၈)ထပ်၏ ငရဲခန်းများကို တည်ဆောက်ရာတွင် နေမိဇာတ်တော်၌ ဆိုသာရုံ ဖော်ပြထားသော်လည်း တကယ်တမ်းတော့ အဆန်းတကြယ် အံ့ဩဖွယ်ရာ ကောင်းလှသည်။ ။

`          ငရဲကြီး (၈)ထပ်တို့၏ မြို့တံတိုင်းက သံဖြင့် အတိပြီးသည်။ တံတိုင်း အထူက (၉)ယူဇီနာရှိသည်။ တစ်မျက်နှာလျှင် တံခါးလေးပေါက်ရှိသည်။ သို့ အတွင်း မြေပြင်ကလည်း သံဖြင့်ပြီး၏။ မြို့အလျားအနံအားဖြင့် (ယူဇနာ ရှိသည်။ မီးလျှံက ကမ္ဘာပျက်သည့်တိုင်အောင် တည်၏။

          ငရဲခန်းတို့၏ တည်နေရာနှင့် အနေအထားမှာ စိတ်ဝင်စားဖွယ် ခုကောင်းလှသည်။ နေမိဇာတ်တော်ထဲပါ ငရဲခန်းများ အခိုင်အခန့် ဆောက်ထည်ပုံမှာ လူ့လောကရှိ “ထောင်”ပုံသဏ္ဌာန်များအတိုင်း တည်ရှိနေခြင်း ဖြစ်သည်။ ရဲစခန်းတို့၏ တံတိုင်းမှာ သံဖြင့် အတိပြီးသော်လည်း လူ့လော ထရှိ “ထောင်များ၏ တံတိုင်းမှာ အုတ်၊ အင်္ဂတေတို့ဖြင့်ပြီး၍ အတွင်း အကျဉ်ခန်းများကတော့ သံတို့၊ သစ်တို့ အင်္ဂတေတို့ဖြင့် ပြီးလေသည်။ ဤန်က လေးထောင့်ချည်းနှင်နှင်ပြီးသလို မျက်မှောက်ခေတ်ထောင်လည်း လေးထောင့်စပ်စပ်ပုံစံများသာ ဖြစ်ကြသည်။ -

          ထို့ကြောင့် လူသားများက ထောင်အခန်းများနှင့် ငရဲခန်းများကို ခိုင်နှိုင်းပမာပြုကြသည်။ ထောင်သားနှင့် ငရဲသားတို့ကို ပုံခိုင်းပြဆိုကြ သည်။ ငရဲခန်းက ဖြစ်ရပ်များနှင့် ထောင်အတွင်းက ဖြစ်ရပ်များကို ချိန်ထိုး ကြည့်ကြသည်။ အကျဉ်းထောင်ဟူသည် ငရဲခန်းကို အတုယူပါသလော။ ရဲမကြောက်သူသည် ထောင်ကိုလည်း မကြောက်ပါသလော။ မျက်မှောက် ခေတ်ထောင်များသည် အဘယ်ကြောင့် နေမိဇာတ်တော်ထဲမှ ငရဲခန်းတည်ဆောက်သည့်ပုံစံဖြင့် တူညီနေပါသနည်း။ .

          သီရိဓမ္မာအသောကရာဇာမင်းကြီးသည် သာသနာပြုမင်းကောင်း မင်းမြတ်တစ်ပါးဖြစ်သည်။ အလှူအတန်းရက်ရောသော မင်းမြတ်တစ်ပါး လည်းဖြစ်သည်။ သီရိဓမ္မာသောကမင်းကြီး၏ ကောင်းမှုကုသိုလ်များမှာ ယနေ့တိုင်အောင် တည်ရှိနေပေသည်။ နေမိမင်းကြီးမှာ ဒါနနှင့်သီလအကျိုးကြောင့် သက်ရှိထင်ရှား နတ်ပြည်သို့ သွားရောက်လည်ပတ်ရင်း သိဒ္ဓိငရဲ ပြည်ကြီးကိုပါ ရောက်ရှိခဲ့၏။ ယခု သီရိဓမ္မအသောကရာဇာမင်းကြီးကတော့ ဘုန်းကြီးသော ဘုရင်တစ်ပါး ဖြစ်တော်မူသည်နှင့်အညီ မိမိပိုင်ဆိုင် အုပ်ချုပ်တော်မူသော နယ်မြေဒေသအသီးသီးကို လှည့်ပတ်ကြည့်ရှုတော် ' မူရင်း တောင်တန်းကြီးနှစ်ခုအကြား၌ သံဖြင့်ပြီးသော နံရံတံတိုင်းကြီးကဲ့ သို့ ဝန်းဝိုင်းကာရံလျက် အပြစ်ရှိသော သူများကို အပြစ်ဒဏ်ခံစေသော ငရဲ ကို တွေ့မြင်ခဲ့ရလေသည်။ . . .

          တရုတ်လူမျိုး ဗုဒ္ဓဘာသာ ရဟန်းတော် ဖာဟိန်း၏ မဇ္ဈိမဒေသ - ဘုရားဖူးခရီးစဉ်စာအုပ်တွင် အထက်ပါအတိုင်း အစပြုထားသည်။ ဤနေရာတွင် တောင်တန်းကြီး နှစ်ခုကြား၌ သီရိဓမ္မသောကရာဇာမင်းကြီး မြင်တော်ဖူးခဲ့သော ငရဲခန်းမှာ အကြောင်းအားလျော်စွာ မျက်မှောက်ခေတ်ထောင် များ၏ ပုံစံဖြင့် တူညီနေသည်ကို အံ့သြဖွယ် တိုက်ဆိုင်စွာ တွေ့ရလေသည်။ ထို့ကြောင့် မင်းကြီးက မေးတော်မူရာ ပညာရှိအမတ်တို့က ငရဲခန်းဖြစ် ကြောင်း လျှောက်တင်လေလျှင် မင်းကြီးက . .

          “ပါပမိစ္ဆရာဇာဘုရင်သည်ပင်လျှင် အပြစ်ရှိသော သူများကို အပြစ် ပေးရာ နေရာဌာနကို ပြုနိုင်စွမ်းလျှင် လူအများ၏ အရှင်သခင် ငါဘုရင်သည် ထိုင်းပြည်အတွင်း၌ ဆိုးသွမ်းယုတ်မာသော သူများအတွက် အပြစ်ပေး နေရာကို အဘယ်ကြောင့် မပြုနိုင်ဘဲ ရှိပါအံ့နည်းဟု မိန့်တော်မူပြီး ယမမင်း ၏ ငရဲခန်းအလား လူ့ပြည်တွင် ‘ထောင်'တည်းဟူသော “လောကငရဲခန်း တို ဆောက်လုပ်တော်မူလေသည်။ .

          မြန်မာမင်း အုပ်ချုပ်ပုံစာတမ်းနှင့် ဘိုးတော်ဘုရား၏ ရာဇသတ်ခေါ် အမိန့်တော်ပြန်တမ်းကြီးကို ဖတ်ရှုရသည်မှာ ပျင်းရိငြီးငွေ့ဖွယ်မရှိ ဇာတ် - နိပါတ် မဟာသမ္မတ တင်မြှောက်ခန်းဖြစ်သည်။ လူ့လောကကြီး၌ အုပ်ချုပ်မည့်သူနှင့် အုပ်ချုပ်ခံမည့်သူမရှိပါက အကွပ်မဲ့ကြမ်း ဗရမ်းဗတာဖြစ်မည်။ ဟာသမ္မတမင်းရှိမှသာ အပြစ်ရှိသူများအား မဟာသမ္မတမင်းက ဆုံးမအပြစ် နိုင်ပေလိမ့်မည်။

           မကောင်းမှု ကျူးလွန်သူများအတွက် ဤဘဝမှာ “ထောင်'၊ နောက် ဘဝမှာ “ငရဲဟု စွဲမြဲမှတ်သားကြသည်။ သို့ဖြစ်၍ ထောင်ဆိုသည်မှာ ရှိကောင်း သလား၊ မရှိကောင်းလားဟူသော အမေးကို အဖြေပေးရန် မလွယ်ကူ တကယ်တော့ ထောင်ဆိုသည်မှာ “မရှိမကောင်း၊ ရှိမကောင်းသည့်အရာ စ်သည်။ ထောင်ရှိတာ မကောင်းပါဘူးဟု ဆိုငြားသော်လည်း ကမ္ဘာ့နိုင်ငံ တိုင်း၌ ခေတ်အဆက်ဆက်တွင် “ထောင်'တွေ ရှိကြပါသည်။

          ထောင်ဆိုတာ မကောင်းပါဘူးဟု ပြောရတာ လွယ်ကူပါသည်။ ထောင်စနစ်နှင့် ထောင်များကို အပြီးအပိုင် ဖျက်သိမ်းပစ်ဖို့ကျတော့ လွန်စွာ ဆော်ခဲသော ကိစ္စဖြစ်သည်။ လောလောဆယ် အခြေအနေတွင် အရင်းရှင် ရန်မှာရော ဆိုရှယ်လစ်စနစ်မှာပါ အကျဉ်းထောင်နစ်ကို အပြီးအပိုင်ဖျက်သိမ်းပစ်ဖို့ကို မစွမ်းသာဘဲ ရှိလေသည်။ ပြီးတော့ ထောင်ဆိုတာ သံသရာလည်တတ်ပါသည်။ မိမိအာဏာပိုင်သောအခါတွင် ထောင်ဆိုသည် မှာ သူတစ်ပါးအတွက်ဖြစ်သည်။ တစ်ဖန် .မိမိ အာဏာလက်မဲ့ဖြစ်သော အခါတွင်မူ ထောင်သည် မိမိအတွက် ဖြစ်နေတတ်ပြန်သည်။ - ထို့ကြောင့် လူနှင့်ငရဲသည် ကွေကွင်းနိုင်မည်မဟုတ်သလို “ထောင် နှင့်လူသား”သည်လည်း ရှောင်ရှားရန်မရ ဖြစ်နေတတ်ပေသည်။ သာမန် လူတွေ မဆိုထားနှင့် ရှင်ဘုရင်တွေ၊ မိဖုရားတွေ၊ မှူးကြီးမတ်ရာ၊ သေနာ ပတိတွေ၊ သူဌေး သူကြွယ်၊ အနုပညာရှင်တွေလည်း ထောင်နှင့်မကင်း ကြချေ။ ဥပမာပြရလျှင် ထောင်ထဲရောက်ခဲ့ကြသည့် ဘုရင်များအနက် ဗိမ္ဗိသာရမင်းကြီး၏ အဖြစ်အပျက်မှာ ကြေကွဲစရာအကောင်းဆုံးဖြစ်သည်။

          ထီးနန်းကိစ္စကြောင့် အာဏာကိစ္စကြောင့် အခြားသော ရှင်ဘုရင် မင်းညီမင်းသားများလည်း ထောင်ထဲရောက်ရှိခဲ့ကြ၏။ ဗိမ္ဗိသာရမင်းကြီး ကတော့ သားတော် အဇာတသတ်ကို ထီးမွေနန်းမွေ လွှဲပြောင်းပေးပြီးမှထောင်နန်းစံရရှာသည်။ ထောင်ထဲသို့ ရောက်ပြန်တော့လည်း ကောင်းစွာ မနေရ သူမတူအောင် မိမိသားအရင်း၏ နှိပ်စက်ညှင်းပန်းမှုကို ခံရပြန်လေ သည်း နောက်ဆုံး - အကျဉ်းထောင်အတွင်း၌ပင် နတ်ရွာစံ ကံတော်ကုန် ရှာလေသည်။

          ထောင်အခန်းဆိုသည်မှာ ကျဉ်းသည်၊ ကျပ်တည်းသည်။ မိမိ နေထိုင်ခဲ့သော အိမ်ခန်းမဟုတ်၊ ထောင်ထဲ၌ အထူးသဖြင့် တိုက်ခန်းထဲ ၌ အမှောင်ထုက လွှမ်းနေသည်။ လေကောင်းလေသန့်မရ ဆိုးဝါးသော အနံ့ပေါင်းစုံက လွှမ်းနေသည်။ ထို့ကြောင့် ထောင်အခန်းကျဉ်းထဲ၌ နေရစဉ် ဗုဒ္ဓ၏ တရားတော်ကို နှလုံးသွင်းရင်း ကမ္မဋ္ဌာန်းထိုင် ဝိပဿနာတရားပွား များခြင်းကသာ ကိုယ်စိတ်နှစ်ပါး ချမ်းသာရာ `ရပေလိမ့်မည်။ အကြောင်း အမျိုးမျိုးကြောင့် ခေတ်တိုင်းခေတ်တိုင်း အလုပ်သမားများ၊ ' သာမန်လူတွေလည်း ထောင်ထဲရောက်ကြသည်။

          စာရေးဆရာများ၊ သတင်းစာဆရာများလည်း ထောင်ထဲရောက် ကြသည်။ ဤဖြစ်ရပ်များသည် နိုင်ငံတိုင်း၌ ရှိနေခဲ့သော ရှိနေဆဲဖြစ်သော ရှိနေဦးမည်ဖြစ်သော ဖြစ်ရပ်လည်းဖြစ်သည်။ မဆန်းသော ဖြစ်ရပ်တစ်ခုသာဖြစ်ပေသည်။ အင်္ဂလန်နိုင်ငံတွင် သေဒဏ်သေမိန့်ကို ပယ်ဖျက်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယခုအခါတွင်မူ လူအများအပြားကို သေစေသော ရာဇဝတ်မှုများ၊ လူသတ်မှုများ၊ ကျူးလွန်နေကြသဖြင့် သေဒဏ်ကို ပြန်လည် ထားသင့်မထားသင့် စဉ်းစားနေရသော ဘဝသို့ ရောက်ရှိနေလေသည်။

          မြန်မာနိုင်ငံတွင် သေဒဏ်၊ သေမိန့်နှင့် ပတ်သက်၍ သေနတ်ဖြင့် စစ်ခတ်စီရင်ခြင်း၊ အဆိပ်ဓာတ်ငွေ့ဖြင့် စီရင်ခြင်း၊ လျှပ်စစ်ကုလားထိုင်ဖြင့် စီရင်ခြင်းတို့ မရှိဘဲ ကြိုးစင်၊ ကြိုးဒဏ် တစ်ခုတည်းဖြင့်သာ သေဒဏ်ကို စီရင်ခြင်းဖြစ်သည်။ စာရေးဆရာ ရန်အောင်မောင်မောင်၏ ကြိုးဒဏ်စီရင် ခြင်းနှင့် ကြိုးစင်ပေါ်မှ မှတ်စုများစာအုပ်သည် ၉၆၆ခုနှစ်၌ စာပေဗိမာန် ၏ ဝတ္ထုတိုပေါင်းချုပ် စာပေဆုရရှိခဲ့သည်။ စာပေဆု ရွေးချယ်ရေးအဖွဲ့၏ မှတ်ချက်မှာ ကြိုးမိန့်ကျပြီး သူတစ်ယောက်၏ စိတ်ဝေဒနာခံစားမှုနှင့် ယင်းအအခြေအနေကို ရေးသားထားသည်။ မှတ်စုစာအုပ်ဆိုသည့်အတိုင်း ကြိုးသမားတို့နှင့် ပတ်သက်သမျှ ထောင်တွင်းဘဝကို ဗဟုသုတဖြစ်စဖွယ် သင်ခန်းစာယူဖွယ်ရာ ရေးသားထားသည်ဟု ဖော်ပြထားသည်။

          အမှန်အားဖြင့် ဥပဒေအရ တာဝန်ဝတ္တရားအတိုင်း ကြိုးပေးသတ် ဖြတ်နေရသော်လည်း သက်ဆိုင်ရာ ထောင်အရာထမ်း၊ အမှုထမ်းတို့သည် ထိုကိစ္စကို များစွာစက်ဆုပ်ရွံရှာကြသည်။ ကြိုးဒဏ်ခံရသူနှင့် ကြိုးပေးရ ည့်သူများမှာ တစ်ဦးနှင့်တစ်ဦး ရန်ငြိုးရန်စလည်းမရှိ၊ ခိုက်ရန်ဒေါသလည်း ဖြစ်ကြပါဘဲလျက် သွေးအေးအေးဖြင့် လူတစ်ယောက်၏အသက်ကို သတ်ဖြတ် ရခြင်းမှာ အမှန်ပင် တုန်လှုပ်ချောက်ချားဖွယ်ဖြစ်ကြောင်း စာရေးဆရာ ရန်အောင်မောင်မောင်က အကျယ်တဝင့် ရေးသားတင်ပြထားသည်။ ယင်း အရေးအသား၏ ရည်ရွယ်ချက်မှာ သေဒဏ်ကို ဖျက်သိမ်းပစ်ရန် ဦးတည် ပေသည်။          

          နောက်တစ်ဦးမှာ စာရေးဆရာ မင်းသူရိန်ဖြစ်သည်။ “ဘဝပုံ အတွေ့အကြုံများ' ဝတ္ထုတိုပေါင်းချုပ် စာအုပ်ဖြင့် ၁၉၆နှစ်တွင် ဆ ဆုရရှိခဲ့သည်။ စာရေးဆရာ မင်းသူရိန်သည်လည်း စာရေးဆရာ န်အောင် ထောင်မောင်၊ မြောင်းမြမောင်ကိုတို့ကဲ့သို့ပင် ထောင်အရာရှိတစ်ဦး ဖြစ်ခဲ့ သည်။

          သူ၏ “ဘဝကြေးမုံ အတွေ့အကြုံများ” စာအုပ်နှင့် ပတ်သက်၍ အချို့သော ရာဇဝတ်မှုများသည် စနစ်မကောင်းသဖြင့် ဖြစ်ပွားခံသည်လည်း ရှိသည်။ အလုပ်သမား၊ လယ်သမားတို့၏ ပင်ကိုစိတ်ဓာတ်သည် ရိုးသားပတ်ကြသူများ ဖြစ်ကြသည်မှာ မှန်သော်လည်း ဖန်တီးလာသော အခြေ အနေကြောင့် ယင်းတို့အား ထောင်နှုတ်ခမ်းသို့ တွန်းပို့ခဲ့ကြလေသည်။ အလားတူ စာပေဗိမာန် စာပေဆုရရှိခဲ့သော ထောင်အကြောင်းရေးသားသည့် စာအုပ်နှစ်အုပ်ရှိသေးသည်။

           စာရေးဆရာ ထားဝယ်ကျော်မင်း၏ “သုံးထောင်စီ ကိုယ်တွေ့ မှတ်တမ်းဖြစ်ပြီး နောက်တစ်အုပ်မှာ စာရေးဆရာ ကျော်မြသန်း၏ “သာယာ တီထောင်မှ ငရဲခန်းများ” ဖြစ်သည်။ ယင်းစာအုပ်နှစ်အုပ်စလုံး ကိုယ်တွေ့ ထောင်နန်းစံခဲ့ရသည့် ကိုယ်တွေ့အဖြစ်အပျက်များ ဖြစ်ကြသည်။ ထားဝယ် ကျော်မင်းမှာ ဗြိတိသျှခေတ် ငြိမ်ဝပ်မှုကာကွယ်ရေးဥပဒေ(၂၆)အရ သခင် ခေါင်းဆောင်တစ်ဦးအနေဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ပထမ ၎င်း၏ဇာတိ ဖြစ်သော ထားဝယ်ထောင်၊ နောက် ပုသိမ်ထောင်သို့ ပြောင်းရွှေ့ပြီး နောက် ဆုံး ထိုခေတ်က နာမည်ကြီးသော ရွှေဘိုထောင်သို့ ရောက်ခဲ့ရသည်။

          ဗြိတိသျှခေတ်တွင် ယင်းထောင်သုံးထောင်၌ ကြုံတွေ့ခံစားခဲ့ရ သော ဒေါသဖြစ်စရာ၊ စိတ်ဆင်းရဲစရာ၊ ခံပြင်းစရာများကို ကိုယ်တွေ့ခံစား ရေးဖွဲ့ထားသော စာအုပ်ဖြစ်သည်။ ၁၉၆၉ခုနှစ်တွင် စာပေဗိမာန်ဆု ရရှိခဲ့ သည်။ စာရေးဆရာ ကျော်မြသန်း၏ “သာယာဝတီထောင်မှ ငရဲခန်းများ’ ဝတ္ထု ကတော့ လွတ်လပ်ရေးရပြီးမှ ကိုယ်တွေ့ကြုံခဲ့ရသော သာယာဝတီထောင် အကြောင်းဖြစ်သည်။ သာယာဝတီထောင်မှာ အင်းစိန်ထောင်နှင့် မန္တလေးထောင်လောက် မကြီးကျယ်သော်လည်း နာမည်ဆိုးဖြင့် ထင်ရှားကျော်ကြား သည်ကတော့ ကြီးကျယ်လွန်းလှသည်။ ... .. . - စာရေးဆရာ ကျော်မြသန်းသည် ယင်းစာအုပ်ဖြင့် ၁၉၅၀ ခုနှစ် စာပေဗိမာန်စာမူဆု ဆွတ်ခူးရရှိခဲ့သည်။ စာပေဆုရွေးချယ်ရေးအဖွဲ့၏ မှတ် ချက်ကတော့ လူသားချင်းချင်း နှိပ်စက်ညှင်းပန်းရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော သာယာဝတီထောင်တွင် စာရေးဆရာ ကျော်မြသန်း