Skip to product information
1 of 5

Other Websites

ထက်ကျော် - ငှက်ပျောသီးပဲပေးရင်မျောက်တွေပဲလာလိမ့်မယ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ငှက်ပျောသီးပဲပေးရင် မျောက်တွေပဲ လာလိမ့်မယ်

 

           စီးပွားရေးလုပ်ငန်းရှင်တော်တော်များများနဲ့တွေ့ဆုံဖူးပါတယ်။ရင်းနှီးခင်မင်ကြရုံမကစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေကိုလည်းအလွတ်သဘောဆွေးနွေးညှိနှိုင်းခဲ့ဖူးတာတွေလည်းရှိပါတယ်။ ဓမ္မတာအတိုင်းအမြင်သဘောထားတွေတူတာလည်းရှိ၊မတူတာလည်းပါပေါ့လေ။ထုတ်လုပ်ရေးလုပ်ငန်း၊ရောင်းဝယ်ရေးလုပ်ငန်း၊ဝန်ဆောင်မှုလုပ်ငန်းတွေထဲမှာကြုံတွေ့ရတဲ့အခက်အခဲနဲ့ပြဿနာတွေကို သုံးသပ်တဲ့အခါမှာ တခြား ကိစ္စတွေကို အသာထား၊ “စီမံခန့်ခွဲမှုပြဿနာ” ပေါ်မှာတော့ တူညီတဲ့ အမြင် တစ်ခုရခဲ့ကြတယ်။ အဲဒါကတော့ကျွန်တော်တို့တစ်တွေဟာလုပ်ငန်းခွင်စီမံခန့်ခွဲမှုတွေနဲ့ပတ်သက်ရင်အောင်မှတ်မရကြသေးဘူးဆိုတာပါပဲ။

          စီမံခန့်ခွဲရေးဆိုတာကလည်း ယေဘုယျသဘောဆန်လွန်းတော့အဲဒါကိုထပ်မံပြီးခွဲခြမ်းစိတ်ဖြာကြဖို့လည်း လိုမှာအမှန်ပါ။ ဘယ်လိုစီမံခန့်ခွဲမှုမှာ အားသာပြီး ဘယ်နေရာမှာ အားနည်းသလဲ၊ ဘာကြောင့်လဲဆိုတာ သိဖို့လိုပါပြီ။ လုပ်ငန်းရှင်တိုင်းဟာ 'MANAGEMENT QUADRILLE' တွေထဲက  (Production Management)ဆိုတဲ့ထုတ်လုပ်ရေးစီမံခန့်ခွဲမှု၊(Marketing  Management)ဆိုတဲ့ရောင်း၀ယ်ရေးစျေးကွက်စီ ဝန်ထမ်းစီမံခန့်ခွဲမှုတွေကို ဘယ်လိုဖြေရှင်းကြသလဲ..၊ ဘယ်လိုအောင်မြင်ခဲ့ သလဲ...၊ ထဲထဲဝင်ဝင်ရှိရဲ့လား .. ။ ဘာကြောင့် ဒါတွေကိုမေးနေရသလဲ ဆိုတော့ ဘယ်လိုစီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ် အဲဒီစီမံခန့်ခွဲမှုဘောင်ထဲကရှောင်ပြေးလို့မရတဲ့အတွက်ပါပဲ။ ဒီနေရာမှာ လုပ်ငန်းရှင်တိုင်းက “Personnel Management” လို့ ခေါ်တဲ့ဝန်ထမ်းများကို စီမံခန့်ခွဲရတဲ့အလုပ်ဟာ စီမံခန့်ခွဲ ရမှုအားလုံးထဲမှာ အခက်ခဲဆုံးပဲလို့ တစ်ပြေးညီဆိုကြပြန်ပါသေးတယ်။ အကြောင်းကတော့ ဝန်ထမ်းဆိုတာ လူတွေဖြစ်တဲ့အတွက် လူတွေကိုလူလို ဆက်ဆံပေါင်းသင်းပြီး လူ့သဘောသဘာဝနဲ့မဆန့်ကျင်တဲ့စီမံခန့်ခွဲမှုတွေကို စနစ်တကျဆောင်ရွက်နိုင်မှသာ အောင်မြင်မှုရနိုင်ကြလို့ပါပဲ။

           တစ်ခါတစ်ခါမှာ တချို့လုပ်ငန်းရှင်တွေဟာ လူတွေကို လူလိုသဘော မထားဘဲ သူ့ရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့စွမ်းအား(Ability)ကုန်ခန်းတဲ့အထိ တစ်နည်း အားဖြင့် ကြံချောင်းတစ်ချောင်းကို ရှိသမျှ၊ ရသမျှ အရည်အားလုံးညှစ်ယူတဲ့ ပုံစံမျိုးနဲ့ခိုင်းတတ်ကြပါတယ်။ သူတို့ဟာ လူနဲ့စက်ရုပ်မှားယွင်းသွားတတ်ကြ ရုံမက အလုပ်သမားများရဲ့ ရပိုင်ခွင့်နဲ့တာဝန်ကို မေ့လျော့နေတတ်ကြတယ်။ ဝန်ထမ်းတစ်ယောက်ရဲ့တာဝန်ကဘာလဲ၊ လုပ်ငန်းခွင်ထဲမှာ သူ့စွမ်းဆောင်နိုင် ရည်က ဘယ်လောက်ရှိသလဲ၊ အဲဒီ သူ့စွမ်းဆောင်နိုင်ရည်ကိုရော ဘယ်လို စမ်းသပ်စစ်ဆေးမလဲ၊ အလုပ်မခန့်ခင်က သူ့ရဲ့ အလုပ်လျှောက်လွှာကိုကြည့်၊ ဆယ့်ငါးမိနစ်၊ နာရီဝက်လောက် အင်တာဗျူး” လိုက်ရုံနဲ့ စွမ်းဆောင်နိုင်ရည်ကို သိပါ့မလား၊ သူ့စွမ်းဆောင်ရည်ကိုမသိဘဲသူ့ရဲ့ တာဝန်နဲ့ ရပိုင်ခွင့်ကို ဘယ်လို သတ်မှတ်မလဲ၊ စဉ်းစားစရာတွေအများကြီးပါ။

          Responsibility & Power လိုခေါ်တဲ့ တာ၀န်နဲ့ ရပိုင်ခွင့်ကိုသတ်မှတ်ရာ မှာ စွမ်းဆောင်နိုင်ရည်နိမ့်တဲ့သူကို ရပိုင်ခွင့်အများကြီးပေးလိုက်ရင် လုပ်ငန်း ရှင်မှာ ထိခိုက်နစ်နာနိုင်သလို၊ အလုပ်သမားရဲ့စွမ်းဆောင်နိုင်ရည်ထက်နိမ့်တဲ့ရပိုင်ခွင့်ကိုပေးလိုက်ပြန်ရင်လည်းဒီဝန်ထမ်းကလုပ်ငန်းခွင်မှာမမြဲ နိုင်ပါဘူး။ အဲဒီနှစ်ချက်က ဘက်နှစ်ဖက်မှာရှိနေတဲ့ ချိန်ခွင်ခွက်နှစ်ခွက်လို ညီညွတ်မျှတ နေဖို့လိုပါတယ်။လုပ်ငန်းခွင်စွမ်းဆောင်ရည်နိမ့်နေတဲ့ အလုပ်သမားကိုလုပ်ငန်းခွင်မှာ လေ့ကျင့်ပေးတာ၊ လုပ်ငန်းခွင်ပြင်ပမှာ လေ့ကျင့်ပေးတာစတဲ့ (OJT) စနစ်ကိုစီမံမှု (Financial Management) ဆိုတဲ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု  (Personnel Management) ဆိုတဲ့ကျင့်သုံးပြီး စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လုပ်ငန်း ရှင်ဘက်ကအားနည်းချက်တွေကြောင့် ဖြစ်ပေါ်လာရတဲ့ကိစ္စတွေမှာတော့ လုပ်ငန်းရှင်ကိုယ်တိုင်လည်း ဝန်ထမ်း သို့မဟုတ် အလုပ်သမားရဲ့ တာဝန်နဲ့ ရပိုင်ခွင့်တွေအပေါ် ကိုယ့်ရဲ့ချို့ယွင်းအားနည်းချက်ဂယက်တွေက ဘယ်လို သက်ရောက်နေတယ်ဆိုတာ စိစစ်ပြီး ပြုပြင်ယူနိုင်ဖို့လိုပါလိမ့်မယ်။ ပထမဆုံး သတိထားရမှာကတော့ ဝန်ထမ်းလစာကိစ္စပဲဖြစ်ပါတယ်။ ဥပမာဆိုပါစို့ကွန်ပျူတာတတ်ကျွမ်းတဲ့သူတစ်ဦးရဲ့ အခြေခံလစာဟာ ၁၅ဝဝဝ လို့ အများစုက နားလည်နေချိန်မှာ လုပ်ငန်းရှင်ဟာ သူ့လစာကို ၁ဝဝဝ လျှော့ပြီး ၁၄ဝဝဝပဲ သတ်မှတ်လိုက်မယ်ဆိုရင် အဲဒီဝန်ထမ်းဟာ အလျှော့ခံလိုက်ရတဲ့ငွေတစ်ထောင်နဲ့မတန်အောင် စိတ်ဆင်းရဲသွားမှာဖြစ်ရုံမက သူ့လုပ်ငန်းအပေါ်မှာ လည်း စိတ်ဝင်စားမှုနည်းပါးစွာနဲ့ စွမ်းဆောင်ရည်ကျသွားရာက တစ်သောင်းဖိုး မက အလုပ်ကိုထိခိုက်စေမှာအမှန်ပါပဲ။ 

          ဒီလိုမဟုတ်ဘဲ သူ့ကို ၁၅၀၀၀ ကနေ ၁၈ဝဝဝအထိ အလုပ်ရှင်က လစာ တိုးမြှင့်ပေးလိုက်မယ်ဆိုရင်တော့ သူ့စွမ်းဆောင်ရည်ဟာ ပိုသွားတဲ့ငွေ သုံးထောင်ကိုတစ်ဆယ်နဲ့မြှောက်သလို၊ သူ့ရဲ့ လုပ်ကိုင်နိုင်မှုစွမ်းအား(Ability)ဟာကုမ္ပဏီနဲ့လုပ်ငန်းကို အကျိုးပြုသွားစေမှာအသေအချာပဲဖြစ်ပါလိမ့်မယ်။ ဒါကြောင့် မိမိဝန်ထမ်းများရဲ့ ရသင့်ရထိုက်တဲ့လုပ်အားခ၊ တစ်နည်း လစာကို ဘယ်တော့မှလျှော့ပေါ့ဖို့၊ လျှော့ပေးဖို့မစဉ်းစားသင့်သလို ဖြစ်နိုင်ရင် တိုးပေးနိုင် ကြရင်ဖြင့် နှစ်ဖက်စလုံးအတွက် ရလဒ်ကောင်းတွေရမှာပါ။ နောက်ပြီး ဝန်ထမ်း မှန်သမျှဟာ လူတွေဖြစ်တဲ့အတွက် စက်ရုပ်တွေလို မဆက်ဆံမိဖို့လိုကြောင်း သတိပေးလိုပါတယ်။ လုပ်ငန်းတစ်ခုနဲ့ပတ်သက်လို့ လုပ်စရာ၊ ကိုင်စရာတွေကို ပြောဆိုတဲ့အခါအမိန့်ပေးခိုင်းတာမျိုးမဖြစ်ဖို့လိုပါတယ်။ ခိုင်းတာမဟုတ်ဘဲ ပြောတာဖြစ်ပါစေ။ (ခိုင်းတာနဲ့ ပြောပြတာဟာ အစစအရာရာ ကွာခြားကြောင်း လုပ်ငန်းရှင်ရော သူ့ရဲ့ဝန်ထမ်းကပါသိကြပါတယ်) ဖြစ်နိုင်ရင် ပြောဆိုဆွေး နွေးတဲ့နည်းကိုသုံးသင့်ပါတယ်။ သူတို့ဟာ ကိုယ့်ရဲ့ လုပ်ငန်းကြီး လည်ပတ်ဖို့ဝိုင်း ဝန်းကူညီနေတဲ့လုပ်ဖော်ကိုင်ဖက်တွေလို့ လုပ်ငန်းရှင်ကမြင်နိုင်ရင်တော့ အကောင်းဆုံးပဲမဟုတ်လား။

အရေးကြီးဆုံးကိစ္စတစ်ခုကျန်ပါသေးတယ်။ အဲဒါကတော့ သင့်လျော်တဲ့အချိန်များမှာအလုပ်သမားနဲ့ ဝန်ထမ်းတွေကိုထုတ်ပေးလေ့ရှိတဲ့ Bonus လို့ ခေါ်ကြတဲ့ ဆုကြေးငွေကိစ္စပဲဖြစ်ပါတယ်။ Bonus ပေးတဲ့အခါမှာ မတွန့်တိုဖို့ တိုက်တွန်းပါရစေ။ လုပ်ငန်းရှင်ဟာ အဲဒီငွေကိုကိုယ့်အိတ်ထဲက စိုက်ပေးနေတဲ့ ငွေတွေလို့မမြင်မိဖို့လိုပါတယ်။ သူတို့ကိုပေးတဲ့ဆုကြေးငွေဟာ သူတို့အားလုံး ကြိုးကြိုးစားစား စုပေါင်းလုပ်ကိုင်လို့ရခဲ့တဲ့အမြတ်များထဲက နှစ်ကုန်ရင် သို့မဟုတ် သင့်လျော်တဲ့အချိန်တွေမှာခွဲဝေပေးဖို့ စုဆောင်းထားတဲ့ငွေ၊ ချန်လှပ် ထားတဲ့ အမြတ်ဝေစုငွေတွေလို့မြင်နိုင်ဖို့လိုပါတယ်။

          တချို့ကတော့ Bonus ပေးရမယ့်အချိန်ရောက်တော့မယ်ဆိုရင် မျက်စိ ပျက် မျက်နှာပျက်နေတတ်ပါတယ်။ ဖြစ်နိုင်ရင် ရှောင်ပြေးလိုက်ချင်ကြပါ တယ်။ မတတ်သာလို့ ထုတ်ပေးရပြီဆိုရင်လည်း တီကောင်ဆားထိသလိုမျိုး တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြန်ရော။ ဒါဟာ မကောင်းတဲ့ကိစ္စပါ။ ဖြစ်နိုင်ရင် လုပ်ငန်းရှင်များဟာ ဘောနပ်စ်ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားတဲ့အရေ အတွက်နဲ့တိုးပေးနိုင်ကြရင် အကောင်းဆုံးပါပဲ။

          ဒါတွေဟာ လုပ်ငန်းရှင်တစ်ယောက်အဖို့ မလွှဲမရှောင်သာ စီမံခန့်ခွဲမှု အခန်းကဏ္ဍမှာတွေ့ရမယ့်အခက်အခဲတွေနဲ့ သင့်လျော်သလိုဖြေရှင်းနည်း တွေပဲဖြစ်ပါလိမ့်မယ်။ လုပ်ငန်းရှင်ဟာ မိမိလုပ်ငန်းတိုးတက်လာတာကို ကိုယ့်ရဲ့ အစွမ်းအစကြောင့်လို့ လွဲမှားစွာတွေးတောမိရင် လုပ်ငန်းကို ထိခိုက်တတ် ပါတယ်။

          စီမံခန့်ခွဲမှုကောင်းမွန်သူနဲ့ ညံ့ဖျင်းသူဆိုတဲ့ လုပ်ငန်းရှင်နှစ်ဦးမှာ ဘယ်သူက အောင်မြင်ပြီး၊ ဘယ်သူဟာ ကျဆုံးသွားမယ်ဆိုတာ အထူးပြောဖို့လိုမယ်မထင်ပါဘူး။ ကိုယ့်ဘက်က စီမံခန့်ခွဲမှုကလည်း ညံ့၊ လူတွေကို လူတွေလို့ မမြင်တတ်ရင် တစ်နည်းအားဖြင့် တာဝန်နဲ့ရပိုင်ခွင့်ကို မျှတအောင် မဆောင်ရွက်နိုင်ရင်၊ မဆောင်ရွက်ချင်ရင် အောက်မှာဖော်ပြမယ့် စာသား လေးကို ဖတ်ကြည့်ကြဖို့ တိုက်တွန်းပါရစေ...

          “ငှက်ပျောသီးပဲပေးရင် မျောက်တွေပဲ လာလိမ့်မယ်”

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)