Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ထက်မြက် - သံတိုင်ကြားကဘဝများ

Regular price 16 MMK
Regular price Sale price 16 MMK
Sale Sold out
စာရေးသူ၏ အမှာ
ထောင်ဘဝ

           ထောင်အကြောင်း ရေးသော စာရေးဆရာများနှင့် စာအုပ်များတွင် လူထု ဦးလှ၏ “လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ”၊ “ထောင်နှင့် လူသား”၊ “စစ်၊ အချစ်နှင့်ထောင်” စသော စာအုပ်အများအပြားမှာ အလွန် ထင်ရှားခဲ့ပါသည်။ ပုဒ်မ ၅ ဖြင့် ပါလီမန် ဒီမိုကရေစီခေတ် က အထိန်းသိမ်းခံရစဉ် နိုင်ငံရေး အကျဉ်းသား တစ်ယောက် အဖြစ် ရရှိသည့် နိုင်ငံရေး အကျဉ်းသား အခွင့်အရေးအရ ထောင်ထဲ တွင် ထောင်ကျများ၏ အကြောင်းကို ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံရေး အကျဉ်းသား (Political Prisoner) ကို စာနယ်ဇင်းများ က တင်စားသောအနေဖြင့် PrisonerofConscience ယုံကြည်ချက် အတွက် အကျဉ်းကျခံရသူဟု ရေးသားတတ်ကြပါသည်။ မည်သို့ ပင်ဖြစ်စေ နိုင်ငံရေးအကျဉ်းသား ဆိုသည်မှာ နိုင်ငံရေး အကျဉ်းသား ပင် ဖြစ်၏။

           ယုံကြည်ချက်အတွက် အကျဉ်းကျခံရသူဟု နာမည်ပြောင်း ခေါ်ခြင်းမဟုတ်၊ ပါလီမန်ဒီမိုကရေစီခေတ် စတင်ကတည်းက ထို ဝေါဟာရ ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ နိုင်ငံရေးအရ မတူ၊ သဘောထားကွဲပြားခြင်း၊ အာဏာရ နိုင်ငံရေး ခေါင်းဆောင် တစ်ဦး (သို့မဟုတ်) နိုင်ငံရေးပါတီတစ်ရပ် (သို့မဟုတ်) အာဏာသိမ်းအဖွဲ့အစည်းတစ်ခု (သို့မဟုတ်) အာဏာသိမ်း စစ်တပ်တို့ကို ဆန့်ကျင်သော တစ်နည်းအားဖြင့် ထိုအာဏာသိမ်း အစိုးရကို ပြုတ်ကျရန် ဖယ်ရှားရန် ဆန့်ကျင်မှုပြုသူကို နိုင်ငံရေး အကျဉ်းသားဟု ခေါ်ဆိုခဲ့ သည်မှာ ရာစုနှစ်နှင့်ချီ၍ ရှိလာခဲ့ပါပြီ။ ပဒေသရာဇ်ခေတ်က မင်း တစ်မင်းကို ပုန်ကန်ပြီး နန်းရယူစဉ်ကလည်း နိုင်ငံရေး အကျဉ်းသား ဟု ဝေါဟာရ မရှိခဲ့သော်လည်း ပုန်ကန်သူ၊ သူပုန်ဟု အမည်ပေး ခဲ့သည်။ ထိုသည်မှာလည်း အာဏာလွန်ဆွဲပွဲ ပြဿနာနှင့် နိုင်ငံရေး အရ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ခြင်းမှ စတင်ခဲ့ပါသည်။ ဖြုတ်ချခံရပြီးထောင်သွင်းအကျဉ်းချခံရသူ ဘုရင်နှင့် (သို့မဟုတ်) မင်းသားနှင့် သူ၏ နောက်လိုက်နောက်ပါများမှာ နိုင်ငံရေး အကျဉ်းသားများပင် ဖြစ်ပေသည်။

           လူထုဦးလှ၏ ထောင်အကြောင်း စာအုပ်များ ထွက်ပေါ်လာ ပြီးနောက် ပုဒ်မ ၅ ဖြင့် အဖမ်းခံရသော စာရေးဆရာများမှာ အနည်း နှင့်အများဆိုသလို ထောင်ကျများ၏ ဘဝအဖြစ်မှန်များကို ဝတ္ထု များ၊ ဆောင်းပါးများ ရေးသားခဲ့ပါသည်။ ဆရာမြသန်းတင့်၏ “ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း”၊ “အမှောင်ရိပ်ဝယ်” စသည့် ဝတ္ထုများမှာ တကယ့် ဖြစ်ရပ်မှန် ထောင်ကျများအကြောင်း ရေးသားခဲ့သော ဝတ္ထုများ ဖြစ်သည်။ အလွန်လည်း ထင်ရှားပါ သည်။ ထိုအချိန်က ပုဒ်မ ၅ နှင့် ရာဇဝတ်ပြစ်မှု ထောင်ကျများမှာ တစ်သီးတခြား နေရသော်လည်း တွေ့ဆုံစကားပြောကြရ၏။ ထိုသို့ ပြောရင်း ရင်နာစရာကောင်းသော ထောင်ကျများ၏ ဘဝကို စာများ ရေးသားခဲ့သည်။

           သူတို့၏ အကြောင်းများမှာ စာဖတ်ပရိသတ်ကြားထဲ ရောက် လာရသည်။ လူထုဦးလှ၏ “လေနှင့်အတူ” ထောင်အကြောင်း ဝတ္ထုနှင့် “လှောင်ချိုင့်ထဲမှ ငှက်ငယ်များ” စာအုပ်မှာ ယူနက်စကို ဆုပင် ချီးမြှင့်ခံခဲ့ရ၏။ ထိုအချိန်က လွတ်လပ်စွာ ရေးသားခွင့် ရှိသောကြောင့် ပုံနှိပ်ထုတ်ဝေခဲ့သည်။ အာဏာရှင် စစ်အစိုးရ ခေတ်တွင် ထိုသို့ လွတ်လပ်စွာ ရေးသားခွင့်များ ဆုံးရှုံးပြီး ထောင်အကြောင်းမှာ မဖတ်ရ၊ နားမထောင်ရသော ဇာတ်လမ်းများ ဖြစ် လာလေသည်။ ထောင်ထဲတွင် လူပေါင်းစုံ ရှိ၏ ။ အလုပ်သမား၊ လယ်သမား၊ စာရေးစာချီ လူတန်းစားကအစ လယ်ပိုင်ရှင်များ လည်း ရှိသလို အလုပ်ရှင်များလည်း ရှိတတ်၏။

           အများစုမှာမူ လက်လုပ်လက်စားများ ဖြစ်၏ ။ စီးပွားရေး ကြောင့် ထောင်ကျရသည်မှာ အများတကာ့အများဆုံး ဖြစ်သည်။ ဓားပြတိုက်ရသည်မှာလည်း စားရမဲ့သောက်ရမဲများကြောင့် ဖြစ်ပြီး ငတ်ပြတ်လွန်း၍ ခိုးရသည်၊ လုရသည်။ တချို့မှာ မတရား သွေးစုပ်သော မြေပိုင်ရှင်များကြောင့် မခံမရပ်နိုင်ဖြစ်ပြီး လူသတ်မှု များ ဖြစ်လာသည်။ ထိုထဲတွင် ကြေကွဲစရာ အချစ်ဇာတ်လမ်းများ လည်း ပါလာ၏။ မြေရှင်သမီးနှင့် စာရင်းငှားတို့၏ ဇာတ်လမ်း၊ အိမ်ရှင် ခြေတော်တင်ခံရသော အိမ်စေမိန်းကလေး ဇာတ်လမ်း၊ လင်ငယ်၊ မယားငယ်နေ၍ လူသတ်မှုဖြစ်သော ဇာတ်လမ်းများ လည်း ရှိပါသည်။ ထောင်ထဲ လူများနေသည်မှာ လူနေမှုစနစ်ကြောင့် ဖြစ်သည်။ အမေရိကန်လိုနိုင်ငံမျိုးတွင် ထောင်ထဲ လူများ ကျပ်သိပ်နေ၏။ ထောင်ကျဦးရေ အများဆုံးနိုင်ငံ ဖြစ်ပါလိမ့်မည်။ စီးပွားရေး တောင့်တင်းသော နိုင်ငံ၊ ချို့တဲ့သော နိုင်ငံ ဆိုသည်ထက် လူနေမှုစနစ်ကြောင့် အကျဉ်းထောင် တံခါးများမှာ အမြဲ ပွင့်နေရ လေသည်။

           ပညာရှိများက “အကျဉ်းထောင် တံခါးများကို ပိတ်ထားပါ။ စာကြည့်တိုက် တံခါးများကို ဖွင့်ထားပါ” ဟု ပြောဆိုကြသော်လည်း နိုင်ငံတိုင်းလိုလို အကျဉ်းထောင်တံခါးများမှာ ပွင့်နေရလေသည်။ စီးပွားရေး ကျပ်တည်းလွန်းခြင်း၊ လူတန်းစားကွာဟခြင်း၊ အလုပ်ရှင် က အလုပ်သမားကို သွေးစုပ်လွန်းခြင်း၊ မြေရှင်က အလုပ်သမား ကို အဓမ္မ အနိုင်ထက် ပြုလုပ်လွန်းခြင်း စသော မတရား ဖိနှိပ်မှု များကြောင့် မခံမရပ်နိုင်ဖြစ်ကာ ထောင်တံခါးများမှာ အမြဲ ပွင့်နေရ ပါသည်။

           ကျွန်တော် ကြုံတွေ့ခဲ့ရသည့် ထောင်တွင်းဘဝမှာလည်း ထိုကဲ့သို့ လူပေါင်းစုံ၊ ဘဝပေါင်းစုံထဲ ဖြတ်သန်းရင်း အကျဉ်းသားများအကြောင်း သိရှိခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်တို့ခေတ်တွင် ၁၉၇၄ အခြေခံဥပဒေအရ နိုင်ငံရေးအကျဉ်းသား ဆိုသည်ကို ပယ်ဖျက်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အောက်တွင် ဆိုရှယ်လစ် စနစ်နှင့် မကိုက်ညီဟု ဆိုကာ နိုင်ငံရေး အကျဉ်းသားဆိုသည်ကို ပယ်ဖျက်ခဲ့သည်။ ထိုအချိန်တွင် တစ်နိုင်ငံလုံး၌ နိုင်ငံရေး လှုပ်ရှားမှု များ အကြီးအကျယ် ဖြစ်ပွားနေသည်။ ဦးသန့် အရေးအခင်း၊ အလုပ်သမားသပိတ်၊ မှိုင်းရာပြည့် အရေးအခင်း စသည်ဖြင့် နှစ်စဉ် လူထုတိုက်ပွဲများ၊ လူထုဆန္ဒပြပွဲများ၊ မဆလအစိုးရကို ဆန့်ကျင်သော တိုက်ပွဲများ ဖြစ်ပွားခဲ့လေသည်။ ထိုအချိန် အဖမ်းခံရသော နိုင်ငံရေးပြစ်မှုနှင့် အကျဉ်းသားများ၊ နိုင်ငံရေး လှုပ်ရှားမှုကြောင့်ထောင်ထဲရောက်လာသူ အားလုံးကို ကျန်ရာဇဝတ်သားများနှင့် အတူ ထားရှိခဲ့၏။ ကျွေးသော အစားအစာ၊ နေရာထိုင်ခင်းများမှာ အတူတူ ဖြစ်သည်။

           ယခင် နိုင်ငံရေး အကျဉ်းသားများ ရပိုင်ခွင့်ဆိုသည်မှာ ဘာမျှမရှိတော့။ သပိတ်တိုက်ပွဲ၊ လျှို့ဝှက်စာစောင် ကမ်း၍ ထောင်ထဲ ရောက်လာသူများမှာလည်း ကျန်ရာဇဝတ်သားများကဲ့သို့ အင်းစိန်ထောင် အလုပ်ကြီးဌာနတွင် အလုပ်လုပ်ရ၏။ သူတို့အတွက် ရဲဘက် မလိုက်ရခြင်းသာ ကွာခြားပါသည်။ နိုင်ငံရေး အကျဉ်းသား ဟု မသတ်မှတ်သော ခေတ်၌ နိုင်ငံရေးသမား၊ စာရေးဆရာများမှာ လူထုဦးလှတို့ခေတ်၊ ဗန်းမော်တင်အောင်တို့ခေတ်၊ သခင်မြသန်း တို့၊ မြသန်းတင့်တို့၊ ကျော်မြသန်းတို့ခေတ်နှင့် မတူတော့ပေ။ ကျွန်တော်က ပုဒ်မ ၅ ခေတ်ဟု ခေါ်သော နိုင်ငံရေး အကျဉ်းသား များ ခေတ်ကိုလည်း ဖြတ်သန်းခဲ့ဖူးသည်။ ဘီကလပ် အကျဉ်းသား အဖြစ် အခွင့်အရေး မရခဲ့သော်လည်း ပုဒ်မ ၅ အဖြစ် အခွင့်အရေး ရခဲ့ဖူး၏။ နိုင်ငံရေးအကျဉ်းသမားဟု မသတ်မှတ်သော ခေတ်၌ လည်း၊ စားရမဲ့၊ သောက်ရမဲ့ အခြေအနေမျိုးကို မရောက်ခဲ့သော် လည်း မနက်တွင် ပဲဟင်းကျဲကျဲ၊ ငါးပိဖုတ်နှင့် စားရသော ဘဝ၊ ကန်စွန်းရွက် ရေလုံပြုတ်၊ ငါးပိဖုတ်နှင့် ဆန်ကြမ်းကြမ်း စားရသောဘဝမျိုးကို ဖြတ်သန်းခဲ့ရ၏။ တစ်ပတ်တစ်ရက် အသားစားရသော် လည်း ငါးရွှေလို ငါးမျိုးကို ကြော်ကျွေးပြီး တစ်ယောက်ကို တစ်တုံး စားရသည်။ တစ်ခါတစ်ရံ ငါးသလောက်ကြော် စားရသည်။ တစ်ခါတစ်ရံ ဝက်သားပြုတ် စားရ၏။ ဝက်သားပြုတ် မစားသူကို ဘဲဥပြုတ် လေးလုံး ကျွေး၏။ အမှန်တကယ်ရသည်မှာ ဘဲဥပြုတ် နှစ်လုံးသာ ဖြစ်ပါသည်။

           ထောင်ဝင်စာမရှိသော အကျဉ်းသားများအဖို့ အသားကျွေး သည့်နေ့မှာ ပါးစပ်ဆီဆူသောနေ့ ဖြစ်သည်။ အကျဉ်းသား အများစု မှာ ထောင်ဝင်စာ မရှိသူများပင်။ ထိုအခြေအနေမျိုးတွင် ထောင်ကျ တို့၏ ဘဝကို မေးမြန်းစူးစမ်းရသည်မှာ ညဘက် အားလပ်ချိန် လေးသာ ရှိပါသည်။ ကျွန်တော်တို့တွင် စာရေးခွင့် မရှိပါ။ စာရွက် စာတမ်း၊ စာအုပ်၊ ခဲတံ၊ ဘောလ်ပင် ကိုင်ဆောင်ခွင့် မရှိပါ။ ထို့ကြောင့် ခေါင်းဖြင့်သာ မှတ်သားရ၏။ တချို့ကို မမှတ်မိတော့ပါ။ မှတ်မိသမျှကို နောင်အခါ ချရေးကြသည်။ ရေးခွင့်ရှိသည်ကိုသာ ရေးကြ၍ နောင် နှစ်ပေါင်း ငါးနှစ်အကြာလောက်မှ ရေးရ၏။ တချို့အဖြစ်များမှာ နှစ်သုံးဆယ်လောက်ကြာပြီ ဖြစ်သဖြင့် ထူးခြား သည့် အဖြစ်များကို မှတ်မိသလောက် ချရေး၏။

           ကျွန်တော်တို့သည် တိုက်ခန်းမှ အဆောင်သို့ ပြောင်းရ သည့်အချိန်မှသာ ထောင်ကျ အကျဉ်းသားများနှင့် တွေ့ရ သည်။ ကြာကြာမနေရပါ။ တိုက်ခန်းထဲ ပြန်ပြောင်းရသည်။ ရာဇဝတ်သား များနှင့် နိုင်ငံရေး အကျဉ်းသားများကို အာဏာပိုင်များက ကြာရှည် စွာ အတူထားခြင်း မရှိပါ။ ရာဇဝတ်သားများကို နိုင်ငံရေး အကျဉ်း သားများက စည်းရုံးပြီး ထောင်တွင်း သပိတ်တိုက်ပွဲများ၊ ဆန္ဒပြပွဲ များ ဖြစ်မှာ စိုးကြပါသည်။ ဖဆပလ၏ ပါလီမန် အစိုးရခေတ်ကထောင်တွင်း၌ ဝက်သားပုပ် သပိတ်တိုက်ပွဲများဖြစ်ပြီး အခြေအနေ ဆိုးရွားသောကြောင့် ပစ်ခတ်နှိမ်နင်းရသည်အထိ ထောင်သမိုင်း တွင်ခဲ့သည်။ ထို့ကြောင့် အဆောင်တွင် နိုင်ငံရေးသမားများကို ခဏသာထားပြီး တချို့ကို တိုက်သို့ ပြန်ရွှေ့ ထားသည်။ ထောင်