Skip to product information
1 of 2

Other Websites

တြိစက္ခ - ရှန်ဂရီလာချစ်သူ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

နှင်းမှုန်နှင်းစက်များက ပတ်ဝန်းကျင်တစ်ခုလုံးကို နှိုင်း ကမ္ပလာချပ်ကြီး လွှမ်းခြုံထားသကဲ့သို့ အပေါ်မှာ ဖုံးအုပ်ထား လေသည်။ မြင့်မားသော ကျောက်တောင်ကြီးပင်လျှင် အဝေးမှ ကြည့်လျှင် ဝေ့ဝေ့ဝါးဝါးမျှသာ မြင်နိုင်လေသည်။ထိုနေရာတစ်ဝိုက်မှာရှိသော တောင်ထိပ်နေရာများကို ထက်ဝက်လောက်အထိ နှင်းများက ဖုံးထားသောကြောင့် အ ပေါ်ပိုင်းသို့ မမြင်နိုင်ကြပေ။မြောက်ပိုင်းဒေသများမှာ အများအားဖြင့်တော့ အအေး ဓါတ်များလှပြီး အစဉ်သဖြင့် ရေခဲနှင့်နှင်းများ ဖုံးလွှမ်းထားသော နေရာများဖြစ်သည်။

 

ကမ္ဘာပေါ်တွင် အမြင့်မားဆုံးနှင့် အရှည်လျားဆုံး.. တောင်တန်းကြီးတစ်ခုဖြစ်သော ဟိမဝန္တာတောင်တန်းကြီးများ ပေါ်တွင် ရေခဲနှင့် နှင်းများ ဖုံးအုပ်နေတတ်ကြလေသည်။ကမ္ဘာပေါ်တွင် အမြင့်ဆုံး တောင်ထွတ်တစ်ခုဖြစ်သည့် ပေပေါင်း(၂၉၀၀၀)ကျော်မြင့်သည့် ဧဝရတ်တောင်ထိပ်မှာ ဟိမ ဝန္တာတောင်တန်းကြီးပေါ်တွင် တည်ရှိသော တောင်ထွတ်ပေါင်း များစွာတို့အနက် တစ်ခုအပါအဝင်ဖြစ်ပေသည်။မြောက်ပိုင်းဒေသများ၌ရှိသော ပေ(၈၀၀၀)ကျော်နှင့်အထက်မြင့်မားသောတောင်တန်းကြီးများမှာရေခဲနှင့်နှင်းများဖုံးလွှမ်းနေလေ့ရှိသည်။သို့ကြောင့်လည်း ဟိမဝန္တာတောင်တန်းကြီးကို “နှင်းများ၊ ၍အိမ်” နှင်းများပျော်မွေ့သော နေအိမ်ဟု တင်စားရေးသား ထားကြလေသည်။

 

အိန္ဒိယနိုင်ငံသားတို့က ဟိမဝန္တာတောင်တန်းကြီးမှာ ၎င်းတို့နိုင်ငံ၏ အမှတ်အသား သင်္ကေတတစ်ခုအဖြစ် သတ်မှတ် ထားကြလေသည်။ကမ္ဘာ့နေရာအနှံ့အပြားမှာ ရှိကြသော နိုင်ငံအတော် များများမှာ ၎င်းတို့နိုင်ငံမှာရှိသော အမြင့်ဆုံးတောင်ကြီးများကိုမြတ်နိုးကြသည်။

 

အိန္ဒိယနိုင်ငံသားများက ဟိမဝန္တာတောင်တန်းကြီးကို ဘရားဓမ္မ ရှာဖွေသူတို့ ပျော်မွေ့သောနေရာအဖြစ် အလေးအ မြတ် ထားကြသလို တရုတ်တို့ကလည်း ၎င်းတို့နိုင်ငံအတွင်းမှာ ရှိသော ခွန်လွန်တောင်တန်းကြီးကို မဟာဂန္ဓာရီပင်မဒေသအ ဖြစ် တန်ဖိုးထားကြလေသည်။တိဗက်တို့က “ကမ္ဘာ့ခေါင်မိုး” ဟုပင် တင်စားခေါ်ဝေါ် ကြသည့် တိဗက်တောင်တန်းကြီးများကို မြတ်နိုးကြလေသည်။မြန်မာနိုင်ငံမှာရှိသော ခါကာဘိုရာဇီ တောင်တန်းကြီး ကို မြန်မာလူမျိုးတို့က တန်ဖိုးထားတတ်ကြပေသည်။ တိုင်းပြည် နိုင်ငံအသီးသီး၌ရှိသော တောင်တန်းကြီးများနှင့် အခြားထင်ရှားသောနေရာများကို မိမိတို့နိုင်ငံ၏ ထင်ရှားသောနေရာအပြင် အလှအပအဖြစ်လည်း မြတ်နိုးကြသည်။မည်သည့်နိုင်ငံသားကမှ ထိုအလှများကို ဖျက်ဆီးပစ် ရန် မကြိုးစားကြပေ။ တောင်တန်းကြီးများမှာ သက်ဆိုင်ရာ တိုင်း ပြည်၏ သင်္ကေတဖြစ်သလိုအလှအပလည်းဖြစ်သည်။

 

အိန္ဒိယမှာရှိသော ဟိမဝန္တာတောင်တန်းကြီးမှာ အရှေ့ အနောက် အလျားလိုက်သွယ်တုန်းထားသော တောင်တန်းကြီး ဖြစ်သည်။ဟိမဝန္တာတောင်၏မြောက်ဘက်တွင် ဟိမဝန္တာနှင့် မျဉ်း ပြိုင်အနေအထားမျိုးဖြစ်ပြီး အရှေ့အနောက် သွယ်တန်းထားသည့်  ခြားတောင်တန်းကြီးတစ်ခုလည်းရှိပေသေးသည်။ ခွန်လွန်တောင်တန်းကြီးပင်ဖြစ်၏။ဟိမဝန္တာတောင်တန်းကြီးက အိန္ဒိယနိုင်ငံ၏ မြောက် ပိုင်းဒေသတွင် တံတိုင်းကြီးကာရံထားသလို ခွန်လွန်တောင်တန်း ကြီးကလည်း တရုတ်ပြည်၏တောင်ဘက်ပိုင်းမှ တံတိုင်းကြီးပမာ ကာရံထားခြင်းဖြစ်ပေသည်။ထို့ပြင် ထိုနေရာများနှင့် မဝေးလှသောနေရာတွင် မြင့် မားလှသော တိဗက်တောင်တန်းကြီးများလည်း ရှိပေသေးသည်။

 

ကမ္ဘာပေါ်တွင် အမြင့်ဆုံးတောင်ထွတ်နှင့် လူသိအများ ဆုံးဖြစ်သော.. ဟိမဝန္တာတောင်၊ တိဗက်တောင်နှင့် ခွန်လွန်တောင်တန်းကြီးတို့ တြိဂံဆုံသော အလယ်နေရာတွင် ရှမ်ဗဲလား ရှိသည်ဟု မဟာဂန္ဓာရီပညာရှင်များက ယုံကြည်လက်ခံထားကြ လေသည်။ ပြီးရှမ်ဗဲလားနှင့် ပတ်သက်သည့် ဝိဝါဒကွဲပြားမှု အမျိုးမျိုး ရှိသော်လည်း ထိုနေရာတစ်ဝိုက်ကိုပင် ရှမ်ဗဲလား ရှိသောနေရာ ဟု အများစုက သတ်မှတ်ထားကြလေသည်။ရှမ်ဗဲလား ဟူသော ဝေါဟာရကိုလူတိုင်းစိတ်ဝင်စားမှု ရှိကြလေသည်။အထူးသဖြင့် တရားဓမ္မကို စိတ်ဝင်စားသူများနှင့် မဟာ ဂန္ဓာရီပညာရှင်များက ပိုပြီးစိတ်ဝင်စားမှု ရှိကြလေသည်။သို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့မှ မဟာဂန္ဓာပညာရှင်တို့က ရှမ်ဗဲလားကို ရှာဖွေခဲ့ကြသည်။ 

မိမိတို့ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံနှင့် အကြောင်း အရာများကို စာအုပ်များရေးသားထုတ်ဝေခဲ့ကြလေသည်။“ရှမ်ဗဲလား” ဟူသော ဝေါဟာရကို အဓိပ္ပါယ်အမျိုးမျိုး ယူဆခဲ့ကြသည်။ဆာမောနီကားဝီလီယန် (Sir. Monier Willions) ပြုစု သော နာမည်ကျော် သက္ကတ အဘိဓာန်ကျမ်းကြီး စာမျက်နှာ (၇၄၈)နှင့် (၁၀၅၄)တို့တွင် “ရှမ်” (Sham) ဟူသည် “ပျော်ရွှင်ခြင်း အဓိပ္ပါယ်ဆောင်ပြီး ဗဲလား(bhala)မှာ ပေးသည် ဟု ဖော်ပြထား သည်။သို့ကြောင့် “ပျော်ရွှင်မှုများ ပေးနိုင်သောနေရာဟု အဓိ ပ္ပါယ် ဖွင့်ဆိုနိုင်ပေသည်။ဆာရက်ချန်ဒရာဒတ် (Sarat Chandra) ပြုစုသော " တိဗက်အဘိဓာန်ကျမ်းကြီးတွင်“ရှမ်ဗဲလား”ဟူသောအဓိပ္ပါယ်ကို“ပျော်ရွှင်ခြင်း၊ငြိမ်းချမ်းခြင်းတို့၏အစုအဝေးပြုရာဒေသ ́ဟု ဖော်ပြထားလေသည်။ မည်သို့ပင်ရှိစေ...ဂန္ဓာရီပညာရှင်များ၊ စာပေပညာရှင်များက ရှမ်ဗဲလား နှင့်ပတ်သက်ပြီး အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုထားကြသော်လည်း အဓိပ္ပါယ်ကိုကောက်လျှင် လောဘ၊ ဒေါသ၊ မောဟ ကင်းဝေး၍ ငြိမ်းချမ်းသော သူတော်စင်တို့ တရားရှာမှီးရာနေရာ၊ တရား သဘင် ဆင်ယင်ကျင်းပရာနေရာဟူ၍ အဓိပ္ပါယ်သာလျှင် ရှိပေမည်။

 

ကမ္ဘာ့နိုင်ငံအသီးသီးမှ ရှမ်ဗဲလားအခြေအနေကို လေ့ လာသုံးသပ် ရေးသားသော စာအုပ်အတော်များများ ရှိပါသည်။ ထိုအထဲတွင် “ဒေးဗစ်နီးလ်” ရေးသားသောစာအုပ်များမှာ ထင် ရှားလေသည်။၎င်း၏ ရှမ်ဗဲလားနှင့်ပတ်သက်ပြီး စာအုပ်ပေါင်း(၂၄) အုပ်အနက် ထင်ရှားသောစာအုပ်အချို့မှာ .. (၁) လာဆာသို့ ခရီးထွက်ခြင်း (My Journey to Lhasa) (၂) တိဗက်ပြည်၏ဂမ္ဘီရ ပညာရှင်များနှင့် မှော်ဝိဇ္ဇာများ(With Mystics and Magicians in Tibet) (၃) တိဗက်ပြည်သို့ ခရီးထွက်ခြင်း(Tibetan Journey) တို့ပင်ဖြစ်သည်။ထိုစာအုပ်များကို ရှာဖွေဖတ်ရှုမည်ဆိုလျှင် တိဗက်နှင့် ရှမ်ဗဲလားအကြောင်းကို စိတ်ဝင်စားသူတို့အတွက် အတန်အသင့် | စိတ်ကျေနပ်မှု ရစေမည်ဖြစ်သည်။မည်သို့ပင်ရှိစေ...၊တောင်ဘက်တွင် ခွန်လွန်တောင်တန်း၊ မြောက်ဘက်တွင် ဟိမဝန္တာတောင်တန်း၊အရှေ့ဘက်တွင် တိဗက်တောင်တန်းတို့ ပေါင်းဆုံသော | နေရာတစ်ဝိုက်မှာ ဂမ္ဘီရဆန်သောနေရာများဖြစ်ပြီး ထူးဆန်း | အံ့ဩဖွယ်ရာများနှင့်လည်း ပြည့်နေသောနေရာများဖြစ်သည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)