Skip to product information
1 of 3

Other Websites

ထောင်မှုးကြီးသိန်ဝင်း - တစ်ပွဲစားမုဆိုးအင်နီ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
အခန်း(၁)

တစ်ပွဲစားမုဆိုးအင်နီနှင့် တွေ့ဆုံခြင်း

           

             ကျွန်ုပ်တို့သစ်တောဌာန အခြေချရုံးစိုက်သည့် ကသာမြို့သည် အလွန်တရာ လှပသာယာလေသည်။ ကသာမြို့ အနောက်ဘက်တွင် ဖက် ဆွတ်တောင်တန်း စိမ်းညိုညိုကြီးက မြို့အရေးကို ကလနားသတ်ထား သည်။ ဧရာဝတီမြစ်ကမ်းပေါ်တွင်တည်ထားသော ကသာမြို့ကို မြစ်ယံ အတွင်းက မျှော်ကြည့်လိုက်လျှင် ပို၍ သာယာလှပသည်။

            မြို့ပတ်ကမ်းနားလမ်းတွင်လည်း ကသာမြို့၏ ကျက်သရေ ဆောင် မြစေတီတော်၊ တာဝတိသာ မဟာအဘယစေတီတော်နှင့် ရွှေကူ ကြီးဘုရားတို့ကို ကြည်ညိုဖွယ်ရာ ရွှေရောင်တဝင်းဝင်းနှင့် ဖူးတွေ့ရသည်။ ထို့အပြင် ကသာဆိပ်ကမ်း၌ မော်တော်များ၊ လှေများ၊ သင်္ဘော များလည်း ဆိုက်ကပ်ထားသဖြင့် ညနေ နေရီဆည်းဆာတွင် လွန်စွာမှ စည်ကားသာယာလှပပေတော့သည်။

            ရှေးအခါက ကသာမြို့ကို “ကမ်းသာ' ဟု ခေါ်ဝေါ်ခဲ့သည်။ ရှမ်းဘာသာစကားဖြင့်လည်း “ကပ်ဆာ” ဟု ခေါ်သည်။ “ကင်ဆာ” ဟူ သည့်အဓိပ္ပာယ်မှာ “မိုင်းသာဈေးမြို့' ဟု အဓိပ္ပာယ်ရသည်။ “ကသာ ကျားမြို့' ဟုလည်း ရှေးအခါက ခေါ်တွင်ခဲ့ကြောင်း သိရပြန်သည်။

            မြန်မာသက္ကရာဇ် ၃၉၅ ခုနှစ်တွင် ပုဂံပြည်အနော်ရထာမင်းစော တည်ထားခဲ့သည့် ကင်းမြို့ကြီး (၄၃)မြို့အနက် ကသာမြို့သည် တစ်မြို့ အပါအဝင် ဖြစ်သည်။ ထိုစဉ်က ကင်းမြို့ကြီးများဖြစ်ခဲ့ကြသော မိုးတား နှင့် ယင်းခဲမြို့တို့မှာမူ ယခုအခါ ကသာမြို့အနီး၌ ရွာကြီးများအဖြစ် သာ တည်ရှိနေတော့သည်။

            ကသာမြို့၏ မြောက်ဘက်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့ နယ်၊ အရှေ့ဘက်တွင် ရွှေကူမြို့နယ်နှင့် ရှမ်းပြည်နယ် မဘိမ်းမြို့နယ်၊တောင်ဘက်တွင် ထီးချိုင့်မြို့နယ်တို့က ဝန်းရံနေသလို အနောက်ဘက် တွင်လည်း အင်းတော်မြို့နယ်က တည်ရှိနေသည်။

            ကသာမြို့နယ်အား စိမ်းညိုပြာလွင်နေသော မင်းဝံတောင် တန်း၊ ဖက်ဆွတ်တောင်တန်းကြီးနှင့် လွယ်ကူးတောင်တန်းကြီးတို့က ကျောထောက်နောက်ခံဝန်းရံ၍ မြောက်ဘက်မှတောင်ဘက်သို့ သွယ် တန်းအလှဆင်ထားသည်။ ဧရာဝတီမြစ်ကြီးနှင့် သဘာဝတောတန်းတောင်တန်းတို့က ကသာမြို့၏ သဘာဝအလှကို ဖြည့်စွက်ပုံဖော်ထား ခြင်းဖြစ်သည်။ ကသာမြို့မှာ ရေမြေတောတောင်များအတွင်း ရှေးမြို့ ဟောင်းကြီးလည်း ဖြစ်ပေသည်။

            အချုပ်ပြောရလျှင် ကသာမြို့မှာ ရေမြေတောတောင် စိမ့်စမ်း ပေါ၍ ရာသီဥတုညီညွတ်မျှတသော မြို့တစ်မြို့လည်း ဖြစ်ပေသည်။ ထိုတောင်တန်းကြီးများနှင့် ဆင်ခြေလျှောတောများတွင် ကျွန်းသစ်၊ ပျဉ်း ကတိုး၊ အင်၊ ကညင်၊ ယင်းမာ၊ ယမနေ၊ ရုံးသစ်စသဖြင့် အဖိုးတန် သစ်များလည်း နေပြောက်ပင်မထိုးအောင် ပေါက်ရောက်နေကြသည်။ ယင်းသစ်တောကြီးအတွင်း၌လည်း အဖိုးတန်အသုံးဝင်သော ဝါးပိုး မျက်ဆန်ကျယ်၊ ဝါးဖြူနှင့် တင်းဝါး၊ ကြသောင်းဝါး၊ ဝါးယား၊ ဝါးနက်၊ တင်းဝါးများလည်း ရောယှက်ပေါက်ရောက်နေပြန်သည်။

            ကသာမြို့နယ်၏ အရှေ့ပိုင်းဧရာဝတီမြစ်ကြီး၏ အရှေ့ဘက် ကမ်းသစ်တောများမှာလည်း ရှမ်းရိုးမတောင်တန်းကြီးဖြင့် ဆက်စပ် နေပြန်သည်။ ကုန်းနိမ့်ဆင်ခြေလျှောတောများ၊ မြေပြန့်တောများ၌လည်း မိုးမခ၊ ရေချင်းယား၊ တရော်ပင်နှင့် တဇင်းပင်များကလည်း နေရာအနှံ့ ပေါက်ရောက်နေကြသည်။ မြို့နယ်၏ လေးပုံသုံးပုံမှာ သစ်တောကြီး များဖြင့် ဖုံးလွှမ်းနေသည်။ ထို့ကြောင့်လည်း ကသာမြို့မှာ ရာသီဥတု ညီညွတ်မျှတဟန်တူပါသည်။ ,

            ကမ်းနားတွင် ကျွန်ုပ်တို့၏ သစ်တောဘိုဘဲရှိသည်။ သစ်လုပ် ငန်းက အသုံးပြုသည့် INSPECTING BOAT ခေါ် U BOAT ကလေး များလည်း ရှိသည်။ ယင်းဘုတ်ကလေးများဖြင့် ဧရာဝတီမြစ်ကြီးအတွင်း အထက်အောက် စုန်ဆန်သွားလာပြီး သစ်လုပ်ငန်းများကို စစ်ဆေးရန် ဖြစ်သည်။

            ကျွန်ုပ်တို့၏ သစ်တောရုံးလုပ်ငန်း အဆောက်အအုံများက တော့ မြို့အနောက်ဘက် မီးရထားဘူတာသွားလမ်း တစ်ဖက်တစ်ချက် တွင်ရှိသည်။ ကျွန်ုပ်တို့၏ အိမ်ကလေးများလည်း သစ်လုပ်ငန်းအတွင်း၌ ရှိသည်။ သစ်တောအရာရှိကြီးများလာလျှင်တော့ ကမ်းနားသစ်တော ဘိုတဲတွင် နေရာထိုင်ခင်းပေး၍ ဧည့်ခံရသည်။ ကသာမြို့ သစ်လုပ်ငန်း ဌာန၌ တိုက်နှစ်လုံးရှိသည်။ ကျွန်ုပ်တို့လည်း ရံဖန်ရံခါ အသုံးပြုသည်။

            ကမ်းနားလမ်းဆိုတဲ့အပြင် အခြားတစ်ခုမှာ ဧရာဝတီမြစ်ကြီး | ၏ အရှေ့ဘက်ကမ်းတွင်ရှိသည့် ယင်းခဲကြိုးဝိုင်းသစ်တောဘိုတဲ ဖြစ် သည်။

            ထိုဘိုတဲအနီး၌ သစ်လုပ်ငန်းသုံးယန္တရားနှင့် မော်တော်ယာဉ် များအား ထားရှိသည်။ မော်တော်ယာဉ်ပြင် စက်ရုံလည်းရှိသည်။ မော်တော်ယာဉ်မှူးတစ်ဦးက ကြီးကြပ်အုပ်ချုပ်သည်။ ယာဉ်မောင်းသမား မိသားစုများကိုလည်း အိမ်ကလေးများနှင့် ထားရှိသည်။ ခပ်လှမ်းလှမ်း တွင် ဆင်စခန်းရှိသေးသည် ။

            ဆင်စခန်းကတော့ ရာသီဥတုသာယာသည်နှင့်အမျှ သစ်ကွက် ကြီးများအတွင်း အထိုင်ချ၍ နေတတ်သည်။ လုပ်ငန်းရုံးနှင့် အလှမ်း ဝေးသော သစ်ကွက်ကြီးများသို့သွားရာတွင် အချိန်မကုန်စေရန်နှင့် ဆင် များအတွက် အစာရေစာ အဆင်ပြေစေရန် ဖြစ်သည်။

            အရှေ့ ကသာတွင် ယင်းခဲကြိုးဝိုင်းတော ငနဲ၊ နှမမဲ၊ ကွန်း ချောင်း၊ စဉ့်ကူး သစ်တောကြီးများရှိပြီး အဖိုးတန်သစ်မာများ ထွက် သည်။ အနောက်ဘက် ကသာသစ်ထုတ်လုပ်ရေးတွင် မြစ်စဉ်နယ်၊ အင်း

            တော်နယ်၊ မော်လူးနယ်နှင့် ဗန်းမောက်မြို့နယ်တို့ ဖြစ်ကြသည်။ စံချိန်မီ သစ်မာများ ထွက်သောကြောင့်လည်း ကသာမြို့မှာ သစ်လုပ်ငန်းကြီး မားစွာ လုပ်ကိုင်ထွက်ရှိသောမြို့နယ်အဖြစ် ထင်ရှားသည်။

            အရှေ့ဘက်ကမ်းရှိ ယင်းခဲကြိုးဝိုင်းက ကမ္ဘာကျော်ဖြစ်သည်။ မြန်မာဘုရင်များလက်ထက်ကတည်းက မြန်မာဘုရင်က ဂျာမန်လူမျိုး...

            “ဘရင်းစစ်” ဆိုသူအား လစာနှင့်ရိက္ခာတော်ပေး၍ ငှားရမ်းပြီး စနစ် တကျ သစ်ထုတ်လုပ်စေခဲ့သည်။ ဘရင်းစစ်က SITE PLAN ဆွဲ၍ ယင်းခဲဘောကြီးအား ကြိုးဝိုင်းသစ်တောအဖြစ် သတ်မှတ်၍ သစ်ကွက်ကြီး အကွက်ပေါင်း (၃၀)ခွဲခဲ့သည်။

            သစ်ပင်ကြီးတို့၏သဘောမှာ နှစ်ပေါင်း (၃၀)ပြည့်တိုင်း လုံး ပတ် (၁) ပေ တိုးသည်ဟုဆိုသည်။ တစ်နှစ်လျှင် အကွက်ကြီးတစ်ကွက် အတွင်းရှိ လုံးပတ်စံချိန်မီ သစ်မာများကိုသာ ရွေးချယ်ခုတ်လှဲစေသည်။ ထိုစဉ်က စံတန်းဝင် သစ်ပင်စည်လုံးပတ်ကို (ရ'x6") အဖြစ် သတ် မှတ်ထားသည်။ ယခုကာလတွင်တော့ (ရ)ပေအဖြစ်သာ စံထားခုတ် လဲ့သည်။

            တစ်နှစ်လျှင် လုပ်ကွက်တစ်ကွက်နှုန်း ခုတ်လှဲစေရာ နှစ်ပေါင်း (၃၁)ပြည့်၍ ပထမလုပ်ကွက်သို့ ပြန်ဝင်သည်နှင့် စံမမီ၊ ပေမပြည့်၍ ချန်ထားခဲ့သော သစ်ပင်ကြီးများမှာ ပင်စည်လုံးပတ် (ရ'x6") ပြည့် ပြီး တန်းဝင်သစ် ဖြစ်နေပေတော့သည်။ လွန်စွာမှ စနစ်ကျသော လုပ် နည်းလုပ်ဟန်ဖြစ်သည်။

မှတ်ချက်။ ယခုခေတ်တွင်တော့ သစ်ထုတ်အားများသဖြင့် ယခင်ရှေး ခေတ်ကလို စနစ်ဇယားလည်း မကျတော့ပါ။ ကုမ္ပဏီလုပ်ငန်းများဝင်၍ စံမီသောသစ်များကို ချန်မထားရုံတင်သာမက “အပြောင်ရှင်း' ၊ စနစ် သုံး၍ တုံးအောင်ခုတ်လှဲကြသည်။ ကမ္ဘာကျော် ယင်းခဲကြိုးဝိုင်းသစ်တော ကြီးမှာ ယခုခေတ်အခါတွင် သစ်တောကြီးမျိုးတုံးပျောက်ကွယ်ပြီး ကြံခင်း ကြီးများဖြစ်နေကြောင်း သိရသည်။

            အနောက်ဘက်ကသာတွင် မြစဉ်နယ်၊ အင်းတော်နယ်၊ မော် ဒူးနယ်၊ ဗန်းမောက်နယ်၊ ဟုမ္မလင်း၊ ခန္တီး၊ ထီးချိုင့်၊ ဗန်းမော်၊ မန်စီ၊ပင်လယ်ဘူး၊ ကောလင်း၊ ဝန်းသိုနှင့် ဥရုမြစ် တစ်လျှောက်တွင်လည်း သစ်ထုတ်လုပ်ကွက်ကြီးများ ရှိသည်။

          ကျွန်ုပ်တို့၏လုပ်ငန်းမှာ ရာသီမရွေး မြစ်ချောင်းနှင့် တော `တောင်အနှံ့သို့ သွားလာရသဖြင့် ကျွန်ုပ် ဝါသနာပါသော သစ်ခွပန်းပင် စုဆောင်းခြင်း၊ ဆေးပင်ဝါးပင်ရှာဖွေခြင်း၊ အမဲလိုက်ခြင်းတို့မှာ ကျွန်ုပ် တို့၏ သစ်တောလုပ်ငန်းနှင့် ဆက်စပ်နေသဖြင့် ဝါသနာပါရာလုပ်ငန်း ဖြစ်လာတော့သည်။

          ကျွန်ုပ်တို့ သစ်တောဌာနတွင် လက်နက်များအံနေဖြင့် ဘယ်လ် ဂျီယန်နိုင်ငံလုပ် ပြောင်းချောတစ်လုံးထိုး GREENER သေနတ် ဒသမ • ၃ဝ၃၊ အမေရိကန်နိုင်ငံလုပ် ရိုင်ဖယ်သေနတ်၊ အင်္ဂလန်နိုင်ငံလုပ်မောင်းဖုံးနှင့် စိုင်ပေါင်နှစ်လုံးပြူးသေနတ်၊ (သူကြီးသေနတ်ဟုလည်း ခေါ်သည်) များလည်း ရှိသည်။ - ကျွန်ုပ်ကိုင်ဆောင်သည်ကတော့ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ လုပ် ဒသမ • ၃ရ၅ မဂ္ဂနမ်ရိုင်ဖယ်ကြီး ဖြစ်သည်။ ယမ်းဂရိမ်အား ပြင်းထန်လှသဖြင့် ချေ။ တောဝက်၊ ဒရယ်၊ သမင်၊ ဝိုင်၊ ပြောင်၊ ဆတ်၊ ကျား၊ ဝက်ဝံတို့အပြင် ဆင်အထိ စိတ်ချလက်ချ ပစ်ခတ်နိုင် သည်။ '

          ကျွန်ုပ်တွင် အရေးပေါ်အနီးကပ် ပစ်ခတ်ရန်အတွက်လည်း အင်္ဂလန်နိုင်ငံလုပ် SMITHAND WATSON ပြောင်းတို ခြောက်လုံးပြူး သေနတ်ကလေးလည်း ရှိသေးသည်။ အနီးကပ်ပစ်ခတ်ရာတွင် အသုံး တည့်ပြီး အသံကျယ်သဖြင့် ခြောက်လှန့်ရာတွင် ကောင်းမွန်သည်။ သို့သော် ပြောင်းတိုအမျိုးအစားဖြစ်၍ လေ့ကျင့်ထားသူမှအပ ပစ်မှတ်ကို အသေအချာထိမှန်ရန် မလွယ်ကူလှပေ။

          ကျွန်ုပ်၏ လက်အောက်အရာရှိ တောအုပ်ဇော်မင်းကတော့ နှစ်လုံးပြူးကို လက်တွေ့သည်။ သူ့လက်စွဲတော် စိုင်ပေါင်နှစ်လုံးပြူး သေနတ်အား နှစ်ချက်ဆွဲလျှင် နှစ်ကောင် သေချာပေါက်ရတတ်သည်။ ကျွန်ုပ်၏တပည့်ကျော် လက်နှိပ်စက်စာရေးကလေး ကျော်စိန်ဝင်းကတော့ ကျွန်ုပ်ကိုယ်ပိုင် ပွိုင့် ၂၂ SEMI AUTOငှက်ပစ်သေနတ်ကလေး အား ပေးထားသော်လည်း ကိုင်ခဲသည်။

          သူ၏လက်စွဲတော် ငှက်တော်မြီးနှယ် ရှည်လျား၍ ချွန်မြနေ သော ကျွဲချိုလောက်လေးခွနှင့် ကသာမြို့မှ နာမည်ကြီးပန်းပဲဆရာကြီး ဦးချက်ကြီး၏ ပန်းဘဲဖိုထွက် (၈)လက်မခန့်ရှိသော အမဲလိုက်ဓားမြှောင် ကိုသာ ကိုင်လေ့ရှိသည်။ ယနေ့မနက် ကျွန်ုပ်တို့အဖွဲ့ ဧရာဝတီမြစ်ကြီး ၏ အရှေ့ဘက်ကမ်းသို့ ကူးပြီး ယင်းခဲကြိုးဝိုင်းအစွန်ဆုံးရှိ အကွက်ကြီး ပါ့တ် (၃၀)ကို စစ်ဆေးရမည်ဖြစ်သည်။

          ကျွန်ုပ်နှင့် တောအုပ်ဇော်မင်းတို့ လက်နက်ကိုယ်စီဖြင့် ကမ်း သို့ ဆင်းကြပြီး မနက်(၅)နာရီတွင် “ရွှေကမ်းသာ လက်ဖက်ရည် ဆိုင်” တွင် ချိန်းဆိုထားသည့်အတိုင်း သွားရောက်ကြရာ တပည့်ကျော် ကျော်စိန်ဝင်းက ဆိုင်တွင် အသင့်စောင့်နေသည်။

          သူ့အပြင် အတွင်းခံအင်္ကျီမပါဘဲ ကရင်အင်္ကျီရင်ကွဲကိုသာ တ်ဆင်ထားပြီး အောက်ဘက်တွင် ဂါဝန်လိုလို၊ ပုဆိုးလိုလို အကွက် အရောင် အဆင်းမပေါ်တော့သော လုံချည်တိုတို့ကို ဘုန်းကြီးသင်းပိုင် ပုံ လိပ်၍ဝတ်ထားသော ကရင်လူမျိုးတစ်ဦးကိုလည်း တွေ့ရသည်။

          အသက်(၄၀)ခန့်။ ခေါင်းတုံးဆံထောက်ဆံပင်နှင့် အရပ်ပု သော်လည်း ဗလကောင်းသည်။ သူ့တွင် ဓားရွက်ကြီးကြီး ဓားရှည်ကြီး တစ်ချောင်းကိုလည်း နောက်ကျောတွင် ပလိုင်းတစ်ခုနှင့်အတူ လွယ် ထားသေးသည်။

          ကျော်စိန်ဝင်း ၊ “ဆရာတို့ ..... ထိုင်ကြပါ။ ထုံးစံအတိုင်း ကြက်ဥ ထမင်းကြော်နဲ့ မလိုင်လက်ဖက်ရည်ပဲမဟုတ်လား။ သူ့က ကျွန်တော့် မိတ်ဆွေ “ကိုအင်နီ” ပါ။ မနေ့က ညနေကမှ ကျွန်တော့်အိမ်ကိုရောက် လာလို့ အိမ်မှာအိပ်ခိုင်းပြီး ဒီကနေ့မနက် တောဆင်းကြမှာမို့ ခေါ်ထား တာပါ။

          ကိုအင်နီက ယင်းခဲသစ်တောကြီးထဲမှာ မွေးတာ သားကောင် အနံ့ကို အဝေးကြီးကတည်းက ရတယ်။ သားကောင်အရှာ အရမ်း ကျွမ်းတယ်။ အမဲလိုက်မုဆိုးလည်း လုပ်တယ်။ မုဆိုးအဖွဲ့ကငှားရင် လည်း သားကောင်ရှိရာကို လမ်းပြတယ်။ “တစ်ပွဲစား မုဆိုးအင်နီ” လို့ လည်း ခေါ်ကြတယ်။ သူပါလာရင် တောကောင်မရတဲ့နေ့မရှိဘူး ဆရာ”

          “ကိုအင်နီ ... ဒီကဆရာတွေက သစ်တောအရေးပိုင် ဦးနေ အောင်နဲ့ တောအုပ်ကိုဇော်မင်းပါ။ ကျွန်တော့်ဌာနက ဆရာတွေပေါ့။ တောထဲတောင်ထဲသွားနေကျ အမဲလိုက်မုဆိုးတွေပါ။ အတွေ့အကြုံများ ပြီး တောကောင်ပေါင်းစုံ ပစ်ဖူးပါတယ်” ။ ကိုအင်နီ ၊ ၊“ဟုတ် .. တွေ့ရတာ ဝမ်းသာတယ်။ ငါလည်း မုဆိုးပဲ။ တစ်ပွဲစားမုဆိုး အင်နီ” ကျွန်ုပ် ။ ။ “ကိုအင်နီက တစ်ပွဲစားမုဆိုးကိုး။ ကရင်လူမျိုး ထင်ပါရဲ့။ နာမည်ကတော့ ဘိုဆန်သလိုပဲနော်”

          ကျွန်ုပ်တို့ လက်ဆွဲနှုတ်ဆက်ကြသည်။ သူ့လက်ကြီးမှာ ကြီး မားပြီး အတော်ကြမ်းတမ်းသန်မာသည်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)