Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ထက်မြတ်နိုင်ဇင် - ညရေပြင်မှာလသံစဥ်သီကာဖွဲ့ပါလို့

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

သည် တိတ်ဆိတ်ငြိမ်သက်ပြီး အိပ်မောကျနေသော လောကကြီးကို ညင်ညင် သာသာ ထိတွေ့၏။

          တစ်ညတွင် ဆယ်လင်း၏ငွေလရောင်သည် အင်ဒီမီယွန်ဟုခေါ်သော သိုးထိန်းလုလင် တစ်ဦးပေါ်သို့ ညင်သာစွာ ဖြာကျနေသည်။ လမင်း ဆယ် လင်းသည် သိုးများ၏ ဘေးတွင် အိပ်ပျော်နေသော အင်ဒီမီယွန်ကို ငေးစိုက် ကြည့်နေမိ၏။ သူမ၏ မျက်လုံးအရောင်ကား လရောင်ထက်ပင် လက်နေ သေးသည်။ ငေးကြည့်နေမိရာမှ လနတ်သမီး၏နှလုံးသားထဲတွင် ထိုလုလင် အပေါ် ချစ်ခင်နှစ်လိုစိတ်များက တမံကျိုးသည့်ရေကဲ့သို့ တားမရ ဆီးမရ လျှံထွက်လာ၏။ ထူးထူးဆန်းဆန်း အိပ်ရင်း ပြုံးနေသော သိုးထိန်းလုလင် ငယ်သည် ငယ်ရွယ်ပြီး ရုပ်ရည်မှာသန့်ပြန့်လွန်းလှသဖြင့် ထိုအဆောင်အယောင် ကပင် လနတ်သမီး၏နှလုံးသားကို ညှို့ယူသိမ်းထုတ်သွားခြင်းပင်ဖြစ်သည်။

          တာဝန်ချိန် ကုန်ဆုံးသွားသည့်အခါ လနတ်သမီးဆယ်လင်းက ဇီးယုစ်ထံသွားပြီး အင်ဒီမီယွန်ကို သူ့ချစ်ခြင်းဖြင့် ထာဝရအိပ်ပျော်စေသည့် ဆုကိုတောင်းလေသည်။ ထို့ကြောင့် အင်ဒီမီယွန်သည် ပြုံးရင်း အိပ်ပျော်နေ ရာမှ ထကို ထမလာတော့ဘဲ လနတ်သမီး၏ ချစ်ခြင်းဖြင့်ရက်လုပ်ထားသော နှလုံးသားကတ္တီပါစပေါ်တွင် အိပ်ပြီးရင်း အိပ်နေတော့၏။ သူ့ အိပ်မက်ထဲ တွင် သူသည် လမင်းကို ပွေ့ပိုက်ထားသည်ဟု မြင်မက်နေ၏။

          ဟုတ်သည်။ ကျွန်တော်သည် ... လနတ်ဆုမီထယ်လင်း၏ ချစ်ခြင်း ကျိန်စာမိနေသည့် အင်ဒီမီယွန် ဟုခေါ်သော သိုးထိန်းလုလင် တစ်ယောက် ပင်ဖြစ်တော့သည်။

(၁)

စိုင်းဝဏ္ဏ၏ ဘဝစာမျက်နှာ - ၁

“ရွှေပြည်သိင်္ဂါ၊ တောင်လက်ျာဝယ်

ထက်စွာမြင့်ခေါင်၊ ပြာရီမှောင်သည်

သန်းတောင်ဂီရိ၊ မိုးတရှိက

မြညှိစိုစို၊ မြေတခိုတွင်

ရွှေညိုပျံ့သင်း၊ ညောင်ရွှေအင်းလည်း

နတ်မင်းသုံးရန်၊ နန္ဒာကန်နှင့်

သဏ္ဌာန်မခြား၊ ရေကျက်စားသည်

ရေသားတံငါ၊ စီးပွားရှာသို့

ကွန်ချာပွင့်ရုပ်၊ ဝင့်ကာအုပ်၍ ..

          ထိုစာလေးသည် ကုန်းဘောင်ခေတ် မင်းတုန်းမင်းလက်ထက်တွင် ကျော်ဇောထင်ရှားခဲ့သော စာဆိုရှင်စလေဦးပုညက အင်းလေးဒေသ၏ လှပ တင့်တယ်ပုံကို စာစပ်ဆိုထားခြင်းဖြစ်သည်။

          အီတာလျံဘာသာစကားဖြင့် Venezizဟု အသံထွက်သည့် ဗင်းနစ်စ် မြို့သည် ဥရောပတိုက်၏ရေပေါ်မြို့တော်၊ တံတားများမြို့တော် ဟူ၍ လူသိများပြီး ထိုမြို့တွင် အများအားဖြင့် လှေများ၊ ကိုယ်ပိုင်မော်တော်ဘုတ်များဖြင့် သွားလာကြ၏။ ထို့ကြောင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များကလည်း ရေပေါ်မှာပင် အိမ်ဆောက်၊ ရေပေါ်တွင် ဈေးရောင်း၊ လှေဖြင့်သာ တုစ်နေရာမှ တစ်နေရာသို့ လှော်ခတ်သွားကြသော အင်းလေးကို မြန်မာပြည်၏ “ဗင်းနစ်စ်” ဟု တင်စားခေါ်ဝေါ်ကြသည်။

          သို့သော် အင်းလေးသည် ဗင်းနစ်စ်ကဲ့သို့ လူတို့ ပြုပြင်ဖန်တီးထား ခြင်း မဟုတ်ဘဲ ... တောင်ပေါ်တွင် သဘာဝအလျောက်ဖြစ်တည်နေခြင်း သည် ပိုပြီးထူးဆန်းနေသယောင် ဖြစ်နေ၏။ ပို၍ထူးခြားသည်ကား အင်းလေးဒေသတွင် လှေကို လက်ဖြင့်မလှော်ဘဲ ခြေဖြင့်လှော်ခြင်းက မြင်ရ သူအဖို့ အံ့သြဖွယ်ဖြစ်နေသည်မှာ ငြင်းမရသည့်အချက်ပင် ဖြစ်သည် မဟုတ် ပါလား ။

xxx

          အချိန်ကား ဖောင်တော်ဦးစေတီ ဗုဒ္ဓရုပ်ပွားတော်များ ... နမ့်ဟူးရွာ စံကျောင်းတော်သို့ ပြန်လည်ကြွရောက်လာချိန်ဖြစ်သည်။ ထိုအချိန်တွင် အင်းလေးရိုးရာလှေပြိုင်ပွဲများဖြစ်သည့် အမျိုးသားရာကျော် လှေပြိုင်ပွဲများ၊ အမျိုးသား ၄၆ တက် လှေပြိုင်ပွဲများ၊ အမျိုးသမီး ၂၆ တက် လှေပြိုင်ပွဲများနှင့် အခြားသော ပွဲလမ်းသဘင်များကို စည်ကားစွာကျင်းပကြသည်မှာ အင်းလေး ၏ ချစ်စဖွယ်ဓလေ့တစ်ခုပင်။

          လှေပြိုင်ပွဲကိုအားပေးရန် နမ့်ဟူး တစ်ရွာလုံးအပြင် ရွာနီးချုပ်စပ်မှ လူများအားလုံးက တစ်ခဲနက် လာရောက်အားပေးကြသည်။ အင်းထဲတွင် ရပ်ထားသည့် လှေပေါ်မှလူများ၊ အင်းလေးကန်စပ်ကမူများနှင့် မိမိတို့အိမ် ရှေ့တံတားများပေါ်တွင် ရပ်ကြည့်နေသူများ စသဖြင့် လူပရိသတ်အင်အားက ပုရွက်ဆိတ်အုံကဲ့သို့ ပြည့်သိပ်နေတော့၏။ လူတွေတင်မက ဘုန်းကြီး သံဃာ အချို့လည်းပါ၏။ လူတချို့က ထီးဆောင်းထားကြပြီး အင်းလေးကန်ထဲရှိ လှေပေါ်ကလူတွေကတော့ ခမောက်ဆောင်းသူ ဆောင်း၊ ထီးမိုးသူ မိုးနှင့် လှေပြိုင်ပွဲကို အားပေးရန် အသင့်ရှိနေကြလေသည်။

          ထိုလူအုပ်များ၏အလယ် ရေပြင်ထဲတွင်ကား လှေလှော်ပြိုင်မည့်

ညရေပြင်မှာ .. “လ” သံစဉ်သီကာဖွဲ့ပါလို့ ..

           လှေသမားများက ပြိုင်ရန်အသင့်ဖြင့် မာန်သွင်းထားကြပုံက စိတ်အား တက်ကြွဖွယ်ကောင်းလှ၏။ လှေပြိုင်ပွဲဝင်များက ရှပ်အင်္ကျီအဖြူလက်ရှည် ကို ပင်နီရောင် ရှမ်းဘောင်းဘီပွများဖြင့်တွဲဝတ်ကာ လှော်တက်ကို ခြေထောက် တွင် ချိတ်ထားကြ၏။

           ထိုလူအုပ်ကြီး၏ ရှေ့ဆုံးတွင်ကား နန်းခမ်းကြာညိုသွယ်၊ စောနန္ဒာခိုင် နှင့် နန်းခမ်းကြာညို၏ မိခင်ဖြစ်သူ ဒေါ်နန်းခမ်းမွန်က သားဖြစ်သူ စိုင်းဝဏ္ဏ ဦးဆောင်သည့် အသင်းကို အားပေးရန် အသင့်စောင့်နေကြသည်။ စောနန္ဒာ ခိုင်၏လက်ထဲတွင်ကား နှင်းဆီပန်းနှင့် သပြေပန်းစည်းကိုင်ထားပြီး သူမက တစ်ဖက်သတ်ချစ်ရသူ အနီအသင်းခေါင်းဆောင် စိုင်းဝဏ္ဏအတွက် အောင် ပန်းအဖြစ် ရည်ရွယ်ထားပုံပေါ်သည်။

          နန်းခမ်းကြာညိုသွယ်က ပါးစပ်နားသို့ လက်ဖဝါးနှစ်ဖက်ကို ကပ်ကာ အစ်ကိုဖြစ်သူ စိုင်းဝဏ္ဏဆီသို့

          “ဟေး .. အစ်ကို ... နိုင်အောင်ပြိုင်နော် ..။ ညီမလေးတို့ အားပေး နေမယ်” .

ဟု အော်ပြောလိုက်သည်။ ညီမ၏အော်သံကြောင့် လှေပေါ်မှ ခေါင်း ဆောင် စိုင်းဝဏ္ဏက ညီမဖြစ်သူ နန်းခမ်းကြာညိုသွယ်ဆီသို့ကြည့်ကာ ပြုံးပြီး လက်မ ထောင်ပြလိုက်၏။

          “ဪ ... ကြာညိုရယ် .. ပူမနေစမ်းပါနဲ့ ... စိုင်း ခေါင်းဆောင်တဲ့ လှေကပဲ ဗိုလ်စွဲမှာ၊ မယုံရင် စောင့်ကြည့် ...”

          စောနန္ဒာခိုင်က ကြာညိုကို အားပေးလိုက်သည်။

           “အမယ်လေး ယောင်းမရယ် .. ညီမတစ်ယောက်လုံးကို ရှေ့မှာ ထားပြီး ကိုယ့်ငါးချဉ် ကိုယ်ချဉ်ပြနေပြန်ပြီ”

          ထိုအပြောကြောင့် စောနန္ဒာခိုင်က ရှက်ပြီး ခေါင်းငုံ့ရင်း ကြာညိုသွယ် ၏ လက်မောင်းကို မနာအောင် ခပ်ဖွဖွဆွဲဆိတ်လိုက်၏။

          ထို့နောက် အချက်ပေးလိုက်သည်နှင့် လှေများ လှော်ခတ်ကာ ပြိုင်ပွဲ စတော့သည်။ ခြေထောက်များဖြင့် လှော်ခတ်နေသော လှော်တက်များသည် ရေပြင်ထဲသို့ အားမာန်ရှိစွာ နစ်ဝင်လျက် .....။ အင်းရေပြင်ထက်တွင် လှေများ က ခပ်ငြိမ့်ငြိမ့်ဖြင့် လျင်မြန်စွာ ရှပ်တိုက်ပြေးလွှားနေကြပုံသည် မြင်ရသူအဖို့မျက်စိပသာဒဖြစ်ဖွယ်ကောင်းလွန်း၏။ ထိုသို့အပြိုင်အဆိုင် လှော်ခတ်နေကြ ရင်း စိုင်းဝဏ္ဏ ဦးဆောင်သည့်လှေ၏ လှေဦးက အတူယှဉ်နေရာမှ ရှေ့သို့ တိုးထွက်လာ၏။

           ပရိသတ်ဆီမှ “ဟေး”ခနဲ အော်လိုက်သံများ ...။ လက်ခုပ်တီးလိုက်သံ များ ... လက်ခေါက်မှုတ်လိုက်သံများက ဆူညံစွာပေါ်ထွက်လာသည်။

          “စိုင်းဝဏ္ဏ ဟေ့ ... စိုင်းဝဏ္ဏကွ”

          သိသိသာသာ ထိုးထွက်ပြီး ရှေ့ရောက်လာသော စိုင်းဝဏ္ဏ၏ လှေ ကြောင့် နန်းခမ်းကြာညိုသွယ်နှင့် စောနန္ဒာခိုင်တို့ နှစ်ယောက်သား ကလေး တွေကဲ့သို့ ပျော်ရွှင်စွာခုန်ပေါက်နေတော့သည်။ စိုင်းဝဏ္ဏ၏လှေနောက်မှ ကပ်လျက်လိုက်ပါလာသည့်လှေမှာ စိုင်းအိုက်ဖြစ်သည်။

          စိုင်းဝဏ္ဏတို့လှေနှင့် စိုင်းအိုက်၏လှေတို့ သူနိုင်ကိုယ်နိုင် လှော်ခတ်နေ ကြရင်း စိုင်းအိုက်ခေါင်းဆောင်သော တစ်ဖက်လှေက စိုင်းဝဏ္ဏတို့လှေကို မီခါနီးဖြစ်လာသည်။

          စိုင်းအိုက်၏ ပရိတ်သတ်များထံမှ “ဟေး”ခနဲ အော်သံများ ထပ်ထွက် လာပြန်၏။ စိုင်းဝဏ္ဏက အနည်းငယ်စိတ်ပူသည့် မျက်နှာဖြင့် သူ့ဘေးမှ လှေဆီသို့ အသာစောင်းငဲ့ကြည့်လိုက်သည်။

            ထို့နောက် စိုင်းဝဏ္ဏက အံကိုကြိတ်ကာ အားနှင့်မာန်နှင့် ဖိလှော်ခတ် လိုက်သည်။ ရေပြင်ပေါ်တွင် လှေဦးနှစ်ခု မတိမ်းမယိမ်းဖြစ်နေရာမှ စိုင်းဝဏ္ဏ တို့လှေဦးက ဘေးမှလှေထက် ရှေ့သို့ သိသိသာသာ ကျော်တက်သွားပြန် သည်။

           ရင်ထိတ်စွာ စောင့်ကြည့်နေသော နန်းခမ်းကြာညိုသွယ်နှင့် စောနန္ဒာခိုင် တို့နှစ်ယောက်သား အသက်ပင် မရှူမိကြတော့ချေ။

          လှေပြိုင်ပွဲတွင် ကိုယ့်လူဘက်မှ အနိုင်ရခြင်းသည် အင်းလေးဒေသ တွင် နေထိုင်သူများအဖို့ မိသားစု ဂုဏ်သိက္ခာတန်ဖိုးတစ်ခုကို ဆွတ်ယူပေး လိုက်ခြင်းနှင့် အတူတူပင် မဟုတ်ပါလား ..။

          လှေသုံးစီးတွင် စိုင်းဝဏ္ဏတို့လှေက ရှေ့မှဦးဆောင်နေပြီး ပြင်းထန်စွာ လှော်ခတ်နေသော လှေပြိုင်ပွဲဝင်များ၏ မျက်နှာပေါ်က ဇောပြင်းထန်မှုများ သည် အင်းရေပြင်ထဲတွင် အရိပ်ထင်နေလေ၏။

          ပရိသတ်များ အော်ဟစ်အားပေးနေကြလေ .. သူတို့၏ အားမန်တွေ က တက်ကြွလေမို့ တခြားလှေများကလည်း နောက်မှ အပြင်းအထန် လှော် ခတ်ကြတော့သည်။ သို့သော် စိုင်းဝဏ္ဏ၏လှေကိုတော့ မည်သူမျှ မမီနိုင်တော့ ချေ။ ပန်းတိုင်သည် စိုင်းဝဏ္ဏ၏ လက်တစ်ကမ်းမှာပင် .....။

           “စိုင်းဝဏ္ဏ ... စိုင်းဝဏ္ဏ .. စိုင်းဝဏ္ဏ”

          နောက်ဆုံး စိုင်းဝဏ္ဏတို့လှေသာလျှင် ပန်းဝင်သွား၏။

          ကြည့်နေသော ပရိသတ်များက ဟေး” ခန် အောင်ပွဲခံအော်ဟစ်ကာ လက်သီးလက်မောင်း တန်းလိုက်ကြသံများနှင့်အတူ စိုင်းဝဏ္ဏတို့ လှေသမား အချင်းချင်းလည်း ဝမ်းသာအားရဖက်ကာ ဂုဏ်ပြုလိုက်ကြ၏။

          စိုင်းဝဏ္ဏက စောစောက ညီမဖြစ်သူ နန်းခမ်းကြာညိုသွယ် အားပေး နေရာဆီသို့ ပြုံးကာ လှမ်းကြည့်လိုက်စဉ် နန်းခမ်းကြာညိုသွယ်ကို မတွေ့ရဘဲ သူငယ်ချင်းဖြစ်သူ စောနန္ဒာခိုင်ကိုသာတွေ့သဖြင့် ပြုံးနေရာမှတည်သွား၏။

          စောနန္ဒာခိုင်ကတော့ ပန်းစည်းလေးထောင်ပြကာ ဝမ်းသာအားရ လက်ပြနေ၏။

          စိုင်းဝဏ္ဏက လူအုပ်ကြားထဲမှဖြတ်ကာ သူမ ရှိရာဆီသို့ လျှောက်လာ နေသည်ကို တွေ့တာကြောင့် စောနန္ဒာ ဝမ်းသာသွားသည်။ အနားရောက် သောအခါ စောနန္ဒာက စိုင်းထံသို့ ဂုဏ်ပြုပန်းစည်း လှမ်းပေးလိုက်ရင်း “စိုင်း .... နင်အရမ်းတော်တာပဲဟာ .. ရော့ ... ဒါငါနင့်ကို ဂုဏ်ပြုတာ”

          စိုင်းက ပန်းစည်းကို လှမ်းမယူဘဲ အမှတ်တမဲ့ တွန်းဖယ်ရင်း ဟိုဟိုဒီဒီ မျက်လုံးအကြည့်ဖြင့်ရှာဖွေလိုက်သည်။

          “အေးပါ ... အဲဒီပန်းစည်းထားစမ်းပါဦးဟာ ညီမလေးရော ... ညီမ လေး .. ဘယ်ရောက်သွားပြီလဲ .. စောစောက နင်နဲ့ အတူတူရှိနေတာ မဟုတ်လား” | စောနန္ဒာက ဟိုဒီကြည့်လိုက်ပြီးမှ

          “ဒီနားမှာပဲရှိမှာပေါ့ဟ။ တခြားသူငယ်ချင်းတွေကို သွားနှုတ်ဆက်နေ လို့ ဖြစ်မှာပေါ့ .. နင်ကလည်း”

          “ဟာ ... သူတစ်ယောက်တည်း လျှောက်သွားနေလို့ဖြစ်မလားဟ။ ဒီလောက် လူတွေအများကြီး ဥစ္စာ။ အမေကရော ဘယ်ရောက်သွားတာလဲ