Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

တိုးလှ - မြန်မာ့နှလုံးသားထဲကရွှေတိဂုံဘုရားနှင့်ဆက်စပ်သမိုင်းအတွေးများ

Regular price 6,000 MMK
Regular price Sale price 6,000 MMK
Sale Sold out
Type

ဤစာအုပ်အတွက် စကားချီး

          မြတ်ရွှေတိဂုံ ဓမ္မစာစောင်တွင် စာရေးသူ၏ ဆောင်းပါးနှင့် စာတမ်းများ ဆယ် ကြိမ်ထက်မနည်းပါရှိခဲ့ပါပြီ။ ရေးစဉ်က နောင်တစ်ချိန် စာတစ်အုပ်ဖြစ်ရန် ရည်ရွယ်ပြီး ရေးသားခဲ့ခြင်းမဟုတ်ပါ။ ထုတ်ဝေရေးတာဝန်ခံတို့က စာမူအတွက် တကူးတက လာရောက်တောင်းသဖြင့် အားနာသောကြောင့် ရေးဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ သမိုင်းဆိုင်ရာများတွင် လေ့လာနေသူဖြစ်သောကြောင့် အချို့ ရွှေတိဂုံဆိုင်ရာ သမိုင်းအချက်အလက် အကြောင်းအရာများ အနည်းအပါးသိ သည်ဟု ထင်မိသောကြောင့်လည်း လက်ခံမိလိုက်ခြင်းဖြစ်ပါသည်။ အသေ အချာပြန်စစ်သောအခါ မိမိအသိက စာတမ်းတစ်ခုစာပင် မရှိချေ။

          ထို့ကြောင့် ဝန်ခံကတိပေးခဲ့မိသည်မှာ အမှားကြီးမှားလေစွဟု နောင်တ ဖြစ်မိခဲ့ပါသည်။ ယခုတော့ ပေါက်သည့်နဖူးမထူးတော့ပြီ။ ကတိသည် တည် ရသည်။ အားကိုးလို့အကူအညီတောင်းလာလျှင် ကူညီရမည်မှာ မိမိတာဝန်ပင် ဖြစ်ပေသည်။

          ထို့ကြောင့် ရွှေတိဂုံအကြောင်း ရေးပေးရပေတော့မည်။ ဘာတွေရေးပါ မည်နည်း။ ဆရာကြီး ဒေါက်တာသန်းထွန်းက ကျွန်တော် မဟာဝိဇ္ဇာတန်းအောင်မြင်ပြီးစလောက်က ဘာတွေဆက်လုပ်ရပါမည်လဲဟု ဆရာ့ကိုမေးသော အခါ “မင်းလုပ်တတ်တာ အကုန်လုပ်”ဟု ပြောခဲ့ဖူးသည်။ ခိုင်းမှ လုပ်တတ်သူ ပေကိုး။ ယခုတော့ မိမိဆုံးဖြတ်ချက်နှင့် မိမိလုပ်ရပေတော့မည်။ အချိုး မတည့်လျှင် ဆရာဘာများပြောပါမည်နည်းဟုလည်း ကြိုတင်စိုးရိမ်မိနေသည် ကလည်း တစ်မှောင့်။

          လုပ်သင့်တာစဉ်းစားသည်။ နှစ်ခု စဉ်းစားထားသည်။ ပထမအချက်က အင်းဝ ခေတ်စာပေများကို သမိုင်းအမြင်ဖြင့် လေ့လာရေးသားရန်ဖြစ်သည်။ ဝါသနာလည်းပါ၊ အတော်အသင့်လည်း လေ့လာဖူးပြီဖြစ်၊ လွယ်လည်းလွယ် သည်ဟု ထင်သောကြောင့်ဖြစ်သည်။ ဒုတိယက လယ်ယာမြေသက္ကရာဇ်များကို လေ့လာပြီး သမိုင်းရေးရန်ဖြစ်သည်။ မူလက မဟာဝိဇ္ဇာကျမ်းအတွက် ရေးသား ရန်စီစဉ်ခဲ့သော်လည်း ဆရာက အခြားခေါင်းစဉ်တစ်ခုကို တာဝန်ပေးသောကြောင့် မလုပ်ဖြစ်ဘဲ ကျန်နေသော လုပ်လက်စလုပ်ငန်းဖြစ်သည်။ မည်သို့ရေးရမည်ကို ပုံမဖော်တတ်သေး။ တွေ့သမျှ ရေးကူးလေ့လာနေဆဲသာ ဖြစ်သည်။ ယခင်က မည်သူမျှမလုပ်ဖူးသော သုတေသနမျိုးဖြစ်သောကြောင့် ဆရာကြီးက ပိုပြီးအားပေးမည်ကို သိပါသည်။ အကြောင်းမှာ ဆရာကြီးဝါဒက သူများမတွေ့သေးတာ မသိသေးတာကို အရင်သိအောင်လုပ် ရေးသားနိုင်မှ သုတေသနဟု ဆိုပါသည်။ အသစ်မဟုတ်တာလုပ်ခြင်းကို ဆရာကြီးက အား မပေးချင်ပေ။

          တစ်နေ့တွင် ဆရာကြီးက စာရေးသူကို ဤသို့ပြောခဲ့ဖူးသည်။ “သမိုင်း အချက်အလက်တစ်ခုရဖို့အတွက် ကဗျာတွေကာရန်တွေနဲ့ ပျို့စာပေတွေ၊ မော် ကွန်းတွေဖတ်ရတာ အချိန်ကုန်လွန်းတယ်။ အဲဒီလောက်အချိန်မပေးနိုင်ဘူး။ ဒီတော့ မင်းက ပျို့ကဗျာစာပေတွေဖတ်ပြီး သမိုင်းအချက်အလက်တွေ ထုတ် စမ်းကွာ”ဟု ဆိုလာသောအခါ ကျွန်တော်အလွန်ပျော်သွားသည်။ အင်းဝခေတ် ပျိုများကို တစ်အုပ်ပြီးတစ်အုပ်ဖတ်ကာ သမိုင်းအချက်အလက်များ ထုတ်တော့ သည်။ စာတမ်းများလည်း ချရေးသည်။ သို့ဖြင့် “အင်းဝခေတ်ပျို့စာပေတွေ ထဲက အုပ်ချုပ်ရေးသမိုင်း၊ လူမှုရေးသမိုင်း၊ စီးပွားရေးသမိုင်း၊ ကိုးကွယ်ယုံ ကြည်မှုသမိုင်း”စသည်ဖြင့် ရေးသားပြီး ဆရာ့ကိုပြသောအခါ ဆရာက အားပေးလက်ခံခဲ့သည်။ နောင်တွင် တက္ကသိုလ် ပညာပဒေသာစာစောင်တွင် ထည့်သွင်းဖော်ပြနိုင်ခဲ့သည်။

          လယ်ယာမြေသက္ကရာဇ်တွေ လေ့လာရင်းလည်း မြန်မာ့ငွေကြေးစနစ်ကို ပိုမိုပီပြင်အောင် သိရှိလာခဲ့ရသည်။ သက္ကရာဇ်တွေထဲတွေ့ရသော ငွေအမျိုး အစားများ ရွက်နီဖလှယ်ကြပုံများ၊ အလေးများ စသည်များကို အတော်လေး သိရှိလာရပြီး မြန်မာ့ငွေကြေးစနစ်၊ ရွက်နီတွက်နည်းဆိုသည်ကို ရေးသားခဲ့ သည်။ နောက်ဆရာသို့ ကြည့်ရှုပြင်ဆင်ပေးပါရန် စာတမ်းကို ထည့်လိုက်ပါ သည်။ နောက်တစ်နေ့တွင် ဆရာက စာတမ်းဖတ်ရန်ဌာနတွင်းမှာ စီစဉ်ပေး ပါသည်။ ယင်းသို့လျှင် ဆရာက အသိသစ်ကို မြင်ချင်ကြားချင် အားပေးချင် ပေသည်။

          ထို့ကြောင့် စာတမ်းများရေးရန် စိတ်အားသန်လာသောအခါ တိုနံ့နံ့ ဆောင်းပါးများကို မရေးတတ် မရေးချင် ဖြစ်လာသည်။ ရွှေတိဂုံစာစောင်သို့ ထည့်သွင်းခဲ့သည်များကို ရေးသားသောအခါ အကြောင်းအရာများက ကွဲပြား ကြသည်။ ခေတ်ကာလများလည်း မတူကြချေ။ သို့သော် ရွှေတိဂုံဘုရားကို စာဖတ်သူတို့အား သမိုင်းအသိအမြင်ဖြင့် သိစေမြင်စေလိုချင်သည်များကို ရအောင် အားထုတ်ရေးသားခဲ့ပါသည်။ အသိသစ်ကို ပေးနိုင်ရန်လည်း တစ်ဖက်က ကြိုးစားကြည့်ထားပါသည်။ အချို့ကား ရွှေတိဂုံနှင့် လုံးဝမဆိုင် ချေ။

          မည်သို့ပင်ဖြစ်စေ ရေးသားခဲ့သည်များကို ပြန်လည်စုစည်းကြည့်သော အခါ ယုံကြည်မှုဆိုင်ရာအသိများ၊ ယဉ်ကျေးမှုဆိုင်ရာသဘောတရားများ၊ ခေတ်တစ်ခေတ်၏ အခြေအနေများထိ စိတ်တွင်းခံစားမိရာ၊ အထောက်အထား ရှိရာများကို ရေးသားဖြစ်သွားခဲ့ပါသည်။ ဖတ်ကောင်းရန်ရေးခြင်းထက် မိမိစာဖတ်သူအပေါ်မိမိဖော်ပြ ပြောချင်သည်များကိုသာ ရေးသည်ဖြစ်သောကြောင့် မပြည့်စုံသည်များ ဧကန်ပင်ရှိမည် ဖြစ်သည်။ သို့သော် စေတနာထားမှု ပြည့်စုံပါသည်ဟုမူ ဝန်ခံပါသည်။

          စာတမ်းများကို ရေးသားပေးရန် တိုက်တွန်းခဲ့ကြသော ဦးစိန်ဝင်းအောင် (ရွှေတိဂုံဂေါပကအဖွဲ့)ကို အမွန်အစထား ကျေးဇူးစကားဆိုရပါမည်။ တစ်စု တည်းဖြစ်အောင် စီစဉ်ပေးသူ ဦးအောင်စိုးကိုလည်းကောင်း၊ ထုတ်ဝေသူကို လည်းကောင်း အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါသည်။ အခြား ကျေးဇူးတင်ထိုက်သူမှန်သမျှကိုလည်း မေ့လျော့ကျန်နေခဲ့သည့်အတွက် ယင်းတို့ ကျေးဇူးကြွေးကြီးလှပါကြောင်းနှင့် (မေ့တတ်ပြီဖြစ်သောကြောင့်) အမည်မဖော်ပြနိုင်သည်ကို ခွင့်လွှတ်ပေးကြပါရန် တောင်းပန်အပ်ပါသည်။

တိုးလှ

၁၉ ဖေဖော်ဝါရီ ၂၀၁၈

နေ့လယ် ၄း၂၉ နာရီ